Premier League

အာနိုးက ဝေါ်ကာနဲ့ ရီးစ် ဂျိမ်းစ်ထက်ကောင်းတယ်ဆိုတာ ဘယ်သူပြောတာလဲလို့ ဝေဖန်ခဲ့တဲ့ စပါးစ်ကြယ်ပွင့်ဟောင်း

ထရင့် အလက်ဇန်းဒါး အာနိုးလ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်က စွမ်းဆောင်ရည်အတွက် ပြစ်တင်ကြိမ်းမောင်းခြင်းခံခဲ့ရပြီး ဒါရင်း ဘန့်တ်က လီဗာပူးလ်ကြယ်ပွင့်ဟာ ဝေါ်ကာနဲ့ ရီးစ် ဂျိမ်းစ်တို့ထက် ပိုကောင်းတယ်ဆိုတဲ့ ပြောဆိုမှုတွေကို အညှာအတာကင်းကင်းနဲ့ ငြင်းပယ်ခဲ့ပါတယ်။

လီဗာပူးလ်ကြယ်ပွင့်ဟာ တနင်္လာနေ့က အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ခံစစ်ပိုင်း လျော့ရဲမှုကို ပြသခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်အပြီးမှာ လီဗာပူးလ်ပရိသတ်တွေက အသက် ၂၃ နှစ်အရွယ်နောက်ခံကစားသမားကို ရောင်းထုတ်ဖို့အထိတောင် ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

talkSPORT ဘောလုံးဝေဖန်သုံးသပ်သူဖြစ်တဲ့ ဒါရင်း ဘန့်တ်ဟာ အလက်ဇန်းဒါး အာနိုးလ်ရဲ့ ခံစစ်ပိုင်း ညံ့ဖျင်းမှုကို သုံးသပ်ပြောဆိုရာမှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်သွားခဲ့တာဖြစ်ပြီး စပါးစ်တိုက်စစ်မှူးဟောင်းက လီဗာပူးလ်နောက်ခံလူဟာ အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ ကိုင်လီ ဝေါ်ကာနဲ့ ရီးစ် ဂျိမ်းစ်တို့ထက် ညံ့ဖျင်းတဲ့သူလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ထရင့် အလက်ဇန်းဒါး-အာနိုးလ် ဘုရားရေ။ ဝိုး။ လူတွေက ဒရမ်ကို ဆက်တီးနေပြီး သူက ဂျိမ်းစ်နဲ့ ဝေါ်ကာထက်ပိုကောင်းတယ်လို့ ပြောနေကြလိမ့်မယ်။ လုံးဝကို မဟုတ်ပါဘူး”လို့ ဒါရင်း ဘန့်တ်က အံ့အားသင့်ဟန်နဲ့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးဟောင်းက အလက်ဇန်းဒါး-အာနိုးလ်ကို ၎င်းရဲ့ တိုက်စစ် အရည်အချင်းတွေအတွက် ချီးကျူးခဲ့ပေမယ့်လည်း ဘောလုံးဖြန့်ဝေနိုင်စွမ်းနဲ့ပတ်သက်လာရင် ရီးစ် ဂျိမ်းစ်လောက် မကောင်းဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“တိုက်စစ်ပိုင်းမှာတော့ ကျွန်တော် သူ့ကို ချီးကျူးရပါလိမ့်မယ်။ သူ့ရဲ့ အဝေးကန်တင်ပေးပို့မှုတွေ၊ သူ့ရဲ့ ဖြန့်ဝေနိုင်စွမ်းတွေအတွက်ပေါ့။ ဒါပေမယ့် ခင်ဗျား သူ့ရဲ့ ဘောလုံးဖြန့်ဝေနိုင်စွမ်းအကြောင်း စဉ်းစားလိုက် ရီးစ် ဂျိမ်းစ်ထက် အများကြီးပိုကောင်းတယ်ဆိုတာတော့ မဟုတ်ပါဘူး”

“ပြီးတော့ ဂျိမ်းစ်က တောင်ပံကစားသမားတွေကို ဘာလုပ်နိုင်လဲဆိုတာကို ကြည့်လိုက်ပါ။ သူ ဆွန်ဟောင်မင်ကို ဘယ်လိုလုပ်ခဲ့လဲဆိုတာကို ကြည့်ပါ။ သူတို့ ၃ ယောက်ထဲမှာ အလက်ဇန်းဒါး-အာနိုးလ်က အဆိုးရွားဆုံးပဲ။ မနေ့ညက မန်ချက်စတာယူနိုက်တက်က သူ့ကို လုံးဝ အိတ်ထဲ ထည့်သွားလုနီးပါးဖြစ်ခဲ့ပါတယ်။ သူတို့တွေကို သူ့ကို ဘယ်တောင်ပံဘက်ခြမ်းမှာ လုပ်ချင်သလို လုပ်ခဲ့ကြတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗပူးလ်အသင်းဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ပြီးဆုံးတဲ့အချိန်အထိ နိုင်ပွဲ ရှာမတွေ့သေးဘဲ ၂ ပွဲသရေ ၁ ပွဲ ရှုံးရလဒ်နဲ့ ရမှတ် ၂ မှတ်သာ ရရှိသေးတာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့အသင်းဟာ လာမယ့် စနေနေ့ ဘုန်းမောက်ကို အန်းဖီးမှာ လက်ခံယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ယခုရာသီရဲ့ ပထမဆုံးနိုင်ပွဲကို ရှာဖွေဖို့ ကြိုးပမ်းသွားကြတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ထရင့္ အလက္ဇန္းဒါး အာႏိုးလ္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္က စြမ္းေဆာင္ရည္အတြက္ ျပစ္တင္ႀကိမ္းေမာင္းျခင္းခံခဲ့ရၿပီး ဒါရင္း ဘန႔္တ္က လီဗာပူးလ္ၾကယ္ပြင့္ဟာ ေဝၚကာနဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ထက္ ပိုေကာင္းတယ္ဆိုတဲ့ ေျပာဆိုမႈေတြကို အညႇာအတာကင္းကင္းနဲ႔ ျငင္းပယ္ခဲ့ပါတယ္။

