Analysis Article Premier League

ပေါလ်မာဆန်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃)အတွက် ခန့်မှန်းချက်များ

တော့တင်ဟမ် ဟော့စပါးစ်-ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်
လူတွေက ပြောတဲ့ စပါးစ်က မနှစ်ကထက် ပိုကောင်းတဲ့ အသင်းဖြစ်လာမယ်လို့ ဆိုနေကြတာက တကယ်တမ်းမှာ အဝေးကြီးလိုသေးတယ်လို့ ဆိုရပါလိမ့်မယ်။ ချဲလ်ဆီးတို့ရဲ့ တစ်ပွဲလုံးမှာ အသာစီးယူတာ ခံခဲ့ရပြီး ဟာရီကိန်းရဲ့ ဂိုးသာ မရခဲ့ရင် သူတို့တွေ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရုပ်ပျက်ဆင်းပျက် ကွဲအက်သွားနိုင်ခဲ့တာပါ။ ဒါပေမယ့် လူတွေ ပြောသလိုသာဆိုရင် သူတို့တွေ ဝုလ်ဗ်စ်ကို အနိုင်ကစားနိုင်ရပါလိမ့်မယ်။ အသင်းလိုက် မကောင်းသေးပေမယ့် ကိန်း၊ ဆွန်၊ ကူလူရှက်ဗ်စကီးတို့ရဲ့ တစ်ကိုယ်တော်အားတွေက ဝုလ်ဗ်စ်ခံစစ်ကို ဖျက်ဆီးနိုင်ဖို့ ရှိပါတယ်။ (စပါးစ် 2-1 ဝုလ်ဗ်စ်)

အဲဗာတန်-နော့တင်ဟမ် ဖောရက်စ်
ပြီးခဲ့တဲ့ ပွဲမှာလည်း ဗီလာကို ရှုံးခဲ့တဲ့ အဲဗာတန်တို့အနေနဲ့ ချဲလ်ဆီးနဲ့ အဖွင့်ပွဲကထက်တော့ ပိုကောင်းလာပါတယ်။ ဖောရက်စ်ကတော့ အိမ်ကွင်းမှာ ဟမ်းမားတွေနဲ့ ရလဒ်ကောင်းခဲ့ပြီး ညှစ်ရုန်းနိုင်ခဲ့တယ်ဆိုပေမယ့် ဧည့်သည်တွေ တိုင်ထိတာတွေ ဘယ်နှစ်ကြိမ်လဲ မရေနိုင်ခဲ့တာက သူတို့ကို အထင်ကြီးဖို့ ခက်စေပါတယ်။ အဲဗာတန်တို့အနေနဲ့ လမ်းပတ်အတွက်ပဲဖြစ်ဖြစ် သုံးပွဲဆက်အမှတ်မရဘဲ မနေအောင်တော့ အိမ်ကွင်းမှာ ကြိုးစားရမှာဖြစ်ပြီး သူတို့အတွက် ရာသီအစက ခက်ခဲနေပေမယ့် ဒီပွဲကိုတော့ မဖြစ်မနေ သုံးမှတ်ယူသွားပါလိမ့်မယ်။ (အဲဗာတန် 2-1 ဖောရက်စ်)

လက်စတာစီးတီး-ဆောက်သမ်တန်
နှစ်သင်းကြားမှာ စိတ်နာစရာ နိုင်းဇီးမှတ်တမ်းဟောင်း ရှိနေပေမယ့်လည်း ဒီရာသီမှာတော့ ထပ်မဖြစ်နိုင်တော့ပါဘူး။ အသင်းက အရေးပါတဲ့ ကစားသမားတွေ ထွက်မသွားအောင် ထိန်းသိမ်းနေရတဲ့ လက်စတာနဲ့ ပြီးခဲ့တဲ့ရာသီက ပုံစံမျိုးကို ပြန်ရအောင် တည်ဆောက်နေရတဲ့ ဆောက်သမ်တန်တို့ ပွဲအပေါ် အာရုံစိုက်နိုင်မှုက ပျံ့လွင့်နေတာပါ။ နှစ်သင်းကြားက အနေအထားက မကွာပေမယ့် တိုက်စစ်ပိုင်းမှာ ပိုကောင်းနေတဲ့ လက်စတာတို့ကတော့ အိမ်ကွင်းနဲ့အတူ ရပ်တည်ချင်စရာဖြစ်ပြီး ဆောက်သမ်တန်တို့ကို ချေမှုန်းသွားပါလိမ့်မယ်။ (လက်စတာ 3-1 စိန့်)

