Ligue1

တစ်စင်ဖြစ်နေတဲ့ အာဂျင်တိုင်းတွေကို ရှင်းပစ်ဖို့ ပီအက်စ်ဂျီကို အမိန့်ပေးခဲ့တဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ အာဂျင်တိုင်းနိုင်ငံတော်ကို ဖြုတ်ထုတ်ရှင်းလုပ်ဖို့ ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေကို အမိန့်ပေးခဲ့ပြီး အသင်းမှာ ခေါင်းဆောင်လုပ်ချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

UOL Esporte ရဲ့ ဖော်ပြချက်အရ အမ်ဘာပေနဲ့ ပီအက်စ်ဂျီအသင်းလူစာရင်းထဲက နာမည်ကြီး ကစားသမားအချို့ကြားမှာ တင်းမာမှုတွေ ကြီးထွားလာနေတယ်လို့ သိရပြီး ပြင်သစ်တိုက်စစ်မှူးဟာ အဝတ်လဲခန်းအတွင်းက အသင်းဖော်တွေဆီကနေ ‘ထောင့်မကျိုးသူ’၊ ‘သည်းမခံနိုင်တော့ဘူး’လို့ အသံတွေ ထွက်လာစေခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းဥက္ကဌ နက်ဆာ အယ်လ်-ခါလေဖီကို အသင်းအတွင်းက အာဂျင်တိုင်းနိုင်ငံတော်ကို ဖြုတ်ထုတ်ရှင်းဖို့ ပြောကြားခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးပြောတဲ့ထဲမှာ လီယွန်နယ် မက်ဆီ၊ အီကာဒီ၊ ပါရီဒက်စ်တို့လို အာဂျင်တိုင်းသားတွေအပြင် စပိန်သား ဟာရဲရားနဲ့ ကော်စတာ ရီကာဂိုးသမား ကေလာ နားဗက်စ်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီရဲ့ အဆင့်အတန်းဟာ ပီအက်စ်ဂျီအသင်းမှာ ထိလို့မရတဲ့အနေအထားရှိနေပေမယ့်လည်း အခြားကစားသမားတွေကတော့ သိပ်မကြာခင်မှာ ကိုယ့်ဖျာကိုယ်လိပ်ပြီး ပဲရစ်ကနေ ထွက်သွားဖို့ နည်းလမ်းရှာကောင်း ရှာရတော့မှာဖြစ်ပါတယ်။

ဒီမာရီယာဟာ ယခုနွေရာသီမှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးဖြစ်သလို အီကာဒီနဲ့ ပါရီဒက်စ်တို့ကလည်း အသင်းသစ် ရှာဖွေနေကြတယ်လို့ ယူဆရပြီး ဟာရဲရားနဲ့ နားဗက်စ်တို့ကိုလည်း ပီအက်စ်ဂျီအသင်းက နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ရောင်းထုတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

အာဂျင်တိုင်း နိုင်ငံတော်ကို ဖြုတ်ထုတ်ရှင်းဖို့ စတင်ပြောကြားခဲ့တာဟာ နည်းပြ ပိုချက်တီနို နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရချိန်မှာ စတင်ခဲ့တာဖြစ်ပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ အာဂျင်တီးနားလူမျိုးနည်းပြရဲ့နေရာမှာ ပြင်သစ်လူမျိုးနည်းပြ ဂဲလ်တီယာကို အစားထိုးခန့်အပ်စေချင်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

