La Liga Match Report Premier League

နူးကမ့်က ALS သုတေသန ရန်ပုံငွေပွဲမှာ ဘာစီလိုနာနဲ့ သုံးဂိုးစီ သရေကျတဲ့ မန်စီးတီး

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ပင်ညာ၊ ခံစစ်မှာ ဆာဂျီ ရောဘတ်တို၊ ပီကေး၊ ကွန်ဒီနဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ကက်ဆီယေးနဲ့ ဒီယုံးတို့ကို ပွဲထုတ်ခဲ့သလို တိုက်စစ်မှာတော့ အူဘာမီယန်း၊ ဖယ်ရန် တောရက်စ်နဲ့ ရာဖင်ညာတို့ကို ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးတို့ကတော့ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ လူးဝစ္စ၊ ဝေါ်လ်ကာ၊ ရူဘင် ဒီယက်စ်နဲ့ ဆာဂျီယို ဂိုမက်ဇ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ကယ်လ်ဗင် ဖိလစ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ပါးလ်မားတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ မာရက်ဇ်၊ အယ်လ်ဗာရက်ဇ်နဲ့ ဖိုဒန်တို့ကို အသုံးပြုလာခဲ့တာပါ။

ပွဲစကတည်းက ဘာစီလိုနာတို့ ဖိကစားခဲ့ပြီး စီးတီးခံစစ်က အသည်းအသန် ရှင်းထုတ်ခဲ့ရသလို ပွဲချိန် ၅ မိနစ်မှာ ကက်ဆီယေးရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့ပြီး ညာခြမ်းက ရာဖင်ညာနဲ့ ဘယ်ခြမ်းက ဂျော်ဒီ အယ်လ်ဘာတို့က အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကို ရန်ပုံငွေပွဲမှာ ထက်မြက်စေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲချိန် ၂၂ မိနစ်မှာတော့ အဖွင့်ဂိုးရသွားတာ အိမ်ရှင်တွေ မဟုတ်ခဲ့ဘဲ ဧည့်သည်တွေပဲ ဖြစ်ခဲ့ပြီး ဧရိယာအစပ်ကနေ ဆာဂျီယို ဂိုမက်ဇ် လှမ်းမ,တင်လိုက်တဲ့ ဘောလုံးကို ဖမ်းရင်း လွတ်ကျတဲ့ ဘာစီလိုနာဂိုးသမား ပင်ညာကြောင့် ဖိအားပေးဖို့ ပြေးလိုက်လာတဲ့ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က ပိတ်သွင်းပြီး စီးတီးတို့ စတင်ဦးဆောင်ခဲ့တာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ ဘာစီလိုနာတို့ ပြန်လည်ချေပနိုင်ခဲ့ပြီး မန်စီးတီးတို့ ဂိုးဧရိယာထိပ်မှာရတဲ့ ဖရီးကစ်ကို ရာဖင်ညာ ကန်တင်ပေးရာမှာ ပါးလ်မားနဲ့ ဘူးစ်ကွက်စ်တို့ ခေါင်းယှဉ်တိုက်ရင်း ညာခြမ်းကို ပြန်ကျလာတဲ့ ဘောလုံးကို အူဘာမီယန်းက ထောင့်ကျဉ်းအနေအထားက အပြင်းကန်သွင်းမှုကို ဂိုးသမား အော်တေဂါ မဖမ်းနိုင်ခဲ့တာကြောင့် လက်ဘေးက ဝင်သွားပြီး တစ်ဂိုးစီပြန်ဖြစ်နေခဲ့ပါတယ်။