ဖူလ်ဟမ်-ဘရန့်ဖို့ဒ်
ပုံစံကောင်းရနေတဲ့ လန်ဒန်နှစ်သင်းရဲ့ ဒါဘီတွေ့ဆုံမှုဖြစ်ပြီး ပင်နယ်တီမဝင်လို့ နိုင်ပွဲမဆက်ခဲ့တဲ့ ဖူလ်ဟမ်ကို မန်ယူနဲ့ လေးဂိုးသွင်းပြီး သမိုင်းဝင် နိုင်ပွဲရထားတဲ့ ဘရန့်ဖို့ဒ်တို့ ပွဲကောင်းတစ်ပွဲကို မြင်ရမှာပါ။ လီဗာပူးလ်ကို အကောင်းဆုံး ယှဉ်ကစားထားနိုင်တဲ့ ဖူလ်ဟမ်တို့ရဲ့ အိမ်ကွင်းအားကို လျှော့တွက် မရသလို မန်ယူကို နိုင်ပြီး စိတ်ဓာတ်တက်ကြွနေတဲ့ ဧည့်သည်တွေကိုလည်း အထင်သေးလို့တော့ မရနိုင်ပါဘူး။ ဘရန့်ဖို့ဒ်တို့ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို ပိုယုံချင်ပေမယ့် ဖူလ်ဟမ်ကွင်းမှာတော့ သရေဆိုတာကပဲ မျှတပါလိမ့်မယ်။ (ဖူလ်ဟမ် 2-2 ဘရန့်ဖို့ဒ်)

ခရစ္စတယ်လ် ပဲလေ့စ်-အက်စ်တန်ဗီလာ
အဲဗာတန်ကို စောစောစီးစီးရထားတဲ့ ဂိုးတွေနဲ့ တောင့်ခံနိုင်ခဲ့လို့သာ နိုင်ပွဲရခဲ့တဲ့ ဗီလာကို လီဗာပူးလ်ကို ပိတ်ကစားပြီး တစ်မှတ်ယူခဲ့တဲ့ ပဲလေ့စ်တို့ မာဆေးဆိုက်ပြိုင်ဘက်တွေနဲ့ တွေ့ဆုံအပြီးမှာ သူတို့ချင်း ပြန်တွေ့ကြမှာပါ။ ပွဲထဲမှာတော့ ဒီအကြောင်းတွေကို ပြန်ပြောနေကြမှာ မဟုတ်ဘဲ အိမ်ကွင်းဖြစ်လို့ ခပ်မာမာပဲ ကစားလာမယ့် ဗီယာရာရဲ့ ပဲလေ့စ်ကို ဂျရတ်ရဲ့ တူညီတဲ့ ကောင်တာသန်ပုံနဲ့ ဗီလာတို့က ကောင်းကောင်းတုံ့ပြန်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီကလောက် အလုပ်မဖြစ်ဘဲရှိနေတဲ့ အိမ်ရှင်တိုက်စစ်ကြောင့် ခက်ခက်ခဲခဲနဲ့ သွင်းဂိုးနည်းတဲ့ သရေတစ်ပွဲပဲ ဖြစ်လာနိုင်ပါတယ်။ (ပဲလေ့စ် 1-1 ဗီလာ)

