Premier League

ပြိုင်ဘက်တွေ ထိန်းလို့မရတဲ့ တိုက်စစ်အတွဲပိုင်ဆိုင်ထားပြီလို့ ကြုံးဝါးလိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က လီဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ကြတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဂျေဒန် ဆန်ချိုတို့ကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ တနင်္လာနေ့ညက အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီးနောက် ယခုရာသီမှာ ဒီတိုက်စစ်အတွဲဟာ မန်ချက်စတာယူနိုက်တက်ရဲ့ပြိုင်ဘက်တွေအတွက် ကိုင်တွယ်ရခက်ခဲတဲ့အရာဖြစ်လာလိမ့်မယ်လို့ တန်ဟက်က ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

“သူတို့တွေက တကယ့် ခြိမ်းခြောက်မှုဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပြိုင်ဘက်တိုင်းနဲ့ ယှဉ်ပြိုင်ရာမှာ တကယ့်လက်နက်ဖြစ်လာမှာပါ။ သူတို့တွေနဲ့အတူ အာရုံစိုက်မှုနဲ့ စွမ်းအင်တွေ ရှိနေသရွေ့တော့ သူတို့ကို တားဆီးဖို့က အရမ်းခက်ခဲမှာပါ”

“အဲဒီတော့ သူတို့ကို မှန်ကန်တဲ့ အခြေအနေမှာ ရှိအောင် အသင်းက လုပ်ပေးဖို့ဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း မှန်ကန်တဲ့ ချဉ်းကပ်မှု၊ ပွဲစဉ်အတွင်းက မှန်ကန်တဲ့ အာရုံစိုက်မှု၊ တိုက်ပွဲဝင်မှု၊ ခုခံမှု၊ ဖိအားပေးမှုတွေ ပြုလုပ်သွားရမှာပါ။ လိမ်ခေါက်မှုတွေနဲ့ ပေါင်းစပ်မှုတွေ၊ နောက်ချန် ပြေးလွှားမှုတွေလည်း ပြုလုပ်သွားရမှာပါ”လို့ တန်ဟက်က MUTV ကို ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၂-၂၀၂၃ ရာသီအစ ပွဲစဉ် ၂ ပွဲကို ဆိုးရွားစွာ စတင်ခဲ့ပြီးနောက် တနင်္လာနေ့ညက လီဗာပူးလ်ကို အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့မှုကြောင့် ပရိသတ်တွေနဲ့ ကစားသမားတွေကြားမှာ ယုံကြည်ချက်တွေ ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တန်ဟက်က ၎င်းရဲ့ ကစားသမားတွေကို ဒီအောင်မြင်မှုပေါ် အခြေခံပြီး ဆက်လက်တည်ဆောက်သွားစေချင်နေတာဖြစ်ပြီး ကစားသမားတွေအနေနဲ့ ကိုယ့်ကိုကိုယ် ထိခိုက်အောင်လုပ်ရင် ကိုယ်ခံစားရမယ်၊ ကစားသမားတွေဆီကနေ အကောင်းဆုံးအဆင့်အတန်းကို နောက်ဆုံးမှာ ရဖို့ပဲဆိုတာကို လက်ခံရမယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ တနင်္လာနေ့ညက အိုးထရက်ဖို့ဒ်မှာ လီဗာပူးလ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့နောက်ပိုင်း ပထမဆုံး သွင်းဂိုးဖြစ်ခဲ့တာဖြစ်ပြီး သရဲနီတွေဟာ ယခုအပတ်မှာတော့ စိန့်မေရီကို သွားပြီး ဆောက်သမ်တန်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က လီဗာပူးလ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ၾကတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ေဂ်ဒန္ ဆန္ခ်ိဳတို႔ကို ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဆန္ခ်ိဳနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ဟာ တနလၤာေန႔ညက အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့ၿပီးေနာက္ ယခုရာသီမွာ ဒီတိုက္စစ္အတြဲဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ၿပိဳင္ဘက္ေတြအတြက္ ကိုင္တြယ္ရခက္ခဲတဲ့အရာျဖစ္လာလိမ့္မယ္လို႔ တန္ဟက္က ေဟာကိန္းထုတ္ခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြက တကယ့္ ၿခိမ္းေျခာက္မႈျဖစ္လာမယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ၿပိဳင္ဘက္တိုင္းနဲ႔ ယွဥ္ၿပိဳင္ရာမွာ တကယ့္လက္နက္ျဖစ္လာမွာပါ။ သူတို႔ေတြနဲ႔အတူ အာ႐ုံစိုက္မႈနဲ႔ စြမ္းအင္ေတြ ရွိေနသေ႐ြ႕ေတာ့ သူတို႔ကို တားဆီးဖို႔က အရမ္းခက္ခဲမွာပါ”

“အဲဒီေတာ့ သူတို႔ကို မွန္ကန္တဲ့ အေျခအေနမွာ ရွိေအာင္ အသင္းက လုပ္ေပးဖို႔ျဖစ္ၿပီး သူတို႔ကိုယ္တိုင္လည္း မွန္ကန္တဲ့ ခ်ဥ္းကပ္မႈ၊ ပြဲစဥ္အတြင္းက မွန္ကန္တဲ့ အာ႐ုံစိုက္မႈ၊ တိုက္ပြဲဝင္မႈ၊ ခုခံမႈ၊ ဖိအားေပးမႈေတြ ျပဳလုပ္သြားရမွာပါ။ လိမ္ေခါက္မႈေတြနဲ႔ ေပါင္းစပ္မႈေတြ၊ ေနာက္ခ်န္ ေျပးလႊားမႈေတြလည္း ျပဳလုပ္သြားရမွာပါ”လို႔ တန္ဟက္က MUTV ကို ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၂၀၂၂-၂၀၂၃ ရာသီအစ ပြဲစဥ္ ၂ ပြဲကို ဆိုး႐ြားစြာ စတင္ခဲ့ၿပီးေနာက္ တနလၤာေန႔ညက လီဗာပူးလ္ကို အံ့အားသင့္ဖြယ္ အႏိုင္ရရွိခဲ့မႈေၾကာင့္ ပရိသတ္ေတြနဲ႔ ကစားသမားေတြၾကားမွာ ယုံၾကည္ခ်က္ေတြ ျပန္လည္သက္ဝင္လႈပ္ရွားလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တန္ဟက္က ၎ရဲ႕ ကစားသမားေတြကို ဒီေအာင္ျမင္မႈေပၚ အေျခခံၿပီး ဆက္လက္တည္ေဆာက္သြားေစခ်င္ေနတာျဖစ္ၿပီး ကစားသမားေတြအေနနဲ႔ ကိုယ့္ကိုကိုယ္ ထိခိုက္ေအာင္လုပ္ရင္ ကိုယ္ခံစားရမယ္၊ ကစားသမားေတြဆီကေန အေကာင္းဆုံးအဆင့္အတန္းကို ေနာက္ဆုံးမွာ ရဖို႔ပဲဆိုတာကို လက္ခံရမယ္လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ တနလၤာေန႔ညက အိုးထရက္ဖို႔ဒ္မွာ လီဗာပူးလ္အသင္းဘက္ကို သြင္းယူခဲ့တဲ့ သြင္းဂိုးဟာ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၂၂ ရက္ေန႔ေနာက္ပိုင္း ပထမဆုံး သြင္းဂိုးျဖစ္ခဲ့တာျဖစ္ၿပီး သရဲနီေတြဟာ ယခုအပတ္မွာေတာ့ စိန႔္ေမရီကို သြားၿပီး ေဆာက္သမ္တန္နဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.