Article Premier League

အာဆင္နယ္အတြက္ မန္ခ်က္စတာယူႏိုက္တက္ကို ျငင္းပယ္ခဲ့ၾကသူမ်ား

အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္ကို မန္ခ်က္စတာယူႏိုက္တက္နဲ႔ အၿပဳိင္ ေခၚယူႏုိင္ခဲ့တာျဖစ္ၿပီး ကစားသမားဘက္ကေတာ့ မီခယ္လ္ အာတီတာနဲ႔ အီဒူး ဂက္စ္ပါတုိ႔ေၾကာင့္ သရဲနီေတြကို ျငင္းပယ္ၿပီး ဂန္းနားေတြကို ေရြးခ်ယ္ျဖစ္ခဲ့တယ္လို႔ ဆုိခဲ့တဲ့ ေနာက္မွာ တူညီတဲ့ ျဖစ္စဥ္ေတြကို ေမရာသတင္းဌာနက စုစည္းေဖာ္ျပလုိက္ပါတယ္။

အာရြန္ ရမ္ေဆး – အာဆင္နယ္အသင္းဆီကို ကာဒစ္ဖ္ကေန ေရာက္ရွိလာခဲ့ၿပီး ဆယ္စုႏွစ္တစ္စုၾကာ ကစားေပးခဲ့တဲ့ ေဝလသားေလးကို အသက္ ၁၇ ႏွစ္အရြယ္ ၂၀၀၈ ခုႏွစ္မွာ ယူႏုိက္တက္ရဲ႕ ဝက္ဘ္ဆုိက္က ေျပာင္းေရႊ႕ေၾကး သေဘာတူညီခဲ့ၿပီလို႔ေတာင္မွ ေၾကျငာခဲ့ပါတယ္။ ဒါေပမယ့္ အာဆင္နယ္ေနာက္ကို ပါသြားခဲ့အၿပီးမွာ ဆာအဲလက္စ္ကေတာ့ အာဆင္ဝင္းဂါးက သူ႕ထက္ပုိၿပီး ရမ္ေဆးကို အလိုရွိခဲ့တယ္လို႔ ဝန္ခံခဲ့တာပါ။

အဲလက္စ္ ေအာက္ဇလိတ္ ခ်ိမ္ဘာလိန္ – ဒီအဂၤလန္ကြင္းလယ္လူကေတာ့ ေဆာက္သမ္တန္မွာ ေတာင္ပံကစားသမားအျဖစ္ ေျခစြမ္းျပေနခဲ့ ခ်ိန္မွာ လီဗာပူးလ္၊ စပါးစ္၊ အာဆင္နယ္နဲ႔ မန္ယူတုိ႔က စိတ္ဝင္စားခဲ့ၿပီး သူ႕ရဲ႕ဖခင္ မာ့ခ္ကေတာ့ သူ႕ကို ဖာဂူဆန္က ဖုန္းေခၚခဲ့တယ္လုိ႔ပါ ထုတ္ေဖာ္ သြားခဲ့ပါတယ္။ ဒါေပမယ့္ ကစားသမားကေတာ့ အာဆင္နယ္ရဲ႕ ပုံစံနဲ႔ လူငယ္ေတြကို အသုံးျပဳတာကို သေဘာက်တယ္ဆုိၿပီး ေရြးခ်ယ္ခဲ့တာပါ။

ဝီလီယမ္ ဆာလီဘာ – ဒီ ၁၉ ႏွစ္သားကို စိတ္ဝင္စားခဲ့တာက စပါးစ္တစ္သင္းတည္းမဟုတ္ဘဲ သူ႕ထက္အရင္ ယူႏုိက္တက္က ၂၀၁၉ ဇန္နဝါရီမွာကတည္းက စိတ္ဝင္စားခဲ့တာပါ။ ဒီတုန္းက အာဆင္နယ္ကေတာင္မွ သူ႕ကို မႀကဳိးစားေသးေပမယ့္ ဆာလီဘာကေတာ့ သူ႕ရဲ႕ အိပ္မက္ထဲက အာဆင္နယ္အသင္းကိုပဲ သြားဖို႔ ဆႏၵရွိတယ္လို႔ တုံ႔ျပန္ခံခဲ့ရတာျဖစ္တယ္လုိ႔ တယ္လီဂရပ္ဖ္က ဆုိပါတယ္။