ပထမပိုင်းမှာ အပြန်အလှန် ဖွင့်ကစားခဲ့ကြပေမယ့် နှစ်သင်းစလုံး အဆုံးသတ် မသေချာတာကြောင့် တစ်ဂိုးစီသရေပဲဖြစ်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဘာစီလိုနာဘက်က ပါမှန်းတောင် မသိရတဲ့ ဖယ်ရန် တောရက်စ်အစား အန်ဆူ ဖာတီ ဝင်ကစားခဲ့သလို စီးတီးတို့ဘက်ကတော့ ဆာဂျီယို ဂိုမက်ဇ်၊ ဝေါ်လ်ကာနဲ့ လူးဝစ္စတို့အစား ဝီလ်ဆန်-အက်စ်ဘရန်း၊ ဂျွန်စတုန်းစ်နဲ့ ကန်ဆယ်လို့ကို လူစားလဲခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာတို့ဘက်က ပီကေး၊ ဂျော်ဒီ အယ်လ်ဘာ၊ အူဘာမီယန်း၊ ကက်ဆီယေးတို့အစား အဲရစ် ဂါစီယာ၊ အဲလက်စ် ဘာလ်ဒီ၊ ဒီပိုင်းနဲ့ ဂါဗီတို့ ဝင်ကစားခဲ့ကြပြီး မန်စီးတီးတို့ဘက်ကတော့ ဖိလစ်အစား ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗားအစား ဒီဘရိုင်းနား၊ ရူဘင် ဒီယက်စ်အစား အမ်ဘီတီနဲ့ ဖိုဒန်အစား ဂွန်ဒိုးဝမ်တို့ ဝင်ကစားခဲ့ကြပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဘာစီလိုနာတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ စီးတီးတို့ ခံစစ်က ဘောလုံးပြန်ရယူရင်း လူပေးမှားတဲ့ ဒီဘရိုင်းနားကြောင့် ဂါဗီ ဖြတ်လုခဲ့ရာကနေ ကန်ဖို့ကြိုးစားတဲ့ ဒီပိုင်းကို ဂိုးသမား အော်တေဂါ တိုက်မိပြီး လဲအကျမှာ နောက်က ပါလာတဲ့ ဒီယုံးက ပြေးပိတ်သွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ မန်စီးတီးတို့ ချေပဂိုး ပြန်လည်ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ဘောလုံးရလာတဲ့ မာရက်ဇ်က ဘေးကနေ လိုက်တက်လာတဲ့ ကန်ဆယ်လိုကို ပေးရာမှာ ပေါ်တူဂီသားရဲ့ အနိမ့်ဘော ဖြတ်ချိုးပေးမှုကို လူငယ်ကွင်းလယ်လူ ပါးလ်မားက အနီးကပ် ပိတ်သွင်းခဲ့လို့ နှစ်ဂိုးစီသရေပြန်ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာ ဘာစီလိုနာဘက်က ရာဖင်ညာ၊ ဘူးစ်ကွက်စ်နဲ့ ဒီယုံးတို့အစား အက်ဘ်ဒီ၊ ပီယာနစ်ချ်နဲ့ တော်ရီတို့ ဝင်ကစားခဲ့ကြပြီး စီးတီးတို့ဘက်ကတော့ အယ်လ်ဗာရက်ဇ်အစား ဟားလန်း ဝင်ကစားခဲ့သလို ပွဲချိန် ၇၉ မိနစ်မှာတော့ မန်စီးတီးနောက်တန်းရဲ့ ပေါ့လျော့မှုကနေ ဆာဂျီ ရောဘတ်တိုက အနိမ့်ဘော ချိုးပေးရာမှာ တိုက်စစ်မှူး ဒီပိုင်းက ပါးပါးနပ်နပ် ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ သုံးဂိုး-နှစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ကွန်ဒီအစား ဝင်ကစားတဲ့ ခရစ္စတင်ဆန်နဲ့ မန်စီးတီးလူငယ်ကစားသမား အမ်ဘီတီတို့ ခေါင်းချင်းတိုက်မိလို့ ကုသချိန် ကြာမြင့်ခဲ့တာကြောင့် နာကျင်အချိန်ပို ၁၁ မိနစ်အထိ သတ်မှတ်ပေးခဲ့ပြီး ပွဲချိန် ၉၉ မိနစ်မှာတော့ ဟားလန်းကြောင့်ရတဲ့ ပင်နယ်တီကို မာရက်ဇ်က သူကန်နေကျအတိုင်း ညာဘက်အပေါ်ထောင့်ကိုပဲ ကန်သွင်းပြီး ရယူနိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာ သုံးဂိုးစီသရေနဲ့ ပြီးဆုံးခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ပင္ညာ၊ ခံစစ္မွာ ဆာဂ်ီ ေရာဘတ္တို၊ ပီေကး၊ ကြန္ဒီနဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ကက္ဆီေယးနဲ႔ ဒီယုံးတို႔ကို ပြဲထုတ္ခဲ့သလို တိုက္စစ္မွာေတာ့ အူဘာမီယန္း၊ ဖယ္ရန္ ေတာရက္စ္နဲ႔ ရာဖင္ညာတို႔ကို ခင္းက်င္းလာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးတို႔ကေတာ့ ဂိုးသမား ေအာ္ေတဂါ၊ ခံစစ္မွာ လူးဝစၥ၊ ေဝၚလ္ကာ၊ ႐ူဘင္ ဒီယက္စ္နဲ႔ ဆာဂ်ီယို ဂိုမက္ဇ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကယ္လ္ဗင္ ဖိလစ္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ပါးလ္မားတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ မာရက္ဇ္၊ အယ္လ္ဗာရက္ဇ္နဲ႔ ဖိုဒန္တို႔ကို အသုံးျပဳလာခဲ့တာပါ။

ပြဲစကတည္းက ဘာစီလိုနာတို႔ ဖိကစားခဲ့ၿပီး စီးတီးခံစစ္က အသည္းအသန္ ရွင္းထုတ္ခဲ့ရသလို ပြဲခ်ိန္ ၅ မိနစ္မွာ ကက္ဆီေယးရဲ႕ ကန္ခ်က္က တိုင္ထိထြက္ခဲ့ၿပီး ညာျခမ္းက ရာဖင္ညာနဲ႔ ဘယ္ျခမ္းက ေဂ်ာ္ဒီ အယ္လ္ဘာတို႔က အိမ္ရွင္အသင္းရဲ႕ တိုက္စစ္ကို ရန္ပုံေငြပြဲမွာ ထက္ျမက္ေစခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ အဖြင့္ဂိုးရသြားတာ အိမ္ရွင္ေတြ မဟုတ္ခဲ့ဘဲ ဧည့္သည္ေတြပဲ ျဖစ္ခဲ့ၿပီး ဧရိယာအစပ္ကေန ဆာဂ်ီယို ဂိုမက္ဇ္ လွမ္းမ,တင္လိုက္တဲ့ ေဘာလုံးကို ဖမ္းရင္း လြတ္က်တဲ့ ဘာစီလိုနာဂိုးသမား ပင္ညာေၾကာင့္ ဖိအားေပးဖို႔ ေျပးလိုက္လာတဲ့ တိုက္စစ္မႉး အယ္လ္ဗာရက္ဇ္က ပိတ္သြင္းၿပီး စီးတီးတို႔ စတင္ဦးေဆာင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး မန္စီးတီးတို႔ ဂိုးဧရိယာထိပ္မွာရတဲ့ ဖရီးကစ္ကို ရာဖင္ညာ ကန္တင္ေပးရာမွာ ပါးလ္မားနဲ႔ ဘူးစ္ကြက္စ္တို႔ ေခါင္းယွဥ္တိုက္ရင္း ညာျခမ္းကို ျပန္က်လာတဲ့ ေဘာလုံးကို အူဘာမီယန္းက ေထာင့္က်ဥ္းအေနအထားက အျပင္းကန္သြင္းမႈကို ဂိုးသမား ေအာ္ေတဂါ မဖမ္းႏိုင္ခဲ့တာေၾကာင့္ လက္ေဘးက ဝင္သြားၿပီး တစ္ဂိုးစီျပန္ျဖစ္ေနခဲ့ပါတယ္။

ပထမပိုင္းမွာ အျပန္အလွန္ ဖြင့္ကစားခဲ့ၾကေပမယ့္ ႏွစ္သင္းစလုံး အဆုံးသတ္ မေသခ်ာတာေၾကာင့္ တစ္ဂိုးစီသေရပဲျဖစ္ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ဘာစီလိုနာဘက္က ပါမွန္းေတာင္ မသိရတဲ့ ဖယ္ရန္ ေတာရက္စ္အစား အန္ဆူ ဖာတီ ဝင္ကစားခဲ့သလို စီးတီးတို႔ဘက္ကေတာ့ ဆာဂ်ီယို ဂိုမက္ဇ္၊ ေဝၚလ္ကာနဲ႔ လူးဝစၥတို႔အစား ဝီလ္ဆန္-အက္စ္ဘရန္း၊ ဂြၽန္စတုန္းစ္နဲ႔ ကန္ဆယ္လို႔ကို လူစားလဲခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဘာစီလိုနာတို႔ဘက္က ပီေကး၊ ေဂ်ာ္ဒီ အယ္လ္ဘာ၊ အူဘာမီယန္း၊ ကက္ဆီေယးတို႔အစား အဲရစ္ ဂါစီယာ၊ အဲလက္စ္ ဘာလ္ဒီ၊ ဒီပိုင္းနဲ႔ ဂါဗီတို႔ ဝင္ကစားခဲ့ၾကၿပီး မန္စီးတီးတို႔ဘက္ကေတာ့ ဖိလစ္အစား ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗားအစား ဒီဘ႐ိုင္းနား၊ ႐ူဘင္ ဒီယက္စ္အစား အမ္ဘီတီနဲ႔ ဖိုဒန္အစား ဂြန္ဒိုးဝမ္တို႔ ဝင္ကစားခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ စီးတီးတို႔ ခံစစ္က ေဘာလုံးျပန္ရယူရင္း လူေပးမွားတဲ့ ဒီဘ႐ိုင္းနားေၾကာင့္ ဂါဗီ ျဖတ္လုခဲ့ရာကေန ကန္ဖို႔ႀကိဳးစားတဲ့ ဒီပိုင္းကို ဂိုးသမား ေအာ္ေတဂါ တိုက္မိၿပီး လဲအက်မွာ ေနာက္က ပါလာတဲ့ ဒီယုံးက ေျပးပိတ္သြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ မန္စီးတီးတို႔ ေခ်ပဂိုး ျပန္လည္ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ညာျခမ္းက ေဘာလုံးရလာတဲ့ မာရက္ဇ္က ေဘးကေန လိုက္တက္လာတဲ့ ကန္ဆယ္လိုကို ေပးရာမွာ ေပၚတူဂီသားရဲ႕ အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးမႈကို လူငယ္ကြင္းလယ္လူ ပါးလ္မားက အနီးကပ္ ပိတ္သြင္းခဲ့လို႔ ႏွစ္ဂိုးစီသေရျပန္ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာ ဘာစီလိုနာဘက္က ရာဖင္ညာ၊ ဘူးစ္ကြက္စ္နဲ႔ ဒီယုံးတို႔အစား အက္ဘ္ဒီ၊ ပီယာနစ္ခ်္နဲ႔ ေတာ္ရီတို႔ ဝင္ကစားခဲ့ၾကၿပီး စီးတီးတို႔ဘက္ကေတာ့ အယ္လ္ဗာရက္ဇ္အစား ဟားလန္း ဝင္ကစားခဲ့သလို ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ မန္စီးတီးေနာက္တန္းရဲ႕ ေပါ့ေလ်ာ့မႈကေန ဆာဂ်ီ ေရာဘတ္တိုက အနိမ့္ေဘာ ခ်ိဳးေပးရာမွာ တိုက္စစ္မႉး ဒီပိုင္းက ပါးပါးနပ္နပ္ ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့လို႔ သုံးဂိုး-ႏွစ္ဂိုးျဖစ္ေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ကြန္ဒီအစား ဝင္ကစားတဲ့ ခရစၥတင္ဆန္နဲ႔ မန္စီးတီးလူငယ္ကစားသမား အမ္ဘီတီတို႔ ေခါင္းခ်င္းတိုက္မိလို႔ ကုသခ်ိန္ ၾကာျမင့္ခဲ့တာေၾကာင့္ နာက်င္အခ်ိန္ပို ၁၁ မိနစ္အထိ သတ္မွတ္ေပးခဲ့ၿပီး ပြဲခ်ိန္ ၉၉ မိနစ္မွာေတာ့ ဟားလန္းေၾကာင့္ရတဲ့ ပင္နယ္တီကို မာရက္ဇ္က သူကန္ေနက်အတိုင္း ညာဘက္အေပၚေထာင့္ကိုပဲ ကန္သြင္းၿပီး ရယူႏိုင္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာ သုံးဂိုးစီသေရနဲ႔ ၿပီးဆုံးခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.