Analysis Premier League Transfer News

အာဆင်နယ်တို့ နီကိုလာ ပေပေကို အငှားချပြီးရင် အစားထိုးသွားနိုင်မယ့်သူ ၅ ဦး

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အဝယ်မှားဖြစ်ခဲ့သလို အတိတ်က အားကစားဒါရိုက်တာ ရာအူးလ် ဆန်ယီဟီရဲ့ ပြောင်းရွှေ့ကြေးပိုပြပြီး ဖြတ်စားသွားခဲ့တယ်လို့လည်း သတင်းထွက်ခဲ့တဲ့ ယူရိုသန်း ၈၀ (ပေါင် ၇၂ သန်း)တန် တောင်ပံကစားသမား နီကိုလာ ပေပေကို ပြင်သစ်မြေကို ပြန်ပို့ဖို့ စီစဉ်နေရာမှာ အောင်မြင်မှု ရရှိဖို့များနေခဲ့ပြီဖြစ်ပါတယ်။

ဒါက အသုံးမဝင်သူတွေ လက်တစ်ဆုပ်စာလောက် ရှိနေသေးတဲ့ အာဆင်နယ်လူစာရင်းမှာ နေရာလွတ်တစ်နေရာကို လျှော့ချနိုင်တော့မယ့် အဓိပ္ပါယ်ဖြစ်သလို နောက်ထပ် အားဖြည့်မှုတွေ ပြုလုပ်နိုင်မယ့် အဓိပ္ပါယ်လည်းဖြစ်နေချိန်မှာ အသက် ၂၇ နှစ်အရွယ် အိုင်ဗရီကို့စ်တောင်ပံသမားရဲ့ နေရာကို ဖြည့်ဆည်းပေးနိုင်မယ့်သူ ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မူဆာ ဒီယာဘီ
အာဆင်နယ်က စိတ်ဝင်စားနေတဲ့ တောင်ပံသမားစာရင်းထဲမှာ ဒီကစားသမားရဲ့ Profile က စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေပါတယ်။ ပြင်သစ်လက်ရွေးစင်ဖြစ်နေသလို အသက် ၂၃ နှစ်အရွယ်ဆိုတာက ကြီးလည်းမကြီး ငယ်လည်းမငယ်ဘဲ လိုချင်တဲ့ ပုံစံကို ပုံသွင်းဖို့ အကောင်းဆုံးနဲ့ ဉာဏ်ရည်အရပါ အထောက်အကူပေးနိုင်မယ့်အချိန်ဖြစ်နေတာပါ။ လေဗာကူဆင်အသင်းကနေ ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ့် ဒီယာဘီကို ဂန်းနားပရိသတ်တွေကလည်း အလိုရှိနေကြပြီး ညာတောင်ပံရော ဘယ်တောင်ပံမှာပါ ခြေစွမ်းပြနိုင်တာကို မြင်ချင်နေကြတာဖြစ်ပါတယ်။

၂။ ယယ်ရမီ ပီနို
ဒီယာဘီနဲ့ ယှဉ်လိုက်ရင်တော့ ဘယ်လောက်မှ အစမ်းသပ်မခံရသေးတဲ့ ပီနိုအတွက် ဗီလာရီးရဲလ်ဘက်က တောင်းဆိုတဲ့ ယူရို သန်း ၅၀ (ပေါင် ၄၂ သန်း)ကို ပေးချေဖို့ဆိုတာ နည်းနည်းတော့ လက်တွန့်စရာပါပဲ။ စပိန်မြေမှာ ဒီလောက်ကြီး အမာခံကစားသမားမဖြစ်သေးသလို သွင်းဂိုးနဲ့ ဖန်တီးမှုနှုန်းက ထိပ်တန်းစာရင်းထဲ မဝင်နိုင်သေးချိန်မှာ စပိန်လက်ရွေးစင်ဖြစ်ထားခဲ့တာနဲ့ အသက် ၁၉ နှစ်ဆိုတာကသာ သူ့ရဲ့ အားသာချက်တွေဖြစ်ပါတယ်။ ဒါပေမယ့် ပီနိုရဲ့ အချက်အလက်တွေက ဘူကာယို ဆာကာကို ဦးစားပေးပြီး နောက်မှာ အရန်အဖြစ် သုံးစွဲဖို့ သင့်တော်နေလို့ ဂန်းနားတွေ အလိုရှိနေတာပါ။

