Premier League

နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု-၂၅.၈.၂၀၂၀





ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျကတော့ ခိုင်ဟာဗတ်ဇ်ကိုဈေးကြီးပေမဲ့ မရရအောင် ခေါ်ယူခြင်းမှာ လီဗာပူးလ်အသင်း၊မန်ချက်စတာစီးတီးအသင်းတို့နဲ့အပြိုင် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ရေးအတွက်ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.

လက်စတာအသင်းရဲ့ နည်းပြဟောင်းဖြစ်တဲ့ မစ်ကီ အဒမ်စ်ကတော့ လက်စတာအသင်းရဲ့ အသက်၂၃နှစ်အရွယ် ဘယ်နောက်ခံလူ ဘန် ချေးလ်ဝဲလ်ဟာ ချဲလ်ဆီးအသင်းကို သေချာပေါက်ရောက်တော့မှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ နိုက်စ်အသင်းရဲ့ အသက်၂၁နှစ်အရွယ် နောက်ခံလူ မာလန်းဆားရ်ကို ၅နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း ကောလာဟလသတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆွမ်ဆီးအသင်းဟာ ချဲလ်ဆီးအသင်းကနေ အငှါးလာကစားနေတဲ့ ဗဟိုနောက်ခံကစားသမား မာ့ခ် ဂူဟီကို အပြီးသတ် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဂူဟီဟာ ဆွမ်ဆီးအသင်းကို ဇန်နဝါလကမှ ရောက်ရှိလာခဲ့ပေမဲ့ ပုံမှန်ပွဲထွက်ခွင့်ရနေသူ ဖြစ်ပါတယ်။

လူငယ်နောက်ခံလူ ဖီကာယို တိုမိုရီအနေနဲ့ လာမယ့်ရာသီကို အငှားထွက်ကစားပြီး အတွေ့အကြုံရှာဖွေရဖို့ ရှိနေသလို အဲဗာတန်အသင်းကို သွားရောက်ရဖို့ ရှိနေပြီး လက်ရှိ ပထမလူစာရင်းဝင်နောက်ခံလူတစ်ဦးဖြစ်တဲ့ ကတ်ဇူးမားရဲ့ တိုးတက်လာမှုလိုမျိုး လိုက်လံလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ကတော့ ခိုင်ဟာဗတ်ဇ်ကိုဈေးကြီးပေမဲ့ မရရအောင် ခေါ်ယူခြင်းမှာ လီဗာပူးလ်အသင်း၊မန်ချက်စတာစီးတီးအသင်းတို့နဲ့အပြိုင် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ရေးအတွက်ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.