Premier League Serie A Transfer News

ပေါင်သန်း ၈၀ တန်ပေါ်တူဂီသားကို ခေါ်ယူသွားဖို့ ပြင်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ အေစီမီလန် တောင်ပံကစားသမား ရာဖေးလ် လီအိုကို ခေါ်ယူဖို့ စဉ်းစားနေပြီး သဘောတူညီမှု ရရှိဖို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ အပါအဝင် ရှုပ်ထွေးမှုအများအပြားရှိနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ အေစီမီလန်အသင်းရဲ့ ကြယ်ပွင့်တောင်ပံကစားသမား ရာဖေးလ် လီအိုကို ခေါ်ယူနိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ The Times က ဖော်ပြခဲ့တာဖြစ်ပြီး အနောက်လန်ဒန်အသင်းအနေနဲ့ ပေါ်တူဂီကြယ်ပွင့်ကို မခေါ်ယူမီ ကြီးမားတဲ့ စာချုပ်လျော်ကြေး အပါအဝင် ဖြေရှင်းရမယ့် ရှုပ်ထွေးမှုတွေများစွာရှိနေတယ်လို့ သိရပါတယ်။

ခြင်္သေ့ပြာတွေဟာ လက်ရှိ အပြောင်းအရွှေးဈေးကွက်ကို ဥရောပ သို့မဟုတ် အင်္ဂလန်က ကလပ်အသင်းတိုင်းထက် ပိုမို ငွေကြေးသုံးစွဲတဲ့အသင်းအဖြစ်နဲ့ ပြီးဆုံးဖွယ်ရှိနေပြီး သိသာထင်ရှားတဲ့ ခေါ်ယူမှုအများအပြား ပြုလုပ်ခဲ့ပြီးနောက် အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်အချိန်အထိ ထပ်မံခေါ်ယူမယ့်ကစားသမားတွေ ရှိနေသေးတာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လက်စတာစီးတီးနောက်ခံကစားသမား ဝက်စ်လေ ဖိုဖာနာကို အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် မျှော်လင့်နေပြီး အဲဗာတန်ကြယ်ပွင့် အန်သိုနီ ဂေါ်ဒွန်ကိုလည်း ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တနင်္ဂနွေနေ့က လိဒ်စ်ယူနိုက်တက်အသင်းကို ၃-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ သောမတ်စ် တူဟယ်က တိုက်စစ်ပါရမီရှင်တွေကို ခေါ်ယူဖို့အတွက် ဈေးကွက်ထဲမှာ လှုပ်ရှားမှုတွေကို အရှိန်မြှင့်တင်နိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

အန်သိုနီ ဂေါ်ဒွန်ဟာ ချဲလ်ဆီးအသင်းအတွက် အဓိကပစ်မှတ်အဖြစ် ရှိနေဆဲဖြစ်ပေမယ့်လည်း အဲဗာတန်အသင်းကို နောက်ဆုံးကမ်းလှမ်းထားတဲ့ ပေါင်သန်း ၅၀ ထက် ပိုမိုကမ်းလှမ်းပြီး တွန်းအားပေးလုပ်ဆောင်သွားမှာမဟုတ်တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ အဲဗာတန်အသင်းက ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ၂ ကြိမ်အထိ ငြင်းပယ်ထားပြီး အနောက်လန်ဒန်ကလပ်အသင်းအနေနဲ့ ဒီထက်ပိုပြီး အချိန်မဖြုန်းချင်တော့တာကြောင့် အေစီမီလန်က ရာဖေးလ် လီအိုကို ၎င်းတို့ရဲ့ နောက်ထပ်အကောင်းဆုံးရွေးချယ်စရာအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာကို သေချာနားလည်အောင် အေစီမီလန်အသင်းနဲ့ ပြောဆိုဆွေးနွေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး စီးရီးအေထိပ်သီးအသင်းကြီးဟာ အစပိုင်းတုန်းက The Times ရဲ့ဖော်ပြချက်အရ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ရဲ့ ၂ ဆနီးပါးရှိတဲ့ ရာဖေးလ် လီအိုရဲ့ စာချုပ်လျော်ကြေးကို တောင်းဆိုခဲ့ပေမယ့် ပရီးမီးယားလိဂ်ကလပ်အသင်းက အေစီမီလန်တိုက်စစ်မှူးကို အများကြီး နည်းပါးတဲ့ပမာဏနဲ့ ခေါ်ယူနိုင်မယ်လို့ အကောင်းမြင်နေတာဖြစ်ပါတယ်။

ရာဖေးလ် လီအိုနဲ့ အသင်းဟောင်း စပို့တင်း လစ္စဘွန်းတို့ကြား တရားဥပဒေကြောင်းအရ ရင်ဆိုင်နေရတဲ့ ကိစ္စတွေလည်း ရှိနေပြီး သတင်းတွေအရ ကစားသမားဟာ ပေါ်တူဂီကလပ်အသင်းဆီကနေ အနည်းဆုံး ပေါင် ၁၆ သန်းအကြွေးရစရာရှိနေတယ်လို့ သိရပါတယ်။ စပို့တင်း လစ္စဘွန်းအသင်းဟာ တောင်ပံကစားသမားရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို ထိန်းသိမ်းထားပြီး အဲဒီကိစ္စသာ ဖြေရှင်းနိုင်ရင် ပေါ်တူဂီကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ ေအစီမီလန္ ေတာင္ပံကစားသမား ရာေဖးလ္ လီအိုကို ေခၚယူဖို႔ စဥ္းစားေနၿပီး သေဘာတူညီမႈ ရရွိဖို႔ သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၈၀ အပါအဝင္ ရႈပ္ေထြးမႈအမ်ားအျပားရွိေနတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေအစီမီလန္အသင္းရဲ႕ ၾကယ္ပြင့္ေတာင္ပံကစားသမား ရာေဖးလ္ လီအိုကို ေခၚယူႏိုင္ဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ The Times က ေဖာ္ျပခဲ့တာျဖစ္ၿပီး အေနာက္လန္ဒန္အသင္းအေနနဲ႔ ေပၚတူဂီၾကယ္ပြင့္ကို မေခၚယူမီ ႀကီးမားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကး အပါအဝင္ ေျဖရွင္းရမယ့္ ရႈပ္ေထြးမႈေတြမ်ားစြာရွိေနတယ္လို႔ သိရပါတယ္။