၃။ လူးကပ်စ် ပါကေးတာ
အာဆင်နယ်တို့ရဲ့ အားကစားဒါရိုက်တာ အီဒူးက သူနဲ့ အဆင်ပိုပြေတဲ့ ဘရာဇီးလ်သားတွေကို ပိုချင်သလို နည်းပြ အာတီတာအတွက်လည်း သူ့ရဲ့ နည်းစနစ်တွေနဲ့ စပိန်သားတွေထက် ပိုမာသလို တူညီတဲ့ နည်းစနစ်ပိုင်း လယ်ဗယ်ရှိတဲ့ ဆမ်ဘာတွေက လက်ခံဖို့ကောင်းတဲ့ ရွေးချယ်မှုလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဂါဘရီယယ်လ် ဂျေဆူးစ်နဲ့ မာတီနယ်လီတို့က တိုက်စစ်မှာ အမာခံဖြစ်နေခဲ့ချိန်မှာ သူတို့နဲ့ ဘာမှမပြောရဘဲ နားလည်နိုင်တဲ့ လက်ရွေးစင် အသင်းဖော်ကို ရွေးချယ်တာက ကောင်းကွက်တစ်ခုဖြစ်နိုင်ပြီး သူ့အတွက်တော့ ယူရိုသန်း ၄၀ (ပေါင် ၃၃ သန်း) ပေးချေရဖို့ ရှိနေတာပါ။

၄။ ဖာဘီယို ဗီယာရာ
ဒီနွေရာသီမှာ ပါကေးတာရဲ့ ခေါ်ဈေးနဲ့ တူညီတဲ့ ဈေးနှုန်းကို ပေးခဲ့ရတဲ့ ပေါ်တူဂီသားဟာ ဘာနာဒို ဆေးလ်ဗားလက်သစ်လို့ ကျော်ကြားနေသလို ဒီအတိုင်းသာ မှန်မယ်ဆိုရင်တော့ မန်စီးတီးကစားသမားလိုပဲ တောင်ပံတွေမှာ သုံးနိုင်မှာပါ။ တိုက်စစ်မှာ False 9 အပါအဝင် တောင်ပံတွေမှာလည်း ကစားနိုင်တယ်လို့ နည်းပြ အာတီတာက ထုတ်ဖော်ထားခဲ့တဲ့ ၂၂ နှစ်သားဟာ အာဆင်နယ်တို့ရဲ့ ညာခြမ်းမှာ သူ့ရဲ့ နည်းစနစ်ပိုင်း သိနားလည်ပုံ မြင့်မားမှုနဲ့ ဘောလုံးကျွမ်းကျင်မှုကြောင့် နေရာချထားခံရနိုင်ပြီး ပေပေထွက်သွားခဲ့အပြီးမှာ သူ့အနေနဲ့ ဆာကာကို နောက်ကနေ ဖိအားပေးနိုင်ဖို့ ဖလားပွဲတွေကစပြီး ကြိုးစားလာဖွယ်ရှိပါတယ်။

၅။ မားကင်ညို့စ်
နောက်တစ်ဦးကလည်း ဗီယာရာလို အသင်းတွင်း Backup အစားထိုးမှုပဲဖြစ်ပြီး ယူ-၂၁ အသင်းမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေခဲ့တဲ့ ၁၉ နှစ်သား မားကင်ညို့စ်က ဆာကာရဲ့ Understudy အစားဝင်မယ့် အရန်ကစားသမားအဖြစ် သင်ယူရင်း ရှေ့ဆက်သွားနိုင်တာပါ။ မူလကတည်းက ဘယ်သန် ညာတောင်ပံသမားဖြစ်တဲ့ ဘရာဇီးလ်သားဟာ ဆော်ပေါ်လိုရဲ့ ထွန်းတောက်လာမယ့် ကြယ်ပွင့်အဖြစ် သတ်မှတ်ခံခဲ့ရပြီး လက်ရှိ ခြေစွမ်းပွဲတွေက ပုံစံအရ လုပ်ရဲကိုင်ရဲပေမယ့် သေသပ်မှု နည်းနေတာကိုသာ အချိန်တိုအတွင်းမှာ ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် နောက်ထပ် မာတီနယ်လီတစ်ဦးကို မြင်ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အဝယ္မွားျဖစ္ခဲ့သလို အတိတ္က အားကစားဒါ႐ိုက္တာ ရာအူးလ္ ဆန္ယီဟီရဲ႕ ေျပာင္းေ႐ႊ႕ေၾကးပိုျပၿပီး ျဖတ္စားသြားခဲ့တယ္လို႔လည္း သတင္းထြက္ခဲ့တဲ့ ယူ႐ိုသန္း ၈၀ (ေပါင္ ၇၂ သန္း)တန္ ေတာင္ပံကစားသမား နီကိုလာ ေပေပကို ျပင္သစ္ေျမကို ျပန္ပို႔ဖို႔ စီစဥ္ေနရာမွာ ေအာင္ျမင္မႈ ရရွိဖို႔မ်ားေနခဲ့ၿပီျဖစ္ပါတယ္။

