Carabao & FA Match Report Premier League

ဘော်လ်တန် ရန်စတာကို သည်းခံပြီးမှ လေးဂိုးသွင်း အနိုင်ယူတဲ့ ဂျရတ်ရဲ့ ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ အသင်းရဲ့ မျက်နှာမရတဲ့ ပရီးမီးယားလိဂ် ရလဒ်တွေကြောင့် လူစုံထုတ်လာခဲ့ပြီး ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ တိုင်ရုန်းမင်းစ်၊ ချိမ်းဘားစ်၊ ဒီညာနဲ့ အက်ရှ်လီယန်းတို့ကို သုံးစွဲခဲ့သလို ကွင်းလယ်မှာတော့ ကာမာရာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ ကပ္ပတိန် မက်ဂင်းနဲ့ ကော်တင်ညိုတို့ကို စိန်ပွင့်ပုံ ထားခဲ့သလို တိုက်စစ်မှာတော့ ဝပ်ကင်းစ်နဲ့ ဒန်နီ အင်းစ်တို့ကိုပဲ ပွဲထုတ်လာခဲ့ပါတယ်။

အိမ်ရှင် ပထမတန်းကလပ် ဘော်လ်တန်ကတော့ ကာရာဘောင်းဖလားပွဲစဉ်ကို ဂိုးသမား ဒစ်ဆန်၊ ခံစစ်မှာ အလင်မ်ဆန်၊ ဆန်တို့စ်နဲ့ ဂျွန်စ်တန်တို့ကို ထားခဲ့ပြီး ကွင်းလယ်မှာ ဘရက်ဒ်လီ၊ ဒက်ကလန် ဂျွန်၊ ကီရန်လီနဲ့ ဝီလီယမ်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အဖိုလာယန်၊ ကာချွန်ဂါနဲ့ ချားလ်စ်တို့ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ အိမ်ရှင်တို့ အဖွင့်ဂိုး စရခဲ့ပြီး ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို အဖိုလာယန်က နောက်ကနေ တက်နင်းခဲ့ပေမယ့် ဘာပြစ်ဒဏ်မှ မရဘဲ ဆက်ကစားခွင့်ရခဲ့တဲ့ ဘောလ်တန်တို့ဘက်က ကီရန်လီရဲ့ ဧရိယာထဲအထိ ဆွဲဝင်ပြီး ချိုးပေးခဲ့တာကို တိုက်စစ်မှူး ချားလ်စ်က အနီးကပ် ပိတ်သွင်းပြီး ဗီလာတို့ကို နောက်က လိုက်ကစားစေခဲ့ရတာပါ။

