La Liga Premier League Transfer News

ကက်စမီရိုက ကွာရှင်းပြတ်စဲကြမယ့် မန်ယူနဲ့ရော်နယ်လ်ဒိုတို့အတွက် အိမ့်ဆည်းလည်းလေးဖြစ်လာမှာလား

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုနွေရာသီတလျှောက်လုံး မန်ချက်စတာယူနိုက်တက်နဲ့ ကွာရှင်းဖို့အတွက် ကြိုးပမ်းချင်နေခဲ့တာဖြစ်ပြီး ၎င်းရဲ့ ချန်ပီယံလိဂ်က စံချိန်မှတ်တမ်းတွေကို နောက်ထပ် ပိုမိုခိုင်မာအောင် ပြုလုပ်ချင်နေတာဖြစ်ပါတယ်။

စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲရောက်နေပြီဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကို လွတ်မြောက်အောင် ကူညီဖို့ အိုးထရက်ဖို့ဒ်အပြင်ဘက်မှာ တန်းစီနေတဲ့ အသင်းများများစားစားမရှိပေမယ့်လည်း စပို့တင်း လစ္စဘွန်းကတော့ ၎င်းတို့ရဲ့အကယ်ဒမီထွက် ကစားသမားကို ပြန်လာစေချင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ထွက်ခွာခွင့်ပေးချင်တဲ့ ဆန္ဒရှိနေပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း သိပ်မကြာခင်ကာလအတွင်း ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ကက်စမီရိုကို ခေါ်ယူပြီး ပေါ်တူဂီကြယ်ပွင့်ကို ဆက်နေချင်အောင် ကြိုးပမ်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ခံစစ်ကစားသမားဟာ ရာဗျိုရဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပြီးနောက် ယခုအပတ်အစောပိုင်းမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်လာတာဖြစ်ပြီး အစပိုင်းတုန်းကတော့ ဖြစ်မလာနိုင်တဲ့အပြောင်းအရွှေ့လို့ ထင်ခဲ့ကြပေမယ့်လည်း လက်ရှိမှာတော့ အရာအားလုံးက လျင်လျင်မြန်မြန်ပဲ တိုးတက်လာနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဖြစ်ခဲ့ကြတဲ့ ရော်နယ်လ်ဒိုနဲ့ ကက်စမီရိုတို့ရဲ့ ဗီဒီယိုထဲမှာ ဘရာဇီးလ်ကွင်းလယ်ကစားသမားက ဘလွန်ဒေါ ၅ ဆုရှင်ကို ဂိုးအောင်ပွဲခံရာမှာ အားရပါးရ ပွေ့ဖက်ခဲ့တာဖြစ်ပြီး တကယ်တော့ ၂ ကြိမ်တောင် အားပါးတရ ပွေ့ဖက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံတွေက စကားလုံးထောင်ချီ ပြောနိုင်တယ်ဆိုတဲ့ စကားကလည်း ရှိနေချိန်မှာ ကက်စမီရိုက ၎င်းရဲ့ သူငယ်ချင်းကောင်းတစ်ဦးလည်းဖြစ်တဲ့ မိုဒရစ် ဘလွန်ဒေါဆုရတုန်းကတောင် ရော်နယ်လ်ဒိုအနေနဲ့ ၆ ကြိမ်မြောက် ဘလွန်ဒေါဆုကို ပေးအပ်ခြင်း ခံခဲ့ရသင့်တယ်လို့ ပြောကြားခဲ့ဖူးတဲ့အထိ ပေါ်တူဂီကြယ်ပွင့်ကို ချစ်မြတ်နိုးသူ ဖြစ်ပါတယ်။

“လူကာ ပိုင်ဆိုင်ခဲ့တဲ့နှစ်က ထူးခြားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပြီးခဲ့တဲ့ရာသီ သူ ရရှိခဲ့တဲ့အရာအားလုံးအတွက် ခရစ္စတီယာနိုကိုပဲ ဘလွန်ဒေါဆုကို ပေးမှာပါ”လို့ မိုဒရစ် ဘလွန်ဒေါဆု ရရှိပြီးနောက်မှာ ကက်စမီရိုက AS ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ ရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်အသင်းဘက်ကို အလွန်ကောင်းမွန်တဲ့ သွင်းဂိုး သွင်းယူနိုင်ခဲ့ချိန်မှာလည်း ကက်စမီရိုက ပရိသတ်တွေအနေနဲ့ ပေါ်တူဂီတိုက်စစ်မှူးကို ကြည့်ရှုလို့ ရနိုင်တုန်း ဆက်လက်ပျော်ရွှင်ခံစားသင့်တယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့သေးတာဖြစ်ပါတယ်။

