Ligue1 Match Report

အမ်ဘာပေ စံချိန်တင်ပြီး မက်ဆီ၊ နေမာတို့နဲ့ ပြေလည်ခဲ့လို့ လီလ်ကို ၇ ဂိုးသွင်းတဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ဆာဂျီယို ရာမို့စ်နဲ့ ကင်ပမ်ဘီတို့ကို ထားခဲ့ပြီး ကွင်းလယ်မှာ ဗာရက်တီ၊ ဗီတင်ညာ၊ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ကို နည်းပြ ဂါလ်တီယေးက အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် လီလ်တို့ကတော့ ဂိုးသမား လီယို ဂျာဒင်မ်၊ ခံစစ်မှာ ဂျိုဆေး ဖွန်တေ၊ ရီဘေရို၊ ဒီယာခီတေးနဲ့ အစ္စမေလီတို့ကို ပွဲထွက်စေခဲ့သလို ကွင်းလယ်မှာတော့ အွန်ဒရေ၊ အိန်ဂျယ်လ် ဂိုမက်ဇ်နဲ့ ယာဇီချီတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဂွတ်ဒ်မွန်ဆန်၊ ဘမ်ဘာနဲ့ ဒေးဗစ်တို့ကို နည်းပြ ဖွန်ဆီကာက သုံးစွဲခဲ့တာပါ။

အဝေးကွင်းမှာ ပွဲချိန် ၁ မိနစ်ကတည်းက ပီအက်စ်ဂျီတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နေမာနဲ့ ဗာရက်တီတို့ တို့ပေးခဲ့တဲ့ စပေးဘောကို ရရှိခဲ့တဲ့ မက်ဆီက လီလ်ခံစစ်သမားတွေကို ကျော်တင်ပေးလိုက်ရာမှာ အထောင်တိုက်စစ်နေရာက အမ်ဘာပေက ပြေးလိုက်ပြီး ဧရိယာထိပ်အရောက်မှာ ဂိုးသမားကို ကျော်သွင်းယူခဲ့ချိန်မှာ အချိန် ၈ စက္ကန့်သာရှိသေးလို့ ၁၉၉၂ က အမြန်ဆုံးဂိုး စံချိန်ဟောင်းကို လိုက်မီနိုင်ခဲ့အပြီးမှာ မက်ဆီကို ပြေးဖက်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်လီလ်တို့အနေနဲ့ ကွင်းလယ်အဖျက်တွေ ထင်သလောက် အားမကောင်းတဲ့ ပီအက်စ်ဂျီတို့ကို ပြန်လည်ထိုးဖောက်နိုင်ခဲ့ပေမယ့် ဂိုးသမား ဒွန်နာရမ်မာ နေရာယူမှန်မှန်နဲ့ ကာကွယ်နိုင်ခဲ့ပြီး တိုက်စစ်မှာတော့ ပြဿနာဖြစ်ခဲ့ကြတဲ့ သုံးယောက်အနေနဲ့ အချင်းချင်း ဖန်တီးပေးပို့မှုတွေ လုပ်နေတာကို ကြည့်ရရင် ပြေလည်သွားကြပြီလို့ ယူဆနိုင်ခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်တောက်လျှောက် ဘောလုံးဆွဲလာခဲ့တဲ့ မက်ဆီက ဘယ်ခြမ်းက နူနို မန်ဒက်စ်ဆီ ဘောလုံးခင်းပေးခဲ့ရာမှာ ပေါ်တူဂီသားလေးရဲ့ နောက်ပြန်ချိုးပေးတဲ့ Cut Back ကို အာဂျင်တိုင်းသားကြီးက အေးအေးဆေးဆေးပဲ လူကြားထဲက ပိတ်သွင်းသွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာ ပီအက်စ်ဂျီတို့ တတိယ ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာတောင်ပံက ပြေးဝင်လာခဲ့တဲ့ နောက်ခံလူ ဟာကီမီက တိုက်စစ်မှူး နေမာနဲ့ ဝမ်းတူးရိုက်ပြီး လီလ်ခံစစ်ကြောင်းကို ဖောက်ထွက်ပြီးမှ ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ပဲ စတုတ္ထ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ်က ယာဇီချီ ပလာတာများပြီး ဘောလုံးပျက်ရာကနေ ရသွားခဲ့တဲ့ မက်ဆီက ခံစစ်ကြားက ခင်းပေးခဲ့ရာမှာ ဘောလုံးက လူနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာကို