Premier League

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု- ၂၃.၈.၂၀၂၀

လီဗာပူးလ္အသင္းဟာ ၀က္ဖို႔ဒ္အသင္းရဲ့ အသက္၂၂ႏွစ္အရြယ္ ေတာင္ပံကစားသမား အစၥမိုင္လာ ဆားရ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနပါတယ္။ ဆားရ္ဟာ ၀က္ဖို႔ဒ္အသင္းနဲ႔ ၂၀၂၄ထိ စာခ်ဳပ္သက္တမ္းရိွေနၿပီး သူ႔ကို ေခၚယူဖို႔ ေပါင္သန္း ၅၀ေလာက္ ကုန္က်ႏိုင္ပါတယ္။

လီဗာပူးလ္အသင္းဟာ ရက္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းနဲ႔ ဒီအပတ္ထဲမွာပဲ ေျခစမ္းပြဲ ကစားသြားဖို႔ရိွေနပါတယ္။ ဆာ့လ္ဇ္ဘတ္အသင္းကေတာ့ သူတို႔အသင္းရဲ့ အိမ္ကြင္းမွာ ကစားမယ့္ ေျခစမ္းပြဲကို ပရိသတ္ ၁၂၅၀ လာေရာက္ၾကည့္ရႈ႔ႏိုင္ေအာင္ စီစဥ္ထားတယ္လို႔ သိရပါတယ္။

နည္းျပယာဂန္ကေလာ့ပ္ဟာ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမယ့္ ၂၀၂၄ ခုႏွစ္ေရာက္ရင္ နည္းျပဘ၀က တစ္ႏွစ္အနားယူဦးမယ္လို႔ ​သိရၿပီး ေဘာလံုးေလာကကို ျပန္သတိရမွ နည္းျပေလာကထဲ ျပန္လည္၀င္ေရာက္မယ္လို႔လည္း ေျပာဆိုထားပါတယ္။

ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂိုဟာ ယေန့ညမွာ ကစားမဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲၿပီးတာနဲ႔ သူ႔ရဲ့ ဆံုးျဖတ္ခ်က္ကို ​ထုတ္ေဖာ္ေျပာဖို႔ရိွေနသလို လီဗာပူးလ္အသင္းဘက္ကေတာ့ သူ႕ကို ေခၚယူႏိုင္ဖို႔ အျပည့္အ၀ ယံုၾကည္ေနပါတယ္။

လီဗာပူးလ္အသင္းရဲ့ အသက္၂၉ႏွစ္အရြယ္ နယ္သာလန္ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ဟာ ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ကစားဖို႔ နီးစပ္ေနတာေၾကာင့္ နည္းျပ ကေလာ့ပ္အေနနဲ႔ ဗိုင္နယ္လ္ဒြမ္ရဲ့ေနရာကို အစားထိုးႏိုင္မယ့္ ကစားသမားသစ္ ရွာေဖြေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

လီဗာပူးလ်အသင်းဟာ ဝက်ဖို့ဒ်အသင်းရဲ့ အသက်၂၂နှစ်အရွယ် တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ ဆားရ်ဟာ ဝက်ဖို့ဒ်အသင်းနဲ့ ၂၀၂၄ထိ စာချုပ်သက်တမ်းရှိနေပြီး သူ့ကို ခေါ်ယူဖို့ ပေါင်သန်း ၅၀လောက် ကုန်ကျနိုင်ပါတယ်။

လီဗာပူးလ်အသင်းဟာ ရက်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းနဲ့ ဒီအပတ်ထဲမှာပဲ ခြေစမ်းပွဲ ကစားသွားဖို့ရှိနေပါတယ်။ ဆာ့လ်ဇ်ဘတ်အသင်းကတော့ သူတို့အသင်းရဲ့ အိမ်ကွင်းမှာ ကစားမယ့် ခြေစမ်းပွဲကို ပရိသတ် ၁၂၅၀ လာရောက်ကြည့်ရှု့နိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။

နည်းပြယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ်ရောက်ရင် နည်းပြဘဝက တစ်နှစ်အနားယူဦးမယ်လို့ သိရပြီး ဘောလုံးလောကကို ပြန်သတိရမှ နည်းပြလောကထဲ ပြန်လည်ဝင်ရောက်မယ်လို့လည်း ပြောဆိုထားပါတယ်။

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုဟာ ယနေ့ညမှာ ကစားမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးတာနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောဖို့ရှိနေသလို လီဗာပူးလ်အသင်းဘက်ကတော့ သူ့ကို ခေါ်ယူနိုင်ဖို့ အပြည့်အ၀ ယုံကြည်နေပါတယ်။

လီဗာပူးလ်အသင်းရဲ့ အသက်၂၉နှစ်အရွယ် နယ်သာလန်ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေတာကြောင့် နည်းပြ ကလော့ပ်အနေနဲ့ ဗိုင်နယ်လ်ဒွမ်ရဲ့နေရာကို အစားထိုးနိုင်မယ့် ကစားသမားသစ် ရှာဖွေနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.