ပွဲချိန် ၃၆ မိနစ်မှာမှ ပရီးမီးယားလိဂ်က အဖွဲ့သားတွေ ပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို ဒေါက်ဂလပ်စ် လူးဝစ်ဇ်က အဝေးတိုင်ဘက်ကို ကန်ပို့ခဲ့ရာမှာ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ နောက်ခံလူ တိုင်ရုန်းမင်းစ်က လွဲချော်သွားခဲ့ပေမယ့် ဘောလုံးက ဂိုးထဲကို တောက်လျှောက်ဝင်သွားခဲ့တာမို့လို့ ဗီလာတို့ ပြန်လာနိုင်ခဲ့ကြပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ နည်းပြ ဂျရတ်ရဲ့ လူတွေ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပိုမိုဖိကစားနိုင်ခဲ့သလို ဘော်လ်တန်တို့ အိမ်ရှင်အားနဲ့ ရုန်းခဲ့ပေမယ့် ကစားသမားချင်း ကွာလီတ ကွာဟမှုနဲ့ ပြိုင်ပွဲအဆင့်အတန်းချင်း မတူညီမှုက စကားပြောခဲ့ပြီး ဗီလာတို့ ပွဲကို ပိုမိုထိန်းချုပ်လာနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ ဗီလာတို့တွေ ဦးဆောင်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဂိုးသွင်းဖို့ ကြိုးစားတဲ့ ဒန်နီ အင်းစ်ကို ဂိုးသမား ဒစ်ဆန် ခြေထိုးခံမိလို့ ရတဲ့ ပင်နယ်တီကို လူကျွံမကျွံ VAR ကြည့်အပြီးမှာတော့ အင်္ဂလန်တိုက်စစ်မှူးက သူကိုယ်တိုင်ပဲ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဗီလာတို့ပဲ တတိယ ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ စုဖွဲ့ကစားပြီး တွဲလုံးတွေနဲ့ ထိုးဖောက်ရင်း ဒန်နီ အင်းစ် ခင်းပေးလိုက်တဲ့ ဘောလုံးကို ဘော်လ်တန်ခံစစ်ကြားကနေ ရသွားခဲ့တဲ့ ဘယ်နောက်ခံလူ ဒီညာက နေရာယူမှားပြီး ဘေးရောက်နေတဲ့ ဂိုးသမား ဒစ်ဆန်ရဲ့ အနီးတိုင်ခြေကို ကန်သွင်းရယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အက်စ်တန်ဗီလာတို့ဘက်က ပွဲထွက်ကစားသမားတွေကို အနားပေးသွားခဲ့ပြီး ကာမာရာ၊ ကော်တင်ညို၊ ဝပ်ကင်းစ်၊ ဒန်နီ အင်းစ်နဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့အစား ရမ်ဆေး၊ ဘွင်ဒီယာ၊ ဘိုင်လီ၊ အာချာနဲ့ အီရိုးဘူနမ်တို့ ဝင်ကစားခဲ့ကြပြီး နည်းပြ ဂျရတ်က စမ်းသပ်လာခဲ့ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ ဗီလာတို့ ပွဲသိမ်း စတုတ္ထ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်က ဘွင်ဒီယာက ထိုးပေးလိုက်တာကို ညာခြမ်းကနေ ဘောလုံးရသွားခဲ့တဲ့ ဘိုင်လီက တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဘော်လ်တန်နောက်ခံလူတွေကို ဂိုးနားရောက်တဲ့အထိ ကျော်ဖြတ်ပြီးမှ အဝေးတိုင်ခြေကို အသာအယာ ကန်သွင်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အဝေးကွင်းမှာ ပရီးမီးယားလိဂ်အသင်းဟောင်း ဘော်လ်တန်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ အက်စ်တန်ဗီလာတို့ အနိုင်ယူခဲ့ပြီး ဒီရာသီမှာ နိုင်ပွဲရှားပါးနေသေးတဲ့ နည်းပြ ဂျရတ်အတွက် မျက်နှာရစေခဲ့သလို ကာရာဘောင်းဖလားရဲ့ တတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စ္တန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာ အသင္းရဲ႕ မ်က္ႏွာမရတဲ့ ပရီးမီးယားလိဂ္ ရလဒ္ေတြေၾကာင့္ လူစုံထုတ္လာခဲ့ၿပီး ဂိုးသမား မာတီနက္ဇ္၊ ခံစစ္မွာ တိုင္႐ုန္းမင္းစ္၊ ခ်ိမ္းဘားစ္၊ ဒီညာနဲ႔ အက္ရွ္လီယန္းတို႔ကို သုံးစြဲခဲ့သလို ကြင္းလယ္မွာေတာ့ ကာမာရာ၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္၊ ကပၸတိန္ မက္ဂင္းနဲ႔ ေကာ္တင္ညိဳတို႔ကို စိန္ပြင့္ပုံ ထားခဲ့သလို တိုက္စစ္မွာေတာ့ ဝပ္ကင္းစ္နဲ႔ ဒန္နီ အင္းစ္တို႔ကိုပဲ ပြဲထုတ္လာခဲ့ပါတယ္။

အိမ္ရွင္ ပထမတန္းကလပ္ ေဘာ္လ္တန္ကေတာ့ ကာရာေဘာင္းဖလားပြဲစဥ္ကို ဂိုးသမား ဒစ္ဆန္၊ ခံစစ္မွာ အလင္မ္ဆန္၊ ဆန္တို႔စ္နဲ႔ ဂြၽန္စ္တန္တို႔ကို ထားခဲ့ၿပီး ကြင္းလယ္မွာ ဘရက္ဒ္လီ၊ ဒက္ကလန္ ဂြၽန္၊ ကီရန္လီနဲ႔ ဝီလီယမ္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အဖိုလာယန္၊ ကာခြၽန္ဂါနဲ႔ ခ်ားလ္စ္တို႔ကို အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာ အိမ္ရွင္တို႔ အဖြင့္ဂိုး စရခဲ့ၿပီး ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို အဖိုလာယန္က ေနာက္ကေန တက္နင္းခဲ့ေပမယ့္ ဘာျပစ္ဒဏ္မွ မရဘဲ ဆက္ကစားခြင့္ရခဲ့တဲ့ ေဘာလ္တန္တို႔ဘက္က ကီရန္လီရဲ႕ ဧရိယာထဲအထိ ဆြဲဝင္ၿပီး ခ်ိဳးေပးခဲ့တာကို တိုက္စစ္မႉး ခ်ားလ္စ္က အနီးကပ္ ပိတ္သြင္းၿပီး ဗီလာတို႔ကို ေနာက္က လိုက္ကစားေစခဲ့ရတာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာမွ ပရီးမီးယားလိဂ္က အဖြဲ႕သားေတြ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကို ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က အေဝးတိုင္ဘက္ကို ကန္ပို႔ခဲ့ရာမွာ ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ ေနာက္ခံလူ တိုင္႐ုန္းမင္းစ္က လြဲေခ်ာ္သြားခဲ့ေပမယ့္ ေဘာလုံးက ဂိုးထဲကို ေတာက္ေလွ်ာက္ဝင္သြားခဲ့တာမို႔လို႔ ဗီလာတို႔ ျပန္လာႏိုင္ခဲ့ၾကပါတယ္။