အနားမှာ အဆင်သင့်ရှိနေတဲ့ နေမာက Half Volley ကန်သွင်းပြီး ရယူသွားခဲ့လို့ ပထမပိုင်းမှာ လေးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပထမပိုင်းမှာ လီလ်တို့ရဲ့ ကလေးထရိန်နင်ဆင်းတဲ့ အကွက်နဲ့ ဂိုးပေါက်တည့်မှုတွေကို ဂိုးသမား ဒွန်နာရမ်မာက ၅ ကြိမ်ထက်မနည်း ကာကွယ်သွားနိုင်ခဲ့တာကို တွေ့ခဲ့ရပြီး ဒုတိယပိုင်း ပွဲချိန် ၅၂ မိနစ်မှာတော့ ဟာကီမီ လုယူပြီး ချိုးပေးတဲ့ ဘောလုံးကို အမ်ဘာပေက မကန်ဘဲ ခြေယောင်ပြပြီး လွှတ်ပေးခဲ့တာကို ဘယ်ခြမ်းမှာ ရှိနေတဲ့ နေမာက အဝေးတိုင်ဘက်ကို အနိမ့်ဘာ ကန်သွင်းယူခဲ့လို့ ပီအက်စ်ဂျီတို့ ပဉ္စမဂိုး ရရှိခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ မျက်နှာပျက်လွန်းမက ပျက်နေတဲ့ အိမ်ရှင် လီလ်တို့အတွက် အရှက်ပြေ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပြီး ဘယ်တောင်ပံကနေ နောက်ခံလူ အစ္စမေလီ ချိုးပေးတာကို တိုက်စစ်မှူး ဘမ်ဘာက ပိတ်သွင်းရာမှာ ဒွန်နာရမ်မာ ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ရှင်းထုတ်ဖို့ လေးနေတဲ့ အသင်းခေါင်းဆောင် မားကင်ညို့စ်ရဲ့ ညံ့ဖျင်းမှုကြောင့် ဘမ်ဘာကပဲ ထပ်မံပိတ်သွင်းယူသွားခဲ့လို့ Clean Sheet လိုချင်နေတဲ့ အီတလီဂိုးသမား ဒေါသကြီးခဲ့ရပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ ဗာရက်တီနဲ့ နူနို မန်ဒက်စ်တို့အစား ရီနာတို ဆန်ချက်စ်နဲ့ ဘားနတ်တို့ ဝင်ကစားခဲ့ကြပြီး ပွဲချိန် ၆၆ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ဆဌမဂိုး ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ အမ်ဘာပေက နေမာကို ပေးပြီး နေမာ ပေးတဲ့ ဘောလုံးကို ရယူဖို့ ကွင်းလယ်ကနေ ဂိုးဧရိယာထိပ်အထိ ပေါက်ကွဲအားနဲ့ ပြေးဝင်ပြီးမှ ဘယ်ခြေနဲ့ ကန်သွင်းယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ပီအက်စ်ဂျီတို့ဘက်က ဗီတင်ညာ၊ ဆာဂျီယို ရာမို့စ်နဲ့ ဟာကီမီတို့အစား ပါရေးဒက်စ်၊ ဒါနီလို ပါရဲရားနဲ့ မူကီလီတို့ကို လဲကစားသွားခဲ့သလို ပွဲချိန် ၈၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ နေမာ တင်ပေးတာကို အမ်ဘာပေက ဘယ်ခြမ်းကနေ အတွင်းကို တစ်ချက်ခေါက်ပြီး အဝေးတိုင်ကို ကန်မလိုလိုနဲ့ အနီးတိုင်ဘက်ကို အပြင်းကန်သွင်းခဲ့ရာမှာ ခုနစ်ဂိုး-တစ်ဂိုးဖြစ်သွားခဲ့ပါတယ်။

အမ်ဘာပေ စတင်ပြီး အမ်ဘာပေရဲ့ ဟက်ထရစ်နဲ့ အဆုံးသတ်ခဲ့တဲ့ ဒီနေ့ပွဲမှာတော့ အဆင်မပြေတော့ဘူးလို့ သတင်းထွက်နေခဲ့တဲ့ တိုက်စစ်မှူး သုံးယောက်ရဲ့ နားလည်မှုနဲ့ ပေါင်းစည်းမှုကို တွေ့မြင်ခဲ့ရသလို စုစည်းမှုနဲ့အတူ မက်ဆီရော နေမာပါ ဂိုးတွေရခဲ့ချိန်မှာ ပီအက်စ်ဂျီတို့ ပြင်သစ် လိဂန် အမှတ်ပေးဇယားကို သုံးပွဲကစားအပြီး သွင်းဂိုး ၁၇ ဂိုး၊ ရမှတ် ၉ မှတ်နဲ့ ရာနှုန်းပြည့်ဦးဆောင်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ မားကင္ညိဳ႕စ္၊ ဆာဂ်ီယို ရာမို႔စ္နဲ႔ ကင္ပမ္ဘီတို႔ကို ထားခဲ့ၿပီး ကြင္းလယ္မွာ ဗာရက္တီ၊ ဗီတင္ညာ၊ ဟာကီမီနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို နည္းျပ ဂါလ္တီေယးက အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ လီလ္တို႔ကေတာ့ ဂိုးသမား လီယို ဂ်ာဒင္မ္၊ ခံစစ္မွာ ဂ်ိဳေဆး ဖြန္ေတ၊ ရီေဘ႐ို၊ ဒီယာခီေတးနဲ႔ အစၥေမလီတို႔ကို ပြဲထြက္ေစခဲ့သလို ကြင္းလယ္မွာေတာ့ အြန္ဒေရ၊ အိန္ဂ်ယ္လ္ ဂိုမက္ဇ္နဲ႔ ယာဇီခ်ီတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂြတ္ဒ္မြန္ဆန္၊ ဘမ္ဘာနဲ႔ ေဒးဗစ္တို႔ကို နည္းျပ ဖြန္ဆီကာက သုံးစြဲခဲ့တာပါ။

အေဝးကြင္းမွာ ပြဲခ်ိန္ ၁ မိနစ္ကတည္းက ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေနမာနဲ႔ ဗာရက္တီတို႔ တို႔ေပးခဲ့တဲ့ စေပးေဘာကို ရရွိခဲ့တဲ့ မက္ဆီက လီလ္ခံစစ္သမားေတြကို ေက်ာ္တင္ေပးလိုက္ရာမွာ အေထာင္တိုက္စစ္ေနရာက အမ္ဘာေပက ေျပးလိုက္ၿပီး ဧရိယာထိပ္အေရာက္မွာ ဂိုးသမားကို ေက်ာ္သြင္းယူခဲ့ခ်ိန္မွာ အခ်ိန္ ၈ စကၠန႔္သာရွိေသးလို႔ ၁၉၉၂ က အျမန္ဆုံးဂိုး စံခ်ိန္ေဟာင္းကို လိုက္မီႏိုင္ခဲ့အၿပီးမွာ မက္ဆီကို ေျပးဖက္ၿပီး ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္လီလ္တို႔အေနနဲ႔ ကြင္းလယ္အဖ်က္ေတြ ထင္သေလာက္ အားမေကာင္းတဲ့ ပီအက္စ္ဂ်ီတို႔ကို ျပန္လည္ထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ ဂိုးသမား ဒြန္နာရမ္မာ ေနရာယူမွန္မွန္နဲ႔ ကာကြယ္ႏိုင္ခဲ့ၿပီး တိုက္စစ္မွာေတာ့ ျပႆနာျဖစ္ခဲ့ၾကတဲ့ သုံးေယာက္အေနနဲ႔ အခ်င္းခ်င္း ဖန္တီးေပးပို႔မႈေတြ လုပ္ေနတာကို ၾကည့္ရရင္ ေျပလည္သြားၾကၿပီလို႔ ယူဆႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ဒုတိယ ဦးေဆာင္ဂိုး ရရွိခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ကြင္းလယ္ေတာက္ေလွ်ာက္ ေဘာလုံးဆြဲလာခဲ့တဲ့ မက္ဆီက ဘယ္ျခမ္းက ႏူႏို မန္ဒက္စ္ဆီ ေဘာလုံးခင္းေပးခဲ့ရာမွာ ေပၚတူဂီသားေလးရဲ႕ ေနာက္ျပန္ခ်ိဳးေပးတဲ့ Cut Back ကို အာဂ်င္တိုင္းသားႀကီးက ေအးေအးေဆးေဆးပဲ လူၾကားထဲက ပိတ္သြင္းသြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာ ပီအက္စ္ဂ်ီတို႔ တတိယ ဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေတာင္ပံက ေျပးဝင္လာခဲ့တဲ့ ေနာက္ခံလူ ဟာကီမီက တိုက္စစ္မႉး ေနမာနဲ႔ ဝမ္းတူး႐ိုက္ၿပီး လီလ္ခံစစ္ေၾကာင္းကို ေဖာက္ထြက္ၿပီးမွ ဂိုးသမားနဲ႔ တစ္ဦးခ်င္း အေတြ႕မွာ အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ပဲ စတုတၳ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ကြင္းလယ္က ယာဇီခ်ီ ပလာတာမ်ားၿပီး ေဘာလုံးပ်က္ရာကေန ရသြားခဲ့တဲ့ မက္ဆီက ခံစစ္ၾကားက ခင္းေပးခဲ့ရာမွာ ေဘာလုံးက လူနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့တာကို