Match Report Premier League UCL&UEL

အိမ်ကွင်းမှာ အဖြစ်မရှိတဲ့ နွားကြီးတို့ PSV နဲ့ ဂက်ခ်ပိုတို့ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီ

ပီအက်စ်ဗီတို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ဘင်နီတက်ဇ်၊ ခံစစ်မှာ ရာမာလ်ယို၊ အိုဘီစပို၊ တီဇီ၊ ဖိလစ် မက်စ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ အဲရစ် ဂူတီယာရက်ဇ်၊ ဆန်ဂါရေးနဲ့ ဗီးယားမန်းတို့ကို ထားခဲ့သလို တိုက်စစ်မှာတော့ ဂက်ခ်ပို၊ လုခ် ဒီယုံးနဲ့ ဆာအီဘာရီတို့ ကစားလာခဲ့ကြတာ ဖြစ်ပါတယ်။

ဧည့်သည် ရိန်းဂျားစ်တို့ကတော့ ဂိုးသမား မက်လော့လင်း၊ ခံစစ်မှာ ဘာရီရှစ်ချ်၊ ဆန်းဒ်၊ ဂိုးလ်ဒ်ဆန်နဲ့ တာဗားနီးယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာရာ၊ လန်းစ်ထရမ်၊ တေးလ်မန်း၊ ရိုင်ယန်ကင့်နဲ့ လောရင့်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ချိုလက်ခ်တစ်ဦးတည်းကို အထောင်ထားကစားလာခဲ့တာပါ။

နွားကြီးလို့ မြန်မာပရိသတ်တွေကြား အမည်ပြောင်ရှိတဲ့ နစ္စတယ်လ်ရွိုင်းအတွက် သူတို့ရဲ့ အိမ်ကွင်းဟာ အဝေးကွင်းနဲ့ ဘာမှ မထူးဘဲဖြစ်နေတာကို ပွဲတိုင်းလိုလို အံ့ဩစရာအဖြစ် တွေ့မြင်နေခဲ့ရပြီး ဒီနေ့ပွဲမှာလည်း ပုံစံမတူတဲ့ အသင်းနှစ်သင်းကြား ဘောလုံးပိုကိုင်ကစားနိုင်တာကလွဲရင် ဘာမှ မထူးသလို လက်ရွေးစင်အသင်းဖော်ဟောင်း ဗန်ဘရွန်ခေါ့စ်ဆီမှာ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တတိယအဆင့် ခြေစစ်ပွဲမှာ မိုနာကို,ကိုလည်း အိမ်ကွင်းမှာ ခေါ်ကစားပြီး နောက်ဆုံးအချိန်အထိ ရုန်းကန်ခဲ့ရချိန်မှာ ပြိုင်ဘက်ရဲ့ကွင်းမှာ နှစ်ဂိုးစီ သရေကစားနိုင်ခဲ့တယ်ဆိုတာတွေက အဝေးဂိုးစည်းမျဉ်း မရှိတော့တာကြောင့် ဘာမှ မထူးတော့ချိန်မှာ နစ္စတယ်လ်ရွိုင်းအနေနဲ့ အသင်းကို စိတ်ဓာတ်ပိုင်းအရရော ကစားကွက်ပိုင်းအရပါ ထိထိရောက်ရောက် လမ်းမညွှန်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ချန်ပီယံလိဂ်နဲ့တန်တဲ့ ခြေစွမ်းမျိုး မရှိကြောင်း ပြသနေခဲ့တဲ့ ပီအက်စ်ဗီတို့အနေနဲ့ ရိန်းဂျားစ်တို့ထက် ပိုမိုသာလွန်တဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပေမယ့် ဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ ဘယ်ခြမ်းက အားအထားရဆုံး ဂက်ခ်ပို မြုပ်နေခဲ့သလို လူအို ဒီယုံးအစား လူငယ် ဆီမွန် ဝင်လာခဲ့ပေမယ့် သူ့ကို ကူညီပေးနိုင်မယ့်သူလည်း မရှိခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ မှာတော့ ဧည့်သည် ရိန်းဂျားစ်တို့ နှစ်ကျော့ပေါင်းရလဒ်မှာ ဦးဆောင်စေမယ့် ဂိုးကို ရယူသွားခဲ့ပြီး ဒီဂိုးကိုတော့ ဂိုးသမား ဘင်နီတက်ဇ်ရဲ့ အန္တရာယ်ကို ကြိုမမြင်ဘဲ ပေးပို့မှုနဲ့ ဘောလုံးကို လက်ခံရယူတဲ့ နောက်ခံလူ ရာမာလ်ယိုတို့ရဲ့ ပေါ့ဆမှုတွေကြောင့် ကွင်းလယ်လူ တေးလ်မန်းက လုယူသွားခဲ့ပြီး ဖန်တီးပေးမှုကို လွတ်နေတဲ့ တိုက်စစ်မှူး ချိုလက်ခ်က အပိုင်ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ချေပဂိုးပြန်ရနိုင်ဖို့အတွက် ပီအက်စ်ဗီတို့အနေနဲ့ ခြေစွမ်းမပြနိုင်တဲ့ ရာမာလ်ယို၊ ဂူတီယာရက်ဇ်၊ ဆာအီဘာရီနဲ့ ဖိလစ် မက်စ်တို့အစား အမ်ဝီနီ၊ ဂူးစ်တေးလ်၊ ကားလို့စ် ဗီနီးရှပ်စ်နဲ့ ဗန်ဂင်ကယ်လ်တို့ကို ထည့်သွင်းပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးရဖို့ထက် ဖိအားတွေကို မတုံ့ပြန်နိုင်ဘဲ ပျာယာခတ်ပြီး သွေးရူးသွေးတန်းဖြစ်နေတဲ့ အိမ်ရှင်တွေအနေနဲ့ အမှားအယွင်းနည်းတဲ့ ရိန်းဂျားစ်ခံစစ်ကို မကျော်နိုင်ခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ ပထမအကျော့ သရေရလဒ်ကြောင့် အောက်ကနေ ဒတ်ချ်မြေကို လာကစားခဲ့ကြရတဲ့ ရိန်းဂျားစ်တို့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူပြီး နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-နှစ်ဂိုးနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ကစားခွင့်ကို ရရှိခဲ့ချိန်မှာ အိမ်ရှင် ပီအက်စ်ဗီတို့ကတော့ ယူရိုပါလိဂ်နဲ့သာ ထိုက်တန်ကြောင်း ပေါ်လွင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲပြီးရင် အသင်းပြောင်းဖို့ ကိစ္စကို ဆုံးဖြတ်တော့မယ်ဆိုတဲ့ တိုက်စစ်မှူး ဂက်ခ်ပိုကတော့ ယူရိုပါလိဂ်ကစားရမှာချင်းအတူတူ အင်္ဂလန်က မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တစ်သင်းဆီ ပြောင်းဖို့ ဖြစ်လာနိုင်ပြီး မက်လောက်စရာ ချန်ပီယံလိဂ်ဆုကြေးငွေကိုလည်း မရနိုင်တော့ချိန်မှာ ဘဏ္ဏာရေးအရ ပီအက်စ်ဗီတို့ ရောင်းချသွားရနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဗီတို႔အေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ဘင္နီတက္ဇ္၊ ခံစစ္မွာ ရာမာလ္ယို၊ အိုဘီစပို၊ တီဇီ၊ ဖိလစ္ မက္စ္တို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ အဲရစ္ ဂူတီယာရက္ဇ္၊ ဆန္ဂါေရးနဲ႔ ဗီးယားမန္းတို႔ကို ထားခဲ့သလို တိုက္စစ္မွာေတာ့ ဂက္ခ္ပို၊ လုခ္ ဒီယုံးနဲ႔ ဆာအီဘာရီတို႔ ကစားလာခဲ့ၾကတာ ျဖစ္ပါတယ္။

