Carabao & FA Match Report Premier League

သက်သတ်လွတ်အသင်းကို အဝေးကွင်းမှာ အလွယ်တကူ အနိုင်ရခဲ့တဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား စတီးလ်၊ ခံစစ်မှာ ကော်လ်ဝီလ်၊ ဗန်ဟက်ကီ၊ တန်းစ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ လမ့်ပ်တေ၊ မီတိုမာ၊ အယ်လ်ဇာတေနဲ့ စပေါင်းတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ဖာဂူဆန်၊ အန်စီဆိုနဲ့ အန်ဒက်ဗ်တို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။

အသား၊ နို့နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းတွေကို ဆန့်ကျင်တဲ့ သက်သတ်လွတ်အသင်းဖြစ် နာမည်ကြီးနေတဲ့ ဖောရက်စ်ဂရင်းတို့ကတော့ ဂိုးသမား မက်ဂီး၊ ခံစစ်မှာ ဘားနတ်၊ ကက်ဆီ၊ ကားဂီးလ်တို့နဲ့ ကစားခဲ့ပြီး ကွင်းလယ်မှာတော့ ရောဘတ်ဆန်၊ စတီဗင်ဆန်၊ ဟင်ဒရီ၊ လစ်တဲလ်၊ အိုကီဖီတို့နဲ့ ပွဲထွက်ခဲ့သလို တိုက်စစ်မှာတော့ မာ့ချ်နဲ့ ဝစ်ခမ်တို့ကို အသုံးပြုခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာ ဘရိုက်တန်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ တစ်ကိုယ်တော် ဆွဲပြေးလာပြီး ဧရိယာထိပ်မှာ ဖာဂူဆန်နဲ့ ဝမ်းတူးရိုက်ထွက်ခဲ့တဲ့ တိုက်စစ်မှူး အန်ဒက်ဗ်က ဂိုးသမား မက်ဂီးနဲ့ တစ်ဦးချင်း အတွေ့မှာ အေးအေးဆေးဆေး ပိတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာ ဘရိုက်တန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့တဲ့ ကွင်းလယ်လူ အယ်လ်ဇာတေး ကန်ချက်ကို ဖောရက်စ်ဂရင်းဂိုးသမား မက်ဂီး မကာကွယ်လိုက်နိုင်တာကြောင့် ပထမပိုင်းအပြီးမှာ ဘရိုက်တန်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ အာရုံစိုက်နေတာကြောင့် ဒီနေ့ပွဲမှာ အရန်တွေနဲ့ပဲ ကစားသွားခဲ့တဲ့ ဘရိုက်တန်တို့ ဒုတိယပိုင်းမှာလည်း လူငယ်တွေကိုပဲ လဲကစားသွားခဲ့ပြီး နာကျင်အချိန်ပို ၄ မိနစ်မှာတော့ လူစားဝင်တောင်ပံကစားသမား ပူပီယွန်က ဖန်တီးပေးတာကို ဖာဂူဆန်က အနီးကပ် ပိတ်သွင်းပြီး ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဖောရက်စ်ဂရင်းတို့ရဲ့ မြက်ခင်းသစ်ကွင်းမှာ ဘရိုက်တန်တို့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး လူငယ်တွေနဲ့ အရန် ကစားသမားတွေရဲ့ အင်အားနဲ့ ကာရာဘောင်းဖလားရဲ့ တတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို နည်းပြ ဂရေဟမ် ပေါ့တာအတွက်တော့ သာယာတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား စတီးလ္၊ ခံစစ္မွာ ေကာ္လ္ဝီလ္၊ ဗန္ဟက္ကီ၊ တန္းစ္တို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ လမ့္ပ္ေတ၊ မီတိုမာ၊ အယ္လ္ဇာေတနဲ႔ စေပါင္းတို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ ဖာဂူဆန္၊ အန္စီဆိုနဲ႔ အန္ဒက္ဗ္တို႔ကို ကစားေစခဲ့တာျဖစ္ပါတယ္။

အသား၊ ႏို႔နဲ႔ တိရစာၦန္ထြက္ ပစၥည္းေတြကို ဆန႔္က်င္တဲ့ သက္သတ္လြတ္အသင္းျဖစ္ နာမည္ႀကီးေနတဲ့ ေဖာရက္စ္ဂရင္းတို႔ကေတာ့ ဂိုးသမား မက္ဂီး၊ ခံစစ္မွာ ဘားနတ္၊ ကက္ဆီ၊ ကားဂီးလ္တို႔နဲ႔ ကစားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေရာဘတ္ဆန္၊ စတီဗင္ဆန္၊ ဟင္ဒရီ၊ လစ္တဲလ္၊ အိုကီဖီတို႔နဲ႔ ပြဲထြက္ခဲ့သလို တိုက္စစ္မွာေတာ့ မာ့ခ်္နဲ႔ ဝစ္ခမ္တို႔ကို အသုံးျပဳခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာ ဘ႐ိုက္တန္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန တစ္ကိုယ္ေတာ္ ဆြဲေျပးလာၿပီး ဧရိယာထိပ္မွာ ဖာဂူဆန္နဲ႔ ဝမ္းတူး႐ိုက္ထြက္ခဲ့တဲ့ တိုက္စစ္မႉး အန္ဒက္ဗ္က ဂိုးသမား မက္ဂီးနဲ႔ တစ္ဦးခ်င္း အေတြ႕မွာ ေအးေအးေဆးေဆး ပိတ္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာ ဘ႐ိုက္တန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထိပ္ကေန ကန္သြင္းယူခဲ့တဲ့ ကြင္းလယ္လူ အယ္လ္ဇာေတး ကန္ခ်က္ကို ေဖာရက္စ္ဂရင္းဂိုးသမား မက္ဂီး မကာကြယ္လိုက္ႏိုင္တာေၾကာင့္ ပထမပိုင္းအၿပီးမွာ ဘ႐ိုက္တန္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ပရီးမီးယားလိဂ္မွာ အာ႐ုံစိုက္ေနတာေၾကာင့္ ဒီေန႔ပြဲမွာ အရန္ေတြနဲ႔ပဲ ကစားသြားခဲ့တဲ့ ဘ႐ိုက္တန္တို႔ ဒုတိယပိုင္းမွာလည္း လူငယ္ေတြကိုပဲ လဲကစားသြားခဲ့ၿပီး နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ လူစားဝင္ေတာင္ပံကစားသမား ပူပီယြန္က ဖန္တီးေပးတာကို ဖာဂူဆန္က အနီးကပ္ ပိတ္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေဖာရက္စ္ဂရင္းတို႔ရဲ႕ ျမက္ခင္းသစ္ကြင္းမွာ ဘ႐ိုက္တန္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး လူငယ္ေတြနဲ႔ အရန္ ကစားသမားေတြရဲ႕ အင္အားနဲ႔ ကာရာေဘာင္းဖလားရဲ႕ တတိယအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကသလို နည္းျပ ဂေရဟမ္ ေပါ့တာအတြက္ေတာ့ သာယာတဲ့ ႏိုင္ပြဲတစ္ပြဲျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.