Premier League

၁၄.၂.၂၀၂၀ အတြက္ လီဗာပူးလ္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ လီဗာပူးလ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– လြန္ခဲ့တဲ့ ဆယ္ႏွစ္က လီဗာပူးလ္အသင္းကို Fenway Sports Group ဆီကို ထုတ္ေရာင္းခဲ့ရာမွာ အဓိကပုဂၢိဳလ္ျဖစ္ခဲ့တဲ့ ဥကၠဌေဟာင္း ဆာမာတင္ ဘေရာ့တန္က လက္ရွိ သူတို႔အသင္းတန္ေၾကးက ေပါင္ ၂ ဘီလ်ံေလာက္ ရွိေနၿပီလို႔ ယံုၾကည္ေၾကာင္း ေျပာလိုက္ပါတယ္။

-လီဗာပူးလ္ဂိုးသမား အလီဆန္ဘက္ကာက ဒီရာသီပရီးမီးယားလိဂ္မွာ ၂၅ ပြဲကစား ၂၄ ပြဲအထိ အႏိုင္ရခဲ့တဲ့ မွတ္တမ္းေကာင္းကို ေရးထိုးႏိုင္ခဲ့တာဟာ ေန႔စဥ္အလုပ္ေတြကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ႀကိဳးစားလုပ္ေဆာင္တာေၾကာင့္လို႔ ဖြင့္ဟလိုက္ပါတယ္။

– ၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲ၀င္ အီဂ်စ္လက္ေရြးစင္အသင္းမွာ သူပါ၀င္ကစားသြားမယ္လို႔ ေတာင္ပံကစားသမား မိုဟာမက္ ဆာလားက အတည္ျပဳ ေျပာလိုက္ၿပီးေနာက္ ပရိသတ္တခ်ိဳ႕ဟာ လာမယ့္ေႏြရာသီမွာ သူ႔ကိုထုတ္ေရာင္းၿပီး တျခားေတာင္ပံကစားသမားသစ္ေခၚဖို႔ ေ၀ဖန္လာၾကပါတယ္။ ဆာလားဟာ လာမယ့္ ၂၀၂၁ခုႏွစ္ ဇန္န၀ါရီလမွာလည္း အီဂ်စ္အသင္းနဲ႔အတူ အာဖရိကႏိုင္ငံမ်ားဖလားပြဲကို ၀င္ကစားရဖို႔ရွိေနပါေသးတယ္။

– ေဒါ့မြန္ေတာင္ပံတုိက္စစ္မွဴး ေဂ်ဒန္ ဆန္ခ်ိဳကို ေႏြရာသီမွာ ေခၚယူခ်င္တဲ့ အသင္းေတြထဲမွာ လီဗာပူးလ္အသင္းလည္း ပါ၀င္လာခဲ့ၿပီး ေပါင္သန္း ၁၀၀နဲ႔ ကမ္းလွမ္းသြားမယ္လို႔ေတာင္ သတင္းထြက္ေနပါတယ္။

-အိုင္းယက္စ္အသင္းေတာင္ပံကစားသမား ဟာကင္မ္ ဇီယက္ခ်္ကို ယူရိုသန္း ၄၀ ေက်ာ္ေလာက္နဲ႔ ေခၚယူႏိုင္မယ့္ အခြင့္အေရးကို လီဗာပူးလ္အသင္း အသံုးမခ်ႏိုင္ခဲ့တဲ့အေပၚ ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက မခ်ိတင္ကဲ ေ၀ဖန္လိုက္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– လွန်ခဲ့တဲ့ ဆယ်နှစ်က လီဗာပူးလ်အသင်းကို Fenway Sports Group ဆီကို ထုတ်ရောင်းခဲ့ရာမှာ အဓိကပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ဥက္ကဌဟောင်း ဆာမာတင် ဘရော့တန်က လက်ရှိ သူတို့အသင်းတန်ကြေးက ပေါင် ၂ ဘီလျံလောက် ရှိနေပြီလို့ ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။

-လီဗာပူးလ်ဂိုးသမား အလီဆန်ဘက်ကာက ဒီရာသီပရီးမီးယားလိဂ်မှာ ၂၅ ပွဲကစား ၂၄ ပွဲအထိ အနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကို ရေးထိုးနိုင်ခဲ့တာဟာ နေ့စဉ်အလုပ်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုးစားလုပ်ဆောင်တာကြောင့်လို့ ဖွင့်ဟလိုက်ပါတယ်။

– ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲဝင် အီဂျစ်လက်ရွေးစင်အသင်းမှာ သူပါဝင်ကစားသွားမယ်လို့ တောင်ပံကစားသမား မိုဟာမက် ဆာလားက အတည်ပြု ပြောလိုက်ပြီးနောက် ပရိသတ်တချို့ဟာ လာမယ့်နွေရာသီမှာ သူ့ကိုထုတ်ရောင်းပြီး တခြားတောင်ပံကစားသမားသစ်ခေါ်ဖို့ ဝေဖန်လာကြပါတယ်။ ဆာလားဟာ လာမယ့် ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာလည်း အီဂျစ်အသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလားပွဲကို ဝင်ကစားရဖို့ရှိနေပါသေးတယ်။

– ဒေါ့မွန်တောင်ပံတိုက်စစ်မှူး ဂျေဒန် ဆန်ချိုကို နွေရာသီမှာ ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ လီဗာပူးလ်အသင်းလည်း ပါဝင်လာခဲ့ပြီး ပေါင်သန်း ၁၀၀နဲ့ ကမ်းလှမ်းသွားမယ်လို့တောင် သတင်းထွက်နေပါတယ်။

-အိုင်းယက်စ်အသင်းတောင်ပံကစားသမား ဟာကင်မ် ဇီယက်ချ်ကို ယူရိုသန်း ၄၀ ကျော်လောက်နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လီဗာပူးလ်အသင်း အသုံးမချနိုင်ခဲ့တဲ့အပေါ် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက မချိတင်ကဲ ဝေဖန်လိုက်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.