Article Premier League Transfer News

သုံးမကုန်တဲ့ပုံနဲ့ ဖောရက်စ်တို့ရဲ့ ၄၂ သန်းတန် ခေါ်ယူမှုက အားလုံးကို မျက်လုံးပြူးစေသလား

ဒီရာသီမှာ ချန်ပီယံရှစ် Play-off ဖိုင်နယ်ကနေ ပရီးမီးယားလိဂ်ဆီ တန်းတက်လာခဲ့တဲ့ နော့တင်ဟမ် ဖောရက်စ်တို့အနေနဲ့ စံချိန်တင် ငွေသုံးမှုတွေကို ပြုလုပ်နေခဲ့တာဖြစ်ပြီး ပိုင်ရှင် အီဗန်ဂျယ်လို့စ် မာရီနာကစ်နဲ့ နည်းပြ စတိဗ် ကူးပါးတို့ရဲ့ လူသစ်ခေါ်ယူမှုက ၁၆ ယောက်အထိ ရှိလာခဲ့ပြီဖြစ်သလို ဘောလုံးပရိသတ်တွေကို မျက်လုံးပြူးစေခဲ့တာဖြစ်ပါတယ်။

ဖောရက်စ်တို့အနေနဲ့ မနေ့ညနေက အံ့ဩစရာ ပုံစံနဲ့ ကစားသမားသစ်တစ်ဦးကို ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းကနေ စီးတီးဂရောင်းဆီ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ဝံပုလွေတွေအနေနဲ့ သစ်ပင်တွေရဲ့ ကမ်းလှမ်းမှုကို နှစ်ကြိမ်လောက် ပယ်ချခဲ့အပြီးမှာ ပေါင် ၄၂.၅ သန်းအထိ ပေးချေမယ်ဆိုတဲ့ ပမာဏကိုတော့ မငြင်းနိုင်ခဲ့တာပါ။

ထွန်းတောက်လာမယ့် ကစားသမားတစ်ဦးလို့ သတ်မှတ်ထားတဲ့ အင်္ဂလန် ယူ-၂၁ ကွင်းလယ်လူဟောင်း မော်ဂန် ဂစ်ဘ်စ်-ဝှိုက်အတွက် ဖောရက်စ်တို့အနေနဲ့ ဝုလ်ဗ်စ်တို့ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ပေးချေရမှာဖြစ်ပြီး ကစားခွင့်နဲ့ အနာဂတ် ခံစားခွင့်တွေအရ ပေါင် ၁၀ သန်းနဲ့ နောက်ထပ် ပေါင် ၇ သန်းအထိ တိုးမြင့်သွားနိုင်တဲ့ သဘောတူညီမှုနှစ်ခုကိုလည်း ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကွင်း အမ်းမရိတ်ကို ကိုဗစ်သယ်ဆောင်လာခဲ့ဖူးတာကြောင့် ပိုမိုနာမည်ကြီးခဲ့တဲ့ ဖောရက်စ်ပိုင်ရှင် ဂရိသူဌေး ဖက်တီးကြီး မာရီနာကစ်အနေနဲ့ ဒီရာသီမှာ သူတို့တွေ ရနိုင်တဲ့ တန်းတက်ဆုကြေးငွေတွေထက်တောင် ပိုလွန်ပြီး စိုက်ထုတ်သုံးစွဲနေခဲ့တာဖြစ်သလို အသက် ၂၂ နှစ်အရွယ် ဂစ်ဘ်စ်-ဝှိုက်ကိုတော့ အသင်းကြီးတွေ စိတ်ဝင်စားရုံသာ ရှိခဲ့အပြီးမှာ တေ့တေ့ဆိုင်ဆိုင် ငွေပေးချေ ခေါ်ယူဖို့ စွန့်စားခဲ့တာပါ။

ဖောရက်စ်တို့ရဲ့ ဒီရာသီ ငွေသုံးမှုတွေကတော့ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတွေကိုပါ ထိတ်လန့်စေခဲ့ပြီး သူတို့ရဲ့ ကစားသမား ခေါ်ယူမှုက ပေါင် သန်း ၁၅၀ ကျော်သွားခဲ့ပြီးဖြစ်သလို ဒီထဲမှာ ပေါင် ၁၈.၅ သန်း သုံးခဲ့ရတဲ့ တိုက်စစ်မှူး တိုင်ဝို အဝိုနီယီ၊ ၁၈ သန်းတန်နောက်ခံလူ နီကို ဝီလီယမ်စ်နဲ့ ၁၃.၅ သန်း ကျသင့်ခဲ့တဲ့ စွယ်စုံရ တိုက်စစ်သမား အီမန်ညူယယ် ဒင်းနစ်တို့လည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။

ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ လက်စွမ်းပြခဲ့အပြီးမှာ ပြိုင်ဘက်အသင်းကြီးတွေက စိတ်ဝင်စားနေတာကို လက်လွတ်မခံခဲ့ဘဲ အိုးလ်ထရက်ဖို့ဒ်မှာ ထိန်းသိမ်းထားခဲ့ရာကနေ မန်ချက်စတာယူနိုက်တက်မှာ မှိုတက်နေပြီး ထွက်ပြေးချင်ခဲ့တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကိုလည်း အငှားနဲ့ ခေါ်ထားနိုင်ခဲ့သလို ဝက်စ်ဟမ်းက ဈေးပေးချိန်မှာ အမူလွန်သွားလို့ ရောင်းမထွက်ခဲ့တဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကိုလည်း အလွတ်နဲ့ ဖောရက်စ်တို့ ရရှိထားခဲ့တာပါ။

ဒါ့အပြင် ဥရောပမှာ ဒုတိယတန်းစားအဆင့်ပဲ ရှိနေပေမယ့် မကြာခင်မှာ ထွန်းတောက်လာနိုင်ဖို့ အလားအလာရှိနေတဲ့ ကွင်းလယ်လူ အိုရဲလ် မန်ဂါလာ၊ နောက်ခံလူ မူဆာ နီယာခီတေနဲ့ ဂျူလီယန် ဘျန်ကွန်နီ၊ ဝါရင့်ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဆွစ်လက်ရွေးစင် ရီမို ဖရွိုင်လာနဲ့ ဆီနီဂေါလက်ရွေးစင် ရှိတ်ခူး ကူယာတေးတို့ကိုလည်း သစ်ပင်တွေအနေနဲ့ အကိုင်းအခက်တွေမှာ ချိတ်ဆွဲထားနိုင်ခဲ့တာဖြစ်ပါတယ်။

နည်းပြ စတိဗ် ကူးပါးအနေနဲ့ ဒီလိုကစားသမားကောင်းတွေကို ကိုင်တွယ်ပြီး ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်နိုင်အောင်နဲ့ ရှေ့က ဝုလ်ဗ်စ်၊ ရှက်ဖီးလ်ဒ်ယူနိုက်တက်၊ ဘရန့်ဖို့ဒ်တို့လို တန်းတက်တက်ချင်း ရာသီမှာ အကောင်းဆုံးလုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး နည်းပြမှတ်တမ်း မမြင့်မားဘဲ အင်္ဂလန် ယူ-၁၆/၁၇ နဲ့ ဆွမ်းဆီးစီးတီးတို့ကိုသာ အရင်က ကိုင်တွယ်ဖူးခဲ့တဲ့ လီဗာပူးလ်ပရိသတ် ဝေလသားကတော့ မှတ်ကျောက်တင်ခံရဦးမှာပါ။

ကူးပါးအတွက်တော့ အသင်းနဲ့ ဆေးစစ်မှု ခံယူနေပြီဖြစ်တဲ့ ဂစ်ဘ်စ်-ဝှိုက်ဟာ အထူးကောင်းမွန်တဲ့ အားဖြည့်မှုတစ်ရပ်လည်း ဖြစ်လာနိုင်သလို ပြောင်းရွှေ့ကြေးအရ ကြီးမားတဲ့ ဖိအားပေးသူလည်းဖြစ်လာနိုင်ပြီး ဖရွိုင်လာ၊ ကူယာတေး၊ လင်ဂတ်တို့နဲ့ ကွင်းလယ်မှာ မှန်ကန်အောင် သုံးစွဲနိုင်မလား စိတ်ဝင်စားစရာဖြစ်နေပြီး ပေါင် ၄၂.၅ သန်းဆိုတာကတော့ တန်းတက်အသင်းတစ်သင်းအတွက် မဲ့ပြုံးနဲ့ စောင့်ကြည့်ကြနိုင်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီရာသီမွာ ခ်န္ပီယံရွစ္ Play-off ဖိုင္နယ္ကေန ပရီးမီးယားလိဂ္ဆီ တန္းတက္လာခဲ့တဲ့ ေနာ့တင္ဟမ္ ေဖာရက္စ္တို႔အေနနဲ႔ စံခ်ိန္တင္ ေငြသုံးမႈေတြကို ျပဳလုပ္ေနခဲ့တာျဖစ္ၿပီး ပိုင္ရွင္ အီဗန္ဂ်ယ္လို႔စ္ မာရီနာကစ္နဲ႔ နည္းျပ စတိဗ္ ကူးပါးတို႔ရဲ႕ လူသစ္ေခၚယူမႈက ၁၆ ေယာက္အထိ ရွိလာခဲ့ၿပီျဖစ္သလို ေဘာလုံးပရိသတ္ေတြကို မ်က္လုံးျပဴးေစခဲ့တာျဖစ္ပါတယ္။

