Premier League Transfer News

နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု -၂၄.၈.၂၀၂၀

– ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျနဲ့ သူ့ရဲ့ ညာလက်ရုံး အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာတို့ကြားမှာ ထပ်မံသဘောတူညီမှုတွေ ရှိနေပြီး နည်းပြ ဖရန့် လမ်းပတ်အတွက် ခိုင် ဟာဗတ်ဇ်အပြင် နောက်ထပ်ကစားသမားနှစ်ဦး ထပ်မံခေါ်ယူပေးဖို့ စီစဉ်နေ။


– ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာမယ့် ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားနဲ့ ချဲလ်ဆီးတို့ သဘောတူညီမှု ရရှိထားပြီဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်း စတမ်းဖို့ဒ် ဘရစ်ခ်ျမှာ တရားဝင်ကြေငြာနိုင်ဖို့ရှိနေတယ်လို့ Express ဖော်ပြ။



REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်နဲ့ သူ့ရဲ့ ညာလက်ရုံး အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာတို့ကြားမှာ ထပ်မံသဘောတူညီမှုတွေ ရှိနေပြီး နည်းပြ ဖရန့် လမ်းပတ်အတွက် ခိုင် ဟာဗတ်ဇ်အပြင် နောက်ထပ်ကစားသမားနှစ်ဦး ထပ်မံခေါ်ယူပေးဖို့ စီစဉ်နေ။

– လက်စတာစီးတီးအသင်းရဲ့ ဘယ်နောက်ခံလူ ဘန် ချေးလ်ဝဲလ်ကို ခေါ်ယူဖို့ အသင်းနှစ်သင်းကြား သဘောတူညီမှုတွေက ပြီးပြတ်သလောက် ဖြစ်နေပြီဖြစ်ပြီး ပေါင်သန်း ၅၀ နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေသလို ကစားသမားရဲ့ ဒဏ်ရာအခြေအနေကိုပဲ စောင့်ကြည့်စရာလိုတော့ပြီး အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ နီးနေသလို ဒါကြောင့်ပဲ ပျက်ပြယ်ဖို့လည်းဖြစ်နိုင်ပြီး ဆေးစစ်မှုအပေါ် မူတည်နေ။

– ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာမယ့် ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားနဲ့ ချဲလ်ဆီးတို့ သဘောတူညီမှု ရရှိထားပြီဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ တရားဝင်ကြေငြာနိုင်ဖို့ရှိနေတယ်လို့ Express ဖော်ပြ။

– လိုင်လီအသင်းမှာ ဦးစားပေးဂိုးသမားအဖြစ် သုံးရာသီဆက်တိုက် ကစားခဲ့ပြီးဖြစ်တဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင်ဟောင်း မိုက်ခ် မေညွှန်ကို ခေါ်ယူဖို့ ချဲလ်ဆီး စိတ်ဝင်စားနေပြီး ယူရိုသန်း ၃၀ ခန့် ကျသင့်သွားနိုင်ဖွယ်ရှိနေ။

– အသင်းရဲ့ အဝယ်မှားခဲ့တဲ့ ပိုလျှံအင်အားထဲက ကွင်းလယ်လူ တီမူး ဘာကာယိုကို,ကို လာမယ့်ရက်ပိုင်းအတွင်း အေစီမီလန်အသင်းဆီ ထပ်မံအငှားချသွားဖို့ စာချုပ်သစ် ချုပ်ဆိုသွားဖို့ ရှိနေပြီး စာချုပ်သစ်ထဲမှာတော့ ရာသီကုန်မှာ ပေါင် ၂၉ သန်းနဲ့ ခေါ်ယူခွင့်ကို ထည့်သွင်းဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.