Ligue1

မက်ဆီ ၂၃ နှစ်သားတုန်းက ဘလွန်ဒေါ ၄ ဆုရပြီးပြီလို့ အမ်ဘာပေကို ဒဲ့ပြောလိုက်တဲ့ ဝိန်း ရူနီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့သူဖြစ်ပေမယ့် အသင်းဖော် မက်ဆီ၊ နေမာတို့နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာကြောင့် ၎င်းရဲ့ စိတ်နေစိတ်ထားဟာ မေးခွန်းထုတ်ခံရမှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

မောင့်ပယ်လီယေးကို အနိုင်ရရှိခဲ့တဲ့ လိဂန်းပွဲစဉ်အတွင်း ပြင်သစ် တိုက်စစ်မှူးဟာ ပင်နယ်တီ ကန်သွင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဘရာဇီးလ်ကြယ်ပွင့် နေမာနဲ့ အငြင်းပွားခဲ့ကြတာဖြစ်ပြီး အဲဒီပင်နယ်တီဟာ အစောပိုင်းမိနစ်အနည်းငယ်တုန်းက အမ်ဘာပေ ပင်နယ်တီလွဲချော်ပြီးနောက် ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဘရာဇီးလ်တိုက်စစ်မှူးဟာ အခြေအနေကို ကုစားဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပြီး အမ်ဘာပေဟာ အာဂျင်တီးနားဂန္တဝင်က ၎င်းဆီကို ဘောလုံးပေးပို့ခြင်းမရှိခဲ့တဲ့နောက်မှာလည်း မက်ဆီကို တွန်းတိုက်ခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီလုပ်ရပ်ကြောင့် လီယွန်နယ် မက်ဆီဟာ ထောင်းခနဲ ဒေါသထွက်သွားခဲ့ပြီးနောက် မယုံနိုင်တဲ့ပုံစံနဲ့ အမ်ဘာပေရဲ့ နောက်ကျောကို ကြည့်နေခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ အသင်းဖော်တွေနဲ့ လုပ်ဖော်ကိုင်ဘက်လို့ သဘောမထားဘဲ ဆရာကြီးလုပ်ချင်နေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဒီစီယူနိုက်တက်အသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ဝိန်း ရူနီက ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေနဲ့ ၎င်းရဲ့ အမူအကျင့်အတွက် ပြင်းထန်တဲ့ တဲ့တိုး ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“အသက် ၂၃ နှစ်အရွယ် ကစားသမားက မက်ဆီကို တွန်းထိုးခဲ့တယ်။ ကျွန်တော့်ဘဝမှာ ဒီထက်ပိုပြီး ကြီးမားတဲ့ အတ္တမျိုး တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ တစ်စုံတယောက်လောက် အမ်ဘာပေကို မက်ဆီက အသက် ၂၃ နှစ်သားအရွယ်တုန်းက ဘလွန်ဒေါ ၄ ဆုတောင် ရရှိခဲ့ပြီးပြီဆိုတာကို သတိပေးသင့်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဝိန်း ရူနီရဲ့ပညာသားပါတဲ့ ဆုံးမစကားဟာ လူမှုကွန်ရက်က ပရိသတ်တွေကြားမှာ အလျင်အမြန် ပျံ့နှံသွားခဲ့ပြီး ပရိသတ်တွေဟာ မက်ဆီကို ပြုလုပ်ခဲ့တဲ့ အမ်ဘာပေရဲ့ အပြုအမူဟာ လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်လို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်း တာဝန်ရှိသူတွေကို အာဂျင်တိုင်း နိုင်ငံတော်ကို ဖြုတ်ထုတ်ရှင်း ပြုလုပ်ဖို့အတွက် အမိန့်ပေးခဲ့ပြီး အသင်းမှာ ၎င်းသာ ခေါင်းဆောင်လုပ်ချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ မကြာသေးမီကမှ UOL Esporte က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့သူျဖစ္ေပမယ့္ အသင္းေဖာ္ မက္ဆီ၊ ေနမာတို႔နဲ႔ ျဖစ္ခဲ့တဲ့ ျပႆနာေၾကာင့္ ၎ရဲ႕ စိတ္ေနစိတ္ထားဟာ ေမးခြန္းထုတ္ခံရမႈေတြ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။

