La Liga Premier League Transfer News

အာဆင်နယ်ပစ်မှတ်ဟောင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ နယူးကာဆယ်လ်

နယူးကာဆယ်လ် ယူနိုက်တက်အသင်းဟာ ရီးရဲလ် ဆိုစီဒက်တိုက်စစ်မှူး အလက်ဇန်းဒါး အိုင်းဆက်ကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးနဲ့ တစ်ဖက် ၃ ဂိုးစီ သရေကစားနိုင်ခဲ့တဲ့ နယူးကာဆယ်လ်ဟာ တိုက်စစ်မှူးသစ်နဲ့အတူ ၎င်းတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းချင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နယူးကာဆယ်လ် ယူနိုက်တက်ဟာ ဆော်ဒီအာရေဗျ အများပြည်သူရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ လက်လွှဲဝယ်ယူပြီးနောက်ပိုင်း အကြီးမားဆုံး အပြောင်းအရွှေ့ကို ပြုလုပ်နိုင်တော့မယ်လို့ The Athletic ကလောင်ရှင် ဒေးဗစ် အွန်းစတိုင်းက အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းဆီကနေ ကြီးမားတဲ့ ကမ်းလှမ်းမှုကို ရီးရဲလ် ဆိုစီဒက်အသင်းက လက်ခံလိုက်ပြီဖြစ်တာကြောင့် ဆွီဒင် တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ နယူးကာဆယ်လ် ယူနိုက်တက်ရဲ့ စတုတ္ထမြောက် ခေါ်ယူမှု ဖြစ်လာတော့မှာဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့သာဖြစ်မြောက်ခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လီယွန်ကနေ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူခဲ့စဉ်တုန်းက နယူးကာဆယ်လ် ယူနိုက်တက် ပေးချေခဲ့တဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၁.၅ သန်းထက် ပိုမိုများပြားတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာတော့မှာဖြစ်ပါတယ်။

အသင်းပိုင်ရှင်သစ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် နယူးကာဆယ်လ် ယူနိုက်တက်အသင်းဟာ ဂီမာရေးစ်၊ ကီရန် ထရစ်ပီယာ၊ ဒန် ဘမ်း၊ ခရစ္စ ဝုဒ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပြီး Financial Fair Play စည်းမျဉ်းပိုင်းကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် လက်ရှိ အပြောင်းအရွှေ့ကာလမှာ နစ်ခ် ပုပ်နဲ့ ဆဗင် ဘော့တ်မန်းတို့က အဓိက ရောက်ရှိလာသူ ၂ ဦးဖြစ်ပြီး မတ် တားဂတ်စ်က အငှားကနေ အပြီးသတ် ခေါ်ယူမှုဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အိုင်းဆက်ဟာ ၂၀၁၉ ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ ဆိုစီဒက်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၁၃၂ ပွဲမှာ သွင်းဂိုး ၄၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

နိုင်ငံတကာအဆင့်မှာလည်း အလက်ဇန်းဒါး အိုင်းဆက်ဟာ ဆွီဒင်လက်ရွေးစင်အသင်းအတွက် ၃၇ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၉ ဂိုး သွင်းယူထားပြီး ရီးရဲလ်ဆိုစီဒက် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတွေမှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: နယူးကာဆယ္လ္ ယူႏိုက္တက္အသင္းဟာ ရီးရဲလ္ ဆိုစီဒက္တိုက္စစ္မႉး အလက္ဇန္းဒါး အိုင္းဆက္ကို အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၃ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ သိရပါတယ္။

တနဂၤေႏြေန႔က မန္ခ်က္စတာစီးတီးနဲ႔ တစ္ဖက္ ၃ ဂိုးစီ သေရကစားႏိုင္ခဲ့တဲ့ နယူးကာဆယ္လ္ဟာ တိုက္စစ္မႉးသစ္နဲ႔အတူ ၎တို႔ရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းခ်င္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ နယူးကာဆယ္လ္ ယူႏိုက္တက္ဟာ ေဆာ္ဒီအာေရဗ် အမ်ားျပည္သူရင္းႏွီးျမႇဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕ လက္လႊဲဝယ္ယူၿပီးေနာက္ပိုင္း အႀကီးမားဆုံး အေျပာင္းအေ႐ႊ႕ကို ျပဳလုပ္ႏိုင္ေတာ့မယ္လို႔ The Athletic ကေလာင္ရွင္ ေဒးဗစ္ အြန္းစတိုင္းက အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္အသင္းဆီကေန ႀကီးမားတဲ့ ကမ္းလွမ္းမႈကို ရီးရဲလ္ ဆိုစီဒက္အသင္းက လက္ခံလိုက္ၿပီျဖစ္တာေၾကာင့္ ဆြီဒင္ တိုက္စစ္မႉးဟာ ယခုေႏြရာသီမွာ နယူးကာဆယ္လ္ ယူႏိုက္တက္ရဲ႕ စတုတၳေျမာက္ ေခၚယူမႈ ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ဒီအေျပာင္းအေ႐ႊ႕သာျဖစ္ေျမာက္ခဲ့မယ္ဆိုရင္ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ လီယြန္ကေန ဘ႐ူႏို ဂီမာေရးစ္ကို ေခၚယူခဲ့စဥ္တုန္းက နယူးကာဆယ္လ္ ယူႏိုက္တက္ ေပးေခ်ခဲ့တဲ့ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၁.၅ သန္းထက္ ပိုမိုမ်ားျပားတဲ့ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္လာေတာ့မွာျဖစ္ပါတယ္။

အသင္းပိုင္ရွင္သစ္ေတြရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေၾကာင့္ နယူးကာဆယ္လ္ ယူႏိုက္တက္အသင္းဟာ ဂီမာေရးစ္၊ ကီရန္ ထရစ္ပီယာ၊ ဒန္ ဘမ္း၊ ခရစၥ ဝုဒ္တို႔ကို ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး Financial Fair Play စည္းမ်ဥ္းပိုင္းကို ထည့္သြင္းစဥ္းစားမယ္ဆိုရင္ လက္ရွိ အေျပာင္းအေ႐ႊ႕ကာလမွာ နစ္ခ္ ပုပ္နဲ႔ ဆဗင္ ေဘာ့တ္မန္းတို႔က အဓိက ေရာက္ရွိလာသူ ၂ ဦးျဖစ္ၿပီး မတ္ တားဂတ္စ္က အငွားကေန အၿပီးသတ္ ေခၚယူမႈျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ အိုင္းဆက္ဟာ ၂၀၁၉ ခုႏွစ္မွာ ေဒါ့မြန္အသင္းကေန ဆိုစီဒက္ကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၁၃၂ ပြဲမွာ သြင္းဂိုး ၄၄ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

ႏိုင္ငံတကာအဆင့္မွာလည္း အလက္ဇန္းဒါး အိုင္းဆက္ဟာ ဆြီဒင္လက္ေ႐ြးစင္အသင္းအတြက္ ၃၇ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၉ ဂိုး သြင္းယူထားၿပီး ရီးရဲလ္ဆိုစီဒက္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ကာလေတြမွာ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚခဲ့ဖူးသူ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.