ဘုန်းမောက်-အာဆင်နယ်
ဗီလာနဲ့ပွဲမှာ သုံးမှတ်ရခဲ့ပေမယ့် မန်စီးတီးတို့နဲ့ပွဲမှာတော့ ဘုန်းမောက်ကို ကျရှုံးခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဒီရာသီမှာ မန်စီးတီးပြီးရင် အကောင်းဆုံးအသင်းဖြစ်နေပြီး ကစားပုံချင်းလည်း မနီးရိုးစွဲဖြစ်နေလို့ ဘုန်းမောက်တို့အတွက်တော့ တားဆီးဖို့ ခက်ခဲဦးမှာပါ။ လာမယ့်ပွဲတွေမှာ မန်ယူ၊ လီဗာပူးလ်၊ တော့တင်ဟမ်တို့နဲ့ မတွေ့ခင် အသင်းငယ်တွေနဲ့ တွေ့တုန်းမှာ အာဆင်နယ်တို့ သုံးမှတ်တွေချည်း ယူနိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး ဒါကမှ သူတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်တွေ့ကျတဲ့ အပြုအမူဖြစ်ပါလိမ့်မယ်။ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ရဲ့ အားနဲ့ ဂန်းနားတွေ အနိုင်ရဦးမှာပါ။ (ဘုန်းမောက် 1-3 အာဆင်နယ်)

ဝက်စ်ဟမ်းယူနိုက်တက်-ဘရိုက်တန်
ဝက်စ်ဟမ်းတို့အနေနဲ့ ပြီးခဲ့တဲ့ ရာသီက သူတို့ကိုယ်တိုင် မှတ်ကျောက်တင်ခံထားနိုင်တဲ့ ပုံစံကို ပြန်မယူနိုင်ဘဲဖြစ်နေခဲ့ပါတယ်။ ဘရိုက်တန်တို့ ကတော့ မန်ယူနဲ့ တာထွက်ကောင်းခဲ့ပေမယ့် အိမ်ကွင်းမှာ နယူးကာဆယ်လ်ကို အနိုင်မရဘဲ သရေကျခဲ့တာပါ။ ဒီပွဲမှာ ဝက်စ်ဟမ်းတို့ အနိုင်မရခဲ့ဘူးဆိုရင် ကြီးမားတဲ့ ဖိအားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး စကာမက်ကာ အပါအဝင် ကစားသမား ၆ ဦးအတွက် ပေါင် ၁၁၁ သန်း သုံးပေးထားတဲ့ ဘုတ်အဖွဲ့ကို ဒေးဗစ်မွိုက်စ် မျက်နှာပျက်ရနိုင်ပါတယ်။ ဒါပေမယ့် အနိုင်ရမယ့်အသင်းကို ခွဲခြားဖို့ ခက်နေပြီး သရေလို့ပဲ ပြောရတော့မှာပါ။ (ဝက်စ်ဟမ်း 1-1 ဘရိုက်တန်)

လိဒ်စ်ယူနိုက်တက်-ချဲလ်ဆီး
နှစ်သင်းစလုံးအနေနဲ့ နှစ်ပွဲဆက်နိုင်မယ့် ပုံစံကို ပြသနိုင်ခဲ့ပေမယ့် ပြိုင်ဘက်တွေကို ဂိုးတွေ ပြန်ပေးပြီး ၄ မှတ်စီသာ စုဆောင်းထားနိုင်ခဲ့တဲ့ အာရုံစူးစိုက်မှု ပြဿနာကို ပြသနေခဲ့ပါတယ်။ စပါးစ်ကို ကလေးလို ဖြစ်သွားအောင် ကစားခဲ့တဲ့ ချဲလ်ဆီးကတော့ ဆောက်သမ်တန်ကို သရေပြန်ပေးခဲ့ရတဲ့ လိဒ်စ်ထက် ပုံစံပိုကောင်းနေပြီး အရန်အင်အားလည်း တောင့်တင်းတဲ့ ပုံစံကို ပြသထားနိုင်ခဲ့ပါတယ်။ အိမ်ရှင်တွေအတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာနိုင်ပြီး စပါးစ်နဲ့ပွဲက ပုံစံကို ဆက်ထိန်းထားနိုင်ရင် ချဲလ်ဆီးတို့ အနိုင်ပါပဲ။ (လိဒ်စ် 0-2 ချဲလ်ဆီး)