ေမာင့္ပယ္လီေယးကို အႏိုင္ရရွိခဲ့တဲ့ လိဂန္းပြဲစဥ္အတြင္း ျပင္သစ္ တိုက္စစ္မႉးဟာ ပင္နယ္တီ ကန္သြင္းမယ့္ကိစၥနဲ႔ပတ္သက္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ ေနမာနဲ႔ အျငင္းပြားခဲ့ၾကတာျဖစ္ၿပီး အဲဒီပင္နယ္တီဟာ အေစာပိုင္းမိနစ္အနည္းငယ္တုန္းက အမ္ဘာေပ ပင္နယ္တီလြဲေခ်ာ္ၿပီးေနာက္ ရရွိခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဘရာဇီးလ္တိုက္စစ္မႉးဟာ အေျခအေနကို ကုစားဖို႔အတြက္ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး အမ္ဘာေပဟာ အာဂ်င္တီးနားဂႏၲဝင္က ၎ဆီကို ေဘာလုံးေပးပို႔ျခင္းမရွိခဲ့တဲ့ေနာက္မွာလည္း မက္ဆီကို တြန္းတိုက္ခဲ့တာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

အဲဒီလုပ္ရပ္ေၾကာင့္ လီယြန္နယ္ မက္ဆီဟာ ေထာင္းခနဲ ေဒါသထြက္သြားခဲ့ၿပီးေနာက္ မယုံႏိုင္တဲ့ပုံစံနဲ႔ အမ္ဘာေပရဲ႕ ေနာက္ေက်ာကို ၾကည့္ေနခဲ့တဲ့ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔လာခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ အသင္းေဖာ္ေတြနဲ႔ လုပ္ေဖာ္ကိုင္ဘက္လို႔ သေဘာမထားဘဲ ဆရာႀကီးလုပ္ခ်င္ေနတယ္လို႔ သတင္းေတြလည္း ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ ဒီစီယူႏိုက္တက္အသင္းကို နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္တိုက္စစ္မႉး ဝိန္း ႐ူနီက ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး အမ္ဘာေပနဲ႔ ၎ရဲ႕ အမူအက်င့္အတြက္ ျပင္းထန္တဲ့ တဲ့တိုး ေဝဖန္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားက မက္ဆီကို တြန္းထိုးခဲ့တယ္။ ကြၽန္ေတာ့္ဘဝမွာ ဒီထက္ပိုၿပီး ႀကီးမားတဲ့ အတၱမ်ိဳး တစ္ခါမွ မျမင္ခဲ့ဖူးပါဘူး။ တစ္စုံတေယာက္ေလာက္ အမ္ဘာေပကို မက္ဆီက အသက္ ၂၃ ႏွစ္သားအ႐ြယ္တုန္းက ဘလြန္ေဒါ ၄ ဆုေတာင္ ရရွိခဲ့ၿပီးၿပီဆိုတာကို သတိေပးသင့္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဝိန္း ႐ူနီရဲ႕ပညာသားပါတဲ့ ဆုံးမစကားဟာ လူမႈကြန္ရက္က ပရိသတ္ေတြၾကားမွာ အလ်င္အျမန္ ပ်ံ႕ႏွံသြားခဲ့ၿပီး ပရိသတ္ေတြဟာ မက္ဆီကို ျပဳလုပ္ခဲ့တဲ့ အမ္ဘာေပရဲ႕ အျပဳအမူဟာ ေလးစားမႈကင္းမဲ့တဲ့လုပ္ရပ္လို႔ သေဘာတူညီခဲ့ၾကတာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္း တာဝန္ရွိသူေတြကို အာဂ်င္တိုင္း ႏိုင္ငံေတာ္ကို ျဖဳတ္ထုတ္ရွင္း ျပဳလုပ္ဖို႔အတြက္ အမိန႔္ေပးခဲ့ၿပီး အသင္းမွာ ၎သာ ေခါင္းေဆာင္လုပ္ခ်င္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တယ္လို႔ မၾကာေသးမီကမွ UOL Esporte က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.