ဒါက အသုံးမဝင္သူေတြ လက္တစ္ဆုပ္စာေလာက္ ရွိေနေသးတဲ့ အာဆင္နယ္လူစာရင္းမွာ ေနရာလြတ္တစ္ေနရာကို ေလွ်ာ့ခ်ႏိုင္ေတာ့မယ့္ အဓိပၸါယ္ျဖစ္သလို ေနာက္ထပ္ အားျဖည့္မႈေတြ ျပဳလုပ္ႏိုင္မယ့္ အဓိပၸါယ္လည္းျဖစ္ေနခ်ိန္မွာ အသက္ ၂၇ ႏွစ္အ႐ြယ္ အိုင္ဗရီကို႔စ္ေတာင္ပံသမားရဲ႕ ေနရာကို ျဖည့္ဆည္းေပးႏိုင္မယ့္သူ ၅ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ မူဆာ ဒီယာဘီ
အာဆင္နယ္က စိတ္ဝင္စားေနတဲ့ ေတာင္ပံသမားစာရင္းထဲမွာ ဒီကစားသမားရဲ႕ Profile က စိတ္ဝင္စားစရာအေကာင္းဆုံးျဖစ္ေနပါတယ္။ ျပင္သစ္လက္ေ႐ြးစင္ျဖစ္ေနသလို အသက္ ၂၃ ႏွစ္အ႐ြယ္ဆိုတာက ႀကီးလည္းမႀကီး ငယ္လည္းမငယ္ဘဲ လိုခ်င္တဲ့ ပုံစံကို ပုံသြင္းဖို႔ အေကာင္းဆုံးနဲ႔ ဉာဏ္ရည္အရပါ အေထာက္အကူေပးႏိုင္မယ့္အခ်ိန္ျဖစ္ေနတာပါ။ ေလဗာကူဆင္အသင္းကေန ေပါင္သန္း ၆၀ ဝန္းက်င္နဲ႔ ေခၚယူႏိုင္မယ့္ ဒီယာဘီကို ဂန္းနားပရိသတ္ေတြကလည္း အလိုရွိေနၾကၿပီး ညာေတာင္ပံေရာ ဘယ္ေတာင္ပံမွာပါ ေျခစြမ္းျပႏိုင္တာကို ျမင္ခ်င္ေနၾကတာျဖစ္ပါတယ္။

၂။ ယယ္ရမီ ပီႏို
ဒီယာဘီနဲ႔ ယွဥ္လိုက္ရင္ေတာ့ ဘယ္ေလာက္မွ အစမ္းသပ္မခံရေသးတဲ့ ပီႏိုအတြက္ ဗီလာရီးရဲလ္ဘက္က ေတာင္းဆိုတဲ့ ယူ႐ို သန္း ၅၀ (ေပါင္ ၄၂ သန္း)ကို ေပးေခ်ဖို႔ဆိုတာ နည္းနည္းေတာ့ လက္တြန႔္စရာပါပဲ။ စပိန္ေျမမွာ ဒီေလာက္ႀကီး အမာခံကစားသမားမျဖစ္ေသးသလို သြင္းဂိုးနဲ႔ ဖန္တီးမႈႏႈန္းက ထိပ္တန္းစာရင္းထဲ မဝင္ႏိုင္ေသးခ်ိန္မွာ စပိန္လက္ေ႐ြးစင္ျဖစ္ထားခဲ့တာနဲ႔ အသက္ ၁၉ ႏွစ္ဆိုတာကသာ သူ႔ရဲ႕ အားသာခ်က္ေတြျဖစ္ပါတယ္။ ဒါေပမယ့္ ပီႏိုရဲ႕ အခ်က္အလက္ေတြက ဘူကာယို ဆာကာကို ဦးစားေပးၿပီး ေနာက္မွာ အရန္အျဖစ္ သုံးစြဲဖို႔ သင့္ေတာ္ေနလို႔ ဂန္းနားေတြ အလိုရွိေနတာပါ။

