Premier League Transfer News

ပြိုင်ဘက်တွေရဲ့ အရှုပ်ထုပ် အူဘာနဲ့ ခေါင်းကြီးကို ခေါ်ပြီး လူကောင်းတွေ ရှင်းမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီရာသီမှာ သူတို့ရဲ့ အားကစားဒါရိုက်တာနဲ့ နည်းစနစ်ဒါရိုက်တာ မရှိဘဲ ဈေးကွက်ထဲမှာ ထင်သလို ရမ်းနေခဲ့တဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေအတွက် ပိုင်ရှင်သစ် တော့ဒ် ဘိုလီကို အပြစ်တင်မှုတွေ ရှိနေခဲ့ချိန်မှာ ပြိုင်ဘက်အသင်းတွေရဲ့ အရှုပ်ထုပ် ကစားသမားတွေကို ခေါ်ယူပြီး ကိုယ်မသုံးတတ်တဲ့ လူကောင်းတွေကို ရောင်းချမယ့် အစီအစဉ်လည်း ပါဝင်လာခဲ့ပါတယ်။

လက်ရှိမှာ ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ကို နည်းပြ သောမတ်စ် တူဟယ်လ်နဲ့ သူလက်ညှိုးထိုးတိုင်း ဝယ်မယ်တကဲကဲနဲ့ ကြိုးစားနေခဲ့တဲ့ ပိုင်ရှင် အမေရိကန်သားကြီးတို့ကချည်း လုပ်ဆောင်နေကြပြီး ဘယ်သူကမှ နည်းစနစ်ပိုင်း၊ ဈေးကွက်တန်ဖိုးပိုင်းနဲ့ လူစာရင်းချိန်ညှိမှုအပိုင်းတွေကို ထောက်ပြမယ့်သူ မရှိတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်ကနေ ဘာစီလိုနာအသင်းကို ရာသီဝက်မှာ ရုပ်ပျက်ဆင်းပျက် ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း နူးကမ့်ဘက်ကလည်း သူ့ကို ရှင်းထုတ်ချင်နေတဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းထားပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကို ခေါ်ယူလိုနေချိန်မှာ ဝေဖန်မှုတွေက မြင့်တက်နေခဲ့တာပါ။

ပြိုင်ဘက် အာဆင်နယ်အသင်းမှာ ကစားပေးခဲ့ပြီး ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးတဲ့ ဂျာမန်သားနည်းပြ တူဟယ်လ်နဲ့ ပူးပေါင်းချင်နေတဲ့ အသက် ၃၃ နှစ်အရွယ် ဂါဘွန်တိုက်စစ်မှူးကို ငွေလိုချင်လွန်းနေတဲ့ ဘာစီလိုနာအသင်းကလည်း ယူရိုသန်း ၃၀ (ပေါင် ၂၅.၄ သန်း) ဈေးခေါ်ထားပြီး မရခဲ့ဘူးဆိုရင်တော့ လာလီဂါမှာ မှတ်ပုံတင်ထားပြီးသား သူ့ကို အရန်တိုက်စစ်မှူးအနေနဲ့ အသုံးပြုနိုင်တာကြောင့် ကမ်းလှမ်းမှုကို အင်နေခဲ့တာဖြစ်ပါတယ်။

နည်းပြ ဇာဗီကတော့ အူဘာမီယန်းကို အလိုရှိတယ်လို့ ထုတ်ဖော်ထားခဲ့ပေမယ့် ရောဘတ် လီဗန်ဒေါ့ဗ်စကီးနောက်မှာ နေရမယ့် ဘာစီလိုနာနဲ့ တူဟယ်လ်နဲ့ ပလဲနံပသင့်လို့ရမယ့် ချဲလ်ဆီးတို့ကို ရွေးချယ်မှုမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်းအနေနဲ့ လန်ဒန်ကို ပြန်ဖို့ အနည်းငယ် အလေးသာနေပြီး ရောက်လာဖို့ အခွင့်အရေးကောင်းတွေ ရှိနေတယ်လို့ ဆိုနေခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးတို့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံနေရတဲ့ ဗဟိုနောက်ခံလူ ဟာရီ မက်ဂွိုင်းယားကိုလည်း စိတ်ဝင်စားနေခဲ့ပြီး လက်စတာဘက်က ဝက်စ်လီ ဖိုဖာနာအတွက် ပေါင်သန်း ၉၀ ကနေ လျှော့မပေးချင်တဲ့အချိန်မှာ မြေခွေးဟောင်း အင်္ဂလန်သားကို အသုံးပြုနိုင်ဖို့ ရည်ရွယ်နေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟတ်အနေနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့အပြီးမှာ ဈေးကွက်ထဲက ခေါင်ခိုက်နေတဲ့ တောင်ပံသမားတွေအစား ဘယ်ရော ညာမှာပါ ကျိုးကျိုးနွံနွံနဲ့ ကစားပေးနိုင်တဲ့ ချဲလ်ဆီးရဲ့ ခရစ္စတီယန် ပူလီရှစ်ချ်ကို အလိုရှိနေတာကြောင့် မက်ဂွိုင်းယားနဲ့ အလဲအထပ်ရိုက်ဖို့ လမ်းကြောင်းရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးတို့အနေနဲ့ ဗဟိုခံစစ်မှာ ကစားသမားနှစ်ယောက် ထွက်ခွာသွားခဲ့အပြီးမှာ ကာလီဒူး ကူလီဘေလီတစ်ဦးတည်းကိုသာ ပြန်လည် ဖြည့်ဆည်းထားနိုင်ခဲ့တဲ့အတွက် အသက် ၂၉ နှစ်အရွယ် မန်ယူနောက်ခံလူကို ဒဏ်ရာခဏခဏ ရတတ်တဲ့ ၂၃ နှစ်သား အမေရိကန်နဲ့ လဲလှယ်ဖို့ စိတ်ဝင်စားနေပြီး ပရိသတ်တွေကတော့ နွားပွဲဈေးက ချိုကျိုးနဲ့ နားရွက်ပဲ့ လဲတာဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးနေကြတာပါ။