ဧည့္သည္ ရိန္းဂ်ားစ္တို႔ကေတာ့ ဂိုးသမား မက္ေလာ့လင္း၊ ခံစစ္မွာ ဘာရီရွစ္ခ်္၊ ဆန္းဒ္၊ ဂိုးလ္ဒ္ဆန္နဲ႔ တာဗားနီးယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာရာ၊ လန္းစ္ထရမ္၊ ေတးလ္မန္း၊ ႐ိုင္ယန္ကင့္နဲ႔ ေလာရင့္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ခ်ိဳလက္ခ္တစ္ဦးတည္းကို အေထာင္ထားကစားလာခဲ့တာပါ။

ႏြားႀကီးလို႔ ျမန္မာပရိသတ္ေတြၾကား အမည္ေျပာင္ရွိတဲ့ နစၥတယ္လ္႐ြိဳင္းအတြက္ သူတို႔ရဲ႕ အိမ္ကြင္းဟာ အေဝးကြင္းနဲ႔ ဘာမွ မထူးဘဲျဖစ္ေနတာကို ပြဲတိုင္းလိုလို အံ့ဩစရာအျဖစ္ ေတြ႕ျမင္ေနခဲ့ရၿပီး ဒီေန႔ပြဲမွာလည္း ပုံစံမတူတဲ့ အသင္းႏွစ္သင္းၾကား ေဘာလုံးပိုကိုင္ကစားႏိုင္တာကလြဲရင္ ဘာမွ မထူးသလို လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္း ဗန္ဘ႐ြန္ေခါ့စ္ဆီမွာ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တတိယအဆင့္ ေျခစစ္ပြဲမွာ မိုနာကို,ကိုလည္း အိမ္ကြင္းမွာ ေခၚကစားၿပီး ေနာက္ဆုံးအခ်ိန္အထိ ႐ုန္းကန္ခဲ့ရခ်ိန္မွာ ၿပိဳင္ဘက္ရဲ႕ကြင္းမွာ ႏွစ္ဂိုးစီ သေရကစားႏိုင္ခဲ့တယ္ဆိုတာေတြက အေဝးဂိုးစည္းမ်ဥ္း မရွိေတာ့တာေၾကာင့္ ဘာမွ မထူးေတာ့ခ်ိန္မွာ နစၥတယ္လ္႐ြိဳင္းအေနနဲ႔ အသင္းကို စိတ္ဓာတ္ပိုင္းအရေရာ ကစားကြက္ပိုင္းအရပါ ထိထိေရာက္ေရာက္ လမ္းမၫႊန္ႏိုင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၿပီး ခ်န္ပီယံလိဂ္နဲ႔တန္တဲ့ ေျခစြမ္းမ်ိဳး မရွိေၾကာင္း ျပသေနခဲ့တဲ့ ပီအက္စ္ဗီတို႔အေနနဲ႔ ရိန္းဂ်ားစ္တို႔ထက္ ပိုမိုသာလြန္တဲ့ ကစားသမားေကာင္းေတြ ပိုင္ဆိုင္ထားခဲ့ေပမယ့္ ဂိုးရေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ဘဲ ဘယ္ျခမ္းက အားအထားရဆုံး ဂက္ခ္ပို ျမဳပ္ေနခဲ့သလို လူအို ဒီယုံးအစား လူငယ္ ဆီမြန္ ဝင္လာခဲ့ေပမယ့္ သူ႔ကို ကူညီေပးႏိုင္မယ့္သူလည္း မရွိခဲ့တာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဧည့္သည္ ရိန္းဂ်ားစ္တို႔ ႏွစ္ေက်ာ့ေပါင္းရလဒ္မွာ ဦးေဆာင္ေစမယ့္ ဂိုးကို ရယူသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ဂိုးသမား ဘင္နီတက္ဇ္ရဲ႕ အႏၲရာယ္ကို ႀကိဳမျမင္ဘဲ ေပးပို႔မႈနဲ႔ ေဘာလုံးကို လက္ခံရယူတဲ့ ေနာက္ခံလူ ရာမာလ္ယိုတို႔ရဲ႕ ေပါ့ဆမႈေတြေၾကာင့္ ကြင္းလယ္လူ ေတးလ္မန္းက လုယူသြားခဲ့ၿပီး ဖန္တီးေပးမႈကို လြတ္ေနတဲ့ တိုက္စစ္မႉး ခ်ိဳလက္ခ္က အပိုင္ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ေခ်ပဂိုးျပန္ရႏိုင္ဖို႔အတြက္ ပီအက္စ္ဗီတို႔အေနနဲ႔ ေျခစြမ္းမျပႏိုင္တဲ့ ရာမာလ္ယို၊ ဂူတီယာရက္ဇ္၊ ဆာအီဘာရီနဲ႔ ဖိလစ္ မက္စ္တို႔အစား အမ္ဝီနီ၊ ဂူးစ္ေတးလ္၊ ကားလို႔စ္ ဗီနီးရွပ္စ္နဲ႔ ဗန္ဂင္ကယ္လ္တို႔ကို ထည့္သြင္းၿပီး တိုက္စစ္ဆင္ခဲ့ေပမယ့္ ဂိုးရဖို႔ထက္ ဖိအားေတြကို မတုံ႔ျပန္ႏိုင္ဘဲ ပ်ာယာခတ္ၿပီး ေသြး႐ူးေသြးတန္းျဖစ္ေနတဲ့ အိမ္ရွင္ေတြအေနနဲ႔ အမွားအယြင္းနည္းတဲ့ ရိန္းဂ်ားစ္ခံစစ္ကို မေက်ာ္ႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ပထမအေက်ာ့ သေရရလဒ္ေၾကာင့္ ေအာက္ကေန ဒတ္ခ်္ေျမကို လာကစားခဲ့ၾကရတဲ့ ရိန္းဂ်ားစ္တို႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရယူၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ကစားခြင့္ကို ရရွိခဲ့ခ်ိန္မွာ အိမ္ရွင္ ပီအက္စ္ဗီတို႔ကေတာ့ ယူ႐ိုပါလိဂ္နဲ႔သာ ထိုက္တန္ေၾကာင္း ေပၚလြင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီပြဲၿပီးရင္ အသင္းေျပာင္းဖို႔ ကိစၥကို ဆုံးျဖတ္ေတာ့မယ္ဆိုတဲ့ တိုက္စစ္မႉး ဂက္ခ္ပိုကေတာ့ ယူ႐ိုပါလိဂ္ကစားရမွာခ်င္းအတူတူ အဂၤလန္က မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တစ္သင္းဆီ ေျပာင္းဖို႔ ျဖစ္လာႏိုင္ၿပီး မက္ေလာက္စရာ ခ်န္ပီယံလိဂ္ဆုေၾကးေငြကိုလည္း မရႏိုင္ေတာ့ခ်ိန္မွာ ဘဏၰာေရးအရ ပီအက္စ္ဗီတို႔ ေရာင္းခ်သြားရႏိုင္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.