Article Premier League

လက္ဖ်ားခါေလာက္ေအာင္ ေငြသုံးေနတဲ့ ခ်ဲလ္ဆီးရဲ႕ ရင္ခုန္စရာ ရာသီသစ္အေတြးမ်ား

ၿပီးခဲ့တဲ့ ရာသီမွာ အရန္အင္အားနည္းပါးမွဳနဲ႔ ခံစစ္ပုိင္းေၾကာင့္ အထိနာခဲ့ၿပီး ေနာက္ဆုံးအခ်ိန္အထိ နံပါတ္ ၄ ေနရာအတြက္ တုိက္ပြဲဝင္ခဲ့ရတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ အေျခအေနမွန္ကို သေဘာေပါက္ထားခဲ့တဲ့ ပုိင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္နဲ႔ အေျပာင္းအေရႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာတုိ႔ရဲ႕ နည္းျပ ဖရန္႔ လမ္းပတ္ကို ယုံၾကည္မွဳနဲ႔ ေထာက္ခံမွဳကို ျပသေနတဲ့ သက္ေသကေတာ့ ေပါင္ ၂၃၁ သန္းအထိ ရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။

တုိက္စစ္ပုိင္းအတြက္ ဟာကင္မ္ ဇီယက္ခ်္ (ေပါင္ ၃၈ သန္း)၊ တီမို ဗာနာ (ေပါင္ ၅၃ သန္း) သုံးစြဲထားခဲ့ၿပီးျဖစ္တဲ့ ခ်ဲလ္ဆီးတာဝန္ရွိသူေတြ အေနနဲ႔ ခုိင္ ဟာဗတ္ဇ္အတြက္ ေပါင္ ၇၂ သန္း စတင္ေပးေခ်ဖို႔နဲ႔ ေအာင္ျမင္မွဳအေပၚ ခံစားခြင့္အျဖစ္ ေပါင္ ၁၈ သန္း အသုံးျပဳဖို႔ စီစဥ္ထားၿပီး ခံစစ္ပုိင္းအတြက္ေတာ့ ဘယ္ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ကို ေပါင္သန္း ၅၀ နဲ႔ ေခၚယူႏိုင္ဖို႔ စီစဥ္ထားပါတယ္။

လက္စတာရဲ႕ အဓိကေနာက္ခံလူျဖစ္ခဲ့ၿပီး သူမပါဝင္ႏုိင္ခ်ိန္မွာ အသင္းရဲ႕ ရလဒ္ေတြ က်ဆင္းသြားခဲ့တဲ့အထိ သိသာခဲ့တဲ့ ေခ်းလ္ဝဲလ္ကို ရက္ပုိင္းအတြင္း ေခၚယူဖို႔ ရွိေနသလို ဗဟိုခံစစ္အတြက္ေတာ့ ျပင္သစ္ေျမကေန တင္သြင္းဖို႔ စီစဥ္ထားတဲ့ အလြတ္ကစားသမားႏွစ္ဦးျဖစ္တဲ့ သီယာဂို ေဆးလ္ဗားနဲ႔ မာလန္း ဆားရ္တုိ႔ ေရာက္ရွိလာဖြယ္ရွိေနပါတယ္။

ပီအက္စ္ဂ်ီကေန ထြက္ခြာလာမယ့္ ဘရာဇီးလ္ဝါရင့္ေနာက္ခံလူ ေဆးလ္ဗားအေနနဲ႔ တစ္ႏွစ္ေလာက္ ေကာင္းေကာင္း အသုံးေတာ္ခံႏုိင္ေသးသလို လူငယ္ေတြကိုလည္း သင္ၾကားေပးႏုိင္ဖို႔ ရွိေနၿပီး အာဆင္နယ္နဲ႔ အသံထြက္ခဲ့ဖူးတဲ့ မာလန္း ဆားရ္ကို ရခဲ့ရင္ေတာ့ အရြယ္ေကာင္းကစားသမားအျဖစ္ အသင္းရဲ႕ ျပင္သစ္ေနာက္ခံလူေဟာင္း ဂါးလက္စ္ရဲ႕ ေျခရာနင္းႏုိင္မလား ေစာင့္ၾကည့္သြားရဖို႔လည္း ရွိပါတယ္။

