La Liga Premier League

ကက်စမီရိုအတွက် စိတ်မကောင်းခြင်းကြီးစွာ နှုတ်ဆက်စာရေးခဲ့တဲ့ မိုဒရစ်နဲ့ ခရူးစ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ လူကာ မိုဒရစ်နဲ့ တိုနီ ခရူးစ်တို့ဟာ မကြာခင်မှာ အသင်းဖော်ဟောင်း ဖြစ်လာတော့မယ့် ကက်စမီရိုအတွက် ဝမ်းနည်းဖွယ် နှုတ်ဆက်စကား ရေးသားပေးပို့ခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကက်စမီရိုကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သောကြာနေ့ညမှာ အတည်ပြုခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ဟာ ပုဂ္ဂိုလ်ရေးအချက်သဘောတူညီမှု၊ ယူကေဗီဇာနဲ့ ဆေးစစ်မှုတွေ ပြီးပြတ်တာနဲ့ အပြီးသတ်တော့မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ ၎င်းတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ပေါ်မှာ ကက်စမီရို အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာမှာကို ကြိုဆိုဖို့ စောင့်မျှော်နေကြောင်း ထုတ်ပြန်ကြေညာချက် ထုတ်ခဲ့ပါတယ်။ ကက်စမီရိုရဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၉.၅ သန်းအပြင် ထပ်ဆောင်းပေးချေမှု ပေါင် ၈.၅ သန်းနဲ့ အပြောင်းအရွှေ့ဟာ အလွန်နီးစပ်နေပြီဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်က မိုဒရစ်၊ ခရူးစ်၊ ကက်စမီရိုတို့အတွဲဟာ အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။

ဘာနေဗျူးမှာ ဆုဖလားအောင်မြင်မှုတွေ ရခဲ့တဲ့ ၇ နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီးနောက် အထင်ကရ ကွင်းလယ် ၃ ဦးအတွဲဟာ နောက်ထပ်တစ်ကြိမ် အတူတူ တွဲကစားခွင့် ရှိတော့မှာမဟုတ်တာဖြစ်ပြီး ဒီလိုမျိုး မယုံနိုင်စရာ ချစ်ခင်ရင်းနှီးမှုတွေရှိခဲ့တာကြောင့် မိုဒရစ်နဲ့ ခရူးစ်တို့ဟာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေတော့မယ့် ဘရာဇီးလ်ကွင်းလယ်ကစားသမားအတွက် ဝမ်းနည်းဖွယ် နှုတ်ဆက်စာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

“ချစ်ရတဲ့ ကက်စီ မင်းနဲ့ဆိုရင် ဘယ်လို အခြေအနေမျိုးမှာမဆို ချွေးတိတ်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ မင်းက တူရကီရေချိုးခန်းထဲမှာတောင်မှ ငါတို့ကို အေးအေးဆေးဆေး နေခွင့်မပေးခဲ့လို့ပဲ။ အဲဒီမှာနေရတာက နောက်ထပ် ညှင်းပန်းမှုဖြစ်ခဲ့တယ်။ မင်းက တစ်စုံတယောက်ကို သွားဖို ပြောခဲ့ပြီး မင်းကကျတော့ အဲဒီမှာ အဆင်သင့်ရှိနေပြီးသား လေ့ကျင့်ရေးစက်ဘီးနဲ့ အလေးပြားတွေအားလုံးကို လေ့ကျင့်ပြီးလုနီးပါးဖြစ်နေခဲ့တယ်။ မင်းရဲ့ အသင်းဖော်သစ်တွေအတွက် သိသင့်တဲ့ သတိပေးမှုပါ။ ဘာလို့လဲဆိုတော့ မင်းနဲ့ဆိုရင် တူရကီရေချိုးခန်းက အားကစားခန်းမဖြစ်နေခဲ့တာတောင်မှ လူတွေကို ထိုင်ထလုပ်ရမယ့်အချိန်ကျမှပဲ လဲလျောင်းခွင့်ပေးခဲ့တာမို့လို့ပါ။ ငါမင်းကို လွမ်းနေတော့မှာပဲ”