“ခရစ္စတီယာနို အကြောင်း ပြောရတာက ကျွန်တော်တို့အမြဲတမ်း သူ့အကြောင်း ပြောကြပြီး ကျွန်တော် ပြောချင်တဲ့စကားမျိုး ရှိပါတယ်။ အဲဒါက ကမ္ဘာပေါ်က အကောင်းဆုံးကို သူ ဘယ်လို ပြိုင်ပွဲတွေမှာ ကစားလဲဆိုတာ ဆက်ပြီး ကြည့်ရှုခံစားပါ။ ဘာလို့လဲဆိုတော့ သူလုပ်နေတာတွေက မယုံနိုင်စရာကောင်းလို့ပါ။ သူ သွင်းခဲ့တဲ့ အံ့အားသင့်ဖွယ်ဂိုး။ သူက ကမ္ဘာပေါ်က အကောင်းဆုံးပဲ။ ကျွန်တော်တို့ သူ ဘောလုံးကစားတာကို ဆက်ပြီး ကြည့်ရှုံစားရမယ်။ သူ့ရဲ့ သွင်းဂိုးတွေ၊ အလုပ်ကြိုးစားတာတွေ၊ အဝတ်လဲခန်းအတွင်းက ခေါင်းဆောင်မှုတွေကိုပါ။ သူ ကျွန်တော်တို့နဲ့ ကြာကြာရှိနိုင်လေ ကောင်းလေပဲ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီလို ပြောဆိုခဲ့ပြီးနောက်မှာ ကက်စမီရိုဟာ ဘာနေဗျူးမှာ ၎င်းရဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းဖော်နဲ့ သိပ်ကြာကြာ အတူတူ မကစားခဲ့ရဘဲ ရော်နယ်လ်ဒိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဥရောပချန်ပီယံ ၃ နှစ်ဆက် ဖြစ်ခဲ့ပြီးနောက်မှာပဲ စပိန်ကို စွန့်ခွာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းက ကက်စမီရိုကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေပြီဖြစ်ပြီး ဒီအပြောင်းအရွှေ့ဟာ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ၂ ဦးကြားက ချစ်ခြင်းတရားကိုသာမက ရော်နယ်လ်ဒိုနဲ့ ယူနိုက်တက်တို့ကြားက ချစ်ခြင်းတရားကိုပါ တဖန်ပြန်လည် မွေးဖွားစေနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ယခုေႏြရာသီတေလွ်ာက္လုံး မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကြာရွင္းဖို႔အတြက္ ႀကိဳးပမ္းခ်င္ေနခဲ့တာျဖစ္ၿပီး ၎ရဲ႕ ခ်န္ပီယံလိဂ္က စံခ်ိန္မွတ္တမ္းေတြကို ေနာက္ထပ္ ပိုမိုခိုင္မာေအာင္ ျပဳလုပ္ခ်င္ေနတာျဖစ္ပါတယ္။

စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲေရာက္ေနၿပီျဖစ္တဲ့ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို လြတ္ေျမာက္ေအာင္ ကူညီဖို႔ အိုးထရက္ဖို႔ဒ္အျပင္ဘက္မွာ တန္းစီေနတဲ့ အသင္းမ်ားမ်ားစားစားမရွိေပမယ့္လည္း စပို႔တင္း လစၥဘြန္းကေတာ့ ၎တို႔ရဲ႕အကယ္ဒမီထြက္ ကစားသမားကို ျပန္လာေစခ်င္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ လက္ရွိမွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ထြက္ခြာခြင့္ေပးခ်င္တဲ့ ဆႏၵရွိေနၿပီျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း သိပ္မၾကာခင္ကာလအတြင္း ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္း ကက္စမီ႐ိုကို ေခၚယူၿပီး ေပၚတူဂီၾကယ္ပြင့္ကို ဆက္ေနခ်င္ေအာင္ ႀကိဳးပမ္းေနတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ခံစစ္ကစားသမားဟာ ရာဗ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့ၿပီးေနာက္ ယခုအပတ္အေစာပိုင္းမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပစ္မွတ္ျဖစ္လာတာျဖစ္ၿပီး အစပိုင္းတုန္းကေတာ့ ျဖစ္မလာႏိုင္တဲ့အေျပာင္းအေ႐ႊ႕လို႔ ထင္ခဲ့ၾကေပမယ့္လည္း လက္ရွိမွာေတာ့ အရာအားလုံးက လ်င္လ်င္ျမန္ျမန္ပဲ တိုးတက္လာေနတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေတြျဖစ္ခဲ့ၾကတဲ့ ေရာ္နယ္လ္ဒိုနဲ႔ ကက္စမီ႐ိုတို႔ရဲ႕ ဗီဒီယိုထဲမွာ ဘရာဇီးလ္ကြင္းလယ္ကစားသမားက ဘလြန္ေဒါ ၅ ဆုရွင္ကို ဂိုးေအာင္ပြဲခံရာမွာ အားရပါးရ ေပြ႕ဖက္ခဲ့တာျဖစ္ၿပီး တကယ္ေတာ့ ၂ ႀကိမ္ေတာင္ အားပါးတရ ေပြ႕ဖက္ခဲ့တာျဖစ္ပါတယ္။

