Premier League Transfer News

နစ္စတယ်ရွိုင်းဆီ ဖာဂူဆန်သွားခဲ့တဲ့ နောက်ကွယ်ကရည်ရွယ်ချက် ထွက်ပေါ်လာ

မန်ချက်စတာယူနိုက်တက်ဟာ အလားအလာများစွာရှိသူလို့ သတ်မှတ်ခံထားရတဲ့ နယ်သာလန်ကြယ်ပွင့် ကိုဒီ ဂက်ခ်ပိုကို ပေါင် ၃၄ သန်းဝန်းကျင်နဲ့ ခေါ်ယူသွားတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ပီအက်စ်ဗွီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ၄၈ ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေတာကြောင့် ပေါင် ၆၈ သန်းနဲ့ အိုင်းယက်စ်ကြယ်ပွင့် အန်သိုနီကို ကမ်းလှမ်းခဲ့မှုဟာ ငြင်းပယ်ခံခဲ့ရပြီးနောက် နောက်ထပ်ရွေးချယ်စရာအဖြစ် ဂက်ခ်ပိုကို ပစ်မှတ်ထားလာပြီလို့ The Telegraph က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်ဟက်ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ ဘရာဇီးလ်တောင်ပံကစားသမားကို ယခုနွေရာသီတလျှောက်လုံး ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး အိုင်းယက်စ်အသင်းက ၎င်းတို့ရဲ့ တန်ဖိုးအရှိဆုံး ကစားသမားကို ထွက်ခွာခွင့် မပေးချင်တာကြောင့် ပြောင်းရွှေ့ကြေးကို အဆမတန် တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဂက်ခ်ပိုဟာ အန်သိုနီထက်စာရင် ပိုမို ဈေးသက်သာတဲ့ ရွေးချယ်စရာဖြစ်မှာ သေချာပြီး အဲရစ် တန်ဟက်ဂ်ကလည်း တိုက်စစ်မှာ နေရာစုံကစားနိုင်တဲ့ နယ်သာလန် တိုက်စစ်မှူးရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်ပါတယ်။

တကယ်တော့ အိုင်းယက်စ်အသင်းက အန်သိုနီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရုတ်တရတ် စိတ်မပြောင်းခဲ့ဘူးဆိုရင် ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်ကြောင်း အသင်းကို ပြောကြားထားပြီးဖြစ်တဲ့ ဂက်ခ်ပိုကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူပြီးသား ဖြစ်နေလိမ့်မယ်လို့ The Telegraph ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပီအက်စ်ဗွီအသင်းဟာ လာမယ့် သြဂုတ်လ ၂၄ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ရိန်းဂျားစ်နဲ့ ကစားရမယ့် အရေးကြီးတဲ့ ချန်ပီယံလိဂ် Play-off ပွဲစဉ်ရှိတာကြောင့် ဒတ်ချ်ကလပ်အသင်းအနေနဲ့ အဲဒီနေ့မတိုင်ခင် ဂက်ခ်ပိုရဲ့ အပြောင်းအရွှေ့ကို ကြေညာချင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဗွီအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင်တောင်မှ ဂက်ခ်ပိုကို ရောင်းထုတ်သွားချင်နေတဲ့ ဆန္ဒရှိနေပြီး ဒတ်ချ်ကလပ်အသင်းဟာ နယ်သာလန်တိုက်စစ်မှူးအတွက် ပေါင် ၃၈.၂ သန်းဝန်းကျင် လိုချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် အဲဒီပြောင်းရွှေ့ကြေးက မန်ချက်စတာယူနိုက်တက်အတွက် ပြဿနာဖြစ်စေမှာ မဟုတ်တာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ဟာ နယ်သာလန်တိုက်စစ်မှူးနဲ့ ဆက်သွယ်မှု ပြုလုပ်ခဲ့ပြီးသားဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်မှာ ပီအက်စ်ဗွီနည်းပြ ရုဒ် ဗန် နစ္စတယ်ရွိုင်းက ဂက်ခ်ပိုရဲ့ အပြောင်းအရွှေ့ဖြစ်နိုင်ခြေရှိတာကို ငြင်းပယ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