“စံနမူနာပြစရာ ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက်အဖြစ်၊ ထိပ်တန်းကစားသမားတစ်ယောက်အဖြစ်၊ အကြိမ်ပေါင်းများစွာ ငါ့ကို ကယ်တင်ခဲ့တဲ့ ဖိုက်တာတစ်ယောက်အဖြစ်ရောပေါ့။ ဒါပေမယ့် အဲဒါတွေအားလုံးထက် လူကောင်းတစ်ယောက်အဖြစ်နဲ့ ငါ ပိုသတိနေရတော့မှာပါ။ ငါတို့တွေ သမိုင်းရေးထိုးနိုင်ခဲ့ကြပြီ ငါ့ကောင်။ တကယ့်ကို ဒဏ္ဍာရီဆန်တဲ့ အချိန်တစ်ခုပဲ။ အခု ငါတို့ရဲ့ အားကစားလမ်းကြောင်းတွေက သီးခြားဖြစ်သွားပေမယ့် ငါတို့ရဲ့ ချစ်ခင်ရင်းနှီးမှုက အရင်အတိုင်းပဲ ရှိနေဦးမှာပါ။ ငါ အာမခံတယ်။ မင်း အကောင်းဆုံးဖြစ်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ မကြာခင် တွေ့ကြမယ်။ ကံကောင်းပါစေ၊ မင်းကောင် တိုနီ”လို့ တိုနီ ခရူးစ်က ရေးသားခဲ့ပါတယ်။

“ချစ်ရတဲ့ ကက်စီ ငါတို့အသင်းနဲ့အတူ မင်း ပထမဆုံးပွဲဦးထွက်တာကို ငါ မှတ်မိသေးတယ်။ မင်း အရမ်းစိတ်လှုပ်ရှားနေခဲ့တာလေ။ ငါ မင်းကို စိတ်အေးအေးထားဖို့ ပြောခဲ့ပြီး အခု ငါ အဲဒီအကြောင်း တွေးမိပြီး မင်း ဘယ်လောက်ပြောင်းလဲသွားခဲ့လဲ မြင်ခဲ့ရတယ်။ မင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေပေါ့။ အဲဒီရာသီက ငါ့အတွက်လည်း ပထမဆုံးရာသီဖြစ်ခဲ့ပြီး ငါတို့ ၂ ယောက်စလုံး ဘောလုံးက ငါတို့အတွက် ဘာတွေသိုလှောင်ထားလဲဆိုတာကို တွေးမကြည့်နိုင်ခဲ့ဘူး။ မင်းက စစ်မှန်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။ မင်းက အသင်းဖော်တွေနဲ့ ရီးရဲလ်မက်ဒရစ်အတွက် ရှိနေခဲ့တယ်။ ငါတို့ အဲဒါကို အမြဲ သတိရနေမှာပါ။ ငါတို့တွေ အတူတူ ဆုဖလားတွေ အများကြီး အနိုင်ရခဲ့ပေမယ့် ဘယ်သူမှ မမြင်တဲ့အခိုက်အတန့်တွေကိုတော့ ငါသိမ်းထားတယ်”

