Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား – ၂၅.၈.၂၀၂၀

– လိုင္လီကေန အာဆင္နယ္အသင္းကို ေရာက္လာမယ့္ ကစားသမားသစ္ဟာ ဂါဘရီယယ္လ္ မာဂါလုိင္စ္တစ္ဦးတည္း မဟုတ္ႏုိင္ဘဲ ေနာက္ထပ္ကစားသမားတစ္ဦးအျဖစ္ ကြင္းလယ္အဖ်က္ကစားသမား ဘူဘာကာရီ ဆူမာေရးကို ပါေတးရဲ႕ အရန္အစီအစဥ္အျဖစ္ ေပါင္ ၂၇ သန္း ဘတ္ဂ်က္နဲ႔ လ်ာထားေနတယ္လုိ႔ ဆုိပါတယ္။

– အဂၤလန္ကလာတဲ့ သတင္းေတြအရ ေသာမတ္စ္ ပါေတးအတြက္ အာဆင္နယ္နဲ႔ အက္သလက္တီကို မက္ဒရစ္တုိ႔ရဲ႕ ေဆြးေႏြးမွဳေတြမွာ တစ္စုံတစ္ရာ တုိးတက္ထူးျခားတာမ်ဳိး မရွိေသးဘဲ စာခ်ဳပ္ေလ်ာ္ေၾကးကို မေပးခ်င္သမွ် အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဦးမွာ မဟုတ္ဘူးလို႔ စကိုင္းစပုိ႔စ္က ဆုိပါတယ္။

– အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးက သူတုိ႔အေနနဲ႔ နည္းျပ မီခယ္လ္ အာတီတာရဲ႕ အရည္အေသြးကို နားလည္ထားၿပီး သူလုိခ်င္တဲ့ ကစားသမားေတြကို ေငြေၾကးသုံးစြဲၿပီး ေခၚယူေပးဖို႔ကို ျငင္းဆန္ႏုိင္အား မရွိဘူးလုိ႔ ေျပာၾကားထားတဲ့အတြက္ ေဈးကြက္ထဲ လွဳပ္ရွားမွဳေတြကို ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။

– လီယြန္အသင္းရဲ႕ ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို ေခၚယူဖို႔ ျပင္သစ္ကလပ္အသင္းရဲ႕ အားကစားဒါ႐ုိက္တာ ဂ်ဴနင္ညဳိနဲ႔ ရင္းႏွီးတဲ့ အီဒူးရဲ႕ ဆက္ဆံေရးေကာင္းကို အသုံးခ်ၿပီး လက္ခံႏုိင္ဖြယ္ ေဈးႏွဳန္းကို ညႇိႏွဳိင္းသြားႏုိင္ဖို႔ အာဆင္နယ္အသင္းနဲ႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနပါတယ္။

– ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းကို ေပါင္သန္း ၂၀၊ ၄ ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိေတာ့မယ္လို႔ သတင္းထြက္ေနခဲ့တဲ့ အာဆင္နယ္ ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္အတြက္ ေနာက္ဆုံးႀကဳိးစားမွဳအျဖစ္ နယူးကာဆယ္လ္အသင္းက ထပ္မံကမ္းလွမ္းသြားမယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လိုင်လီကနေ အာဆင်နယ်အသင်းကို ရောက်လာမယ့် ကစားသမားသစ်ဟာ ဂါဘရီယယ်လ် မာဂါလိုင်စ်တစ်ဦးတည်း မဟုတ်နိုင်ဘဲ နောက်ထပ်ကစားသမားတစ်ဦးအဖြစ် ကွင်းလယ်အဖျက်ကစားသမား ဘူဘာကာရီ ဆူမာရေးကို ပါတေးရဲ့ အရန်အစီအစဉ်အဖြစ် ပေါင် ၂၇ သန်း ဘတ်ဂျက်နဲ့ လျာထားနေတယ်လို့ ဆိုပါတယ်။

– အင်္ဂလန်ကလာတဲ့ သတင်းတွေအရ သောမတ်စ် ပါတေးအတွက် အာဆင်နယ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ ဆွေးနွေးမှုတွေမှာ တစ်စုံတစ်ရာ တိုးတက်ထူးခြားတာမျိုး မရှိသေးဘဲ စာချုပ်လျော်ကြေးကို မပေးချင်သမျှ အပြောင်းအရွှေ့ဖြစ်မြောက်ဦးမှာ မဟုတ်ဘူးလို့ စကိုင်းစပို့စ်က ဆိုပါတယ်။

– အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးက သူတို့အနေနဲ့ နည်းပြ မီခယ်လ် အာတီတာရဲ့ အရည်အသွေးကို နားလည်ထားပြီး သူလိုချင်တဲ့ ကစားသမားတွေကို ငွေကြေးသုံးစွဲပြီး ခေါ်ယူပေးဖို့ကို ငြင်းဆန်နိုင်အား မရှိဘူးလို့ ပြောကြားထားတဲ့အတွက် ဈေးကွက်ထဲ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

– လီယွန်အသင်းရဲ့ ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို ခေါ်ယူဖို့ ပြင်သစ်ကလပ်အသင်းရဲ့ အားကစားဒါရိုက်တာ ဂျူနင်ညိုနဲ့ ရင်းနှီးတဲ့ အီဒူးရဲ့ ဆက်ဆံရေးကောင်းကို အသုံးချပြီး လက်ခံနိုင်ဖွယ် ဈေးနှုန်းကို ညှိနှိုင်းသွားနိုင်ဖို့ အာဆင်နယ်အသင်းနဲ့ ပရိသတ်တွေက မျှော်လင့်နေပါတယ်။

– ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းကို ပေါင်သန်း ၂၀၊ ၄ နှစ်စာချုပ်နဲ့ ရောက်ရှိတော့မယ်လို့ သတင်းထွက်နေခဲ့တဲ့ အာဆင်နယ် ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်အတွက် နောက်ဆုံးကြိုးစားမှုအဖြစ် နယူးကာဆယ်လ်အသင်းက ထပ်မံကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.