ဒီႏွစ္ပရီးမီးယားလိဂ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ျပန္ရခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ေငြလုံးေငြရင္းေတြကို ျမင္ရမယ္လို႔ ေမွ်ာ္လင္ခဲ့ၾကေပမယ့္ ကိုဗစ္-၁၉ ေၾကာင့္ ဒါက ရပ္တန္႔သြားခဲ့သလို အရွိန္အဟုန္ေလ်ာ့က်သြားခဲ့ၿပီး ဒီေနရာမွာေတာ့ သူတုိ႔အစား ခ်ဲလ္ဆီးရဲ႕ သုံးစြဲမွဳ ပါဝါကို ျမင္ခဲ့ရတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးတုိ႔ရဲ႕ တုိက္စစ္ပုိင္းကေတာ့ လာမယ့္ရာသီမွာ ေတာ္ေတာ္ေလး ရင္ခုန္စိတ္လွဳပ္ရွားစရာေကာင္းေနခဲ့ၿပီး ဗာနာ၊ ဇီယက္ခ်္၊ ဟာဗတ္ဇ္၊ ပူလီဆစ္ခ်္တုိ႔ရဲ႕ အမာခံအင္အားမွာ လမ္းပတ္တစ္ေယာက္ ဘယ္လို စီမံခန္႔ခြဲမလဲဆုိတာ စိတ္ဝင္စားစရာျဖစ္ေနခဲ့ေပမယ့္ အသင္းရဲ႕ အလြတ္ေျပာင္းနဲ႔ ေခၚယူမယ့္ ခံစစ္ပုိင္းနဲ႔ ထိန္းခ်ဳပ္ဖန္တီးမွဳက်ဆင္းေနတဲ့ ကြင္းလယ္ကိုေတာ့ ထပ္မံအားျဖည့္ဦးမလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ေပါင္ ၂၃၁ သန္း အသုံးျပဳထားၿပီးျဖစ္တဲ့ လက္ရွိအားျဖည့္မွဳေတြမွာ ပရိသတ္ေတြကေတာ့ ရင္ခုန္ေနၾကၿပီျဖစ္သလို ကစားသမားေတြကို ထပ္မံေရာင္းခ်ၿပီးလည္း အေျပာင္းအေရႊ႕ပိတ္သိမ္းခ်ိန္အထိ အသင္းရဲ႕ အေနအထားကို ေစာင့္ၾကည့္ၿပီး အင္အားျဖည့္တင္းသြားႏုိင္တာကေတာ့ ေအာင္ျမင္မွဳအတြက္ လက္မတြန္႔တဲ့ ပုိင္ရွင္နဲ႔ တာဝန္ရွိသူေတြရဲ႕ စိတ္ထားကို သိရွိထားၿပီးျဖစ္လို႔ ေမွ်ာ္လင့္ႏုိင္ဦးမွာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ကိုဗစ္-၁၉ ေၾကာင့္ ဒီကာလအပုိင္းအျခားမွာ FFP ကန္႔သတ္မွာ မဟုတ္ဘူးလို႔ဆုိတဲ့ UEFA ရဲ႕ ေျဖေလွ်ာ့မွဳက ခ်ဲလ္ဆီးတုိ႔ ေငြသုံးဖို႔ တြန္းအားတစ္ရပ္ျဖစ္ဖြယ္ရွိေနၿပီး ဘာကာယိုကို၊ အီမာဆန္၊ မိုးဆက္စ္နဲ႔ တျခားပုိလွ်ံကစားသမားေတြကို ေရာင္းခ်ၿပီး ေငြေၾကးထပ္မံရွာေဖြႏုိင္ခြင့္နဲ႔အတူ ေဘာလုံးေလာကရဲ႕ အင္အားအႀကီးမားဆုံး အမ်ဳိးသမီး မာရီနာ ဂရာေနာ့ဗ္စကာယာတစ္ေယာက္ရဲ႕ ေရႊ႕ကြက္ေတြနဲ႔ ျခေသၤ့ျပာေတြရဲ႕ ရာသီသစ္ကို ႀကဳိတင္ရင္ခုန္ရဖို႔ ရွိေနေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ရာသီမှာ အရန်အင်အားနည်းပါးမှုနဲ့ ခံစစ်ပိုင်းကြောင့် အထိနာခဲ့ပြီး နောက်ဆုံးအချိန်အထိ နံပါတ် ၄ နေရာအတွက် တိုက်ပွဲဝင်ခဲ့ရတဲ့ ချဲလ်ဆီးအသင်းရဲ့ အခြေအနေမှန်ကို သဘောပေါက်ထားခဲ့တဲ့ ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်နဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာတို့ရဲ့ နည်းပြ ဖရန့် လမ်းပတ်ကို ယုံကြည်မှုနဲ့ ထောက်ခံမှုကို ပြသနေတဲ့ သက်သေကတော့ ပေါင် ၂၃၁ သန်းအထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

တိုက်စစ်ပိုင်းအတွက် ဟာကင်မ် ဇီယက်ချ် (ပေါင် ၃၈ သန်း)၊ တီမို ဗာနာ (ပေါင် ၅၃ သန်း) သုံးစွဲထားခဲ့ပြီးဖြစ်တဲ့ ချဲလ်ဆီးတာဝန်ရှိသူတွေ အနေနဲ့ ခိုင် ဟာဗတ်ဇ်အတွက် ပေါင် ၇၂ သန်း စတင်ပေးချေဖို့နဲ့ အောင်မြင်မှုအပေါ် ခံစားခွင့်အဖြစ် ပေါင် ၁၈ သန်း အသုံးပြုဖို့ စီစဉ်ထားပြီး ခံစစ်ပိုင်းအတွက်တော့ ဘယ်နောက်ခံလူ ဘန် ချေးလ်ဝဲလ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူနိုင်ဖို့ စီစဉ်ထားပါတယ်။