“Valdebebas မှာ တစ်နေ့ပြီးတစ်နေ့ လုပ်ခဲ့ရတဲ့ အလုပ်တွေနဲ့ အထူးသဖြင့် ဟာသပြက်လုံးတွေကိုပေါ့။ မင်းက အမြဲတမ်း ပျော်ပျော်နေတတ်ခဲ့တယ်။ တင်းမာမှုတွေရှိနေခဲ့တဲ့ အခိုက်အတန့်တွေနဲ့ ကျရှုံးမှုတွေ ရှိနေခဲ့တဲ့အချိန်တွေမှာတောင်မှပေါ့။ မင်းနဲ့အတူ ရယ်မောခဲ့ရတာက ငါ့စိတ်ကို အေးချမ်းစေခဲ့တယ်။ နောက်လှည့်ကြည့်လိုက်ရုံနဲ့ မင်းကို မြင်ရပြီး Njega-Njega တွေ အများကြီး ဖြစ်လာတော့မယ်ဆိုတာကို သိနေရတယ်။ မင်းက ကမ္ဘာ့ပေါ်က အကောင်းဆုံး သက်တော်စောင့်ဖြစ်ခဲ့ပါတယ်။ ငါမင်းကို လွမ်းနေတော့မှာပါ။ ဒါပေမယ့် မင်းကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ အဲဒါက မင်းလို လူမျိုး၊ ပရော်ဖက်ရှင်နယ်ဆန်တဲ့လူတစ်ယောက်နဲ့ ထိုက်တန်တဲ့အရာပါ။ အရာအားလုံးအတွက် ကျေးဇူးတင်မိပြီး ကံကောင်းပါစေ သူငယ်ချင်း”လို့ လူကာ မိုဒရစ်ကလည်း စိတ်မကောင်းဖွယ်ရာ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ေတြျဖစ္ၾကတဲ့ လူကာ မိုဒရစ္နဲ႔ တိုနီ ခ႐ူးစ္တို႔ဟာ မၾကာခင္မွာ အသင္းေဖာ္ေဟာင္း ျဖစ္လာေတာ့မယ့္ ကက္စမီ႐ိုအတြက္ ဝမ္းနည္းဖြယ္ ႏႈတ္ဆက္စကား ေရးသားေပးပို႔ခဲ့ၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကက္စမီ႐ိုကို ေခၚယူဖို႔အတြက္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ ေသာၾကာေန႔ညမွာ အတည္ျပဳခဲ့တာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ဟာ ပုဂၢိဳလ္ေရးအခ်က္သေဘာတူညီမႈ၊ ယူေကဗီဇာနဲ႔ ေဆးစစ္မႈေတြ ၿပီးျပတ္တာနဲ႔ အၿပီးသတ္ေတာ့မွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယား ေအာက္ဆုံးမွာ ရပ္တည္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ဟာ ၎တို႔ရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္ေပၚမွာ ကက္စမီ႐ို အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာမွာကို ႀကိဳဆိုဖို႔ ေစာင့္ေမွ်ာ္ေနေၾကာင္း ထုတ္ျပန္ေၾကညာခ်က္ ထုတ္ခဲ့ပါတယ္။ ကက္စမီ႐ိုရဲ႕ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၉.၅ သန္းအျပင္ ထပ္ေဆာင္းေပးေခ်မႈ ေပါင္ ၈.၅ သန္းနဲ႔ အေျပာင္းအေ႐ႊ႕ဟာ အလြန္နီးစပ္ေနၿပီျဖစ္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ကြင္းလယ္က မိုဒရစ္၊ ခ႐ူးစ္၊ ကက္စမီ႐ိုတို႔အတြဲဟာ အဆုံးသတ္ရေတာ့မွာျဖစ္ပါတယ္။

ဘာေနဗ်ဴးမွာ ဆုဖလားေအာင္ျမင္မႈေတြ ရခဲ့တဲ့ ၇ ႏွစ္တာကာလကို ျဖတ္သန္းခဲ့ၿပီးေနာက္ အထင္ကရ ကြင္းလယ္ ၃ ဦးအတြဲဟာ ေနာက္ထပ္တစ္ႀကိမ္ အတူတူ တြဲကစားခြင့္ ရွိေတာ့မွာမဟုတ္တာျဖစ္ၿပီး ဒီလိုမ်ိဳး မယုံႏိုင္စရာ ခ်စ္ခင္ရင္းႏွီးမႈေတြရွိခဲ့တာေၾကာင့္ မိုဒရစ္နဲ႔ ခ႐ူးစ္တို႔ဟာ စိန္ေခၚမႈအသစ္ေတြ ရွာေဖြေတာ့မယ့္ ဘရာဇီးလ္ကြင္းလယ္ကစားသမားအတြက္ ဝမ္းနည္းဖြယ္ ႏႈတ္ဆက္စာ ေပးပို႔ခဲ့တာျဖစ္ပါတယ္။