ေဖာရက္စ္တို႔အေနနဲ႔ မေန႔ညေနက အံ့ဩစရာ ပုံစံနဲ႔ ကစားသမားသစ္တစ္ဦးကို ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းကေန စီးတီးဂေရာင္းဆီ ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ၿပီး ဝံပုေလြေတြအေနနဲ႔ သစ္ပင္ေတြရဲ႕ ကမ္းလွမ္းမႈကို ႏွစ္ႀကိမ္ေလာက္ ပယ္ခ်ခဲ့အၿပီးမွာ ေပါင္ ၄၂.၅ သန္းအထိ ေပးေခ်မယ္ဆိုတဲ့ ပမာဏကိုေတာ့ မျငင္းႏိုင္ခဲ့တာပါ။

ထြန္းေတာက္လာမယ့္ ကစားသမားတစ္ဦးလို႔ သတ္မွတ္ထားတဲ့ အဂၤလန္ ယူ-၂၁ ကြင္းလယ္လူေဟာင္း ေမာ္ဂန္ ဂစ္ဘ္စ္-ဝႈိက္အတြက္ ေဖာရက္စ္တို႔အေနနဲ႔ ဝုလ္ဗ္စ္တို႔ကို ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္း ေပးေခ်ရမွာျဖစ္ၿပီး ကစားခြင့္နဲ႔ အနာဂတ္ ခံစားခြင့္ေတြအရ ေပါင္ ၁၀ သန္းနဲ႔ ေနာက္ထပ္ ေပါင္ ၇ သန္းအထိ တိုးျမင့္သြားႏိုင္တဲ့ သေဘာတူညီမႈႏွစ္ခုကိုလည္း ထည့္သြင္းထားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကြင္း အမ္းမရိတ္ကို ကိုဗစ္သယ္ေဆာင္လာခဲ့ဖူးတာေၾကာင့္ ပိုမိုနာမည္ႀကီးခဲ့တဲ့ ေဖာရက္စ္ပိုင္ရွင္ ဂရိသူေဌး ဖက္တီးႀကီး မာရီနာကစ္အေနနဲ႔ ဒီရာသီမွာ သူတို႔ေတြ ရႏိုင္တဲ့ တန္းတက္ဆုေၾကးေငြေတြထက္ေတာင္ ပိုလြန္ၿပီး စိုက္ထုတ္သုံးစြဲေနခဲ့တာျဖစ္သလို အသက္ ၂၂ ႏွစ္အ႐ြယ္ ဂစ္ဘ္စ္-ဝႈိက္ကိုေတာ့ အသင္းႀကီးေတြ စိတ္ဝင္စား႐ုံသာ ရွိခဲ့အၿပီးမွာ ေတ့ေတ့ဆိုင္ဆိုင္ ေငြေပးေခ် ေခၚယူဖို႔ စြန႔္စားခဲ့တာပါ။

ေဖာရက္စ္တို႔ရဲ႕ ဒီရာသီ ေငြသုံးမႈေတြကေတာ့ ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီးေတြကိုပါ ထိတ္လန႔္ေစခဲ့ၿပီး သူတို႔ရဲ႕ ကစားသမား ေခၚယူမႈက ေပါင္ သန္း ၁၅၀ ေက်ာ္သြားခဲ့ၿပီးျဖစ္သလို ဒီထဲမွာ ေပါင္ ၁၈.၅ သန္း သုံးခဲ့ရတဲ့ တိုက္စစ္မႉး တိုင္ဝို အဝိုနီယီ၊ ၁၈ သန္းတန္ေနာက္ခံလူ နီကို ဝီလီယမ္စ္နဲ႔ ၁၃.၅ သန္း က်သင့္ခဲ့တဲ့ စြယ္စုံရ တိုက္စစ္သမား အီမန္ညဴယယ္ ဒင္းနစ္တို႔လည္း ပါဝင္ေနခဲ့တာျဖစ္ပါတယ္။

ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ လက္စြမ္းျပခဲ့အၿပီးမွာ ၿပိဳင္ဘက္အသင္းႀကီးေတြက စိတ္ဝင္စားေနတာကို လက္လြတ္မခံခဲ့ဘဲ အိုးလ္ထရက္ဖို႔ဒ္မွာ ထိန္းသိမ္းထားခဲ့ရာကေန မန္ခ်က္စတာယူႏိုက္တက္မွာ မႈိတက္ေနၿပီး ထြက္ေျပးခ်င္ခဲ့တဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကိုလည္း အငွားနဲ႔ ေခၚထားႏိုင္ခဲ့သလို ဝက္စ္ဟမ္းက ေဈးေပးခ်ိန္မွာ အမူလြန္သြားလို႔ ေရာင္းမထြက္ခဲ့တဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကိုလည္း အလြတ္နဲ႔ ေဖာရက္စ္တို႔ ရရွိထားခဲ့တာပါ။

ဒါ့အျပင္ ဥေရာပမွာ ဒုတိယတန္းစားအဆင့္ပဲ ရွိေနေပမယ့္ မၾကာခင္မွာ ထြန္းေတာက္လာႏိုင္ဖို႔ အလားအလာရွိေနတဲ့ ကြင္းလယ္လူ အိုရဲလ္ မန္ဂါလာ၊ ေနာက္ခံလူ မူဆာ နီယာခီေတနဲ႔ ဂ်ဴလီယန္ ဘ်န္ကြန္နီ၊ ဝါရင့္ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ဆြစ္လက္ေ႐ြးစင္ ရီမို ဖ႐ြိဳင္လာနဲ႔ ဆီနီေဂါလက္ေ႐ြးစင္ ရွိတ္ခူး ကူယာေတးတို႔ကိုလည္း သစ္ပင္ေတြအေနနဲ႔ အကိုင္းအခက္ေတြမွာ ခ်ိတ္ဆြဲထားႏိုင္ခဲ့တာျဖစ္ပါတယ္။

နည္းျပ စတိဗ္ ကူးပါးအေနနဲ႔ ဒီလိုကစားသမားေကာင္းေတြကို ကိုင္တြယ္ၿပီး ပရီးမီးယားလိဂ္မွာ တင္က်န္ရစ္ႏိုင္ေအာင္နဲ႔ ေရွ႕က ဝုလ္ဗ္စ္၊ ရွက္ဖီးလ္ဒ္ယူႏိုက္တက္၊ ဘရန႔္ဖို႔ဒ္တို႔လို တန္းတက္တက္ခ်င္း ရာသီမွာ အေကာင္းဆုံးလုပ္ျပႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး နည္းျပမွတ္တမ္း မျမင့္မားဘဲ အဂၤလန္ ယူ-၁၆/၁၇ နဲ႔ ဆြမ္းဆီးစီးတီးတို႔ကိုသာ အရင္က ကိုင္တြယ္ဖူးခဲ့တဲ့ လီဗာပူးလ္ပရိသတ္ ေဝလသားကေတာ့ မွတ္ေက်ာက္တင္ခံရဦးမွာပါ။

ကူးပါးအတြက္ေတာ့ အသင္းနဲ႔ ေဆးစစ္မႈ ခံယူေနၿပီျဖစ္တဲ့ ဂစ္ဘ္စ္-ဝႈိက္ဟာ အထူးေကာင္းမြန္တဲ့ အားျဖည့္မႈတစ္ရပ္လည္း ျဖစ္လာႏိုင္သလို ေျပာင္းေ႐ႊ႕ေၾကးအရ ႀကီးမားတဲ့ ဖိအားေပးသူလည္းျဖစ္လာႏိုင္ၿပီး ဖ႐ြိဳင္လာ၊ ကူယာေတး၊ လင္ဂတ္တို႔နဲ႔ ကြင္းလယ္မွာ မွန္ကန္ေအာင္ သုံးစြဲႏိုင္မလား စိတ္ဝင္စားစရာျဖစ္ေနၿပီး ေပါင္ ၄၂.၅ သန္းဆိုတာကေတာ့ တန္းတက္အသင္းတစ္သင္းအတြက္ မဲ့ၿပဳံးနဲ႔ ေစာင့္ၾကည့္ၾကႏိုင္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.