၃။ လူးကပ္စ္ ပါေကးတာ
အာဆင္နယ္တို႔ရဲ႕ အားကစားဒါ႐ိုက္တာ အီဒူးက သူနဲ႔ အဆင္ပိုေျပတဲ့ ဘရာဇီးလ္သားေတြကို ပိုခ်င္သလို နည္းျပ အာတီတာအတြက္လည္း သူ႔ရဲ႕ နည္းစနစ္ေတြနဲ႔ စပိန္သားေတြထက္ ပိုမာသလို တူညီတဲ့ နည္းစနစ္ပိုင္း လယ္ဗယ္ရွိတဲ့ ဆမ္ဘာေတြက လက္ခံဖို႔ေကာင္းတဲ့ ေ႐ြးခ်ယ္မႈလည္းျဖစ္ပါတယ္။ လက္ရွိမွာ ဂါဘရီယယ္လ္ ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔က တိုက္စစ္မွာ အမာခံျဖစ္ေနခဲ့ခ်ိန္မွာ သူတို႔နဲ႔ ဘာမွမေျပာရဘဲ နားလည္ႏိုင္တဲ့ လက္ေ႐ြးစင္ အသင္းေဖာ္ကို ေ႐ြးခ်ယ္တာက ေကာင္းကြက္တစ္ခုျဖစ္ႏိုင္ၿပီး သူ႔အတြက္ေတာ့ ယူ႐ိုသန္း ၄၀ (ေပါင္ ၃၃ သန္း) ေပးေခ်ရဖို႔ ရွိေနတာပါ။

၄။ ဖာဘီယို ဗီယာရာ
ဒီေႏြရာသီမွာ ပါေကးတာရဲ႕ ေခၚေဈးနဲ႔ တူညီတဲ့ ေဈးႏႈန္းကို ေပးခဲ့ရတဲ့ ေပၚတူဂီသားဟာ ဘာနာဒို ေဆးလ္ဗားလက္သစ္လို႔ ေက်ာ္ၾကားေနသလို ဒီအတိုင္းသာ မွန္မယ္ဆိုရင္ေတာ့ မန္စီးတီးကစားသမားလိုပဲ ေတာင္ပံေတြမွာ သုံးႏိုင္မွာပါ။ တိုက္စစ္မွာ False 9 အပါအဝင္ ေတာင္ပံေတြမွာလည္း ကစားႏိုင္တယ္လို႔ နည္းျပ အာတီတာက ထုတ္ေဖာ္ထားခဲ့တဲ့ ၂၂ ႏွစ္သားဟာ အာဆင္နယ္တို႔ရဲ႕ ညာျခမ္းမွာ သူ႔ရဲ႕ နည္းစနစ္ပိုင္း သိနားလည္ပုံ ျမင့္မားမႈနဲ႔ ေဘာလုံးကြၽမ္းက်င္မႈေၾကာင့္ ေနရာခ်ထားခံရႏိုင္ၿပီး ေပေပထြက္သြားခဲ့အၿပီးမွာ သူ႔အေနနဲ႔ ဆာကာကို ေနာက္ကေန ဖိအားေပးႏိုင္ဖို႔ ဖလားပြဲေတြကစၿပီး ႀကိဳးစားလာဖြယ္ရွိပါတယ္။

၅။ မားကင္ညိဳ႕စ္
ေနာက္တစ္ဦးကလည္း ဗီယာရာလို အသင္းတြင္း Backup အစားထိုးမႈပဲျဖစ္ၿပီး ယူ-၂၁ အသင္းမွာ ေျခစြမ္းျပ ဂိုးေတြ သြင္းယူေနခဲ့တဲ့ ၁၉ ႏွစ္သား မားကင္ညိဳ႕စ္က ဆာကာရဲ႕ Understudy အစားဝင္မယ့္ အရန္ကစားသမားအျဖစ္ သင္ယူရင္း ေရွ႕ဆက္သြားႏိုင္တာပါ။ မူလကတည္းက ဘယ္သန္ ညာေတာင္ပံသမားျဖစ္တဲ့ ဘရာဇီးလ္သားဟာ ေဆာ္ေပၚလိုရဲ႕ ထြန္းေတာက္လာမယ့္ ၾကယ္ပြင့္အျဖစ္ သတ္မွတ္ခံခဲ့ရၿပီး လက္ရွိ ေျခစြမ္းပြဲေတြက ပုံစံအရ လုပ္ရဲကိုင္ရဲေပမယ့္ ေသသပ္မႈ နည္းေနတာကိုသာ အခ်ိန္တိုအတြင္းမွာ ျပင္ဆင္ႏိုင္ခဲ့မယ္ဆိုရင္ ေနာက္ထပ္ မာတီနယ္လီတစ္ဦးကို ျမင္ရဖြယ္ရွိေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.