အမ်ဘာပေဟာ လီယိုနာဒိုရဲ့ ဘောလုံးဒါရိုက်တာ ရာထူးကနေ ထွက်ခွာမှုမှာလည်း ပါဝင်ခဲ့တယ်လို့ ပြောဆိုမှုတွေ ရှိနေပြီး ပြင်သစ်တိုက်စစ်မှူးဟာ သီယေဂို ဆေးလ်ဗားနဲ့ ဒန်နီ အဲဗက်စ်တို့ ထွက်ခွာမှုအပြီး အသင်းမှာ ကိုယ့်လက်ကိုယ့်ခြေ လုပ်ချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အမ်ဘာပေဟာ နည်းပြသစ် ဂဲလ်တီယာ ရောက်ရှိလာပြီးနောက် ပြင်သစ်သား ပိုများတဲ့ အဝတ်လဲခန်းဖြစ်လာဖို့အတွက် တောင်းဆိုခဲ့ပြီး အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ နော်ဒီ မူခေလေနဲ့ တိုက်စစ်မှူး ဟူဂို အက်ခီတိုက်ခ်တို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကွင်းပြင်ပက ပွတ်တိုက်မှုတွေရှိနေချိန်မှာ ပြီးခဲ့တဲ့အပတ်က မောင့်ပယ်လီယေးနဲ့ ပွဲစဉ်မှာလည်း ကွင်းအတွင်းမှာပါ အားပြိုင်မှုတွေ ရှိခဲ့တာဖြစ်ပြီး နည်းပြ ဂဲလ်တီယာအနေနဲ့ အမ်ဘာပေနဲ့ နေမာတို့ကြား ငြိမ်းချမ်းရေး ရစေချင်ပေမယ့်လည်း အကိုင်အတွယ် မတတ်ရင် နည်းပြရာထူးပါ ဆုံးရှုံးရနိုင်တဲ့အနေအထားဖြစ်နေတာကြောင့် ထိုင်ကြည့်နေရတာ ဖြစ်ပါတယ်။

ဂဲလ်တီယာရဲ့ လုပ်ပိုင်ခွင့်က ဘယ်လောက်တောင် နည်းပါးလဲဆိုရင်တယ်ဆိုတာကို တိုက်စစ်ဆင်ချိန်မှာ ပြင်သစ်တိုက်စစ်မှူး ပြေးတာရပ်တန့်လိုက်ပေမယ့် လူစားလဲဖို့ ဝေးစွ၊ ခေါ်ယူသတိပေးမှုတောင် မပြုလုပ်ရဲတာက သက်သေခံနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ခီလီယန္ အမ္ဘာေပဟာ အာဂ်င္တိုင္းႏိုင္ငံေတာ္ကို ျဖဳတ္ထုတ္ရွင္းလုပ္ဖို႔ ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူေတြကို အမိန႔္ေပးခဲ့ၿပီး အသင္းမွာ ေခါင္းေဆာင္လုပ္ခ်င္တဲ့ ဆႏၵကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

UOL Esporte ရဲ႕ ေဖာ္ျပခ်က္အရ အမ္ဘာေပနဲ႔ ပီအက္စ္ဂ်ီအသင္းလူစာရင္းထဲက နာမည္ႀကီး ကစားသမားအခ်ိဳ႕ၾကားမွာ တင္းမာမႈေတြ ႀကီးထြားလာေနတယ္လို႔ သိရၿပီး ျပင္သစ္တိုက္စစ္မႉးဟာ အဝတ္လဲခန္းအတြင္းက အသင္းေဖာ္ေတြဆီကေန ‘ေထာင့္မက်ိဳးသူ’၊ ‘သည္းမခံႏိုင္ေတာ့ဘူး’လို႔ အသံေတြ ထြက္လာေစခဲ့တယ္လို႔လည္း ေဖာ္ျပခဲ့ပါတယ္။

အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းဥကၠဌ နက္ဆာ အယ္လ္-ခါေလဖီကို အသင္းအတြင္းက အာဂ်င္တိုင္းႏိုင္ငံေတာ္ကို ျဖဳတ္ထုတ္ရွင္းဖို႔ ေျပာၾကားခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးေျပာတဲ့ထဲမွာ လီယြန္နယ္ မက္ဆီ၊ အီကာဒီ၊ ပါရီဒက္စ္တို႔လို အာဂ်င္တိုင္းသားေတြအျပင္ စပိန္သား ဟာရဲရားနဲ႔ ေကာ္စတာ ရီကာဂိုးသမား ေကလာ နားဗက္စ္တို႔လည္း ပါဝင္တယ္လို႔ သိရပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ အဆင့္အတန္းဟာ ပီအက္စ္ဂ်ီအသင္းမွာ ထိလို႔မရတဲ့အေနအထားရွိေနေပမယ့္လည္း အျခားကစားသမားေတြကေတာ့ သိပ္မၾကာခင္မွာ ကိုယ့္ဖ်ာကိုယ္လိပ္ၿပီး ပဲရစ္ကေန ထြက္သြားဖို႔ နည္းလမ္းရွာေကာင္း ရွာရေတာ့မွာျဖစ္ပါတယ္။