အဝင်တွေမှာ ထင်သလို ခေါ်ယူနေခဲ့တဲ့ ချဲလ်ဆီးတို့အနေနဲ့ ကစားသမားတွေကို ပြန်လည်ရောင်းချဖို့လည်း စီစဉ်နေခဲ့ပြီး မားကို့စ် အလွန်ဆိုနဲ့ ခရစ္စတီယန် ပူလီရှစ်ချ်နဲ့ ဟာကင်းမ် ဇီးယက်ရှ်တို့ကို အရောင်းစာရင်းထဲ ထည့်ထားသလို ဘီလီ ဂီးလ်မိုး၊ ထရီဗာ ချာလိုဘာ၊ ကွန်နာ ဂါလာဂါ၊ အာမန်ဒို ဘရိုယာနဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းတို့ကိုတော့ အငှားချဖို့ လုပ်ဆောင်နေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီရာသီမွာ သူတို႔ရဲ႕ အားကစားဒါ႐ိုက္တာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ မရွိဘဲ ေဈးကြက္ထဲမွာ ထင္သလို ရမ္းေနခဲ့တဲ့ အေျပာင္းအေ႐ႊ႕ လုပ္ေဆာင္မႈေတြအတြက္ ပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီကို အျပစ္တင္မႈေတြ ရွိေနခဲ့ခ်ိန္မွာ ၿပိဳင္ဘက္အသင္းေတြရဲ႕ အရႈပ္ထုပ္ ကစားသမားေတြကို ေခၚယူၿပီး ကိုယ္မသုံးတတ္တဲ့ လူေကာင္းေတြကို ေရာင္းခ်မယ့္ အစီအစဥ္လည္း ပါဝင္လာခဲ့ပါတယ္။

လက္ရွိမွာ ခ်ဲလ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕ကို နည္းျပ ေသာမတ္စ္ တူဟယ္လ္နဲ႔ သူလက္ညႇိဳးထိုးတိုင္း ဝယ္မယ္တကဲကဲနဲ႔ ႀကိဳးစားေနခဲ့တဲ့ ပိုင္ရွင္ အေမရိကန္သားႀကီးတို႔ကခ်ည္း လုပ္ေဆာင္ေနၾကၿပီး ဘယ္သူကမွ နည္းစနစ္ပိုင္း၊ ေဈးကြက္တန္ဖိုးပိုင္းနဲ႔ လူစာရင္းခ်ိန္ညႇိမႈအပိုင္းေတြကို ေထာက္ျပမယ့္သူ မရွိတာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အာဆင္နယ္ကေန ဘာစီလိုနာအသင္းကို ရာသီဝက္မွာ ႐ုပ္ပ်က္ဆင္းပ်က္ ထြက္ခြာသြားခဲ့ၿပီးေနာက္ပိုင္း ႏူးကမ့္ဘက္ကလည္း သူ႔ကို ရွင္းထုတ္ခ်င္ေနတဲ့ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ေပါင္ ၁၅ သန္းနဲ႔ ကမ္းလွမ္းထားၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေခၚယူလိုေနခ်ိန္မွာ ေဝဖန္မႈေတြက ျမင့္တက္ေနခဲ့တာပါ။

ၿပိဳင္ဘက္ အာဆင္နယ္အသင္းမွာ ကစားေပးခဲ့ၿပီး ေဒါ့မြန္မွာ လက္တြဲခဲ့ဖူးတဲ့ ဂ်ာမန္သားနည္းျပ တူဟယ္လ္နဲ႔ ပူးေပါင္းခ်င္ေနတဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္ ဂါဘြန္တိုက္စစ္မႉးကို ေငြလိုခ်င္လြန္းေနတဲ့ ဘာစီလိုနာအသင္းကလည္း ယူ႐ိုသန္း ၃၀ (ေပါင္ ၂၅.၄ သန္း) ေဈးေခၚထားၿပီး မရခဲ့ဘူးဆိုရင္ေတာ့ လာလီဂါမွာ မွတ္ပုံတင္ထားၿပီးသား သူ႔ကို အရန္တိုက္စစ္မႉးအေနနဲ႔ အသုံးျပဳႏိုင္တာေၾကာင့္ ကမ္းလွမ္းမႈကို အင္ေနခဲ့တာျဖစ္ပါတယ္။

