Premier League

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၅.၈.၂၀၂၀

– ဘြန္ဒက္စ္လီဂါကလပ္ ေဟာ့ဖန္ဟုိင္းမ္အသင္းရဲ႕ အသက္ ၁၆ ႏွစ္အရြယ္ လူငယ္ကြင္းလယ္တုိက္စစ္သမား မယ္လ္ကာမူ ဖေရာ္ယင္ေဒါ့ဖ္ကို အကယ္ဒမီအတြက္ လီဗာပူးလ္ ေခၚယူ။

– ဘုိင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာအတြက္ အနာဂတ္ကို ဂ်ာမန္အသင္းဘက္က ေရာင္းခ်ဖို႔ကိုပဲ ဆုံးျဖတ္ခဲ့ၿပီး မူလဆုိေဈး ေပါင္ ၃၆ သန္းထက္ ၉ သန္းေလွ်ာ့ၿပီး ေပါင္ ၂၇ သန္းရရင္ လက္ခံသြားဖို႔ ရွိေန။

– တူရကီကလပ္ ဘက္ရွီးတပ္စ္က ျပန္လာတဲ့ ဂိုးသမား လိုရစ္ ကားရီးယပ္စ္အေနနဲ႔ စပိန္သား အက္ဒရီယန္ရဲ႕ Back-up အျဖစ္ အသင္းမွာ ဆက္ရွိေနခြင့္ကိုပါ ဆုံးရွဳံးထားရၿပီး တတိယဂိုးသမားအျဖစ္ပါ အလိုမရွိေၾကာင္းနဲ႔ အသင္းသစ္ရွာဖို႔ အသိေပးခံခဲ့ရ။

– ဆာ့လ္ဇ္ဘတ္နဲ႔ပြဲမွာ ေနာက္က်သြင္းဂိုးႏွစ္ဂိုးနဲ႔ အသင္းကို သေရရေစခဲ့တဲ့ လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားကို နည္းျပ ယာဂန္ ကေလာ့ပ္က သေဘာက်ေနၿပီး ပရိသတ္ေတြကေတာ့ ဒီေဗာ့ခ္ ေအာ္ရီဂီထက္သာလြန္ေၾကာင္းနဲ႔ အသင္းႀကီးမွာ ေနရာေပးဖို႔ ေထာက္ခံ။

– ေတာင္ပံတုိက္စစ္မွဴး ဟာရီ ဝီလ္ဆန္ကို ထပ္မံအငွားခ်ေတာ့မွာ မဟုတ္ဘဲ အသင္းနဲ႔ အနာဂတ္မရွိေတာ့သူအျဖစ္ သတ္မွတ္ၿပီး အၿပီးသတ္ ေရာင္းခ်သြားဖို႔ကိုပဲ လီဗာပူးလ္ စဥ္းစားသြားမည္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဘွန်ဒက်စ်လီဂါကလပ် ဟော့ဖန်ဟိုင်းမ်အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်ကွင်းလယ်တိုက်စစ်သမား မယ်လ်ကာမူ ဖရော်ယင်ဒေါ့ဖ်ကို အကယ်ဒမီအတွက် လီဗာပူးလ် ခေါ်ယူ။

– ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအတွက် အနာဂတ်ကို ဂျာမန်အသင်းဘက်က ရောင်းချဖို့ကိုပဲ ဆုံးဖြတ်ခဲ့ပြီး မူလဆိုဈေး ပေါင် ၃၆ သန်းထက် ၉ သန်းလျှော့ပြီး ပေါင် ၂၇ သန်းရရင် လက်ခံသွားဖို့ ရှိနေ။

– တူရကီကလပ် ဘက်ရှီးတပ်စ်က ပြန်လာတဲ့ ဂိုးသမား လိုရစ် ကားရီးယပ်စ်အနေနဲ့ စပိန်သား အက်ဒရီယန်ရဲ့ Back-up အဖြစ် အသင်းမှာ ဆက်ရှိနေခွင့်ကိုပါ ဆုံးရှုံးထားရပြီး တတိယဂိုးသမားအဖြစ်ပါ အလိုမရှိကြောင်းနဲ့ အသင်းသစ်ရှာဖို့ အသိပေးခံခဲ့ရ။

– ဆာ့လ်ဇ်ဘတ်နဲ့ပွဲမှာ နောက်ကျသွင်းဂိုးနှစ်ဂိုးနဲ့ အသင်းကို သရေရစေခဲ့တဲ့ လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားကို နည်းပြ ယာဂန် ကလော့ပ်က သဘောကျနေပြီး ပရိသတ်တွေကတော့ ဒီဗော့ခ် အော်ရီဂီထက်သာလွန်ကြောင်းနဲ့ အသင်းကြီးမှာ နေရာပေးဖို့ ထောက်ခံ။

– တောင်ပံတိုက်စစ်မှူး ဟာရီ ဝီလ်ဆန်ကို ထပ်မံအငှားချတော့မှာ မဟုတ်ဘဲ အသင်းနဲ့ အနာဂတ်မရှိတော့သူအဖြစ် သတ်မှတ်ပြီး အပြီးသတ် ရောင်းချသွားဖို့ကိုပဲ လီဗာပူးလ် စဉ်းစားသွားမည်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.