“ခ်စ္ရတဲ့ ကက္စီ မင္းနဲ႔ဆိုရင္ ဘယ္လို အေျခအေနမ်ိဳးမွာမဆို ေခြၽးတိတ္ဖို႔ဆိုတာ မျဖစ္ႏိုင္ခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ မင္းက တူရကီေရခ်ိဳးခန္းထဲမွာေတာင္မွ ငါတို႔ကို ေအးေအးေဆးေဆး ေနခြင့္မေပးခဲ့လို႔ပဲ။ အဲဒီမွာေနရတာက ေနာက္ထပ္ ညႇင္းပန္းမႈျဖစ္ခဲ့တယ္။ မင္းက တစ္စုံတေယာက္ကို သြားဖို ေျပာခဲ့ၿပီး မင္းကက်ေတာ့ အဲဒီမွာ အဆင္သင့္ရွိေနၿပီးသား ေလ့က်င့္ေရးစက္ဘီးနဲ႔ အေလးျပားေတြအားလုံးကို ေလ့က်င့္ၿပီးလုနီးပါးျဖစ္ေနခဲ့တယ္။ မင္းရဲ႕ အသင္းေဖာ္သစ္ေတြအတြက္ သိသင့္တဲ့ သတိေပးမႈပါ။ ဘာလို႔လဲဆိုေတာ့ မင္းနဲ႔ဆိုရင္ တူရကီေရခ်ိဳးခန္းက အားကစားခန္းမျဖစ္ေနခဲ့တာေတာင္မွ လူေတြကို ထိုင္ထလုပ္ရမယ့္အခ်ိန္က်မွပဲ လဲေလ်ာင္းခြင့္ေပးခဲ့တာမို႔လို႔ပါ။ ငါမင္းကို လြမ္းေနေတာ့မွာပဲ”

“စံနမူနာျပစရာ ပေရာ္ဖက္ရွင္နယ္ေကာင္းတစ္ေယာက္အျဖစ္၊ ထိပ္တန္းကစားသမားတစ္ေယာက္အျဖစ္၊ အႀကိမ္ေပါင္းမ်ားစြာ ငါ့ကို ကယ္တင္ခဲ့တဲ့ ဖိုက္တာတစ္ေယာက္အျဖစ္ေရာေပါ့။ ဒါေပမယ့္ အဲဒါေတြအားလုံးထက္ လူေကာင္းတစ္ေယာက္အျဖစ္နဲ႔ ငါ ပိုသတိေနရေတာ့မွာပါ။ ငါတို႔ေတြ သမိုင္းေရးထိုးႏိုင္ခဲ့ၾကၿပီ ငါ့ေကာင္။ တကယ့္ကို ဒ႑ာရီဆန္တဲ့ အခ်ိန္တစ္ခုပဲ။ အခု ငါတို႔ရဲ႕ အားကစားလမ္းေၾကာင္းေတြက သီးျခားျဖစ္သြားေပမယ့္ ငါတို႔ရဲ႕ ခ်စ္ခင္ရင္းႏွီးမႈက အရင္အတိုင္းပဲ ရွိေနဦးမွာပါ။ ငါ အာမခံတယ္။ မင္း အေကာင္းဆုံးျဖစ္ပါေစလို႔ ငါ ဆုေတာင္းေပးပါတယ္။ မၾကာခင္ ေတြ႕ၾကမယ္။ ကံေကာင္းပါေစ၊ မင္းေကာင္ တိုနီ”လို႔ တိုနီ ခ႐ူးစ္က ေရးသားခဲ့ပါတယ္။

