International La Liga UCL&UEL

ဘရိတ်ဝိတ်ကို အနိုင်မကျင့်ဖို့ ဘာစီလိုနာကို သတိပေးလိုက်တဲ့ ဒိန်းမတ်အဖွဲ့ချုပ်

ဘာစီလိုနာအသင်းအနေနဲ့ ဒီရာသီမှာ ပိုက်ဆံလေးနည်းနည်းပါးပါး ပိုထွက်လာဖို့ဆိုရင် ဘယ်လိုကိစ္စမျိုးကိုမဆို မျက်နှာပြောင်တိုက်ပြီး လုပ်ဆောင်နေခဲ့သလို ကစားသမားတွေကိုလည်း လစာလျှော့ယူခိုင်းလိုက်၊ ကြွေးကျန်မပေးလိုက်၊ စာချုပ်ဖျက်ခိုင်းလိုက်နဲ့ လုပ်ဆောင်နေခဲ့ရာမှာ တိုက်စစ်မှူး မာတင် ဘရိတ်ဝိတ်ရဲ့ ကိစ္စကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ကွင်းလယ်လူ ဖရန်ကီ ဒီယုံးရဲ့ ကိစ္စကတော့ နာမည်ကြီး ကစားသမားတစ်ယောက်ရဲ့ အဖြစ်အပျက်မို့လို့ လူတွေက ပိုပြီး သတိထားမိခဲ့ချိန်မှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက တောင်ပံသမား အူစမွန် ဒမ်ဘီလီ ဒဏ်ရာရသွားခဲ့လို့ လာလီဂါက အရေးပေါ်ခေါ်ယူခွင့်ပေးခဲ့ချိန်မှာ လီဟာနက်စ်ကနေ ယူရို ၁၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဘရိတ်ဝိတ်ကိုတော့ သတင်းသမားတွေက ဖော်ပြမှု နည်းခဲ့တာပါ။

ရောက်ရှိလာစဉ်က လေးနှစ်စာချုပ်နဲ့ လျော်ကြေး ယူရိုသန်း ၃၀၀ တန် ထည့်သွင်းထားခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ဂိုင်ယာနာနွယ်ဖွား ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူးကို လက်ကျန်စာချုပ် ဖျက်သိမ်းဖို့ ဘာစီလိုနာဘက်က ဖိအားပေးနေပြီး ဒီအသင်းမှာ ကစားခွင့် မပေးနိုင်တော့တဲ့ အခြေအနေကြောင့် နူးကမ့်ကနေ သူ့အလိုလို ထွက်ခွာသွားစေဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။

ဒီအတွက် စိတ်ပျက်နေရတဲ့ လက်ရွေးစင်အသင်းမှာ ပွဲ ၆၀ ကို ၁၀ ဂိုး သွင်းယူပေးထားတဲ့ ဘရိတ်ဝိတ်အတွက် ဒိန်းမတ်ဘောလုံးသမားများအဖွဲ့ချုပ်ရဲ့ ဒါရိုက်တာ မိုက်ကယ်လ် ဆားလ် ဟန်ဆန်က ရှေ့ကနေ ရပ်တည်ပေးလိုက်ပြီး ဘာစီလိုနာအသင်းနဲ့ နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်တို့အနေနဲ့ သူတို့ကစားသမားကို အနိုင်ကျင့်နေတာ ချက်ချင်းရပ်ဖို့ သတိပေးလိုက်တာပါ။

“မာတင်ကို သူတို့ဆက်ဆံနေပုံက လုံးဝ ကျိုးကြောင်းဆီလျော်မှု မရှိလို့ လက်မခံနိုင်စရာပါပဲ။ ဒါက စော်ကားပြီး အနိုင်ကျင့်မှုတစ်မျိုးဖြစ်လို့ ဘာစီလိုနာတို့အတွက် ရှက်စရာလို့လည်း ဆိုရပါလိမ့်မယ်။ သူတို့အနေနဲ့ လိုအပ်နေချိန်မှာ အရေးတကြီး ခေါ်ယူခဲ့တဲ့ ကစားသမားကို ဒီလိုဆက်ဆံနေတာ သူ့ရဲ့ အလုပ်ကို ပယ်ဖျက်ဖို့ ကြိုးစားနေတာက ဖြစ်သင့်ရဲ့လား”