နယူးကာဆယ်လ်ယူနိုက်တက်-မန်စီးတီး
နယူးကာဆယ်လ်တို့ တာထွက်ကောင်းနေခဲ့သလို မန်စီးတီးတို့ကလည်း အဓိကပြိုင်ဘက်တွေကို ရာနှုန်းပြည့်အနိုင်နဲ့ အမှတ်ဖြတ်ထားခဲ့ပါတယ်။ အိမ်ကွင်းမှာတော့ နည်းပြ အက်ဒီဟောင်းအနေနဲ့ ဂွါဒီယိုလာကို နိုင်ပွဲအတွက် လွယ်လွယ်ကူကူ ခွင့်ပြုသွားဖို့ မရှိတာက ဘုန်းမောက်နဲ့ပွဲမှာ ကိုးကြိမ်ပဲ ဘောလုံးထိပြီး ဂိုးမရခဲ့တဲ့ ဟားလန်းကို သံသယဝင်စေမှာပါ။ ပရီးမီးယားလိဂ်က ခက်ခဲပြီး သင်ယူရတဲ့ ပြိုင်ပွဲတစ်ခုဖြစ်နေတာက နော်ဝေသားကို ထင်သလို ဂိုးမမြူးဖို့ဖြစ်လာစေပြီး ဒီနေ့ပွဲမှာလည်း စီးတီးတို့ နိုင်နိုင်ပေမယ့် အကြိတ်အနယ်နဲ့ ဂိုးမပြတ်ဘူးလို့ မြင်မိပါတယ်။ (နယူးကာဆယ်လ် 1-2 မန်စီးတီး)

မန်ချက်စတာယူနိုက်တက်-လီဗာပူးလ်
ကျားတွေကလည်း တော်တော်ကို နာနေခဲ့ကြတာပါ။ ကျားနာခဲသာ ခဲရမယ်ဆိုလို့ကတော့ ပါးစပ်ထဲ အမိခံရတဲ့ကောင် သက်သာမှာ မဟုတ်လို့ အမှား မရှိအောင် နှစ်သင်းစလုံး ကစားကြပါလိမ့်မယ်။ မန်ယူလိုအသင်းအတွက် နှစ်ပွဲကစား သုညမှတ်နဲ့ အဆင့် ၂၀ ဆိုတာ လက်ခံနိုင်စရာ မဟုတ်သလို နှစ်ပွဲမှာ သရေတွေသာ ရပြီး အဆင့် ၁၂ ကို ရောက်နေတဲ့ ချန်ပီယံလောင်း လီဗာပူးလ်တို့ကလည်း ပြိုင်ဘက် မန်စီးတီးရှေ့မှာ မျက်နှာပျက်လှပါပြီ။

