Premier League

နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု-၂၅.၈.၂၀၂၀






REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.

နည်းပြလူးဝစ်ဗန်ဂါးလ်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကိုင်တွယ်နေစဉ်တုန်းက နေမာ၊ လီဝန်ဒေါစကီးနဲ့ မာနေးတို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သရဲနီဟောင်းဖြစ်တဲ့ အန်ဒါဆန်ဟာ တူရကီကလပ် Adana Demirsporအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်ကြယ်ပွင့် ဂျေဒန်ဆန်ချိုကို မခေါ်ယူနိုင်ခဲ့ရင် နောက်နှစ်ရာသီများတွင် ခေါ်ယူနိုင်ဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူးလို့ သတင်းတွေက ဆိုပါတယ်။

ယူနိုက်တက်အသင်းရဲ့အနာဂတ်မှာ ထွန်းတောက်လာမယ်လို့ ထင်ထားခဲ့တဲ့ လူငယ်ကစားသမားလေး ရာမာဇာနီဟာ အိုးလ်ထရက်ဖို့ဒ်မြေကနေ ထွက်ခွါသွားခဲ့ပြီနောက် UD Almeria အသင်းနဲ့ ၂၀၂၅ခုနှစ်ထိရှိမဲ့ စာချုပ်အသစ် ချုပ်ဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်တဲ့ ကွင်းလယ်လူ ဗန်ဒဘိခ်ဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ အိုင်းယက်ဇ်အသင်းကနေ ထွက်ခွါချင်နေပြီး အိုင်းယက်စ်အသင်းကလည်း သင့်တော်တဲ့ကမ်းလှမ်းမှုတွေ လက်ခံရရှိပါက ရောင်းထုတ်သွားဖို့ ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.