Ligue1 Premier League Transfer News

ဘာစီလိုနာပစ်မှတ်ကို ပေါင် ၅၉ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူမယ့် ပြိုင်ပွဲထဲကို ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

The Times ရဲ့ ဖော်ပြချက်အရ ပြင်သစ်လိဂန်း ချန်ပီယံတွေဟာ ဘာနာဒို ဆေးလ်ဗားအတွက် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ အဆင်သင့်ဖြစ်နေပြီး အစ်တီဟတ်မှာ မတည်မငြိမ်ဖြစ်နေတဲ့ ပေါ်တူဂီကြယ်ပွင့်ကို ယူရိုသန်း ၇၀ လောက် ပေးချေပြီး ခေါ်ယူသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်ပြီး ပြင်သစ်လိဂန်းအသင်းကြီးဟာ ပြောင်းရွှေ့ကြေးသာ သဘောတူညီမှုရခဲ့ရင် ပေါ်တူဂီကွင်းလယ်ကစားသမားအနေနဲ့ ပဲရစ်ကို ပြောင်းရွှေ့လာလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းကလည်း ၂၀၁၇ ခုနှစ်မှာ မိုနာကိုကနေ ပေါင် ၄၃.၅ သန်းနဲ့ ရောက်ရှိလာပြီးကတည်းက အသင်းအတွက် ၂၅၃ ပွဲမှာ သွင်းဂိုး ၄၈ ဂိုးအထိ သွင်းယူပေးထားခဲ့တဲ့ မန်ချက်စတာစီးတီးကွင်းလယ်ကစားသမားနဲ့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကတ်တလန်ကလပ်အသင်းရဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ဘဏ္ဍာရေး အကြပ်တည်းကြောင့် ယခုနွေရာသီမှာ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ နှောင့်နှေးနေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကတော့ ဘာနာဒို ဆေးလ်ဗားအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၈၀ လောက် သတ်မှတ်ထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးရဲ့ အထူးချွန်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ ဂွါဒီယိုလာရဲ့အသင်းကို ၅ ရာသီအတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပြီး ကူညီပေးခဲ့တာဖြစ်ပြီး ဇူလိုင်လမှာ ပြင်သစ်သတင်းဌာန Le Parisien က ပီအက်စ်ဂျီဟာ ဆေးလ်ဗားကို နေမာနဲ့ အလဲအထပ်ပြုလုပ်သွားချင်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဆေးလ်ဗားဟာ ယခုရာသီမှာ မန်ချက်စတာစီးတီးအသင်းအတွက် တစ်ပွဲမှ ပွဲထွက်ပါဝင်ကစားပေးရခြင်းမရှိသေးတာကြောင့် ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေကလည်း ဆက်လက်ပေါ်ထွက်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းဟာ မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ဘာနာဒို ေဆးလ္ဗားကို ေခၚယူမယ့္ ၿပိဳင္ပြဲထဲကို ဝင္ေရာက္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။

The Times ရဲ႕ ေဖာ္ျပခ်က္အရ ျပင္သစ္လိဂန္း ခ်န္ပီယံေတြဟာ ဘာနာဒို ေဆးလ္ဗားအတြက္ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ အဆင္သင့္ျဖစ္ေနၿပီး အစ္တီဟတ္မွာ မတည္မၿငိမ္ျဖစ္ေနတဲ့ ေပၚတူဂီၾကယ္ပြင့္ကို ယူ႐ိုသန္း ၇၀ ေလာက္ ေပးေခ်ၿပီး ေခၚယူသြားခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

ဘာနာဒို ေဆးလ္ဗားဟာ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းရဲ႕ ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရသူျဖစ္ၿပီး ျပင္သစ္လိဂန္းအသင္းႀကီးဟာ ေျပာင္းေ႐ႊ႕ေၾကးသာ သေဘာတူညီမႈရခဲ့ရင္ ေပၚတူဂီကြင္းလယ္ကစားသမားအေနနဲ႔ ပဲရစ္ကို ေျပာင္းေ႐ႊ႕လာလိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိေနတယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းကလည္း ၂၀၁၇ ခုႏွစ္မွာ မိုနာကိုကေန ေပါင္ ၄၃.၅ သန္းနဲ႔ ေရာက္ရွိလာၿပီးကတည္းက အသင္းအတြက္ ၂၅၃ ပြဲမွာ သြင္းဂိုး ၄၈ ဂိုးအထိ သြင္းယူေပးထားခဲ့တဲ့ မန္ခ်က္စတာစီးတီးကြင္းလယ္ကစားသမားနဲ႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကတ္တလန္ကလပ္အသင္းရဲ႕ လက္ရွိ ျဖစ္ပြားေနတဲ့ ဘ႑ာေရး အၾကပ္တည္းေၾကာင့္ ယခုေႏြရာသီမွာ ေပၚတူဂီလက္ေ႐ြးစင္ကြင္းလယ္ကစားသမားကို ေခၚယူဖို႔ ႀကိဳးပမ္းမႈဟာ ေႏွာင့္ေႏွးေနခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းကေတာ့ ဘာနာဒို ေဆးလ္ဗားအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ယူ႐ိုသန္း ၈၀ ေလာက္ သတ္မွတ္ထားတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ မန္စီးတီးရဲ႕ အထူးခြၽန္ဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့တာျဖစ္ပါတယ္။

ဘာနာဒို ေဆးလ္ဗားဟာ ဂြါဒီယိုလာရဲ႕အသင္းကို ၅ ရာသီအတြင္း ၄ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ၿပီး ကူညီေပးခဲ့တာျဖစ္ၿပီး ဇူလိုင္လမွာ ျပင္သစ္သတင္းဌာန Le Parisien က ပီအက္စ္ဂ်ီဟာ ေဆးလ္ဗားကို ေနမာနဲ႔ အလဲအထပ္ျပဳလုပ္သြားခ်င္ေနတယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ေဆးလ္ဗားဟာ ယခုရာသီမွာ မန္ခ်က္စတာစီးတီးအသင္းအတြက္ တစ္ပြဲမွ ပြဲထြက္ပါဝင္ကစားေပးရျခင္းမရွိေသးတာေၾကာင့္ ၎ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ေကာလာဟလေတြကလည္း ဆက္လက္ေပၚထြက္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.