Premier League

၁၄.၂.၂၀၂၀ အတြက္ မန္ခ်က္စတာစီးတီးအသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ခ်န္ပီယံလိဂ္ရွဳံးထြက္အဆင့္မွာ ရီးရဲလ္မက္ဒရစ္ကို အႏိုင္မရခဲ့ရင္ မန္စီးတီးနည္းျပတာ၀န္ကေန သူ ထုတ္ပယ္ခံရႏိုင္တယ္လို႔ ဂြာဒီယိုလာက ၀န္ခံလိုက္ပါတယ္။ ဂြာဒီယိုလာလက္ထက္မွာ မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ထက္ ပိုမေရာက္ဖူးေၾကာင္းလည္း သိရပါတယ္။

– အေျပာင္းအေရႊ႕ေစ်းကြက္ ေပါက္ေစ်းေတြအရ လက္ရွိ မန္ခ်က္စတာစီးတီးကစားသမားေတြရဲ႕ တန္ေၾကးစုစုေပါင္းက ေပါင္ ၁.၂၈ ဘီလ်ံအထိ ရွိေနၿပီး မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြအားလံုးရဲ႕ စုစုေပါင္းတန္ေၾကးထက္ ၂ ဆ ေလာက္ပိုမ်ားေနပါတယ္။

– မန္စီးတီး၀ါရင့္ကြင္းလယ္လူ ေဒးဗစ္ ေဆးလ္ဗားက ေက်ာနံပါတ္္ ၂၁ ကို သူ ေရြးခ်ယ္ရတာဟာ ဗလန္စီယာမွာတုန္းက သူနဲ႔ ကစားေပါက္ဆင္သလို သူတကယ္ေလးစားအားက်ရတဲ့ အာဂ်င္တီးနားကြင္းလယ္လူ ပါဘလုိ အိမ္မာ ၀တ္ဆင္ခဲ့တဲ့ နံပါတ္ျဖစ္တာေၾကာင့္လို႔ ဖြင့္ဟလိုက္ပါတယ္။

– မန္စီးတီးေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္ဟာ တံေကာက္ဒဏ္ရာေၾကာင့္ နားရခ်ိန္အတြင္း ဒူဘိုင္းကို သြားၿပီး ျပန္လည္ႀကံ့ခိုင္ေရးအစီအစဥ္ေတြကို လုပ္သြားမယ္လို႔ သိရပါတယ္။ စတာလင္ဟာ တံေကာက္ေၾကာဒဏ္ရာရထားၿပီး ဒီဒဏ္ရာေၾကာင့္ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲကို ပါဝင္ဖို႔ မေသခ်ာေသးဘူးလုိ႔ ဆုိပါတယ္။

– လာမယ့္ေႏြရာသီမွာ မန္ခ်က္စတာစီးတီးခံစစ္ပုိင္းရဲ႕ ႐ုံခါမွဳမွာ ပါဝင္ႏုိင္သူတစ္ဦးျဖစ္တဲ့ အာဂ်င္တီးနားေနာက္ခံလူ နီကိုလတ္စ္ ေအာ့တာမန္ဒီအေနနဲ႔ ေရးဗားပလိတ္အသင္းကို ေျပာင္းေရႊ႕ၿပီး မိခင္ေျမမွာ ျပန္လည္ကစားဖို႔အတြက္ စိတ္အားထက္သန္ေနေၾကာင္း ေအးဂ်င့္ျဖစ္သူက ေျပာပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်မရခဲ့ရင် မန်စီးတီးနည်းပြတာဝန်ကနေ သူ ထုတ်ပယ်ခံရနိုင်တယ်လို့ ဂွာဒီယိုလာက ဝန်ခံလိုက်ပါတယ်။ ဂွာဒီယိုလာလက်ထက်မှာ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ထက် ပိုမရောက်ဖူးကြောင်းလည်း သိရပါတယ်။

– အပြောင်းအရွှေ့ဈေးကွက် ပေါက်ဈေးတွေအရ လက်ရှိ မန်ချက်စတာစီးတီးကစားသမားတွေရဲ့ တန်ကြေးစုစုပေါင်းက ပေါင် ၁.၂၈ ဘီလျံအထိ ရှိနေပြီး မန်ချက်စတာယူနိုက်တက်ကစားသမားတွေအားလုံးရဲ့ စုစုပေါင်းတန်ကြေးထက် ၂ ဆ လောက်ပိုများနေပါတယ်။

– မန်စီးတီးဝါရင့်ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားက ကျောနံပါတ် ၂၁ ကို သူ ရွေးချယ်ရတာဟာ ဗလန်စီယာမှာတုန်းက သူနဲ့ ကစားပေါက်ဆင်သလို သူတကယ်လေးစားအားကျရတဲ့ အာဂျင်တီးနားကွင်းလယ်လူ ပါဘလို အိမ်မာ ဝတ်ဆင်ခဲ့တဲ့ နံပါတ်ဖြစ်တာကြောင့်လို့ ဖွင့်ဟလိုက်ပါတယ်။

– မန်စီးတီးတောင်ပံကစားသမား ရာဟင်းမ် စတာလင်ဟာ တံကောက်ဒဏ်ရာကြောင့် နားရချိန်အတွင်း ဒူဘိုင်းကို သွားပြီး ပြန်လည်ကြံ့ခိုင်ရေးအစီအစဉ်တွေကို လုပ်သွားမယ်လို့ သိရပါတယ်။ စတာလင်ဟာ တံကောက်ကြောဒဏ်ရာရထားပြီး ဒီဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ပွဲကို ပါဝင်ဖို့ မသေချာသေးဘူးလို့ ဆိုပါတယ်။

– လာမယ့်နွေရာသီမှာ မန်ချက်စတာစီးတီးခံစစ်ပိုင်းရဲ့ ရုံခါမှုမှာ ပါဝင်နိုင်သူတစ်ဦးဖြစ်တဲ့ အာဂျင်တီးနားနောက်ခံလူ နီကိုလတ်စ် အော့တာမန်ဒီအနေနဲ့ ရေးဗားပလိတ်အသင်းကို ပြောင်းရွှေ့ပြီး မိခင်မြေမှာ ပြန်လည်ကစားဖို့အတွက် စိတ်အားထက်သန်နေကြောင်း အေးဂျင့်ဖြစ်သူက ပြောပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.