Premier League Transfer News

မန်ယူရဲ့ မျက်စိအောက်က အာဆင်နယ်နဲ့ ဆက်သွယ်နေဆဲ ဂက်ခ်ပို ဘယ်လဲ

အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ ကစားသမားတွေက ထင်သလောက် မပြည့်စုံသေးတာကို တွေ့ရပြီး ကွင်းလယ်မှာ မာမာချာချာ အားကိုးနိုင်မယ့်သူတစ်ဦး၊ တောင်ပံတိုက်စစ်မှာ ပါးပါးနပ်နပ် ကစားနိုင်မယ့်သူတစ်ဦးနဲ့ တိုက်စစ်မှာ အင်အားနဲ့အားနဲ့ ကစားနိုင်မယ့်သူတစ်ဦး လိုအပ်နေသေးတာဖြစ်ပါတယ်။

ဒါကြောင့် တောင်ပံမှာ လူငယ်တွေကို အသုံးပြုနိုင်ချိန်မှာ ကွင်းလယ်နဲ့ တိုက်စစ်ကို ပြန်လည်ဦးစားပေး စဉ်းစားလာခဲ့တာဖြစ်ပြီး လက်စတာရဲ့ ယူရီ တီးလီးမန်းစ်ကို ဟိုဘက်က ပြန်စိတ်ဝင်စားနေတဲ့ နီကိုလာ ပေပေနဲ့ လဲဖို့ အိုင်ဗရီကို့စ်သားကိုတောင် အငှားမချတော့ဘဲ လုပ်ဆောင်သွားမလား စောင့်ကြည့်ရမယ့်အချိန်မှာ တိုက်စစ်အတွက် မတူညီတဲ့ ပုံစံနဲ့ မန်ယူတို့ရဲ့ ရေဒါအောက်က လူကို အလိုရှိနေတာပါ။

ခြေစွမ်းပြနေတဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်ရော လူငယ်ကစားသမား အက်ဒီ နကီးတီးယားပါ အရပ် ၅ ပေ ၉ လက်မ မကျော်ကြချိန်မှာ အတင်းကို ခံစစ်ပိတ်ကစားတဲ့ အသင်းတွေနဲ့တွေ့ရင် ဗျူဟာမြောက် တိုးနိုင်တိုက်နိုင် ဖြဲနိုင်ခွဲနိုင်မယ့် ကစားသမားမျိုး လိုအပ်နေသလို မြန်နှုန်းပါ မြင့်တဲ့သူမျိုး ဖြစ်ရမယ့် လိုအပ်ချက်လည်း ရှိနေတာကြောင့် အက်သလက်တီကိုရဲ့ အဲလ်ဗာရို မိုရာတာထက် ပီအက်စ်ဗီရဲ့ ကိုဒီ ဂက်ခ်ပိုကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး အသင်းရဲ့ ဂိုးသွင်းစံချိန်ရှင် သီယာရီ အွန်နရီနဲ့ အလားသဏ္ဌာန်တူသူလို့ ဂန်းနားတွေဘက်က စောင့်ကြည့်သူတချို့က သတ်မှတ်ထားချိန်မှာ မန်ယူတို့ဘက်ကတော့ သူတို့ရဲ့ ဒတ်ချ်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းနဲ့ ရော်ဘင် ဗန်ပါစီတို့ ပေါင်းစပ်ထားသူလို့ ချီးပနေခဲ့ကြတာပါ။

ဂက်ခ်ပိုရဲ့ ပီအက်စ်ဗီနဲ့ အနာဂတ်ကတော့ လက်ရှိအချိန်အထိ မသေချာသေးဘဲ သူတို့အနေနဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအကျော့ အဝေးကွင်းမှာ စကော့တလန်ကလပ် ရိန်းဂျားစ်နဲ့ သရေကစားနိုင်ခဲ့ချိန်မှာ အဝေးဂိုးစည်းမျဉ်းကို ပယ်ဖျက်ထားခဲ့တဲ့ UEFA ကြောင့် နှစ်သင်းကြားမှာ အိမ်ကွင်းပရိသတ်ကလွဲရင် ထူးခြားတဲ့ အားသာချက်မရှိဘဲ ကစားရဦးမှာလည်းဖြစ်ပါတယ်။

ဒီအချိန်မှာ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ ချန်ပီယံလိဂ်ဆက်ကစားခွင့်ကို ရသွားမလား၊ ရသွားခဲ့ရင် ရွေးချယ်ပြီး အသင်းမှာပဲ ဆက်နေမှာလားဆိုတာနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲဝင်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ပြောင်းရွှေ့မလားဆိုတာ ဒီည Play-off ပွဲစဉ်ကို စောင့်ကြည့်ရမှာပါ။

အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ အရပ် ၆ ပေ ၂ လက်မရှိတဲ့ ကစားသမားကို သူတို့ရဲ့ တိုက်စစ်နဲ့ ဘယ်တောင်ပံမှာ အွန်နရီလိုမျိုး မာမာထန်ထန် အသုံးချနိုင်ဖို့ အစီအစဉ် ရေးဆွဲထားတယ်လို့ သတင်းထွက်နေပြီး ယူနိုက်တက်တို့ကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို ထွက်ခွာသွားမယ့် အထောင်စစ်စစ်မှာ နေရာပေးဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ သူ့ရဲ့ ကစားသမားဟာ ပီအက်စ်ဗီအသင်းအပေါ် အာရုံစိုက်ပြီး အကောင်းဆုံး ခြေစွမ်းပြဦးမယ်ဆိုတာ ယုံကြည်တယ်လို့ နည်းပြ ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းက ပြောကြားထားပြီး သူ့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်နေတာဟာ နှစ်လ ရှိပြီဖြစ်လို့ သူ့အတွက်တော့ ဘာပဲဖြစ်ဖြစ် ရိုးနေပြီလို့ပဲ ဆိုထားတာပါ။

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့တော့ သူတို့ရဲ့ ပိုကောင်းတဲ့ ဒတ်ချ်ကော်နက်ရှင်တွေနဲ့ အာဆင်နယ်က လိုချင်ခဲ့ပြီး လီဗာပူးလ်နဲ့ပွဲမှာတော့ ခြေစွမ်းပြနိုင်ခဲ့ပြီဖြစ်တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူရာမှာ ဖြတ်လုနိုင်ခဲ့ပြီး အကျိုးရှိပြီလို့ ယူဆစရာလည်းဖြစ်နေတာကြောင့် ဂက်ခ်ပိုကိုရော လုနိုင်မလားနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ မြင်ရမလား၊ အမ်းမရိတ်မှာ မြင်ရမလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာ သူတို႔ရဲ႕ ပိုင္ဆိုင္တဲ့ ကစားသမားေတြက ထင္သေလာက္ မျပည့္စုံေသးတာကို ေတြ႕ရၿပီး ကြင္းလယ္မွာ မာမာခ်ာခ်ာ အားကိုးႏိုင္မယ့္သူတစ္ဦး၊ ေတာင္ပံတိုက္စစ္မွာ ပါးပါးနပ္နပ္ ကစားႏိုင္မယ့္သူတစ္ဦးနဲ႔ တိုက္စစ္မွာ အင္အားနဲ႔အားနဲ႔ ကစားႏိုင္မယ့္သူတစ္ဦး လိုအပ္ေနေသးတာျဖစ္ပါတယ္။

ဒါေၾကာင့္ ေတာင္ပံမွာ လူငယ္ေတြကို အသုံးျပဳႏိုင္ခ်ိန္မွာ ကြင္းလယ္နဲ႔ တိုက္စစ္ကို ျပန္လည္ဦးစားေပး စဥ္းစားလာခဲ့တာျဖစ္ၿပီး လက္စတာရဲ႕ ယူရီ တီးလီးမန္းစ္ကို ဟိုဘက္က ျပန္စိတ္ဝင္စားေနတဲ့ နီကိုလာ ေပေပနဲ႔ လဲဖို႔ အိုင္ဗရီကို႔စ္သားကိုေတာင္ အငွားမခ်ေတာ့ဘဲ လုပ္ေဆာင္သြားမလား ေစာင့္ၾကည့္ရမယ့္အခ်ိန္မွာ တိုက္စစ္အတြက္ မတူညီတဲ့ ပုံစံနဲ႔ မန္ယူတို႔ရဲ႕ ေရဒါေအာက္က လူကို အလိုရွိေနတာပါ။

ေျခစြမ္းျပေနတဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ေရာ လူငယ္ကစားသမား အက္ဒီ နကီးတီးယားပါ အရပ္ ၅ ေပ ၉ လက္မ မေက်ာ္ၾကခ်ိန္မွာ အတင္းကို ခံစစ္ပိတ္ကစားတဲ့ အသင္းေတြနဲ႔ေတြ႕ရင္ ဗ်ဴဟာေျမာက္ တိုးႏိုင္တိုက္ႏိုင္ ၿဖဲႏိုင္ခြဲႏိုင္မယ့္ ကစားသမားမ်ိဳး လိုအပ္ေနသလို ျမန္ႏႈန္းပါ ျမင့္တဲ့သူမ်ိဳး ျဖစ္ရမယ့္ လိုအပ္ခ်က္လည္း ရွိေနတာေၾကာင့္ အက္သလက္တီကိုရဲ႕ အဲလ္ဗာ႐ို မိုရာတာထက္ ပီအက္စ္ဗီရဲ႕ ကိုဒီ ဂက္ခ္ပိုကို စိတ္ဝင္စားေနတာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး အသင္းရဲ႕ ဂိုးသြင္းစံခ်ိန္ရွင္ သီယာရီ အြန္နရီနဲ႔ အလားသဏၭာန္တူသူလို႔ ဂန္းနားေတြဘက္က ေစာင့္ၾကည့္သူတခ်ိဳ႕က သတ္မွတ္ထားခ်ိန္မွာ မန္ယူတို႔ဘက္ကေတာ့ သူတို႔ရဲ႕ ဒတ္ခ်္တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ ႐ုဒ္ ဗန္နစၥတယ္လ္႐ြိဳင္းနဲ႔ ေရာ္ဘင္ ဗန္ပါစီတို႔ ေပါင္းစပ္ထားသူလို႔ ခ်ီးပေနခဲ့ၾကတာပါ။

