Premier League

၁၄.၂.၂၀၂၀ အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားက သူတုိ႔အသင္းဟာ တည္ကန္ေဘာေတြ အားနည္းေနေပမယ့္ အသင္းေဖာ္ ဗစ္တာ နီးလ္ဆင္ လင္ဒီေလာ့ဖ္နဲ႔ တြဲၿပီး အေကာင္းဆံုး ဗဟိုခံစစ္အတြဲတစ္ခုျဖစ္လာေအာင္ တည္ေဆာက္သြားမယ္လို႔ ေျပာလိုက္ပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း အန္ဒီကိုးလ္က အငွားစာခ်ဳပ္နဲ႔ေခၚထားတဲ့ ႏိုင္ဂ်ီးရီးယားတိုက္စစ္မွဴး အိုဒီယြန္ အီဂါလိုဟာ အသင္းမွာ ေအာင္ျမင္ႏိုင္သူတစ္ေယာက္လို႔ ခ်ီးက်ဴးခဲ့သလို ရာသီကုန္ရင္ အၿပီးသတ္စာခ်ဳပ္နဲ႔ ေခၚျဖစ္မယ္လို႔ ယံုၾကည္တယ္လို႔လည္း ဆိုပါတယ္။

– ရာသီကုန္ရင္ ျပင္သစ္ကြင္းလယ္လူ ကိုရြန္တင္ တိုလစ္ဆိုကို ဘိုင္ယန္ျမဴးနစ္က ထုတ္ေရာင္းေတာ့မယ္လို႔ သတင္းလႊင့္လိုက္တာက သူ႔ကို ေခၚခ်င္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔အတူ အာဆင္နယ္တိုိ႔အတြက္ စိတ္၀င္စားစရာျဖစ္ၿပီးခဲ့ၿပီး ေႏြရာသီကို ေစာင့္ၾကည့္သြားရဖြယ္ရွိပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ရွက္ဖီးလ္ဒ္ယူႏုိက္တက္ကို အငွားခ်ထားခဲ့ၿပီး မိခင္အသင္းအတြက္ တစ္ပြဲမွာ မကစားရေသးတဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို ပီအက္စ္ဂ်ီအသင္းက ေခၚယူဖို႔ စိတ္၀င္စားေနၿပီး ေပါင္သန္း ၂၀ ေလာက္ကေန စတင္ကမ္းလွမ္းဖို႔ ရွိေနပါတယ္။

– စီးရီးေအကလပ္ ရိုးမားအသင္းမွာ အငွားနဲ႔ သြားကစားေနတဲ့ အဂၤလန္ေနာက္ခံလူ စေမာလင္းဟာ လာမယ့္ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကေန အီတလီေျမကို အၿပီးသတ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခ်င္ေနၿပီး ေရာမသားေတြရဲ႕ ကမ္းလွမ္းမွဳက တုိးတက္လာမလားဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားက သူတို့အသင်းဟာ တည်ကန်ဘောတွေ အားနည်းနေပေမယ့် အသင်းဖော် ဗစ်တာ နီးလ်ဆင် လင်ဒီလော့ဖ်နဲ့ တွဲပြီး အကောင်းဆုံး ဗဟိုခံစစ်အတွဲတစ်ခုဖြစ်လာအောင် တည်ဆောက်သွားမယ်လို့ ပြောလိုက်ပါတယ်။

– မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က အငှားစာချုပ်နဲ့ခေါ်ထားတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဒီယွန် အီဂါလိုဟာ အသင်းမှာ အောင်မြင်နိုင်သူတစ်ယောက်လို့ ချီးကျူးခဲ့သလို ရာသီကုန်ရင် အပြီးသတ်စာချုပ်နဲ့ ခေါ်ဖြစ်မယ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။

– ရာသီကုန်ရင် ပြင်သစ်ကွင်းလယ်လူ ကိုရွန်တင် တိုလစ်ဆိုကို ဘိုင်ယန်မြူးနစ်က ထုတ်ရောင်းတော့မယ်လို့ သတင်းလွှင့်လိုက်တာက သူ့ကို ခေါ်ချင်နေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့အတူ အာဆင်နယ်တို့အတွက် စိတ်ဝင်စားစရာဖြစ်ပြီးခဲ့ပြီး နွေရာသီကို စောင့်ကြည့်သွားရဖွယ်ရှိပါတယ်။

– မန်ချက်စတာယူနိုက်တက်အသင်းကနေ ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို အငှားချထားခဲ့ပြီး မိခင်အသင်းအတွက် တစ်ပွဲမှာ မကစားရသေးတဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပေါင်သန်း ၂၀ လောက်ကနေ စတင်ကမ်းလှမ်းဖို့ ရှိနေပါတယ်။

– စီးရီးအေကလပ် ရိုးမားအသင်းမှာ အငှားနဲ့ သွားကစားနေတဲ့ အင်္ဂလန်နောက်ခံလူ စမောလင်းဟာ လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကနေ အီတလီမြေကို အပြီးသတ်စာချုပ်နဲ့ ပြောင်းရွှေ့ချင်နေပြီး ရောမသားတွေရဲ့ ကမ်းလှမ်းမှုက တိုးတက်လာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.