လီဗာပူးလ္ၾကယ္ပြင့္ဟာ တနလၤာေန႔က အိုးထရက္ဖို႔ဒ္မွာ မန္ခ်က္စတာယူႏိုက္တက္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ခံစစ္ပိုင္း ေလ်ာ့ရဲမႈကို ျပသခဲ့တာျဖစ္ၿပီး အဲဒီပြဲစဥ္အၿပီးမွာ လီဗာပူးလ္ပရိသတ္ေတြက အသက္ ၂၃ ႏွစ္အ႐ြယ္ေနာက္ခံကစားသမားကို ေရာင္းထုတ္ဖို႔အထိေတာင္ ေျပာၾကားခဲ့ၾကတာျဖစ္ပါတယ္။

talkSPORT ေဘာလုံးေဝဖန္သုံးသပ္သူျဖစ္တဲ့ ဒါရင္း ဘန႔္တ္ဟာ အလက္ဇန္းဒါး အာႏိုးလ္ရဲ႕ ခံစစ္ပိုင္း ညံ့ဖ်င္းမႈကို သုံးသပ္ေျပာဆိုရာမွာ ျပင္းျပင္းထန္ထန္ ေဝဖန္ျပစ္တင္သြားခဲ့တာျဖစ္ၿပီး စပါးစ္တိုက္စစ္မႉးေဟာင္းက လီဗာပူးလ္ေနာက္ခံလူဟာ အဂၤလန္အသင္းေဖာ္ေတြျဖစ္တဲ့ ကိုင္လီ ေဝၚကာနဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ထက္ ညံ့ဖ်င္းတဲ့သူလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ ဘုရားေရ။ ဝိုး။ လူေတြက ဒရမ္ကို ဆက္တီးေနၿပီး သူက ဂ်ိမ္းစ္နဲ႔ ေဝၚကာထက္ပိုေကာင္းတယ္လို႔ ေျပာေနၾကလိမ့္မယ္။ လုံးဝကို မဟုတ္ပါဘူး”လို႔ ဒါရင္း ဘန႔္တ္က အံ့အားသင့္ဟန္နဲ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉးေဟာင္းက အလက္ဇန္းဒါး-အာႏိုးလ္ကို ၎ရဲ႕ တိုက္စစ္ အရည္အခ်င္းေတြအတြက္ ခ်ီးက်ဴးခဲ့ေပမယ့္လည္း ေဘာလုံးျဖန႔္ေဝႏိုင္စြမ္းနဲ႔ပတ္သက္လာရင္ ရီးစ္ ဂ်ိမ္းစ္ေလာက္ မေကာင္းဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“တိုက္စစ္ပိုင္းမွာေတာ့ ကြၽန္ေတာ္ သူ႔ကို ခ်ီးက်ဴးရပါလိမ့္မယ္။ သူ႔ရဲ႕ အေဝးကန္တင္ေပးပို႔မႈေတြ၊ သူ႔ရဲ႕ ျဖန႔္ေဝႏိုင္စြမ္းေတြအတြက္ေပါ့။ ဒါေပမယ့္ ခင္ဗ်ား သူ႔ရဲ႕ ေဘာလုံးျဖန႔္ေဝႏိုင္စြမ္းအေၾကာင္း စဥ္းစားလိုက္ ရီးစ္ ဂ်ိမ္းစ္ထက္ အမ်ားႀကီးပိုေကာင္းတယ္ဆိုတာေတာ့ မဟုတ္ပါဘူး”

“ၿပီးေတာ့ ဂ်ိမ္းစ္က ေတာင္ပံကစားသမားေတြကို ဘာလုပ္ႏိုင္လဲဆိုတာကို ၾကည့္လိုက္ပါ။ သူ ဆြန္ေဟာင္မင္ကို ဘယ္လိုလုပ္ခဲ့လဲဆိုတာကို ၾကည့္ပါ။ သူတို႔ ၃ ေယာက္ထဲမွာ အလက္ဇန္းဒါး-အာႏိုးလ္က အဆိုး႐ြားဆုံးပဲ။ မေန႔ညက မန္ခ်က္စတာယူႏိုက္တက္က သူ႔ကို လုံးဝ အိတ္ထဲ ထည့္သြားလုနီးပါးျဖစ္ခဲ့ပါတယ္။ သူတို႔ေတြကို သူ႔ကို ဘယ္ေတာင္ပံဘက္ျခမ္းမွာ လုပ္ခ်င္သလို လုပ္ခဲ့ၾကတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗပူးလ္အသင္းဟာ ယခုရာသီမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၃ ပြဲ ၿပီးဆုံးတဲ့အခ်ိန္အထိ ႏိုင္ပြဲ ရွာမေတြ႕ေသးဘဲ ၂ ပြဲသေရ ၁ ပြဲ ရႈံးရလဒ္နဲ႔ ရမွတ္ ၂ မွတ္သာ ရရွိေသးတာ ျဖစ္ပါတယ္။ ကေလာ့ပ္ရဲ႕အသင္းဟာ လာမယ့္ စေနေန႔ ဘုန္းေမာက္ကို အန္းဖီးမွာ လက္ခံယွဥ္ၿပိဳင္တဲ့ပြဲစဥ္မွာ ယခုရာသီရဲ႕ ပထမဆုံးႏိုင္ပြဲကို ရွာေဖြဖို႔ ႀကိဳးပမ္းသြားၾကေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.