အနားမွာ အဆင္သင့္ရွိေနတဲ့ ေနမာက Half Volley ကန္သြင္းၿပီး ရယူသြားခဲ့လို႔ ပထမပိုင္းမွာ ေလးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပထမပိုင္းမွာ လီလ္တို႔ရဲ႕ ကေလးထရိန္နင္ဆင္းတဲ့ အကြက္နဲ႔ ဂိုးေပါက္တည့္မႈေတြကို ဂိုးသမား ဒြန္နာရမ္မာက ၅ ႀကိမ္ထက္မနည္း ကာကြယ္သြားႏိုင္ခဲ့တာကို ေတြ႕ခဲ့ရၿပီး ဒုတိယပိုင္း ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဟာကီမီ လုယူၿပီး ခ်ိဳးေပးတဲ့ ေဘာလုံးကို အမ္ဘာေပက မကန္ဘဲ ေျခေယာင္ျပၿပီး လႊတ္ေပးခဲ့တာကို ဘယ္ျခမ္းမွာ ရွိေနတဲ့ ေနမာက အေဝးတိုင္ဘက္ကို အနိမ့္ဘာ ကန္သြင္းယူခဲ့လို႔ ပီအက္စ္ဂ်ီတို႔ ပၪၥမဂိုး ရရွိခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ မ်က္ႏွာပ်က္လြန္းမက ပ်က္ေနတဲ့ အိမ္ရွင္ လီလ္တို႔အတြက္ အရွက္ေျပ ေခ်ပဂိုးတစ္ဂိုး ျပန္ရခဲ့ၿပီး ဘယ္ေတာင္ပံကေန ေနာက္ခံလူ အစၥေမလီ ခ်ိဳးေပးတာကို တိုက္စစ္မႉး ဘမ္ဘာက ပိတ္သြင္းရာမွာ ဒြန္နာရမ္မာ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ရွင္းထုတ္ဖို႔ ေလးေနတဲ့ အသင္းေခါင္းေဆာင္ မားကင္ညိဳ႕စ္ရဲ႕ ညံ့ဖ်င္းမႈေၾကာင့္ ဘမ္ဘာကပဲ ထပ္မံပိတ္သြင္းယူသြားခဲ့လို႔ Clean Sheet လိုခ်င္ေနတဲ့ အီတလီဂိုးသမား ေဒါသႀကီးခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ဗာရက္တီနဲ႔ ႏူႏို မန္ဒက္စ္တို႔အစား ရီနာတို ဆန္ခ်က္စ္နဲ႔ ဘားနတ္တို႔ ဝင္ကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ဆဌမဂိုး ရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန အမ္ဘာေပက ေနမာကို ေပးၿပီး ေနမာ ေပးတဲ့ ေဘာလုံးကို ရယူဖို႔ ကြင္းလယ္ကေန ဂိုးဧရိယာထိပ္အထိ ေပါက္ကြဲအားနဲ႔ ေျပးဝင္ၿပီးမွ ဘယ္ေျခနဲ႔ ကန္သြင္းယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ပီအက္စ္ဂ်ီတို႔ဘက္က ဗီတင္ညာ၊ ဆာဂ်ီယို ရာမို႔စ္နဲ႔ ဟာကီမီတို႔အစား ပါေရးဒက္စ္၊ ဒါနီလို ပါရဲရားနဲ႔ မူကီလီတို႔ကို လဲကစားသြားခဲ့သလို ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေနမာ တင္ေပးတာကို အမ္ဘာေပက ဘယ္ျခမ္းကေန အတြင္းကို တစ္ခ်က္ေခါက္ၿပီး အေဝးတိုင္ကို ကန္မလိုလိုနဲ႔ အနီးတိုင္ဘက္ကို အျပင္းကန္သြင္းခဲ့ရာမွာ ခုနစ္ဂိုး-တစ္ဂိုးျဖစ္သြားခဲ့ပါတယ္။

အမ္ဘာေပ စတင္ၿပီး အမ္ဘာေပရဲ႕ ဟက္ထရစ္နဲ႔ အဆုံးသတ္ခဲ့တဲ့ ဒီေန႔ပြဲမွာေတာ့ အဆင္မေျပေတာ့ဘူးလို႔ သတင္းထြက္ေနခဲ့တဲ့ တိုက္စစ္မႉး သုံးေယာက္ရဲ႕ နားလည္မႈနဲ႔ ေပါင္းစည္းမႈကို ေတြ႕ျမင္ခဲ့ရသလို စုစည္းမႈနဲ႔အတူ မက္ဆီေရာ ေနမာပါ ဂိုးေတြရခဲ့ခ်ိန္မွာ ပီအက္စ္ဂ်ီတို႔ ျပင္သစ္ လိဂန္ အမွတ္ေပးဇယားကို သုံးပြဲကစားအၿပီး သြင္းဂိုး ၁၇ ဂိုး၊ ရမွတ္ ၉ မွတ္နဲ႔ ရာႏႈန္းျပည့္ဦးေဆာင္ထားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.