ဖာမီနိုနဲ့ ဂျိုတာတို့ နာနေပြီး ငတုံးလေး နူးညက်ဇ် ပွဲပယ်ခံနေရချိန်မှာ ဆာလားနဲ့ ဒီယက်ဇ်တို့ မာနေးကို လွမ်းနေကြပါလိမ့်မယ်။ ဒီပွဲမှာ သရေဆိုရင်တော့ မန်စီးတီးနဲ့ ၆ မှတ်ကွာသွားမယ့် လီဗာပူးလ်နဲ့ တန်ဟတ်ရဲ့ ပထမဆုံး သုံးပွဲမှာ ပက်ပက်စက်စက်ဖြစ်ရင် မျက်နှာမဖော်နိုင်အောင် ဖြစ်ရမယ့် မန်ယူတို့ အသည်းချင်းပေါက်ကြမှာဖြစ်ပေမယ့် နှစ်သင်းစလုံး မနာမယ့် သရေပဲဖြစ်လာဖို့ များနေပါတယ်။ (မန်ယူ 1-1 လီဗာပူးလ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ ေဟာ့စပါးစ္-ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္
လူေတြက ေျပာတဲ့ စပါးစ္က မႏွစ္ကထက္ ပိုေကာင္းတဲ့ အသင္းျဖစ္လာမယ္လို႔ ဆိုေနၾကတာက တကယ္တမ္းမွာ အေဝးႀကီးလိုေသးတယ္လို႔ ဆိုရပါလိမ့္မယ္။ ခ်ဲလ္ဆီးတို႔ရဲ႕ တစ္ပြဲလုံးမွာ အသာစီးယူတာ ခံခဲ့ရၿပီး ဟာရီကိန္းရဲ႕ ဂိုးသာ မရခဲ့ရင္ သူတို႔ေတြ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ႐ုပ္ပ်က္ဆင္းပ်က္ ကြဲအက္သြားႏိုင္ခဲ့တာပါ။ ဒါေပမယ့္ လူေတြ ေျပာသလိုသာဆိုရင္ သူတို႔ေတြ ဝုလ္ဗ္စ္ကို အႏိုင္ကစားႏိုင္ရပါလိမ့္မယ္။ အသင္းလိုက္ မေကာင္းေသးေပမယ့္ ကိန္း၊ ဆြန္၊ ကူလူရွက္ဗ္စကီးတို႔ရဲ႕ တစ္ကိုယ္ေတာ္အားေတြက ဝုလ္ဗ္စ္ခံစစ္ကို ဖ်က္ဆီးႏိုင္ဖို႔ ရွိပါတယ္။ (စပါးစ္ 2-1 ဝုလ္ဗ္စ္)

အဲဗာတန္-ေနာ့တင္ဟမ္ ေဖာရက္စ္
ၿပီးခဲ့တဲ့ ပြဲမွာလည္း ဗီလာကို ရႈံးခဲ့တဲ့ အဲဗာတန္တို႔အေနနဲ႔ ခ်ဲလ္ဆီးနဲ႔ အဖြင့္ပြဲကထက္ေတာ့ ပိုေကာင္းလာပါတယ္။ ေဖာရက္စ္ကေတာ့ အိမ္ကြင္းမွာ ဟမ္းမားေတြနဲ႔ ရလဒ္ေကာင္းခဲ့ၿပီး ညႇစ္႐ုန္းႏိုင္ခဲ့တယ္ဆိုေပမယ့္ ဧည့္သည္ေတြ တိုင္ထိတာေတြ ဘယ္ႏွစ္ႀကိမ္လဲ မေရႏိုင္ခဲ့တာက သူတို႔ကို အထင္ႀကီးဖို႔ ခက္ေစပါတယ္။ အဲဗာတန္တို႔အေနနဲ႔ လမ္းပတ္အတြက္ပဲျဖစ္ျဖစ္ သုံးပြဲဆက္အမွတ္မရဘဲ မေနေအာင္ေတာ့ အိမ္ကြင္းမွာ ႀကိဳးစားရမွာျဖစ္ၿပီး သူတို႔အတြက္ ရာသီအစက ခက္ခဲေနေပမယ့္ ဒီပြဲကိုေတာ့ မျဖစ္မေန သုံးမွတ္ယူသြားပါလိမ့္မယ္။ (အဲဗာတန္ 2-1 ေဖာရက္စ္)

လက္စတာစီးတီး-ေဆာက္သမ္တန္
ႏွစ္သင္းၾကားမွာ စိတ္နာစရာ ႏိုင္းဇီးမွတ္တမ္းေဟာင္း ရွိေနေပမယ့္လည္း ဒီရာသီမွာေတာ့ ထပ္မျဖစ္ႏိုင္ေတာ့ပါဘူး။ အသင္းက အေရးပါတဲ့ ကစားသမားေတြ ထြက္မသြားေအာင္ ထိန္းသိမ္းေနရတဲ့ လက္စတာနဲ႔ ၿပီးခဲ့တဲ့ရာသီက ပုံစံမ်ိဳးကို ျပန္ရေအာင္ တည္ေဆာက္ေနရတဲ့ ေဆာက္သမ္တန္တို႔ ပြဲအေပၚ အာ႐ုံစိုက္ႏိုင္မႈက ပ်ံ႕လြင့္ေနတာပါ။ ႏွစ္သင္းၾကားက အေနအထားက မကြာေပမယ့္ တိုက္စစ္ပိုင္းမွာ ပိုေကာင္းေနတဲ့ လက္စတာတို႔ကေတာ့ အိမ္ကြင္းနဲ႔အတူ ရပ္တည္ခ်င္စရာျဖစ္ၿပီး ေဆာက္သမ္တန္တို႔ကို ေခ်မႈန္းသြားပါလိမ့္မယ္။ (လက္စတာ 3-1 စိန႔္)