“စာချုပ်ဆိုတာ စာချုပ်ပဲဖြစ်ပြီး လိုက်နာရမှာပါ။ ဘာစီလိုနာနဲ့ မာတင်တို့ကြားမှာ နောက်ထပ်နှစ်နှစ်အတွက် ချုပ်ဆိုထားပါသေးတယ်။ မာတင်က သူ့ဘက်က ဒီစာချုပ်ကို လေးစားသလို ဘာစီလိုနာကလည်း သူတို့ရဲ့ အစိတ်အပိုင်းအတွက် လေးစားလိုက်နာရမှာပါ။ အသင်းကြီးတွေအနေနဲ့ သူတို့ရဲ့ ကစားသမားတွေကို ဒီထက်ပိုပြီး လေးစားမှုပြသဖို့ လိုအပ်ပါတယ်”လို့ ဟန်ဆန်က တရားဝင် ထုတ်ဖော်ပြီး ရှုတ်ချလိုက်ပါတယ်။

ဘာစီလိုနာနဲ့ ဘရိတ်ဝိတ်တို့ရဲ့ စာချုပ်က လက်ရှိမှာ လေးနှစ်သက်တမ်းရဲ့ ထက်ဝက်ကိုသာ ရောက်ရှိနေသေးတာဖြစ်ပြီး အသင်းအတွက် ၅၈ ပွဲ ကစား၊ ၁၀ ဂိုးသွင်းယူပေးထားတဲ့ တိုက်စစ်မှူးကို သူတို့တွေအနေနဲ့ ကလေကချေလို ဆက်ဆံနေကြတာဖြစ်သလို မက်ဆီ၊ ပီကေးတို့လို ကစားသမားတွေကို အတိတ်က ပေးချေခဲ့တဲ့ မယုံနိုင်လောက်စရာ လစာငွေတွေနဲ့ ဒေဝါလီခံရလုနီးပါးဖြစ်နေချိန်မှာ မဆိုင်သူတွေကို တာဝန်ခံခိုင်းနေကြတာလည်းဖြစ်ပါတယ်။

ကာတာလန်အသင်းရဲ့ ဥက္ကဌ ယိုအန်း လာပေါ်တာအနေနဲ့ အသင်းရဲ့ အနာဂတ် ရုပ်သံထုတ်လွှင့်မှု ခံစားခွင့်တွေကိုလည်း အရစ်လေးရစ်ခွဲပြီး ရောင်းချခဲ့တာက ၇၄.၆ ရာခိုင်နှုန်းအထိ ရှိသွားပြီဖြစ်ပြီး သူတို့တွေအနေနဲ့ ၂၅.၄ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ခွင့်ရှိတော့မှာဖြစ်သလို လာလီဂါနဲ့ ယူအီးအက်ဖ်အေရဲ့ Financial Fair Play Rule ကို ရှောင်လွှဲနိုင်ဖို့နဲ့ ကစားသမားတွေကို မှတ်ပုံတင်နိုင်ဖို့ အသည်းအသန်လုပ်ဆောင်နေရတာပါ။

လက်ရှိအချိန်အထိလည်း ခေါ်ယူထားတဲ့ ကစားသမားသစ်တွေထဲက နောက်ခံလူ ဂျူးလ် ကွန်ဒီကို မှတ်ပုံမတင်နိုင်သေးဘဲရှိနေပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးနဲ့ လစာငွေကို ပေးချေဖို့ ငွေကြေးလုံလောက်ကြောင်း ပြသရဦးမယ့်အချိန်မှာ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကို မလေးစားဘဲ သူတို့ဆီက ရသလောက် ညှစ်နေတဲ့ ဘာစီလိုနာရဲ့ လုပ်ရပ်ကတော့ ဘောလုံးကမ္ဘာမှာ ရှက်စရာအဖြစ်ပဲ လူပြောများနေကြကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာ ပိုက္ဆံေလးနည္းနည္းပါးပါး ပိုထြက္လာဖို႔ဆိုရင္ ဘယ္လိုကိစၥမ်ိဳးကိုမဆို မ်က္ႏွာေျပာင္တိုက္ၿပီး လုပ္ေဆာင္ေနခဲ့သလို ကစားသမားေတြကိုလည္း လစာေလွ်ာ့ယူခိုင္းလိုက္၊ ေႂကြးက်န္မေပးလိုက္၊ စာခ်ဳပ္ဖ်က္ခိုင္းလိုက္နဲ႔ လုပ္ေဆာင္ေနခဲ့ရာမွာ တိုက္စစ္မႉး မာတင္ ဘရိတ္ဝိတ္ရဲ႕ ကိစၥကလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။