မီဆြတ္ အိုေဇးလ္ – အာဆင္နယ္ရဲ႕ အဓိက ကြင္းလယ္ဖန္တီးရွင္ျဖစ္လာမယ့္သူကို ၂၀၁၃ ေႏြရာသီမွာ ေရာင္းခ်ခဲ့စဥ္က ရီးရဲလ္မက္ဒရစ္ဆီ ေဆြးေႏြးခဲ့တဲ့အထဲမွာ မန္ခ်က္စတာသားေတြလည္း ပါဝင္ခဲ့ပါတယ္။ သူ႕ကို မရလုိက္ခ်ိန္မွာ ေဒးဗစ္မြဳိက္စ္ကေတာ့ သူတုိ႔မွာ ကာဂါဝါနဲ႔ ရြန္နီတို႔ ရွိေနလို႔ မျဖစ္မေန ေခၚယူဖို႔ မလုပ္ခဲ့တာလို႔ ကာကြယ္ေျပာၾကားသြားခဲ့ေပမယ့္ ဘယ္သူကမွ မယုံဘူးလို႔လည္း ဆုိပါတယ္။

ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ – ေမာ္ရင္ညဳိရဲ႕ လက္ထက္မွာ အာဆင္နယ္ကို ေျပာင္းေရႊ႕ဖို႔ လုပ္ေနတဲ့ သူ႕သားကို မန္ယူက ေဒါ့မြန္ဆီ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး ဒါေၾကာင့္လည္း သူ႕သားအေနနဲ႔ အာ႐ုံမ်ားခဲ့ရၿပီး အမ္းမရိတ္ကို ေရာက္ဖို႔ ေစာင့္ဆုိင္းခဲ့ရတယ္လို႔ ခ်ာရာလမ္ဘို႔စ္ ပါပါစတာသိုပူးေလာ့စ္က ထုတ္ေဖာ္ခဲ့ဖူးတာျဖစ္ပါတယ္။

ဒီကစားသမားေတြအျပင္ အာဆင္နယ္လူငယ္အသင္းမွာ လက္ရွိကစားေနတဲ့ အက္စတုိးနီးယား ယူ-၁၈ လက္ေရြးစင္ ကားလ္ ဟိန္းနဲ႔ စကိုင္းစပုိ႔စ္မွာ ေဘာလုံးကၽြမ္းက်င္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ တုိက္စစ္မွဴး အလန္ စမစ္တုိ႔ဟာလည္း ဒီအသင္းကို ပယ္ခ်ခဲ့ဖူးၿပီး ကားလ္ ဟိန္းကေတာ့ ယူႏုိက္တက္မွာ ေလ့က်င့္ခဲ့ဖူးသူျဖစ္ၿပီး မန္ခ်က္စတာၿမဳိ႕ရဲ႕ ယာဥ္ေၾကာက်ပ္မွဳနဲ႔ သယ္ယူပုိ႔ေဆာင္ေရးစနစ္ေၾကာင့္ သြားရလာရ ေနာက္က်တာကို မခံစားႏုိင္တာေၾကာင့္ လန္ဒန္ကလပ္ အာဆင္နယ္ကိုပဲ ေရြးခ်ယ္ခဲ့တယ္လို႔ ေျပာၾကားထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ကို မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ကစားသမားဘက်ကတော့ မီခယ်လ် အာတီတာနဲ့ အီဒူး ဂက်စ်ပါတို့ကြောင့် သရဲနီတွေကို ငြင်းပယ်ပြီး ဂန်းနားတွေကို ရွေးချယ်ဖြစ်ခဲ့တယ်လို့ ဆိုခဲ့တဲ့ နောက်မှာ တူညီတဲ့ ဖြစ်စဉ်တွေကို မေရာသတင်းဌာနက စုစည်းဖော်ပြလိုက်ပါတယ်။

အာရွန် ရမ်ဆေး – အာဆင်နယ်အသင်းဆီကို ကာဒစ်ဖ်ကနေ ရောက်ရှိလာခဲ့ပြီး ဆယ်စုနှစ်တစ်စုကြာ ကစားပေးခဲ့တဲ့ ဝေလသားလေးကို အသက် ၁၇ နှစ်အရွယ် ၂၀၀၈ ခုနှစ်မှာ ယူနိုက်တက်ရဲ့ ဝက်ဘ်ဆိုက်က ပြောင်းရွှေ့ကြေး သဘောတူညီခဲ့ပြီလို့တောင်မှ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်နောက်ကို ပါသွားခဲ့အပြီးမှာ ဆာအဲလက်စ်ကတော့ အာဆင်ဝင်းဂါးက သူ့ထက်ပိုပြီး ရမ်ဆေးကို အလိုရှိခဲ့တယ်လို့ ဝန်ခံခဲ့တာပါ။

