Premier League

လီဗာပူးလ်ကို နိုင်ချင်လွန်းလို့ ဘောကောက်ကောင်လေးကို ကွိုင်တက်အောင် ဆေးထိုးခဲ့တဲ့ မာစီယယ်လ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အန်သိုနီ မာစီယယ်လ်ဟာ တနင်္လာနေ့ညက လီဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း အချိန်ဖြုန်းတီးချင်တာကြောင့် ဘောကောက်ကောင်လေးကို အေးဆေးလုပ်ဖို့ ပြောခဲ့ပါတယ်။

မာစီယယ်လ်ဟာ ပထမပိုင်းအပြီးမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လူစားဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကို ဖန်တီးပေးပို့ပေးခဲ့သူ ဖြစ်ပါတယ်။

မာစီယယ်လ်ရဲ့ အကွက်မြင်မြင် ခင်းပေးလိုက်တဲ့ ဘောလုံးကို မားကပ်စ် ရက်ရှ်ဖို့ဒ်က ဆွဲပြေးပြီး လီဗာပူးလ် ဂိုးသမား အယ်လစ်ဆန်နဲ့ တစ်ဦးချင်း ကန်သွင်းနိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်က ၂-၀ နဲ့ ဦးဆောင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာစီယယ်လ်ရဲ့ ဂိုးဖန်တီးမှုဟာ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းတစ်ခု ကူညီပေးခဲ့တဲ့ တစ်ခုတည်းသော အထောက်အကူတော့မဟုတ်ခဲ့ဘဲ ပွဲပြီးဆုံးခါနီးမှာ အချိန်ဖြုန်းတဲ့နေရာမှာ ဘယ်လောက် ဆရာကျလဲဆိုတာ ပြသခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နောက်ခံကစားသမား ဆီမီကတ်စ်နဲ့ တစ်ဦးချင်း ဘောလုံး ယှဉ်လုခဲ့ပြီးနောက် မာစီယယ်လ်ဟာ ဘောလုံးက စည်းအပြင်ဘက်ကို ကျော်သွားပြီး ထောင့်ကန်ဘော ရရှိတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဘောကောက် ကောင်လေးဟာ ဘောလုံးကို ကောက်ယူပြီး ပေးပို့ဖို့လုပ်နေချိန်မှာ ပြင်သစ်တိုက်စစ်မှူးက မျက်နှာအမူအရာရော၊ လက်ဟန်ခြေဟန်နဲ့ပါ အချိန်နည်းနည်း ပိုဖြုန်းတီးနိုင်အောင် အေးအေးဆေးဆေးလုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ မာစီယယ်လ်ဟာ ဘောကောက် ကောင်လေးကိုပါ မဆီမဆိုင် ပွေ့ဖက်ထားခဲ့ပြီး ပြီးတဲ့နောက်မှာ ဘောလုံးကို ထောင့်ကန်ဘော အလံတိုင်ဆီကို တလိမ့်ချင်း သယ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

“ဆရာကြီး အန်သိုနီဆီကနေ နောက်ဆုံးပေါ် အချိန်ဖြုန်းတီးနည်းကွ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး “ဘောကောက် ကလေးလေးက စည်းကြပ်ဒိုင်ကိုပဲ ကြည့်နေတယ်။ တော်တော် ကြောက်နေတဲ့ပုံပဲ”လို့ အမြင်စူးရှတဲ့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး အန္သိုနီ မာစီယယ္လ္ဟာ တနလၤာေန႔ညက လီဗာပူးလ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း အခ်ိန္ျဖဳန္းတီးခ်င္တာေၾကာင့္ ေဘာေကာက္ေကာင္ေလးကို ေအးေဆးလုပ္ဖို႔ ေျပာခဲ့ပါတယ္။

မာစီယယ္လ္ဟာ ပထမပိုင္းအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ လူစားဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ ရရွိခဲ့တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ဖန္တီးေပးပို႔ေပးခဲ့သူ ျဖစ္ပါတယ္။

မာစီယယ္လ္ရဲ႕ အကြက္ျမင္ျမင္ ခင္းေပးလိုက္တဲ့ ေဘာလုံးကို မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ဆြဲေျပးၿပီး လီဗာပူးလ္ ဂိုးသမား အယ္လစ္ဆန္နဲ႔ တစ္ဦးခ်င္း ကန္သြင္းႏိုင္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္က ၂-၀ နဲ႔ ဦးေဆာင္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မာစီယယ္လ္ရဲ႕ ဂိုးဖန္တီးမႈဟာ လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းတစ္ခု ကူညီေပးခဲ့တဲ့ တစ္ခုတည္းေသာ အေထာက္အကူေတာ့မဟုတ္ခဲ့ဘဲ ပြဲၿပီးဆုံးခါနီးမွာ အခ်ိန္ျဖဳန္းတဲ့ေနရာမွာ ဘယ္ေလာက္ ဆရာက်လဲဆိုတာ ျပသခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ေနာက္ခံကစားသမား ဆီမီကတ္စ္နဲ႔ တစ္ဦးခ်င္း ေဘာလုံး ယွဥ္လုခဲ့ၿပီးေနာက္ မာစီယယ္လ္ဟာ ေဘာလုံးက စည္းအျပင္ဘက္ကို ေက်ာ္သြားၿပီး ေထာင့္ကန္ေဘာ ရရွိတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ေဘာေကာက္ ေကာင္ေလးဟာ ေဘာလုံးကို ေကာက္ယူၿပီး ေပးပို႔ဖို႔လုပ္ေနခ်ိန္မွာ ျပင္သစ္တိုက္စစ္မႉးက မ်က္ႏွာအမူအရာေရာ၊ လက္ဟန္ေျခဟန္နဲ႔ပါ အခ်ိန္နည္းနည္း ပိုျဖဳန္းတီးႏိုင္ေအာင္ ေအးေအးေဆးေဆးလုပ္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ မာစီယယ္လ္ဟာ ေဘာေကာက္ ေကာင္ေလးကိုပါ မဆီမဆိုင္ ေပြ႕ဖက္ထားခဲ့ၿပီး ၿပီးတဲ့ေနာက္မွာ ေဘာလုံးကို ေထာင့္ကန္ေဘာ အလံတိုင္ဆီကို တလိမ့္ခ်င္း သယ္ေဆာင္သြားခဲ့တာျဖစ္ပါတယ္။

“ဆရာႀကီး အန္သိုနီဆီကေန ေနာက္ဆုံးေပၚ အခ်ိန္ျဖဳန္းတီးနည္းကြ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး “ေဘာေကာက္ ကေလးေလးက စည္းၾကပ္ဒိုင္ကိုပဲ ၾကည့္ေနတယ္။ ေတာ္ေတာ္ ေၾကာက္ေနတဲ့ပုံပဲ”လို႔ အျမင္စူးရွတဲ့ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.