Premier League

နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု- ၂၃.၈.၂၀၂၀

အဂၤလန္အသင္းရဲ့ကစားသမားေဟာင္း အို၀င္ဟားဂေရ့ဗ္ကေတာ့ မန္စီးတီးအသင္းအေနနဲ႔ ခ်ံပီယံလိဂ္ဖလားကိုရယူႏိုင္ေရးအတြက္ ကြန္ပနီလိုေနာက္ခံလူမ်ိဳး လိုအပ္ေၾကာင္းနဲ႔ ခံစစ္ကိုေတာင့္တင္းဖို႔ အရင္ျဖည့္တင္းရမွာျဖစ္ေၾကာင္း အႀကံေပးသြားခဲ့ပါတယ္။

ဟားဂရိဗ္စ္ကပဲ မန္စီးတီးအသင္းရဲ႕ အသက္အရြယ္ေထာက္လာတဲ့ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုေနရာကို အစားထိုးဖို႔ အသင့္ေတာ္ဆုံးသူဟာ အင္တာမီလန္အသင္းရဲ႕ အသက္ ၂၃ ႏွစ္အရြယ္တိုက္စစ္မွဴး ေလာ္တာ႐ို မာတီနက္ဇ္ပဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါေသးတယ္။

မန္ခ်က္စတာစီးတီးအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ဝုလ္ဗ္ဗာဟမ္တန္အသင္းရဲ့အသက္၂၄ႏွစ္အရြယ္ ေတာင္ပံကစားသမား အဒမ္မာထရာအိုေရးကိုေခၚယူဖို႔ စိတ္၀င္စားေနလို႔သိရၿပီး ဝုလ္ဗ္ဗာဟမ္တန္အသင္းဘက္ကလည္း ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ဘ႑ာေရးပိုင္းေတြ ထိခိုက္ေနတဲ့အတြက္ ထရာအိုေရးကို ေရာင္းထုတ္သြားႏိုင္ပါတယ္။

မန္စီးတီးအသင္းရဲ့ေနာက္ခံကစားသမား ဇင္ခ်န္ကိုကေတာ့ လီယြန္အသင္းကို ရႈံးနိမ့္ခံတဲ့ ခ်ံပီယံလိဂ္ကြားတားဖိုင္နယ္ပြဲစဥ္က ေနာက္တန္းသံုးေယာက္ထား ကစားေစခဲ့တဲ့ နည္းျပပက္ပ္ဂြါဒီယိုလာရဲ့နည္းစနစ္မွားယြင္းခဲ့ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။

လီဗာပူးလ္အသင္းရဲ့ကစားသမားေဟာင္း စတန္ေကာ္လီမိုးက လီဗာပူးလ္နည္းျပ ယာဂန္ကေလာ့ပ္ရဲ့လူစာရင္းမွာ မန္စီးတီးအသင္းရဲ့ ကြင္းလယ္ဖန္တီးရွင္ ကီဗင္ဒီဘရိုင္းနားဟာ အံ့၀င္ဂြင္က်မဲ့သူျဖစ္ေၾကာင္း ေျပာဆိုလိုက္ၿပီး လီဗာပူးလ္အသင္းကို လာေရာက္ကစားဖို႔ တိုက္တြန္းမႈေတြ ျပဳလုပ္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

အင်္ဂလန်အသင်းရဲ့ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်ကတော့ မန်စီးတီးအသင်းအနေနဲ့ ချံပီယံလိဂ်ဖလားကိုရယူနိုင်ရေးအတွက် ကွန်ပနီလိုနောက်ခံလူမျိုး လိုအပ်ကြောင်းနဲ့ ခံစစ်ကိုတောင့်တင်းဖို့ အရင်ဖြည့်တင်းရမှာဖြစ်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ဟားဂရိဗ်စ်ကပဲ မန်စီးတီးအသင်းရဲ့ အသက်အရွယ်ထောက်လာတဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုနေရာကို အစားထိုးဖို့ အသင့်တော်ဆုံးသူဟာ အင်တာမီလန်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

မန်ချက်စတာစီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ဝုလ်ဗ်ဗာဟမ်တန်အသင်းရဲ့အသက်၂၄နှစ်အရွယ် တောင်ပံကစားသမား အဒမ်မာထရာအိုရေးကိုခေါ်ယူဖို့ စိတ်ဝင်စားနေလို့သိရပြီး ဝုလ်ဗ်ဗာဟမ်တန်အသင်းဘက်ကလည်း ကိုဗစ်-၁၉ ရောဂါကြောင့် ဘဏ္ဍာရေးပိုင်းတွေ ထိခိုက်နေတဲ့အတွက် ထရာအိုရေးကို ရောင်းထုတ်သွားနိုင်ပါတယ်။

မန်စီးတီးအသင်းရဲ့နောက်ခံကစားသမား ဇင်ချန်ကိုကတော့ လီယွန်အသင်းကို ရှုံးနိမ့်ခံတဲ့ ချံပီယံလိဂ်ကွားတားဖိုင်နယ်ပွဲစဉ်က နောက်တန်းသုံးယောက်ထား ကစားစေခဲ့တဲ့ နည်းပြပက်ပ်ဂွါဒီယိုလာရဲ့နည်းစနစ်မှားယွင်းခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ကစားသမားဟောင်း စတန်ကော်လီမိုးက လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ရဲ့လူစာရင်းမှာ မန်စီးတီးအသင်းရဲ့ကွင်းလယ်ဖန်တီးရှင် ကီဗင်ဒီဘရိုင်းနားဟာ အံ့ဝင်ဂွင်ကျမဲ့သူဖြစ်ကြောင်း ပြောဆိုလိုက်ပြီး လီဗာပူးလ်အသင်းကို လာရောက်ကစားဖို့ တိုက်တွန်းမှုတွေ ပြုလုပ်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.