ဓာတ္ပုံေတြက စကားလုံးေထာင္ခ်ီ ေျပာႏိုင္တယ္ဆိုတဲ့ စကားကလည္း ရွိေနခ်ိန္မွာ ကက္စမီ႐ိုက ၎ရဲ႕ သူငယ္ခ်င္းေကာင္းတစ္ဦးလည္းျဖစ္တဲ့ မိုဒရစ္ ဘလြန္ေဒါဆုရတုန္းကေတာင္ ေရာ္နယ္လ္ဒိုအေနနဲ႔ ၆ ႀကိမ္ေျမာက္ ဘလြန္ေဒါဆုကို ေပးအပ္ျခင္း ခံခဲ့ရသင့္တယ္လို႔ ေျပာၾကားခဲ့ဖူးတဲ့အထိ ေပၚတူဂီၾကယ္ပြင့္ကို ခ်စ္ျမတ္ႏိုးသူ ျဖစ္ပါတယ္။

“လူကာ ပိုင္ဆိုင္ခဲ့တဲ့ႏွစ္က ထူးျခားခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ၿပီးခဲ့တဲ့ရာသီ သူ ရရွိခဲ့တဲ့အရာအားလုံးအတြက္ ခရစၥတီယာႏိုကိုပဲ ဘလြန္ေဒါဆုကို ေပးမွာပါ”လို႔ မိုဒရစ္ ဘလြန္ေဒါဆု ရရွိၿပီးေနာက္မွာ ကက္စမီ႐ိုက AS ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္မွာ ေရာ္နယ္လ္ဒိုရဲ႕ ဂ်ဴဗင္တပ္အသင္းဘက္ကို အလြန္ေကာင္းမြန္တဲ့ သြင္းဂိုး သြင္းယူႏိုင္ခဲ့ခ်ိန္မွာလည္း ကက္စမီ႐ိုက ပရိသတ္ေတြအေနနဲ႔ ေပၚတူဂီတိုက္စစ္မႉးကို ၾကည့္ရႈလို႔ ရႏိုင္တုန္း ဆက္လက္ေပ်ာ္႐ႊင္ခံစားသင့္တယ္ဆိုတဲ့အေၾကာင္း ေျပာၾကားခဲ့ေသးတာျဖစ္ပါတယ္။

“ခရစၥတီယာႏို အေၾကာင္း ေျပာရတာက ကြၽန္ေတာ္တို႔အၿမဲတမ္း သူ႔အေၾကာင္း ေျပာၾကၿပီး ကြၽန္ေတာ္ ေျပာခ်င္တဲ့စကားမ်ိဳး ရွိပါတယ္။ အဲဒါက ကမာၻေပၚက အေကာင္းဆုံးကို သူ ဘယ္လို ၿပိဳင္ပြဲေတြမွာ ကစားလဲဆိုတာ ဆက္ၿပီး ၾကည့္ရႈခံစားပါ။ ဘာလို႔လဲဆိုေတာ့ သူလုပ္ေနတာေတြက မယုံႏိုင္စရာေကာင္းလို႔ပါ။ သူ သြင္းခဲ့တဲ့ အံ့အားသင့္ဖြယ္ဂိုး။ သူက ကမာၻေပၚက အေကာင္းဆုံးပဲ။ ကြၽန္ေတာ္တို႔ သူ ေဘာလုံးကစားတာကို ဆက္ၿပီး ၾကည့္ရႈံစားရမယ္။ သူ႔ရဲ႕ သြင္းဂိုးေတြ၊ အလုပ္ႀကိဳးစားတာေတြ၊ အဝတ္လဲခန္းအတြင္းက ေခါင္းေဆာင္မႈေတြကိုပါ။ သူ ကြၽန္ေတာ္တို႔နဲ႔ ၾကာၾကာရွိႏိုင္ေလ ေကာင္းေလပဲ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အဲဒီလို ေျပာဆိုခဲ့ၿပီးေနာက္မွာ ကက္စမီ႐ိုဟာ ဘာေနဗ်ဴးမွာ ၎ရဲ႕ ကမာၻ႔အေကာင္းဆုံးအသင္းေဖာ္နဲ႔ သိပ္ၾကာၾကာ အတူတူ မကစားခဲ့ရဘဲ ေရာ္နယ္လ္ဒိုဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ဥေရာပခ်န္ပီယံ ၃ ႏွစ္ဆက္ ျဖစ္ခဲ့ၿပီးေနာက္မွာပဲ စပိန္ကို စြန႔္ခြာခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ကက္စမီ႐ိုကို ရီးရဲလ္မက္ဒရစ္အသင္းကေန ေခၚယူႏိုင္ဖို႔ အနီးစပ္ဆုံးအေျခအေနမွာ ရွိေနၿပီျဖစ္ၿပီး ဒီအေျပာင္းအေ႐ႊ႕ဟာ ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္း ၂ ဦးၾကားက ခ်စ္ျခင္းတရားကိုသာမက ေရာ္နယ္လ္ဒိုနဲ႔ ယူႏိုက္တက္တို႔ၾကားက ခ်စ္ျခင္းတရားကိုပါ တဖန္ျပန္လည္ ေမြးဖြားေစႏိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.