နည္းျပ ဇာဗီကေတာ့ အူဘာမီယန္းကို အလိုရွိတယ္လို႔ ထုတ္ေဖာ္ထားခဲ့ေပမယ့္ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးေနာက္မွာ ေနရမယ့္ ဘာစီလိုနာနဲ႔ တူဟယ္လ္နဲ႔ ပလဲနံပသင့္လို႔ရမယ့္ ခ်ဲလ္ဆီးတို႔ကို ေ႐ြးခ်ယ္မႈမွာ အာဆင္နယ္တိုက္စစ္မႉးေဟာင္းအေနနဲ႔ လန္ဒန္ကို ျပန္ဖို႔ အနည္းငယ္ အေလးသာေနၿပီး ေရာက္လာဖို႔ အခြင့္အေရးေကာင္းေတြ ရွိေနတယ္လို႔ ဆိုေနခဲ့ၾကတာျဖစ္ပါတယ္။

ဒါ့အျပင္ ခ်ဲလ္ဆီးတို႔အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံေနရတဲ့ ဗဟိုေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားကိုလည္း စိတ္ဝင္စားေနခဲ့ၿပီး လက္စတာဘက္က ဝက္စ္လီ ဖိုဖာနာအတြက္ ေပါင္သန္း ၉၀ ကေန ေလွ်ာ့မေပးခ်င္တဲ့အခ်ိန္မွာ ေျမေခြးေဟာင္း အဂၤလန္သားကို အသုံးျပဳႏိုင္ဖို႔ ရည္႐ြယ္ေနတယ္လို႔ ေဒးလီးေမးလ္က ေဖာ္ျပခဲ့တာပါ။

မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟတ္အေနနဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ႏွစ္ပြဲဆက္ ရႈံးနိမ့္ခဲ့အၿပီးမွာ ေဈးကြက္ထဲက ေခါင္ခိုက္ေနတဲ့ ေတာင္ပံသမားေတြအစား ဘယ္ေရာ ညာမွာပါ က်ိဳးက်ိဳးႏြံႏြံနဲ႔ ကစားေပးႏိုင္တဲ့ ခ်ဲလ္ဆီးရဲ႕ ခရစၥတီယန္ ပူလီရွစ္ခ်္ကို အလိုရွိေနတာေၾကာင့္ မက္ဂြိဳင္းယားနဲ႔ အလဲအထပ္႐ိုက္ဖို႔ လမ္းေၾကာင္းရွိေနခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔အေနနဲ႔ ဗဟိုခံစစ္မွာ ကစားသမားႏွစ္ေယာက္ ထြက္ခြာသြားခဲ့အၿပီးမွာ ကာလီဒူး ကူလီေဘလီတစ္ဦးတည္းကိုသာ ျပန္လည္ ျဖည့္ဆည္းထားႏိုင္ခဲ့တဲ့အတြက္ အသက္ ၂၉ ႏွစ္အ႐ြယ္ မန္ယူေနာက္ခံလူကို ဒဏ္ရာခဏခဏ ရတတ္တဲ့ ၂၃ ႏွစ္သား အေမရိကန္နဲ႔ လဲလွယ္ဖို႔ စိတ္ဝင္စားေနၿပီး ပရိသတ္ေတြကေတာ့ ႏြားပြဲေဈးက ခ်ိဳက်ိဳးနဲ႔ နား႐ြက္ပဲ့ လဲတာျဖစ္လိမ့္မယ္လို႔ ထင္ေၾကးေပးေနၾကတာပါ။

အဝင္ေတြမွာ ထင္သလို ေခၚယူေနခဲ့တဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ကစားသမားေတြကို ျပန္လည္ေရာင္းခ်ဖို႔လည္း စီစဥ္ေနခဲ့ၿပီး မားကို႔စ္ အလြန္ဆိုနဲ႔ ခရစၥတီယန္ ပူလီရွစ္ခ်္နဲ႔ ဟာကင္းမ္ ဇီးယက္ရွ္တို႔ကို အေရာင္းစာရင္းထဲ ထည့္ထားသလို ဘီလီ ဂီးလ္မိုး၊ ထရီဗာ ခ်ာလိုဘာ၊ ကြန္နာ ဂါလာဂါ၊ အာမန္ဒို ဘ႐ိုယာနဲ႔ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းတို႔ကိုေတာ့ အငွားခ်ဖို႔ လုပ္ေဆာင္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.