Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၂၆.၈.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ ရက်ရာဇာ။
တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၁၁:၃၈ အထိ တိထီ ၈ လုံး။ ကျော်လျှင် ၉ လုံး။ ၈ လုံးတွင် မတယုဂ်နှင့် ယာဇ်မီးယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းသွားစေလိုသော အလုပ်များအတွက် ပူဇော်မှုပြု၊ ဓာတ်ရိုက်ဓာတ်ဆင်များ လုပ်ဆောင်ရန်ကောင်း။ ၉ လုံးတွင် လွှသွားယုဂ်၊ ထင်ရှားသိသာစေလိုသည့်အလုပ်များနှင့် အဖျက်ကိစ္စများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၄:၀၃ အထိ အနုရာဓနက္ခတ်။ ကျော်လျှင် ဇေဋ္ဌနက္ခတ်။ ည ၂၀:၃၀ အထိ ဝေဒရိယုဂ်၊ အားနည်းခြင်း၊ လွှမ်းမိုးခံရခြင်း၊ ချင့်ချိန်နေရခြင်း၊ မိမိဆန္ဒကို ဦးစားမပေးဘဲ သူတပါးအရိပ်အခြေကို ကြည့်၍ ချင့်ချိန်လုပ်ဆောင်ပါ။ ကျော်လျှင် ဝိသကုမ္ဘယုဂ်၊ ကြွယ်ဝခြင်း၊ အထောက်အပံ့ရရှိခြင်း၊ သူတပါးအကူအညီ ရယူ၍ လုပ်ဆောင်ရမည့်ကိစ္စများအတွက် အထူးလုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၁:၃၈ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ည ၂၂:၅၈ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၁၁:၃၈ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)