ဖူလ္ဟမ္-ဘရန႔္ဖို႔ဒ္
ပုံစံေကာင္းရေနတဲ့ လန္ဒန္ႏွစ္သင္းရဲ႕ ဒါဘီေတြ႕ဆုံမႈျဖစ္ၿပီး ပင္နယ္တီမဝင္လို႔ ႏိုင္ပြဲမဆက္ခဲ့တဲ့ ဖူလ္ဟမ္ကို မန္ယူနဲ႔ ေလးဂိုးသြင္းၿပီး သမိုင္းဝင္ ႏိုင္ပြဲရထားတဲ့ ဘရန႔္ဖို႔ဒ္တို႔ ပြဲေကာင္းတစ္ပြဲကို ျမင္ရမွာပါ။ လီဗာပူးလ္ကို အေကာင္းဆုံး ယွဥ္ကစားထားႏိုင္တဲ့ ဖူလ္ဟမ္တို႔ရဲ႕ အိမ္ကြင္းအားကို ေလွ်ာ့တြက္ မရသလို မန္ယူကို ႏိုင္ၿပီး စိတ္ဓာတ္တက္ႂကြေနတဲ့ ဧည့္သည္ေတြကိုလည္း အထင္ေသးလို႔ေတာ့ မရႏိုင္ပါဘူး။ ဘရန႔္ဖို႔ဒ္တို႔ရဲ႕ လုပ္ႏိုင္ကိုင္ႏိုင္စြမ္းကို ပိုယုံခ်င္ေပမယ့္ ဖူလ္ဟမ္ကြင္းမွာေတာ့ သေရဆိုတာကပဲ မွ်တပါလိမ့္မယ္။ (ဖူလ္ဟမ္ 2-2 ဘရန႔္ဖို႔ဒ္)

ခရစၥတယ္လ္ ပဲေလ့စ္-အက္စ္တန္ဗီလာ
အဲဗာတန္ကို ေစာေစာစီးစီးရထားတဲ့ ဂိုးေတြနဲ႔ ေတာင့္ခံႏိုင္ခဲ့လို႔သာ ႏိုင္ပြဲရခဲ့တဲ့ ဗီလာကို လီဗာပူးလ္ကို ပိတ္ကစားၿပီး တစ္မွတ္ယူခဲ့တဲ့ ပဲေလ့စ္တို႔ မာေဆးဆိုက္ၿပိဳင္ဘက္ေတြနဲ႔ ေတြ႕ဆုံအၿပီးမွာ သူတို႔ခ်င္း ျပန္ေတြ႕ၾကမွာပါ။ ပြဲထဲမွာေတာ့ ဒီအေၾကာင္းေတြကို ျပန္ေျပာေနၾကမွာ မဟုတ္ဘဲ အိမ္ကြင္းျဖစ္လို႔ ခပ္မာမာပဲ ကစားလာမယ့္ ဗီယာရာရဲ႕ ပဲေလ့စ္ကို ဂ်ရတ္ရဲ႕ တူညီတဲ့ ေကာင္တာသန္ပုံနဲ႔ ဗီလာတို႔က ေကာင္းေကာင္းတုံ႔ျပန္ႏိုင္ပါလိမ့္မယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ရာသီကေလာက္ အလုပ္မျဖစ္ဘဲရွိေနတဲ့ အိမ္ရွင္တိုက္စစ္ေၾကာင့္ ခက္ခက္ခဲခဲနဲ႔ သြင္းဂိုးနည္းတဲ့ သေရတစ္ပြဲပဲ ျဖစ္လာႏိုင္ပါတယ္။ (ပဲေလ့စ္ 1-1 ဗီလာ)