လက်စတာရဲ့ အဓိကနောက်ခံလူဖြစ်ခဲ့ပြီး သူမပါဝင်နိုင်ချိန်မှာ အသင်းရဲ့ ရလဒ်တွေ ကျဆင်းသွားခဲ့တဲ့အထိ သိသာခဲ့တဲ့ ချေးလ်ဝဲလ်ကို ရက်ပိုင်းအတွင်း ခေါ်ယူဖို့ ရှိနေသလို ဗဟိုခံစစ်အတွက်တော့ ပြင်သစ်မြေကနေ တင်သွင်းဖို့ စီစဉ်ထားတဲ့ အလွတ်ကစားသမားနှစ်ဦးဖြစ်တဲ့ သီယာဂို ဆေးလ်ဗားနဲ့ မာလန်း ဆားရ်တို့ ရောက်ရှိလာဖွယ်ရှိနေပါတယ်။

ပီအက်စ်ဂျီကနေ ထွက်ခွာလာမယ့် ဘရာဇီးလ်ဝါရင့်နောက်ခံလူ ဆေးလ်ဗားအနေနဲ့ တစ်နှစ်လောက် ကောင်းကောင်း အသုံးတော်ခံနိုင်သေးသလို လူငယ်တွေကိုလည်း သင်ကြားပေးနိုင်ဖို့ ရှိနေပြီး အာဆင်နယ်နဲ့ အသံထွက်ခဲ့ဖူးတဲ့ မာလန်း ဆားရ်ကို ရခဲ့ရင်တော့ အရွယ်ကောင်းကစားသမားအဖြစ် အသင်းရဲ့ ပြင်သစ်နောက်ခံလူဟောင်း ဂါးလက်စ်ရဲ့ ခြေရာနင်းနိုင်မလား စောင့်ကြည့်သွားရဖို့လည်း ရှိပါတယ်။

ဒီနှစ်ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ငွေလုံးငွေရင်းတွေကို မြင်ရမယ်လို့ မျှော်လင်ခဲ့ကြပေမယ့် ကိုဗစ်-၁၉ ကြောင့် ဒါက ရပ်တန့်သွားခဲ့သလို အရှိန်အဟုန်လျော့ကျသွားခဲ့ပြီး ဒီနေရာမှာတော့ သူတို့အစား ချဲလ်ဆီးရဲ့ သုံးစွဲမှု ပါဝါကို မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးတို့ရဲ့ တိုက်စစ်ပိုင်းကတော့ လာမယ့်ရာသီမှာ တော်တော်လေး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေခဲ့ပြီး ဗာနာ၊ ဇီယက်ချ်၊ ဟာဗတ်ဇ်၊ ပူလီဆစ်ချ်တို့ရဲ့ အမာခံအင်အားမှာ လမ်းပတ်တစ်ယောက် ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေခဲ့ပေမယ့် အသင်းရဲ့ အလွတ်ပြောင်းနဲ့ ခေါ်ယူမယ့် ခံစစ်ပိုင်းနဲ့ ထိန်းချုပ်ဖန်တီးမှုကျဆင်းနေတဲ့ ကွင်းလယ်ကိုတော့ ထပ်မံအားဖြည့်ဦးမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ပေါင် ၂၃၁ သန်း အသုံးပြုထားပြီးဖြစ်တဲ့ လက်ရှိအားဖြည့်မှုတွေမှာ ပရိသတ်တွေကတော့ ရင်ခုန်နေကြပြီဖြစ်သလို ကစားသမားတွေကို ထပ်မံရောင်းချပြီးလည်း အပြောင်းအရွှေ့ပိတ်သိမ်းချိန်အထိ အသင်းရဲ့ အနေအထားကို စောင့်ကြည့်ပြီး အင်အားဖြည့်တင်းသွားနိုင်တာကတော့ အောင်မြင်မှုအတွက် လက်မတွန့်တဲ့ ပိုင်ရှင်နဲ့ တာဝန်ရှိသူတွေရဲ့ စိတ်ထားကို သိရှိထားပြီးဖြစ်လို့ မျှော်လင့်နိုင်ဦးမှာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကြောင့် ဒီကာလအပိုင်းအခြားမှာ FFP ကန့်သတ်မှာ မဟုတ်ဘူးလို့ဆိုတဲ့ UEFA ရဲ့ ဖြေလျှော့မှုက ချဲလ်ဆီးတို့ ငွေသုံးဖို့ တွန်းအားတစ်ရပ်ဖြစ်ဖွယ်ရှိနေပြီး ဘာကာယိုကို၊ အီမာဆန်၊ မိုးဆက်စ်နဲ့ တခြားပိုလျှံကစားသမားတွေကို ရောင်းချပြီး ငွေကြေးထပ်မံရှာဖွေနိုင်ခွင့်နဲ့အတူ ဘောလုံးလောကရဲ့ အင်အားအကြီးမားဆုံး အမျိုးသမီး မာရီနာ ဂရာနော့ဗ်စကာယာတစ်ယောက်ရဲ့ ရွှေ့ကွက်တွေနဲ့ ခြင်္သေ့ပြာတွေရဲ့ ရာသီသစ်ကို ကြိုတင်ရင်ခုန်ရဖို့ ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.