Match Report UCL&UEL

မထင်မှတ်ထားတဲ့ သူရဲကောင်းကြောင့် ဘိုင်ယန်ကို အနိုင်ရပြီး ဗိုလ်လုပွဲတက်တဲ့ ရီးရဲ

ရီးရဲလ်မက်ဒရစ်ဟာ နောက်ကျ သွင်းဂိုး ၂ ဂိုးကြောင့် ဘိုင်ယန်မြူးနစ်ကို မယုံနိုင်စရာကောင်းတဲ့ ဆီမီးဖိုင်နယ်နိုင်ပွဲရယူနိုင်ခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်

ဘိုင်ယန်မြူးနစ်ဟာ အယ်လ်ဖွန်ဆို ဒေးဗီးစ်က အတွင်းကို ချိုးဝင်ပြီး လူနင် ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူနိုင်ခဲ့ပြီးနောက် ဗိုလ်လုပွဲ တက်ရောက်သွားနိုင်တော့မယ့်ပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျိုဆေးလူက ၈၈ မိနစ်မှာ နောက်ကျ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာရဲ့ ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ကန်ချက်ကို ကာကွယ်ရာမှာ မသေသပ်ဘဲ ပြန်လျှံထွက်လာတဲ့ဘောလုံးကို လျင်လျင်မြန်မြန်ပဲ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၃ မိနစ်အကြာမှာ ရူဒီဂါရဲ့ ဘယ်တောင်ပံကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂျိုဆေးလူကပဲ ပိတ်သွင်းယူခဲ့ပြီး လူကျွံဘောဖြစ်နိုင်ခြေရှိတယ်ဆိုပြီး VAR က စစ်ဆေးခဲ့ပြီးနောက် လူကျွံခဲ့ခြင်းမရှိတာကြောင့် ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဂျိုဆေးလူရဲ့ နောက်ကျသွင်းဂိုး ၂ ဂိုးကြောင့် ဇွန်လ ၁ ရက်နေ့ ဝင်ဘလေမှာ ကစားသွားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒေါ့မွန်နဲ့ ရင်ဆိုင်သွားရတော့မှာဖြစ်ပြီး ပွဲပြီးခါနီး အချိန်ပို ၁၃ မိနစ်မှာ ဘိုင်ယန်အတွက် ဒီလိုက်တ် ဂိုးသွင်းယူနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း လူကျွံအလံထောင်ထားခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ရီးရဲလ္မက္ဒရစ္ဟာ ေနာက္က် သြင္းဂိုး ၂ ဂိုးေၾကာင့္ ဘိုင္ယန္ျမဴးနစ္ကို မယုံႏိုင္စရာေကာင္းတဲ့ ဆီမီးဖိုင္နယ္ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္

ဘိုင္ယန္ျမဴးနစ္ဟာ အယ္လ္ဖြန္ဆို ေဒးဗီးစ္က အတြင္းကို ခ်ိဳးဝင္ၿပီး လူနင္ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ကန္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဗိုလ္လုပြဲ တက္ေရာက္သြားႏိုင္ေတာ့မယ့္ပုံ ေပၚခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂ်ိဳေဆးလူက ၈၈ မိနစ္မွာ ေနာက္က် ေခ်ပဂိုးကို သြင္းယူေပးခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ဂိုးသမား ႏူအာရဲ႕ ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ ကန္ခ်က္ကို ကာကြယ္ရာမွာ မေသသပ္ဘဲ ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို လ်င္လ်င္ျမန္ျမန္ပဲ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၃ မိနစ္အၾကာမွာ ႐ူဒီဂါရဲ႕ ဘယ္ေတာင္ပံကေန ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဂ်ိဳေဆးလူကပဲ ပိတ္သြင္းယူခဲ့ၿပီး လူကြၽံေဘာျဖစ္ႏိုင္ေျခရွိတယ္ဆိုၿပီး VAR က စစ္ေဆးခဲ့ၿပီးေနာက္ လူကြၽံခဲ့ျခင္းမရွိတာေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳေပးခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ဂ်ိဳေဆးလူရဲ႕ ေနာက္က်သြင္းဂိုး ၂ ဂိုးေၾကာင့္ ဇြန္လ ၁ ရက္ေန႔ ဝင္ဘေလမွာ ကစားသြားမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေဒါ့မြန္နဲ႔ ရင္ဆိုင္သြားရေတာ့မွာျဖစ္ၿပီး ပြဲၿပီးခါနီး အခ်ိန္ပို ၁၃ မိနစ္မွာ ဘိုင္ယန္အတြက္ ဒီလိုက္တ္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္လည္း လူကြၽံအလံေထာင္ထားခဲ့တာေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.