ကြင္းလယ္လူ ဖရန္ကီ ဒီယုံးရဲ႕ ကိစၥကေတာ့ နာမည္ႀကီး ကစားသမားတစ္ေယာက္ရဲ႕ အျဖစ္အပ်က္မို႔လို႔ လူေတြက ပိုၿပီး သတိထားမိခဲ့ခ်ိန္မွာ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလက ေတာင္ပံသမား အူစမြန္ ဒမ္ဘီလီ ဒဏ္ရာရသြားခဲ့လို႔ လာလီဂါက အေရးေပၚေခၚယူခြင့္ေပးခဲ့ခ်ိန္မွာ လီဟာနက္စ္ကေန ယူ႐ို ၁၈ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဘရိတ္ဝိတ္ကိုေတာ့ သတင္းသမားေတြက ေဖာ္ျပမႈ နည္းခဲ့တာပါ။

ေရာက္ရွိလာစဥ္က ေလးႏွစ္စာခ်ဳပ္နဲ႔ ေလ်ာ္ေၾကး ယူ႐ိုသန္း ၃၀၀ တန္ ထည့္သြင္းထားခဲ့တဲ့ အသက္ ၃၁ ႏွစ္အ႐ြယ္ ဂိုင္ယာနာႏြယ္ဖြား ဒိန္းမတ္လက္ေ႐ြးစင္ တိုက္စစ္မႉးကို လက္က်န္စာခ်ဳပ္ ဖ်က္သိမ္းဖို႔ ဘာစီလိုနာဘက္က ဖိအားေပးေနၿပီး ဒီအသင္းမွာ ကစားခြင့္ မေပးႏိုင္ေတာ့တဲ့ အေျခအေနေၾကာင့္ ႏူးကမ့္ကေန သူ႔အလိုလို ထြက္ခြာသြားေစဖို႔ အလိုရွိေနတာလည္းျဖစ္ပါတယ္။

ဒီအတြက္ စိတ္ပ်က္ေနရတဲ့ လက္ေ႐ြးစင္အသင္းမွာ ပြဲ ၆၀ ကို ၁၀ ဂိုး သြင္းယူေပးထားတဲ့ ဘရိတ္ဝိတ္အတြက္ ဒိန္းမတ္ေဘာလုံးသမားမ်ားအဖြဲ႕ခ်ဳပ္ရဲ႕ ဒါ႐ိုက္တာ မိုက္ကယ္လ္ ဆားလ္ ဟန္ဆန္က ေရွ႕ကေန ရပ္တည္ေပးလိုက္ၿပီး ဘာစီလိုနာအသင္းနဲ႔ နည္းျပ ဇာဗီ ဟာနန္ဒက္ဇ္တို႔အေနနဲ႔ သူတို႔ကစားသမားကို အႏိုင္က်င့္ေနတာ ခ်က္ခ်င္းရပ္ဖို႔ သတိေပးလိုက္တာပါ။

“မာတင္ကို သူတို႔ဆက္ဆံေနပုံက လုံးဝ က်ိဳးေၾကာင္းဆီေလ်ာ္မႈ မရွိလို႔ လက္မခံႏိုင္စရာပါပဲ။ ဒါက ေစာ္ကားၿပီး အႏိုင္က်င့္မႈတစ္မ်ိဳးျဖစ္လို႔ ဘာစီလိုနာတို႔အတြက္ ရွက္စရာလို႔လည္း ဆိုရပါလိမ့္မယ္။ သူတို႔အေနနဲ႔ လိုအပ္ေနခ်ိန္မွာ အေရးတႀကီး ေခၚယူခဲ့တဲ့ ကစားသမားကို ဒီလိုဆက္ဆံေနတာ သူ႔ရဲ႕ အလုပ္ကို ပယ္ဖ်က္ဖို႔ ႀကိဳးစားေနတာက ျဖစ္သင့္ရဲ႕လား”