ဘုန္းေမာက္-အာဆင္နယ္
ဗီလာနဲ႔ပြဲမွာ သုံးမွတ္ရခဲ့ေပမယ့္ မန္စီးတီးတို႔နဲ႔ပြဲမွာေတာ့ ဘုန္းေမာက္ကို က်ရႈံးခဲ့ပါတယ္။ အာဆင္နယ္ကေတာ့ ဒီရာသီမွာ မန္စီးတီးၿပီးရင္ အေကာင္းဆုံးအသင္းျဖစ္ေနၿပီး ကစားပုံခ်င္းလည္း မနီး႐ိုးစြဲျဖစ္ေနလို႔ ဘုန္းေမာက္တို႔အတြက္ေတာ့ တားဆီးဖို႔ ခက္ခဲဦးမွာပါ။ လာမယ့္ပြဲေတြမွာ မန္ယူ၊ လီဗာပူးလ္၊ ေတာ့တင္ဟမ္တို႔နဲ႔ မေတြ႕ခင္ အသင္းငယ္ေတြနဲ႔ ေတြ႕တုန္းမွာ အာဆင္နယ္တို႔ သုံးမွတ္ေတြခ်ည္း ယူႏိုင္ဖို႔ ႀကိဳးစားရမွာျဖစ္ၿပီး ဒါကမွ သူတို႔ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ လက္ေတြ႕က်တဲ့ အျပဳအမူျဖစ္ပါလိမ့္မယ္။ မာတီနယ္လီနဲ႔ ေဂ်ဆူးစ္တို႔ရဲ႕ အားနဲ႔ ဂန္းနားေတြ အႏိုင္ရဦးမွာပါ။ (ဘုန္းေမာက္ 1-3 အာဆင္နယ္)

ဝက္စ္ဟမ္းယူႏိုက္တက္-ဘ႐ိုက္တန္
ဝက္စ္ဟမ္းတို႔အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက သူတို႔ကိုယ္တိုင္ မွတ္ေက်ာက္တင္ခံထားႏိုင္တဲ့ ပုံစံကို ျပန္မယူႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။ ဘ႐ိုက္တန္တို႔ ကေတာ့ မန္ယူနဲ႔ တာထြက္ေကာင္းခဲ့ေပမယ့္ အိမ္ကြင္းမွာ နယူးကာဆယ္လ္ကို အႏိုင္မရဘဲ သေရက်ခဲ့တာပါ။ ဒီပြဲမွာ ဝက္စ္ဟမ္းတို႔ အႏိုင္မရခဲ့ဘူးဆိုရင္ ႀကီးမားတဲ့ ဖိအားနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး စကာမက္ကာ အပါအဝင္ ကစားသမား ၆ ဦးအတြက္ ေပါင္ ၁၁၁ သန္း သုံးေပးထားတဲ့ ဘုတ္အဖြဲ႕ကို ေဒးဗစ္မြိဳက္စ္ မ်က္ႏွာပ်က္ရႏိုင္ပါတယ္။ ဒါေပမယ့္ အႏိုင္ရမယ့္အသင္းကို ခြဲျခားဖို႔ ခက္ေနၿပီး သေရလို႔ပဲ ေျပာရေတာ့မွာပါ။ (ဝက္စ္ဟမ္း 1-1 ဘ႐ိုက္တန္)