ျခေသၤ့ျပာေတြဟာ လက္ရွိ အေျပာင္းအေ႐ႊးေဈးကြက္ကို ဥေရာပ သို႔မဟုတ္ အဂၤလန္က ကလပ္အသင္းတိုင္းထက္ ပိုမို ေငြေၾကးသုံးစြဲတဲ့အသင္းအျဖစ္နဲ႔ ၿပီးဆုံးဖြယ္ရွိေနၿပီး သိသာထင္ရွားတဲ့ ေခၚယူမႈအမ်ားအျပား ျပဳလုပ္ခဲ့ၿပီးေနာက္ အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္အခ်ိန္အထိ ထပ္မံေခၚယူမယ့္ကစားသမားေတြ ရွိေနေသးတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ လက္စတာစီးတီးေနာက္ခံကစားသမား ဝက္စ္ေလ ဖိုဖာနာကို အၿပီးသတ္ေခၚယူႏိုင္ဖို႔အတြက္ ေမွ်ာ္လင့္ေနၿပီး အဲဗာတန္ၾကယ္ပြင့္ အန္သိုနီ ေဂၚဒြန္ကိုလည္း ေခၚယူဖို႔ ဆက္လက္ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း တနဂၤေႏြေန႔က လိဒ္စ္ယူႏိုက္တက္အသင္းကို ၃-၀ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ နည္းျပ ေသာမတ္စ္ တူဟယ္က တိုက္စစ္ပါရမီရွင္ေတြကို ေခၚယူဖို႔အတြက္ ေဈးကြက္ထဲမွာ လႈပ္ရွားမႈေတြကို အရွိန္ျမႇင့္တင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

အန္သိုနီ ေဂၚဒြန္ဟာ ခ်ဲလ္ဆီးအသင္းအတြက္ အဓိကပစ္မွတ္အျဖစ္ ရွိေနဆဲျဖစ္ေပမယ့္လည္း အဲဗာတန္အသင္းကို ေနာက္ဆုံးကမ္းလွမ္းထားတဲ့ ေပါင္သန္း ၅၀ ထက္ ပိုမိုကမ္းလွမ္းၿပီး တြန္းအားေပးလုပ္ေဆာင္သြားမွာမဟုတ္တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ အဲဗာတန္အသင္းက ခ်ဲလ္ဆီးအသင္းရဲ႕ ကမ္းလွမ္းမႈကို ၂ ႀကိမ္အထိ ျငင္းပယ္ထားၿပီး အေနာက္လန္ဒန္ကလပ္အသင္းအေနနဲ႔ ဒီထက္ပိုၿပီး အခ်ိန္မျဖဳန္းခ်င္ေတာ့တာေၾကာင့္ ေအစီမီလန္က ရာေဖးလ္ လီအိုကို ၎တို႔ရဲ႕ ေနာက္ထပ္အေကာင္းဆုံးေ႐ြးခ်ယ္စရာအျဖစ္ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေပၚတူဂီလက္ေ႐ြးစင္ၾကယ္ပြင့္ကို ေခၚယူႏိုင္ဖို႔ ဘာေတြလုပ္ရမလဲဆိုတာကို ေသခ်ာနားလည္ေအာင္ ေအစီမီလန္အသင္းနဲ႔ ေျပာဆိုေဆြးေႏြးခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး စီးရီးေအထိပ္သီးအသင္းႀကီးဟာ အစပိုင္းတုန္းက The Times ရဲ႕ေဖာ္ျပခ်က္အရ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၈၀ ရဲ႕ ၂ ဆနီးပါးရွိတဲ့ ရာေဖးလ္ လီအိုရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးကို ေတာင္းဆိုခဲ့ေပမယ့္ ပရီးမီးယားလိဂ္ကလပ္အသင္းက ေအစီမီလန္တိုက္စစ္မႉးကို အမ်ားႀကီး နည္းပါးတဲ့ပမာဏနဲ႔ ေခၚယူႏိုင္မယ္လို႔ အေကာင္းျမင္ေနတာျဖစ္ပါတယ္။

ရာေဖးလ္ လီအိုနဲ႔ အသင္းေဟာင္း စပို႔တင္း လစၥဘြန္းတို႔ၾကား တရားဥပေဒေၾကာင္းအရ ရင္ဆိုင္ေနရတဲ့ ကိစၥေတြလည္း ရွိေနၿပီး သတင္းေတြအရ ကစားသမားဟာ ေပၚတူဂီကလပ္အသင္းဆီကေန အနည္းဆုံး ေပါင္ ၁၆ သန္းအေႂကြးရစရာရွိေနတယ္လို႔ သိရပါတယ္။ စပို႔တင္း လစၥဘြန္းအသင္းဟာ ေတာင္ပံကစားသမားရဲ႕ လစာ ၂၅ ရာခိုင္ႏႈန္းကို ထိန္းသိမ္းထားၿပီး အဲဒီကိစၥသာ ေျဖရွင္းႏိုင္ရင္ ေပၚတူဂီၾကယ္ပြင့္ရဲ႕ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ႏိုင္မယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.