“သူ့အနေနဲ့ ထိပ်တန်း စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့အတွက် ဆူညံသံတွေကနေ တတ်နိုင်သမျှ ဝေးဝေးနေဖို့ ကြိုးစားနေပါတယ်။ ကိုဒီက အသက် ၂၃ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဒီလို အရွယ်မှာ ဒီလိုအသံတွေ ထွက်လာတာက အမြဲတမ်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ သူက သူ့ရဲ့အလုပ်နဲ့သူ အမြဲတမ်း အလုပ်ရှုပ်နေတဲ့ သူတစ်ယောက်ပါ”

‘သူတို့တွေက သူ့ကို တကယ်သိကြပါတယ်။ လေ့ကျင့်ပေးသူတစ်ယောက်အနေနဲ့ ကျွန်တော် သူ့ကို သူလိုအပ်တဲ့အရာမှန်သမျှ ကူညီပေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူ့ဘာသာသူပဲ လုပ်ရမှာပါ။ တစ်စုံတရာ ခိုင်မာမှုရှိတဲ့အချိန်မှပဲ ကျွန်တော်တို့ အဲဒီအကြောင်း ပြောမှာပါ။ ကျွန်တော်တို့ ပီအက်စ်ဗွီကို သူဘယ်လို ကူညီပေးနိုင်မလဲဆိုတာနဲ့ ကစားသမားတစ်ယောက်အဖြစ် သူ တိုးတက်လာအောင် လုပ်ဆောင်ပေးဖို့ လုပ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ အလားအလာမ်ားစြာရွိသူလို႔ သတ္မွတ္ခံထားရတဲ့ နယ္သာလန္ၾကယ္ပြင့္ ကိုဒီ ဂက္ခ္ပိုကို ေပါင္ ၃၄ သန္းဝန္းက်င္နဲ႔ ေခၚယူသြားေတာ့မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ပီအက္စ္ဗြီတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းအတြက္ ၄၈ ပြဲ ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၁ ဂိုးအထိ သြင္းယူေပးခဲ့သူျဖစ္ၿပီး ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အသင္းေျပာင္းဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့သူျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၎တို႔ရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းခ်င္ေနတာေၾကာင့္ ေပါင္ ၆၈ သန္းနဲ႔ အိုင္းယက္စ္ၾကယ္ပြင့္ အန္သိုနီကို ကမ္းလွမ္းခဲ့မႈဟာ ျငင္းပယ္ခံခဲ့ရၿပီးေနာက္ ေနာက္ထပ္ေ႐ြးခ်ယ္စရာအျဖစ္ ဂက္ခ္ပိုကို ပစ္မွတ္ထားလာၿပီလို႔ The Telegraph က ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ တန္ဟက္ရဲ႕ ထိပ္တန္းပစ္မွတ္ျဖစ္တဲ့ ဘရာဇီးလ္ေတာင္ပံကစားသမားကို ယခုေႏြရာသီတေလွ်ာက္လုံး ေခၚယူဖို႔ ႀကိဳးပမ္းေနခဲ့တာျဖစ္ၿပီး အိုင္းယက္စ္အသင္းက ၎တို႔ရဲ႕ တန္ဖိုးအရွိဆုံး ကစားသမားကို ထြက္ခြာခြင့္ မေပးခ်င္တာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးကို အဆမတန္ တိုးျမႇင့္ခဲ့တာျဖစ္ပါတယ္။

ဂက္ခ္ပိုဟာ အန္သိုနီထက္စာရင္ ပိုမို ေဈးသက္သာတဲ့ ေ႐ြးခ်ယ္စရာျဖစ္မွာ ေသခ်ာၿပီး အဲရစ္ တန္ဟက္ဂ္ကလည္း တိုက္စစ္မွာ ေနရာစုံကစားႏိုင္တဲ့ နယ္သာလန္ တိုက္စစ္မႉးရဲ႕ အမာခံပရိသတ္တစ္ဦး ျဖစ္ပါတယ္။