“ခ်စ္ရတဲ့ ကက္စီ ငါတို႔အသင္းနဲ႔အတူ မင္း ပထမဆုံးပြဲဦးထြက္တာကို ငါ မွတ္မိေသးတယ္။ မင္း အရမ္းစိတ္လႈပ္ရွားေနခဲ့တာေလ။ ငါ မင္းကို စိတ္ေအးေအးထားဖို႔ ေျပာခဲ့ၿပီး အခု ငါ အဲဒီအေၾကာင္း ေတြးမိၿပီး မင္း ဘယ္ေလာက္ေျပာင္းလဲသြားခဲ့လဲ ျမင္ခဲ့ရတယ္။ မင္း ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြေပါ့။ အဲဒီရာသီက ငါ့အတြက္လည္း ပထမဆုံးရာသီျဖစ္ခဲ့ၿပီး ငါတို႔ ၂ ေယာက္စလုံး ေဘာလုံးက ငါတို႔အတြက္ ဘာေတြသိုေလွာင္ထားလဲဆိုတာကို ေတြးမၾကည့္ႏိုင္ခဲ့ဘူး။ မင္းက စစ္မွန္တဲ့ ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာခဲ့တယ္။ မင္းက အသင္းေဖာ္ေတြနဲ႔ ရီးရဲလ္မက္ဒရစ္အတြက္ ရွိေနခဲ့တယ္။ ငါတို႔ အဲဒါကို အၿမဲ သတိရေနမွာပါ။ ငါတို႔ေတြ အတူတူ ဆုဖလားေတြ အမ်ားႀကီး အႏိုင္ရခဲ့ေပမယ့္ ဘယ္သူမွ မျမင္တဲ့အခိုက္အတန႔္ေတြကိုေတာ့ ငါသိမ္းထားတယ္”

“Valdebebas မွာ တစ္ေန႔ၿပီးတစ္ေန႔ လုပ္ခဲ့ရတဲ့ အလုပ္ေတြနဲ႔ အထူးသျဖင့္ ဟာသျပက္လုံးေတြကိုေပါ့။ မင္းက အၿမဲတမ္း ေပ်ာ္ေပ်ာ္ေနတတ္ခဲ့တယ္။ တင္းမာမႈေတြရွိေနခဲ့တဲ့ အခိုက္အတန႔္ေတြနဲ႔ က်ရႈံးမႈေတြ ရွိေနခဲ့တဲ့အခ်ိန္ေတြမွာေတာင္မွေပါ့။ မင္းနဲ႔အတူ ရယ္ေမာခဲ့ရတာက ငါ့စိတ္ကို ေအးခ်မ္းေစခဲ့တယ္။ ေနာက္လွည့္ၾကည့္လိုက္႐ုံနဲ႔ မင္းကို ျမင္ရၿပီး Njega-Njega ေတြ အမ်ားႀကီး ျဖစ္လာေတာ့မယ္ဆိုတာကို သိေနရတယ္။ မင္းက ကမာၻ႔ေပၚက အေကာင္းဆုံး သက္ေတာ္ေစာင့္ျဖစ္ခဲ့ပါတယ္။ ငါမင္းကို လြမ္းေနေတာ့မွာပါ။ ဒါေပမယ့္ မင္းကို အေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ အဲဒါက မင္းလို လူမ်ိဳး၊ ပေရာ္ဖက္ရွင္နယ္ဆန္တဲ့လူတစ္ေယာက္နဲ႔ ထိုက္တန္တဲ့အရာပါ။ အရာအားလုံးအတြက္ ေက်းဇူးတင္မိၿပီး ကံေကာင္းပါေစ သူငယ္ခ်င္း”လို႔ လူကာ မိုဒရစ္ကလည္း စိတ္မေကာင္းဖြယ္ရာ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.