အဲလက်စ် အောက်ဇလိတ် ချိမ်ဘာလိန် – ဒီအင်္ဂလန်ကွင်းလယ်လူကတော့ ဆောက်သမ်တန်မှာ တောင်ပံကစားသမားအဖြစ် ခြေစွမ်းပြနေခဲ့ ချိန်မှာ လီဗာပူးလ်၊ စပါးစ်၊ အာဆင်နယ်နဲ့ မန်ယူတို့က စိတ်ဝင်စားခဲ့ပြီး သူ့ရဲ့ဖခင် မာ့ခ်ကတော့ သူ့ကို ဖာဂူဆန်က ဖုန်းခေါ်ခဲ့တယ်လို့ပါ ထုတ်ဖော် သွားခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားကတော့ အာဆင်နယ်ရဲ့ ပုံစံနဲ့ လူငယ်တွေကို အသုံးပြုတာကို သဘောကျတယ်ဆိုပြီး ရွေးချယ်ခဲ့တာပါ။

ဝီလီယမ် ဆာလီဘာ – ဒီ ၁၉ နှစ်သားကို စိတ်ဝင်စားခဲ့တာက စပါးစ်တစ်သင်းတည်းမဟုတ်ဘဲ သူ့ထက်အရင် ယူနိုက်တက်က ၂၀၁၉ ဇန်နဝါရီမှာကတည်းက စိတ်ဝင်စားခဲ့တာပါ။ ဒီတုန်းက အာဆင်နယ်ကတောင်မှ သူ့ကို မကြိုးစားသေးပေမယ့် ဆာလီဘာကတော့ သူ့ရဲ့ အိပ်မက်ထဲက အာဆင်နယ်အသင်းကိုပဲ သွားဖို့ ဆန္ဒရှိတယ်လို့ တုံ့ပြန်ခံခဲ့ရတာဖြစ်တယ်လို့ တယ်လီဂရပ်ဖ်က ဆိုပါတယ်။

မီဆွတ် အိုဇေးလ် – အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင်ဖြစ်လာမယ့်သူကို ၂၀၁၃ နွေရာသီမှာ ရောင်းချခဲ့စဉ်က ရီးရဲလ်မက်ဒရစ်ဆီ ဆွေးနွေးခဲ့တဲ့အထဲမှာ မန်ချက်စတာသားတွေလည်း ပါဝင်ခဲ့ပါတယ်။ သူ့ကို မရလိုက်ချိန်မှာ ဒေးဗစ်မွိုက်စ်ကတော့ သူတို့မှာ ကာဂါဝါနဲ့ ရွန်နီတို့ ရှိနေလို့ မဖြစ်မနေ ခေါ်ယူဖို့ မလုပ်ခဲ့တာလို့ ကာကွယ်ပြောကြားသွားခဲ့ပေမယ့် ဘယ်သူကမှ မယုံဘူးလို့လည်း ဆိုပါတယ်။

ဆိုကရာတစ် ပါပါစတာသိုပူးလော့စ် – မော်ရင်ညိုရဲ့ လက်ထက်မှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ လုပ်နေတဲ့ သူ့သားကို မန်ယူက ဒေါ့မွန်ဆီ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒါကြောင့်လည်း သူ့သားအနေနဲ့ အာရုံများခဲ့ရပြီး အမ်းမရိတ်ကို ရောက်ဖို့ စောင့်ဆိုင်းခဲ့ရတယ်လို့ ချာရာလမ်ဘို့စ် ပါပါစတာသိုပူးလော့စ်က ထုတ်ဖော်ခဲ့ဖူးတာဖြစ်ပါတယ်။

ဒီကစားသမားတွေအပြင် အာဆင်နယ်လူငယ်အသင်းမှာ လက်ရှိကစားနေတဲ့ အက်စတိုးနီးယား ယူ-၁၈ လက်ရွေးစင် ကားလ် ဟိန်းနဲ့ စကိုင်းစပို့စ်မှာ ဘောလုံးကျွမ်းကျင်သူအဖြစ် ဆောင်ရွက်နေတဲ့ တိုက်စစ်မှူး အလန် စမစ်တို့ဟာလည်း ဒီအသင်းကို ပယ်ချခဲ့ဖူးပြီး ကားလ် ဟိန်းကတော့ ယူနိုက်တက်မှာ လေ့ကျင့်ခဲ့ဖူးသူဖြစ်ပြီး မန်ချက်စတာမြို့ရဲ့ ယာဉ်ကြောကျပ်မှုနဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကြောင့် သွားရလာရ နောက်ကျတာကို မခံစားနိုင်တာကြောင့် လန်ဒန်ကလပ် အာဆင်နယ်ကိုပဲ ရွေးချယ်ခဲ့တယ်လို့ ပြောကြားထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.