Premier League

နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု – ၂၆.၈.၂၀၂၀






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– အင်္ဂလန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် ဒေါ့မွန်ဘက်က တောင်းဆိုခဲ့တဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ မန်ချက်စတာ ယူနိုက်တက်ဘက်က ဘယ်တုန်းကမှ မနီးစပ်ခဲ့ဘူးလို့ စကိုင်းစပို့စ်သတင်းထောက် ဒါးမက်ရှ် ရှက်သ်ထုတ်ဖော်။

– မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုက သူအသင်းကို ကိုင်တွယ်နေစဉ်မှာ အသင်းဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က လက်ရှိအသင်းစပါးစ်ရဲ့ ဒယ်လီ အယ်လီကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တယ်လို့ဆို။

– ဆန်ချိုကို မခေါ်ယူနိုင်ခဲ့လို့ ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ ဘာစီလိုနာက ထွက်ခွာချင်နေတဲ့ လီယွန်နယ် မက်ဆီကို ခေါ်ယူပြီး နှစ်သိမ့်ဖို့ ရှိနေတယ်လို့ သတင်းတွေ ဖော်ပြ။

– ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင် မက်ဆီရဲ့ အေးဂျင့်တွေနဲ့ မန်ချက်စတာယူနိုက်တက်ဘက်က ကိုယ်စားလှယ် တွေဟာ ထိတွေ့ဆက်ဆံမှုရှိနေကြပြီး ပီအက်စ်ဂျီနဲ့ တခြားအသင်းကြီးတွေကလည်း စည်းရုံးနေကြတယ်လို့ ထုတ်ဖော်။

– အသက် ၃၀ အရွယ် မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဒါလီ ဘလင်းဟာ ဟာသာဘာလင်ကို အနိုင်ရရှိခဲ့တဲ့ အိုင်းယက်စ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲမှာ လဲကျသွားခဲ့ပြီး ဒီဇင်ဘာလက ဖြစ်ပွားခဲ့တဲ့ နှလုံးကြွက်သားရောင်ရမ်းမှု ပြန်လည်ဆိုးရွားလာခဲ့။

REF: INTERNET SOURCES
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.