“စာခ်ဳပ္ဆိုတာ စာခ်ဳပ္ပဲျဖစ္ၿပီး လိုက္နာရမွာပါ။ ဘာစီလိုနာနဲ႔ မာတင္တို႔ၾကားမွာ ေနာက္ထပ္ႏွစ္ႏွစ္အတြက္ ခ်ဳပ္ဆိုထားပါေသးတယ္။ မာတင္က သူ႔ဘက္က ဒီစာခ်ဳပ္ကို ေလးစားသလို ဘာစီလိုနာကလည္း သူတို႔ရဲ႕ အစိတ္အပိုင္းအတြက္ ေလးစားလိုက္နာရမွာပါ။ အသင္းႀကီးေတြအေနနဲ႔ သူတို႔ရဲ႕ ကစားသမားေတြကို ဒီထက္ပိုၿပီး ေလးစားမႈျပသဖို႔ လိုအပ္ပါတယ္”လို႔ ဟန္ဆန္က တရားဝင္ ထုတ္ေဖာ္ၿပီး ရႈတ္ခ်လိုက္ပါတယ္။

ဘာစီလိုနာနဲ႔ ဘရိတ္ဝိတ္တို႔ရဲ႕ စာခ်ဳပ္က လက္ရွိမွာ ေလးႏွစ္သက္တမ္းရဲ႕ ထက္ဝက္ကိုသာ ေရာက္ရွိေနေသးတာျဖစ္ၿပီး အသင္းအတြက္ ၅၈ ပြဲ ကစား၊ ၁၀ ဂိုးသြင္းယူေပးထားတဲ့ တိုက္စစ္မႉးကို သူတို႔ေတြအေနနဲ႔ ကေလကေခ်လို ဆက္ဆံေနၾကတာျဖစ္သလို မက္ဆီ၊ ပီေကးတို႔လို ကစားသမားေတြကို အတိတ္က ေပးေခ်ခဲ့တဲ့ မယုံႏိုင္ေလာက္စရာ လစာေငြေတြနဲ႔ ေဒဝါလီခံရလုနီးပါးျဖစ္ေနခ်ိန္မွာ မဆိုင္သူေတြကို တာဝန္ခံခိုင္းေနၾကတာလည္းျဖစ္ပါတယ္။

ကာတာလန္အသင္းရဲ႕ ဥကၠဌ ယိုအန္း လာေပၚတာအေနနဲ႔ အသင္းရဲ႕ အနာဂတ္ ႐ုပ္သံထုတ္လႊင့္မႈ ခံစားခြင့္ေတြကိုလည္း အရစ္ေလးရစ္ခြဲၿပီး ေရာင္းခ်ခဲ့တာက ၇၄.၆ ရာခိုင္ႏႈန္းအထိ ရွိသြားၿပီျဖစ္ၿပီး သူတို႔ေတြအေနနဲ႔ ၂၅.၄ ရာခိုင္ႏႈန္းကိုသာ ပိုင္ဆိုင္ခြင့္ရွိေတာ့မွာျဖစ္သလို လာလီဂါနဲ႔ ယူအီးအက္ဖ္ေအရဲ႕ Financial Fair Play Rule ကို ေရွာင္လႊဲႏိုင္ဖို႔နဲ႔ ကစားသမားေတြကို မွတ္ပုံတင္ႏိုင္ဖို႔ အသည္းအသန္လုပ္ေဆာင္ေနရတာပါ။

လက္ရွိအခ်ိန္အထိလည္း ေခၚယူထားတဲ့ ကစားသမားသစ္ေတြထဲက ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီကို မွတ္ပုံမတင္ႏိုင္ေသးဘဲရွိေနၿပီး သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လစာေငြကို ေပးေခ်ဖို႔ ေငြေၾကးလုံေလာက္ေၾကာင္း ျပသရဦးမယ့္အခ်ိန္မွာ အသင္းမွာ ရွိေနတဲ့ ကစားသမားေတြကို မေလးစားဘဲ သူတို႔ဆီက ရသေလာက္ ညႇစ္ေနတဲ့ ဘာစီလိုနာရဲ႕ လုပ္ရပ္ကေတာ့ ေဘာလုံးကမာၻမွာ ရွက္စရာအျဖစ္ပဲ လူေျပာမ်ားေနၾကေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.