ဂက္ခ္ပိုရဲ႕ ပီအက္စ္ဗီနဲ႔ အနာဂတ္ကေတာ့ လက္ရွိအခ်ိန္အထိ မေသခ်ာေသးဘဲ သူတို႔အေနနဲ႔ ခ်န္ပီယံလိဂ္ေျခစစ္ပြဲ ပထမအေက်ာ့ အေဝးကြင္းမွာ စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္နဲ႔ သေရကစားႏိုင္ခဲ့ခ်ိန္မွာ အေဝးဂိုးစည္းမ်ဥ္းကို ပယ္ဖ်က္ထားခဲ့တဲ့ UEFA ေၾကာင့္ ႏွစ္သင္းၾကားမွာ အိမ္ကြင္းပရိသတ္ကလြဲရင္ ထူးျခားတဲ့ အားသာခ်က္မရွိဘဲ ကစားရဦးမွာလည္းျဖစ္ပါတယ္။

ဒီအခ်ိန္မွာ နယ္သာလန္လက္ေ႐ြးစင္တိုက္စစ္မႉးအေနနဲ႔ ခ်န္ပီယံလိဂ္ဆက္ကစားခြင့္ကို ရသြားမလား၊ ရသြားခဲ့ရင္ ေ႐ြးခ်ယ္ၿပီး အသင္းမွာပဲ ဆက္ေနမွာလားဆိုတာနဲ႔ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲဝင္ေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ေျပာင္းေ႐ႊ႕မလားဆိုတာ ဒီည Play-off ပြဲစဥ္ကို ေစာင့္ၾကည့္ရမွာပါ။

အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ အရပ္ ၆ ေပ ၂ လက္မရွိတဲ့ ကစားသမားကို သူတို႔ရဲ႕ တိုက္စစ္နဲ႔ ဘယ္ေတာင္ပံမွာ အြန္နရီလိုမ်ိဳး မာမာထန္ထန္ အသုံးခ်ႏိုင္ဖို႔ အစီအစဥ္ ေရးဆြဲထားတယ္လို႔ သတင္းထြက္ေနၿပီး ယူႏိုက္တက္တို႔ကေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ထြက္ခြာသြားမယ့္ အေထာင္စစ္စစ္မွာ ေနရာေပးဖို႔အတြက္ ႀကိဳးစားေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ သူ႔ရဲ႕ ကစားသမားဟာ ပီအက္စ္ဗီအသင္းအေပၚ အာ႐ုံစိုက္ၿပီး အေကာင္းဆုံး ေျခစြမ္းျပဦးမယ္ဆိုတာ ယုံၾကည္တယ္လို႔ နည္းျပ ႐ုဒ္ ဗန္နစၥတယ္လ္႐ြိဳင္းက ေျပာၾကားထားၿပီး သူ႔ရဲ႕ အေျပာင္းအေ႐ႊ႕သတင္းေတြ ထြက္ေနတာဟာ ႏွစ္လ ရွိၿပီျဖစ္လို႔ သူ႔အတြက္ေတာ့ ဘာပဲျဖစ္ျဖစ္ ႐ိုးေနၿပီလို႔ပဲ ဆိုထားတာပါ။

မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ေတာ့ သူတို႔ရဲ႕ ပိုေကာင္းတဲ့ ဒတ္ခ်္ေကာ္နက္ရွင္ေတြနဲ႔ အာဆင္နယ္က လိုခ်င္ခဲ့ၿပီး လီဗာပူးလ္နဲ႔ပြဲမွာေတာ့ ေျခစြမ္းျပႏိုင္ခဲ့ၿပီျဖစ္တဲ့ ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္ကို ေခၚယူရာမွာ ျဖတ္လုႏိုင္ခဲ့ၿပီး အက်ိဳးရွိၿပီလို႔ ယူဆစရာလည္းျဖစ္ေနတာေၾကာင့္ ဂက္ခ္ပိုကိုေရာ လုႏိုင္မလားနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ျမင္ရမလား၊ အမ္းမရိတ္မွာ ျမင္ရမလားဆိုတာ စိတ္ဝင္စားစရာျဖစ္ေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.