Premier League

နောက်ဆုံးရ မန်ချက်စတာစီးတီး သတင်းများ စုစည်းမှု-၂၅.၈.၂၀၂၀






REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.

မန်ချက်စတာစီးတီးအသင်းဟာ FFP စည်းမျဉ်းကို ရှောင်လွဲကာ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်ရေးအတွက် ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ ဥက္ကဌဖြစ်သူ အဲလ်မူဘာရက်ခ်ကတော့ အနာဂတ်မှာလည်း မန်ချက်စတာစီးတီးအသင်းအတွက် ကစားသမားကောင်းတွေ ခေါ်ယူပေးအုံးမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

RB လိုက်ပ်ဇစ်အသင်းရဲ့ အားကစားဒါရိုက်တာ မားကပ်စ် ခရိုရှာကလည်း မန်ချက်စတာစီးတီးအသင်းကနေ အငှါးလာကစားနေတဲ့ နောက်ခံလူ အန်ဟဲလီညို ခေါ်ယူဖို့အတွက် နီးစပ်မှုတွေရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမား စတာလင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ အူစိန်ဘော့ရဲ့ မွေးနေ့ပွဲကိုတက်ရောက်ပေမဲ့ ရောဂါပိုးကူးစက်ခြင်းမခံရကြောင်း စမ်းသပ်ချက်ထွက်ပေါ်ခဲ့တာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ပါဝင်ကစားပေးနိုင်တော့မှာပါ။

မန်စီးတီးအသင်းအနေနဲ့ သီယာဂို အယ်လ်ကန်တာရာကို ခေါ်ယူမယ်ဆိုတဲ့ ကောလဟာတွေဟာ မဖြစ်နိုင်ကြောင်းနဲ့ တကယ်တမ်း ခေါ်ယူမယ်ဆိုရင် ဂွါဒီယိုလာအနေနဲ့ လုပ်ဆောင်ပြီးတာကြာပြီလို့ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ အက်ဒရီယန် ကလာ့ခ်က ပြောကြားလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.