ပထမပိုင္းမွာ တစ္ဂိုးစီသေရက်ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ နည္းျပ ဂ်ရတ္ရဲ႕ လူေတြ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ပိုမိုဖိကစားႏိုင္ခဲ့သလို ေဘာ္လ္တန္တို႔ အိမ္ရွင္အားနဲ႔ ႐ုန္းခဲ့ေပမယ့္ ကစားသမားခ်င္း ကြာလီတ ကြာဟမႈနဲ႔ ၿပိဳင္ပြဲအဆင့္အတန္းခ်င္း မတူညီမႈက စကားေျပာခဲ့ၿပီး ဗီလာတို႔ ပြဲကို ပိုမိုထိန္းခ်ဳပ္လာႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ဗီလာတို႔ေတြ ဦးေဆာင္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဂိုးသြင္းဖို႔ ႀကိဳးစားတဲ့ ဒန္နီ အင္းစ္ကို ဂိုးသမား ဒစ္ဆန္ ေျခထိုးခံမိလို႔ ရတဲ့ ပင္နယ္တီကို လူကြၽံမကြၽံ VAR ၾကည့္အၿပီးမွာေတာ့ အဂၤလန္တိုက္စစ္မႉးက သူကိုယ္တိုင္ပဲ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဗီလာတို႔ပဲ တတိယ ဦးေဆာင္ဂိုး ရယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းမွာ စုဖြဲ႕ကစားၿပီး တြဲလုံးေတြနဲ႔ ထိုးေဖာက္ရင္း ဒန္နီ အင္းစ္ ခင္းေပးလိုက္တဲ့ ေဘာလုံးကို ေဘာ္လ္တန္ခံစစ္ၾကားကေန ရသြားခဲ့တဲ့ ဘယ္ေနာက္ခံလူ ဒီညာက ေနရာယူမွားၿပီး ေဘးေရာက္ေနတဲ့ ဂိုးသမား ဒစ္ဆန္ရဲ႕ အနီးတိုင္ေျခကို ကန္သြင္းရယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အက္စ္တန္ဗီလာတို႔ဘက္က ပြဲထြက္ကစားသမားေတြကို အနားေပးသြားခဲ့ၿပီး ကာမာရာ၊ ေကာ္တင္ညိဳ၊ ဝပ္ကင္းစ္၊ ဒန္နီ အင္းစ္နဲ႔ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္တို႔အစား ရမ္ေဆး၊ ဘြင္ဒီယာ၊ ဘိုင္လီ၊ အာခ်ာနဲ႔ အီ႐ိုးဘူနမ္တို႔ ဝင္ကစားခဲ့ၾကၿပီး နည္းျပ ဂ်ရတ္က စမ္းသပ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ဗီလာတို႔ ပြဲသိမ္း စတုတၳ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ကြင္းလယ္က ဘြင္ဒီယာက ထိုးေပးလိုက္တာကို ညာျခမ္းကေန ေဘာလုံးရသြားခဲ့တဲ့ ဘိုင္လီက တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ေဘာ္လ္တန္ေနာက္ခံလူေတြကို ဂိုးနားေရာက္တဲ့အထိ ေက်ာ္ျဖတ္ၿပီးမွ အေဝးတိုင္ေျခကို အသာအယာ ကန္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အေဝးကြင္းမွာ ပရီးမီးယားလိဂ္အသင္းေဟာင္း ေဘာ္လ္တန္တို႔ကို ေလးဂိုး-တစ္ဂိုးနဲ႔ အက္စ္တန္ဗီလာတို႔ အႏိုင္ယူခဲ့ၿပီး ဒီရာသီမွာ ႏိုင္ပြဲရွားပါးေနေသးတဲ့ နည္းျပ ဂ်ရတ္အတြက္ မ်က္ႏွာရေစခဲ့သလို ကာရာေဘာင္းဖလားရဲ႕ တတိယအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.