Premier League

နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းများ စုစည်းမှု- ၂၄.၈.၂၀၂၀

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ေပါ့ဘာဟာ ဒီႏွစ္ေႏြရာသီမွာ ဘယ္အသင္းကိုမွ ေျပာင္းမွာမဟုတ္ဘဲ အသင္းမွာပဲ ဆက္ရိွေနမွာျဖစ္သလို စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္လည္း သူရဲ့ကိုယ္စားလွယ္ျဖစ္သူ ႐ိုင္ယိုလာကို စီစဥ္ခိုင္းထားတယ္လို႔ သိရပါတယ္။

ယူႏိုက္တက္ကြင္းလယ္လူ ဘရူႏို ဖာနန္ဒက္စ္ဟာ အားလပ္ရက္မ်ားအတြင္း ေပၚတူဂီႏိုင္ငံရိွ သူ႔ရဲ့အသင္းေဟာင္း စပို႔တင္းလစၥဘြန္းအသင္းဆီကို သြားေရာက္လည္ပတ္ခဲ့ေသးတယ္လို႔ သိရပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ အားနည္းခ်က္ေတြရိွေနတဲ့ လင္ဒီေလာ့ဖ္ရဲ့ေနရာကို အစားထိုးႏိုင္ဖို႔အတြက္ ဗဟိုေနာက္ခံကစားသမားတစ္ေယာက္ေလာက္ရွာေဖြေနဆဲျဖစ္ၿပီး ၀က္စ္ဟမ္းအသင္းရဲ့ ဗဟိုေနာက္ခံလူ အီဆာ ေဂ်ာ့ပ္လည္း ပါ၀င္လာပါတယ္။

ယူႏိုက္တက္အသင္းဟာ ၾသစႀတီးယားလက္ေရြးစင္ကစားသမား ေဒးဗစ္ အာလာဘာကိုလည္း ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။ အသက္၂၈ႏွစ္အရြယ္ ဘိုင္ယန္ျမဴးနစ္အသင္းရဲ့ ဘယ္ေနာက္ခံလူကို ခ်ဲလ္ဆီးနဲ႔ မန္စီးတီးအသင္းေတြကလည္း ပစ္မွတ္ထားေနပါတယ္။

ယူႏိုက္တက္ေနာက္ခံလူေဟာင္း ပက္ထရိစ္ အီဗရာကေတာ့ ယူႏိုက္တက္အသင္းကေန ၂၀၁၄ခုႏွစ္တုန္းက ထြက္ခြာခဲ့ရတာဟာ သူ႔ရဲ့ဆႏၵေၾကာင့္မဟုတ္ဘဲ အမႈေဆာင္အက္ဒ္ဝုဒ္၀ဒ္က မထြက္ထြက္ေအာင္ တြန္းအားေပးမႈ​ေတြေၾကာင့္လို႔ ေျပာဆိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ ဒီနှစ်နွေရာသီမှာ ဘယ်အသင်းကိုမှ ပြောင်းမှာမဟုတ်ဘဲ အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်သလို စာချုပ်သက်တမ်းတိုးဖို့အတွက်လည်း သူရဲ့ကိုယ်စားလှယ်ဖြစ်သူ ရိုင်ယိုလာကို စီစဉ်ခိုင်းထားတယ်လို့ သိရပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဟာ အားလပ်ရက်များအတွင်း ပေါ်တူဂီနိုင်ငံရှိ သူ့ရဲ့အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းဆီကို သွားရောက်လည်ပတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ အားနည်းချက်တွေရှိနေတဲ့ လင်ဒီလော့ဖ်ရဲ့နေရာကို အစားထိုးနိုင်ဖို့အတွက် ဗဟိုနောက်ခံကစားသမားတစ်ယောက်လောက်ရှာဖွေနေဆဲဖြစ်ပြီး ဝက်စ်ဟမ်းအသင်းရဲ့ ဗဟိုနောက်ခံလူ အီဆာ ဂျော့ပ်လည်း ပါဝင်လာပါတယ်။

ယူနိုက်တက်အသင်းဟာ သြစတြီးယားလက်ရွေးစင်ကစားသမား ဒေးဗစ် အာလာဘာကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ အသက်၂၈နှစ်အရွယ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဘယ်နောက်ခံလူကို ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတွေကလည်း ပစ်မှတ်ထားနေပါတယ်။

ယူနိုက်တက်နောက်ခံလူဟောင်း ပက်ထရိစ် အီဗရာကတော့ ယူနိုက်တက်အသင်းကနေ ၂၀၁၄ခုနှစ်တုန်းက ထွက်ခွာခဲ့ရတာဟာ သူ့ရဲ့ဆန္ဒကြောင့်မဟုတ်ဘဲ အမှုဆောင်အက်ဒ်ဝုဒ်ဝဒ်က မထွက်ထွက်အောင် တွန်းအားပေးမှုတွေကြောင့်လို့ ပြောဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNER
SPORTS A2Z.