Premier League

မန်ယူနိုက်တက်ပရိသတ်တွေကို ဆန္ဒမပြရဲအောင် ပြောလိုက်တဲ့ ကလော့ပ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် သြဂုတ်လ ၂၂ ရက်နေ့ တနင်္လာနေ့ညနေမှာ ကစားမယ့် အိမ်ကွင်းပွဲစဉ်မှာ ပိုင်ရှင် ဂလေဇာမိသားစုကို အကြီးအကျယ် ဆန္ဒပြဖို့ စီစဉ်နေကြပါတယ်။

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က အိုးထရက်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်ကို ပရိသတ်တွေရဲ့ဆန္ဒပြမှုကြောင့် ရွှေ့ဆိုင်းရမယ်ဆိုရင် ရမှတ် ၁ မှတ်လောက်တော့ ရရှိသင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ရေးသားမှုတွေအရ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန့်ကျင်ဆန္ဒပြဖို့ စီစဉ်နေကြပြီး ဗြိတိန်ဘီလျံနာ ဆာ ဂျင်မ် ရက်ကလစ်က အကြိမ် ၂၀ အင်္ဂလိပ်အမှတ်ပေးချန်ပီယံအသင်းကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့ပြီးနောက် မရေရာမှုတွေက ကြီးထွားလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ပွဲစဉ်ကို သြဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အဲဒီပွဲစဉ်ပျက်တဲ့အထိ ပရိသတ်တွေက ဆန္ဒပြဖို့ အစီအစဉ်တွေ ဆွဲနေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလတုန်းကလည်း ပရိသတ်တွေဟာ ကွင်းအတွင်းကို စီးနင်းဖို့ ကြိုးပမ်းခဲ့ပြီး မအောင်မြင်တဲ့ ဥရောပစူပါလိဂ်ကို ဖွဲ့စည်းဖို့ ကြိုးပမ်းရာမှာ ပါဝင်ခဲ့တဲ့ ဂလေဇာမိသားစုကို ဆန္ဒပြတဲ့အနေနဲ့ အဝတ်လဲခန်းထဲထိ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ နောက်ဆုံးမှာတော့ ၄-၂ နဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိသွားခဲ့ပြီး နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေမယ့် အနိုင် ၃ မှတ်ကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

“ဆန္ဒပြမှုတွေ တကယ်ဖြစ်မလာဖို့ ကျွန်တော် တကယ် မျှော်လင့်မိပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်ပျက်ခဲ့ရင် ကျွန်တော်တို့ အမှတ်ရသင့်တယ်လို့ ထင်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော်တို့နဲ့က ဘာမှမဆိုင်ပါဘူး။ အဲဒီလို ဖြစ်ပျက်ခဲ့ပြီး ပရိသတ်တွေက ပွဲမဖြစ်အောင် လုပ်လာခဲ့ရင် ကျွန်တော်တို့ မယုံနိုင်လောက်အောင် ပြည့်ကြပ်နေတဲ့ ပွဲချိန်စာရင်းကို ပြန်မစီစဉ်နိုင်ပါဘူး”

“ကျွန်တော်တော့ ဒီလိုမျိုး မဖြစ်ပါစေနဲ့လို့ မျှော်လင့်မိတာ တကယ်ပါ။ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော် အဲဒီအကြောင်း မတွေးပါဘူး။ လူတွေက ကျွန်တော်တို့ အဆင်ပြေတယ်လို့ ပြောကြာတယ်။ အဲဒီတော့ ကျွန်တော်တို့ အဲဒီကို သွားပြီး ပွဲကစားပြီးတော့ အိမ်ကို ပြန်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမြဲတမ်း တခြားအသင်းက ရမှတ် ရရှိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့ ဘာမှ မဆိုင်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: