Match Report Premier League UCL&UEL

တိုက်စစ်မှူးတွေ ဂိုးသွင်းခြေတွေ့ခဲ့ပြီး ကွန်ဖရင့်လိဂ်ခြေစစ်ပွဲမှာ အနိုင်ရတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ အော့ဘွန်နာ၊ ဂျွန်ဆန်၊ ဆိုဖာလ်၊ အက်ရှ်ဘီတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဆိုးချက်ခ်၊ လန်ဇီနီ၊ ကိုဗင်ထရီတို့နဲ့ အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကစားသမားသစ်တွေဖြစ်ကြတဲ့ ကော်နေး၊ စကာမက်ကာနဲ့ ကြယ်ပွင့်တောင်ပံသမား ဘိုဝင်တို့ကို တွဲဖက်ပေးလာခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ်အသင်း ဗီဘော့ဂ်ကတော့ ဂိုးသမား လွန်းဒ်၊ ခံစစ်မှာ ဇာလက်တဲလ်၊ ဘာဂီ၊ အန်ညမ်ဘီ၊ ဆိုရန်ဆန်တို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာ လီးမန်းစ်၊ ဂရွန်းနင်းနဲ့ ဘွန်းဒ်တို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ လွန်းဗစ်ခ်၊ ဇမ်ဘူရက်ခ်နဲ့ ဂရော့ထ်တို့ လန်ဒန်ကွင်းက ကွန်ဖရင့်လိဂ် Play-off မှာ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲချိန် ၂၄ မိနစ်မှာ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်နောက်ခံလူအဖြစ် ဒီနေ့ပွဲမှာ ကစားခဲ့တဲ့ ဆိုဖာလ် ချပေးတာကို ဘယ်တောင်ပံကနေ ကစားသမားသစ် ကော်နေးရဲ့ အလိမ်အလှည့်နဲ့ ဖြတ်တင်ပေးပို့မှုကို အသင်းအတွက် လူစားဝင်ကစားပေးနေပေမယ့် ဂိုးမရသေးတဲ့ တိုက်စစ်မှူး စကာမက်ကာက ခပ်မြင့်မြင့်ခုန် ခေါင်းတိုက်ပြီး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ တိုက်စစ်မှူး စကာမက်ကာ နောက်ထပ်တစ်ကြိမ် အခွင့်အရေး ရခဲ့ပေမယ့် သူ့ရဲ့ ကန်ချက်ကို ဗီဘော့ဂ်ဂိုးသမား လွန်းဒ် ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ပြေးပိတ်ဖို့ ကြိုးစားတဲ့ ကော်နေး လူကျွံနေခဲ့တာကြောင့် တစ်ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပြီး အိမ်ရှင် ဝက်စ်ဟမ်းတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ လန်ဒန်ကွင်းကြီးမှာ ဦးဆောင်ထားနိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ လန်ဇီနီအစား ဖော်နယ်လ်စ် ဝင်ကစားခဲ့ပြီး ဒက်ကလန် ရိုက်စ်ကတော့ အမှားများနေသလို အလွဲတွေ များလွန်းနေတဲ့ ကွင်းလယ်ကြောင့် ဗီဘော့ဂ်တိုက်စစ်မှူး ဂရော့ထ် ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား အာရီယိုးလား မြေမှာ လှဲပြီး ခြေထောက်နဲ့ ပိတ်သွားနိုင်ခဲ့လို့ အပြစ်ပေး မခံခဲ့ရသလို လူငယ်နောက်ခံလူ အက်ရှ်ဘီကတော့ ညာတောင်ပံမှာ အလားအလာကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာ ဝက်စ်ဟမ်းတို့ ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဆိုးချက်ခ် ရယူပြီး ခင်းပေးတဲ့ ဘောလုံးကို ဗီဘော့ဂ်ဖက်က ဖြတ်တောက်ဖို့ ကြိုးစားတာ မအောင်မြင်ဘဲ လွတ်ထွက်လာခဲ့ရာကနေ ရသွားခဲ့တဲ့ ဘိုဝင်က အတွင်းကို တစ်ချက်ဝင်ပြီးမှ ဧရိယာထိပ်က အနိမ့်ဘော လှမ်းကန်သွင်းခဲ့ရာမှာ ညာဘက်တိုင်ခြေကို တိတိကျကျ ဝင်သွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

နှစ်ဂိုးရအပြီးမှာတော့ ဝက်စ်ဟမ်းတို့ ကစားသမားတချို့ကို အနားပေးခဲ့ပြီး စကာမက်ကာ၊ ဘိုဝင်နဲ့ အော့ဘွန်နာတို့အစား အန်တိုနီယို၊ ဘင်ရာမာနဲ့ ပီအက်စ်ဂျီကနေ ရောက်လာတဲ့ နောက်ခံလူသစ် သီလို ခါရာတို့ ဝင်ကစားခဲ့ကြသလို ဗီဘော့ဂ်ဘက်ကတော့ ကစားသမားနှစ်ဦး ထပ်မံ လဲကစားသွားခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ ဧည့်သည် ဗီဘော့ဂ်တို့ ချေပဂိုးတစ်ဂိုး ရယူသွားနိုင်ခဲ့ပြီး ဘယ်ခြမ်းက နောက်ခံလူ ဆိုရန်ဆန်ရဲ့ ဖြတ်တင်ဘောကို ဗဟိုနောက်ခံလူဖြစ်ပြီး တိုင်မင်မှားခဲ့သလို ခုန်လည်း မခုန်နိုင်ခဲ့တဲ့ လူစားဝင် ကစားသမားသစ် ခါရာရဲ့ ညံ့ဖျင်းမှုကနေ ကျော်လာတဲ့ ဘောလုံးကို ညာတောင်ပံသမား ဘွန်းဒ်က အနီးကပ် ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ အနိုင်ရလဒ်ကို ပိုမိုအားကောင်းစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဆွဲထွက်သွားခဲ့တဲ့ တောင်ပံသမား ဘင်ရာမာက ဗီဘော့ဂ်နောက်ခံလူ သုံးယောက်ကြားကနေ ချိုးပေးတာကို အန်တိုနီယိုက အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဝက်စ်ဟမ်းတို့ ယူရိုပါ ကွန်ဖရင့်လိဂ် Play-off ပထမအကျော့မှာ ဗီဘော့ဂ်ကို သုံးဂိုး-တစ်ဂိုးရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး နည်းပြ ဒေးဗစ် မွိုက်စ်အတွက် ရာသီသစ်မှာ ပထမဆုံးနိုင်ပွဲကို ရယူပေးနိုင်ခဲ့သလို လာမယ့် ဩဂုတ်လ ၂၅ ရက်နေ့မှာတော့ ဒုတိယအကျော့ ပွဲစဉ်ကို ဒိန်းမတ်မြေက ပရိသတ် တစ်သောင်းဆန့်ကွင်းမှာ ထပ်မံကစားရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား အာရီယိုးလား၊ ခံစစ္မွာ ေအာ့ဘြန္နာ၊ ဂြၽန္ဆန္၊ ဆိုဖာလ္၊ အက္ရွ္ဘီတို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆိုးခ်က္ခ္၊ လန္ဇီနီ၊ ကိုဗင္ထရီတို႔နဲ႔ အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ကစားသမားသစ္ေတြျဖစ္ၾကတဲ့ ေကာ္ေနး၊ စကာမက္ကာနဲ႔ ၾကယ္ပြင့္ေတာင္ပံသမား ဘိုဝင္တို႔ကို တြဲဖက္ေပးလာခဲ့တာျဖစ္ပါတယ္။

ဒိန္းမတ္အသင္း ဗီေဘာ့ဂ္ကေတာ့ ဂိုးသမား လြန္းဒ္၊ ခံစစ္မွာ ဇာလက္တဲလ္၊ ဘာဂီ၊ အန္ညမ္ဘီ၊ ဆိုရန္ဆန္တို႔ကို အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာ လီးမန္းစ္၊ ဂ႐ြန္းနင္းနဲ႔ ဘြန္းဒ္တို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ လြန္းဗစ္ခ္၊ ဇမ္ဘူရက္ခ္နဲ႔ ဂေရာ့ထ္တို႔ လန္ဒန္ကြင္းက ကြန္ဖရင့္လိဂ္ Play-off မွာ ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုး စတင္ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ေနာက္ခံလူအျဖစ္ ဒီေန႔ပြဲမွာ ကစားခဲ့တဲ့ ဆိုဖာလ္ ခ်ေပးတာကို ဘယ္ေတာင္ပံကေန ကစားသမားသစ္ ေကာ္ေနးရဲ႕ အလိမ္အလွည့္နဲ႔ ျဖတ္တင္ေပးပို႔မႈကို အသင္းအတြက္ လူစားဝင္ကစားေပးေနေပမယ့္ ဂိုးမရေသးတဲ့ တိုက္စစ္မႉး စကာမက္ကာက ခပ္ျမင့္ျမင့္ခုန္ ေခါင္းတိုက္ၿပီး သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ တိုက္စစ္မႉး စကာမက္ကာ ေနာက္ထပ္တစ္ႀကိမ္ အခြင့္အေရး ရခဲ့ေပမယ့္ သူ႔ရဲ႕ ကန္ခ်က္ကို ဗီေဘာ့ဂ္ဂိုးသမား လြန္းဒ္ ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး ေျပးပိတ္ဖို႔ ႀကိဳးစားတဲ့ ေကာ္ေနး လူကြၽံေနခဲ့တာေၾကာင့္ တစ္ဂိုးနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး အိမ္ရွင္ ဝက္စ္ဟမ္းတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ လန္ဒန္ကြင္းႀကီးမွာ ဦးေဆာင္ထားႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ လန္ဇီနီအစား ေဖာ္နယ္လ္စ္ ဝင္ကစားခဲ့ၿပီး ဒက္ကလန္ ႐ိုက္စ္ကေတာ့ အမွားမ်ားေနသလို အလြဲေတြ မ်ားလြန္းေနတဲ့ ကြင္းလယ္ေၾကာင့္ ဗီေဘာ့ဂ္တိုက္စစ္မႉး ဂေရာ့ထ္ ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးသမား အာရီယိုးလား ေျမမွာ လွဲၿပီး ေျခေထာက္နဲ႔ ပိတ္သြားႏိုင္ခဲ့လို႔ အျပစ္ေပး မခံခဲ့ရသလို လူငယ္ေနာက္ခံလူ အက္ရွ္ဘီကေတာ့ ညာေတာင္ပံမွာ အလားအလာေကာင္းေတြကို ျပသႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာ ဝက္စ္ဟမ္းတို႔ ဒုတိယဦးေဆာင္ဂိုး ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဆိုးခ်က္ခ္ ရယူၿပီး ခင္းေပးတဲ့ ေဘာလုံးကို ဗီေဘာ့ဂ္ဖက္က ျဖတ္ေတာက္ဖို႔ ႀကိဳးစားတာ မေအာင္ျမင္ဘဲ လြတ္ထြက္လာခဲ့ရာကေန ရသြားခဲ့တဲ့ ဘိုဝင္က အတြင္းကို တစ္ခ်က္ဝင္ၿပီးမွ ဧရိယာထိပ္က အနိမ့္ေဘာ လွမ္းကန္သြင္းခဲ့ရာမွာ ညာဘက္တိုင္ေျခကို တိတိက်က် ဝင္သြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ႏွစ္ဂိုးရအၿပီးမွာေတာ့ ဝက္စ္ဟမ္းတို႔ ကစားသမားတခ်ိဳ႕ကို အနားေပးခဲ့ၿပီး စကာမက္ကာ၊ ဘိုဝင္နဲ႔ ေအာ့ဘြန္နာတို႔အစား အန္တိုနီယို၊ ဘင္ရာမာနဲ႔ ပီအက္စ္ဂ်ီကေန ေရာက္လာတဲ့ ေနာက္ခံလူသစ္ သီလို ခါရာတို႔ ဝင္ကစားခဲ့ၾကသလို ဗီေဘာ့ဂ္ဘက္ကေတာ့ ကစားသမားႏွစ္ဦး ထပ္မံ လဲကစားသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဧည့္သည္ ဗီေဘာ့ဂ္တို႔ ေခ်ပဂိုးတစ္ဂိုး ရယူသြားႏိုင္ခဲ့ၿပီး ဘယ္ျခမ္းက ေနာက္ခံလူ ဆိုရန္ဆန္ရဲ႕ ျဖတ္တင္ေဘာကို ဗဟိုေနာက္ခံလူျဖစ္ၿပီး တိုင္မင္မွားခဲ့သလို ခုန္လည္း မခုန္ႏိုင္ခဲ့တဲ့ လူစားဝင္ ကစားသမားသစ္ ခါရာရဲ႕ ညံ့ဖ်င္းမႈကေန ေက်ာ္လာတဲ့ ေဘာလုံးကို ညာေတာင္ပံသမား ဘြန္းဒ္က အနီးကပ္ ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ အႏိုင္ရလဒ္ကို ပိုမိုအားေကာင္းေစမယ့္ တတိယေျမာက္ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ဆြဲထြက္သြားခဲ့တဲ့ ေတာင္ပံသမား ဘင္ရာမာက ဗီေဘာ့ဂ္ေနာက္ခံလူ သုံးေယာက္ၾကားကေန ခ်ိဳးေပးတာကို အန္တိုနီယိုက အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့လို႔ သုံးဂိုး-တစ္ဂိုးျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဝက္စ္ဟမ္းတို႔ ယူ႐ိုပါ ကြန္ဖရင့္လိဂ္ Play-off ပထမအေက်ာ့မွာ ဗီေဘာ့ဂ္ကို သုံးဂိုး-တစ္ဂိုးရလဒ္နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး နည္းျပ ေဒးဗစ္ မြိဳက္စ္အတြက္ ရာသီသစ္မွာ ပထမဆုံးႏိုင္ပြဲကို ရယူေပးႏိုင္ခဲ့သလို လာမယ့္ ဩဂုတ္လ ၂၅ ရက္ေန႔မွာေတာ့ ဒုတိယအေက်ာ့ ပြဲစဥ္ကို ဒိန္းမတ္ေျမက ပရိသတ္ တစ္ေသာင္းဆန႔္ကြင္းမွာ ထပ္မံကစားရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.