တကယ္ေတာ့ အိုင္းယက္စ္အသင္းက အန္သိုနီရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္ၿပီး ႐ုတ္တရတ္ စိတ္မေျပာင္းခဲ့ဘူးဆိုရင္ ယခုေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ခ်င္ေၾကာင္း အသင္းကို ေျပာၾကားထားၿပီးျဖစ္တဲ့ ဂက္ခ္ပိုကို မန္ခ်က္စတာယူႏိုက္တက္က ေခၚယူၿပီးသား ျဖစ္ေနလိမ့္မယ္လို႔ The Telegraph ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ပီအက္စ္ဗြီအသင္းဟာ လာမယ့္ ၾသဂုတ္လ ၂၄ ရက္ေန႔ ဗုဒၶဟူးေန႔မွာ ရိန္းဂ်ားစ္နဲ႔ ကစားရမယ့္ အေရးႀကီးတဲ့ ခ်န္ပီယံလိဂ္ Play-off ပြဲစဥ္ရွိတာေၾကာင့္ ဒတ္ခ်္ကလပ္အသင္းအေနနဲ႔ အဲဒီေန႔မတိုင္ခင္ ဂက္ခ္ပိုရဲ႕ အေျပာင္းအေ႐ႊ႕ကို ေၾကညာခ်င္မွာမဟုတ္ဘူးလို႔ သိရပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဗြီအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကို တက္ေရာက္ႏိုင္ခဲ့မယ္ဆိုရင္ေတာင္မွ ဂက္ခ္ပိုကို ေရာင္းထုတ္သြားခ်င္ေနတဲ့ ဆႏၵရွိေနၿပီး ဒတ္ခ်္ကလပ္အသင္းဟာ နယ္သာလန္တိုက္စစ္မႉးအတြက္ ေပါင္ ၃၈.၂ သန္းဝန္းက်င္ လိုခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္ အဲဒီေျပာင္းေ႐ႊ႕ေၾကးက မန္ခ်က္စတာယူႏိုက္တက္အတြက္ ျပႆနာျဖစ္ေစမွာ မဟုတ္တာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ဟာ နယ္သာလန္တိုက္စစ္မႉးနဲ႔ ဆက္သြယ္မႈ ျပဳလုပ္ခဲ့ၿပီးသားျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့အပတ္မွာ ပီအက္စ္ဗြီနည္းျပ ႐ုဒ္ ဗန္ နစၥတယ္႐ြိဳင္းက ဂက္ခ္ပိုရဲ႕ အေျပာင္းအေ႐ႊ႕ျဖစ္ႏိုင္ေျခရွိတာကို ျငင္းပယ္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

“သူ႔အေနနဲ႔ ထိပ္တန္း စြမ္းေဆာင္ရည္ကို ျပသႏိုင္ဖို႔အတြက္ ဆူညံသံေတြကေန တတ္ႏိုင္သမွ် ေဝးေဝးေနဖို႔ ႀကိဳးစားေနပါတယ္။ ကိုဒီက အသက္ ၂၃ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ၿပီး ဒီလို အ႐ြယ္မွာ ဒီလိုအသံေတြ ထြက္လာတာက အၿမဲတမ္း မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ သူက သူ႔ရဲ႕အလုပ္နဲ႔သူ အၿမဲတမ္း အလုပ္ရႈပ္ေနတဲ့ သူတစ္ေယာက္ပါ”

‘သူတို႔ေတြက သူ႔ကို တကယ္သိၾကပါတယ္။ ေလ့က်င့္ေပးသူတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ သူ႔ကို သူလိုအပ္တဲ့အရာမွန္သမွ် ကူညီေပးဖို႔ ႀကိဳးစားပါတယ္။ ဒါေပမယ့္ အဆုံးမွာေတာ့ သူ႔ဘာသာသူပဲ လုပ္ရမွာပါ။ တစ္စုံတရာ ခိုင္မာမႈရွိတဲ့အခ်ိန္မွပဲ ကြၽန္ေတာ္တို႔ အဲဒီအေၾကာင္း ေျပာမွာပါ။ ကြၽန္ေတာ္တို႔ ပီအက္စ္ဗြီကို သူဘယ္လို ကူညီေပးႏိုင္မလဲဆိုတာနဲ႔ ကစားသမားတစ္ေယာက္အျဖစ္ သူ တိုးတက္လာေအာင္ လုပ္ေဆာင္ေပးဖို႔ လုပ္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.