ဒီမာရီယာဟာ ယခုေႏြရာသီမွာ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီးျဖစ္သလို အီကာဒီနဲ႔ ပါရီဒက္စ္တို႔ကလည္း အသင္းသစ္ ရွာေဖြေနၾကတယ္လို႔ ယူဆရၿပီး ဟာရဲရားနဲ႔ နားဗက္စ္တို႔ကိုလည္း ပီအက္စ္ဂ်ီအသင္းက ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ ေရာင္းထုတ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။

အာဂ်င္တိုင္း ႏိုင္ငံေတာ္ကို ျဖဳတ္ထုတ္ရွင္းဖို႔ စတင္ေျပာၾကားခဲ့တာဟာ နည္းျပ ပိုခ်က္တီႏို နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရခ်ိန္မွာ စတင္ခဲ့တာျဖစ္ၿပီး သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ အမ္ဘာေပဟာ အာဂ်င္တီးနားလူမ်ိဳးနည္းျပရဲ႕ေနရာမွာ ျပင္သစ္လူမ်ိဳးနည္းျပ ဂဲလ္တီယာကို အစားထိုးခန႔္အပ္ေစခ်င္တယ္လို႔ ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

အမ္ဘာေပဟာ လီယိုနာဒိုရဲ႕ ေဘာလုံးဒါ႐ိုက္တာ ရာထူးကေန ထြက္ခြာမႈမွာလည္း ပါဝင္ခဲ့တယ္လို႔ ေျပာဆိုမႈေတြ ရွိေနၿပီး ျပင္သစ္တိုက္စစ္မႉးဟာ သီေယဂို ေဆးလ္ဗားနဲ႔ ဒန္နီ အဲဗက္စ္တို႔ ထြက္ခြာမႈအၿပီး အသင္းမွာ ကိုယ့္လက္ကိုယ့္ေျခ လုပ္ခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အမ္ဘာေပဟာ နည္းျပသစ္ ဂဲလ္တီယာ ေရာက္ရွိလာၿပီးေနာက္ ျပင္သစ္သား ပိုမ်ားတဲ့ အဝတ္လဲခန္းျဖစ္လာဖို႔အတြက္ ေတာင္းဆိုခဲ့ၿပီး အဲဒါေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ ေနာ္ဒီ မူေခေလနဲ႔ တိုက္စစ္မႉး ဟူဂို အက္ခီတိုက္ခ္တို႔ကို ေခၚယူခဲ့တာျဖစ္ပါတယ္။

ကြင္းျပင္ပက ပြတ္တိုက္မႈေတြရွိေနခ်ိန္မွာ ၿပီးခဲ့တဲ့အပတ္က ေမာင့္ပယ္လီေယးနဲ႔ ပြဲစဥ္မွာလည္း ကြင္းအတြင္းမွာပါ အားၿပိဳင္မႈေတြ ရွိခဲ့တာျဖစ္ၿပီး နည္းျပ ဂဲလ္တီယာအေနနဲ႔ အမ္ဘာေပနဲ႔ ေနမာတို႔ၾကား ၿငိမ္းခ်မ္းေရး ရေစခ်င္ေပမယ့္လည္း အကိုင္အတြယ္ မတတ္ရင္ နည္းျပရာထူးပါ ဆုံးရႈံးရႏိုင္တဲ့အေနအထားျဖစ္ေနတာေၾကာင့္ ထိုင္ၾကည့္ေနရတာ ျဖစ္ပါတယ္။

ဂဲလ္တီယာရဲ႕ လုပ္ပိုင္ခြင့္က ဘယ္ေလာက္ေတာင္ နည္းပါးလဲဆိုရင္တယ္ဆိုတာကို တိုက္စစ္ဆင္ခ်ိန္မွာ ျပင္သစ္တိုက္စစ္မႉး ေျပးတာရပ္တန႔္လိုက္ေပမယ့္ လူစားလဲဖို႔ ေဝးစြ၊ ေခၚယူသတိေပးမႈေတာင္ မျပဳလုပ္ရဲတာက သက္ေသခံေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.