လိဒ္စ္ယူႏိုက္တက္-ခ်ဲလ္ဆီး
ႏွစ္သင္းစလုံးအေနနဲ႔ ႏွစ္ပြဲဆက္ႏိုင္မယ့္ ပုံစံကို ျပသႏိုင္ခဲ့ေပမယ့္ ၿပိဳင္ဘက္ေတြကို ဂိုးေတြ ျပန္ေပးၿပီး ၄ မွတ္စီသာ စုေဆာင္းထားႏိုင္ခဲ့တဲ့ အာ႐ုံစူးစိုက္မႈ ျပႆနာကို ျပသေနခဲ့ပါတယ္။ စပါးစ္ကို ကေလးလို ျဖစ္သြားေအာင္ ကစားခဲ့တဲ့ ခ်ဲလ္ဆီးကေတာ့ ေဆာက္သမ္တန္ကို သေရျပန္ေပးခဲ့ရတဲ့ လိဒ္စ္ထက္ ပုံစံပိုေကာင္းေနၿပီး အရန္အင္အားလည္း ေတာင့္တင္းတဲ့ ပုံစံကို ျပသထားႏိုင္ခဲ့ပါတယ္။ အိမ္ရွင္ေတြအတြက္ ခက္ခဲတဲ့ ပြဲတစ္ပြဲျဖစ္လာႏိုင္ၿပီး စပါးစ္နဲ႔ပြဲက ပုံစံကို ဆက္ထိန္းထားႏိုင္ရင္ ခ်ဲလ္ဆီးတို႔ အႏိုင္ပါပဲ။ (လိဒ္စ္ 0-2 ခ်ဲလ္ဆီး)

နယူးကာဆယ္လ္ယူႏိုက္တက္-မန္စီးတီး
နယူးကာဆယ္လ္တို႔ တာထြက္ေကာင္းေနခဲ့သလို မန္စီးတီးတို႔ကလည္း အဓိကၿပိဳင္ဘက္ေတြကို ရာႏႈန္းျပည့္အႏိုင္နဲ႔ အမွတ္ျဖတ္ထားခဲ့ပါတယ္။ အိမ္ကြင္းမွာေတာ့ နည္းျပ အက္ဒီေဟာင္းအေနနဲ႔ ဂြါဒီယိုလာကို ႏိုင္ပြဲအတြက္ လြယ္လြယ္ကူကူ ခြင့္ျပဳသြားဖို႔ မရွိတာက ဘုန္းေမာက္နဲ႔ပြဲမွာ ကိုးႀကိမ္ပဲ ေဘာလုံးထိၿပီး ဂိုးမရခဲ့တဲ့ ဟားလန္းကို သံသယဝင္ေစမွာပါ။ ပရီးမီးယားလိဂ္က ခက္ခဲၿပီး သင္ယူရတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ေနတာက ေနာ္ေဝသားကို ထင္သလို ဂိုးမျမဴးဖို႔ျဖစ္လာေစၿပီး ဒီေန႔ပြဲမွာလည္း စီးတီးတို႔ ႏိုင္ႏိုင္ေပမယ့္ အႀကိတ္အနယ္နဲ႔ ဂိုးမျပတ္ဘူးလို႔ ျမင္မိပါတယ္။ (နယူးကာဆယ္လ္ 1-2 မန္စီးတီး)

မန္ခ်က္စတာယူႏိုက္တက္-လီဗာပူးလ္
က်ားေတြကလည္း ေတာ္ေတာ္ကို နာေနခဲ့ၾကတာပါ။ က်ားနာခဲသာ ခဲရမယ္ဆိုလို႔ကေတာ့ ပါးစပ္ထဲ အမိခံရတဲ့ေကာင္ သက္သာမွာ မဟုတ္လို႔ အမွား မရွိေအာင္ ႏွစ္သင္းစလုံး ကစားၾကပါလိမ့္မယ္။ မန္ယူလိုအသင္းအတြက္ ႏွစ္ပြဲကစား သုညမွတ္နဲ႔ အဆင့္ ၂၀ ဆိုတာ လက္ခံႏိုင္စရာ မဟုတ္သလို ႏွစ္ပြဲမွာ သေရေတြသာ ရၿပီး အဆင့္ ၁၂ ကို ေရာက္ေနတဲ့ ခ်န္ပီယံေလာင္း လီဗာပူးလ္တို႔ကလည္း ၿပိဳင္ဘက္ မန္စီးတီးေရွ႕မွာ မ်က္ႏွာပ်က္လွပါၿပီ။

ဖာမီႏိုနဲ႔ ဂ်ိဳတာတို႔ နာေနၿပီး ငတုံးေလး ႏူးညက္ဇ္ ပြဲပယ္ခံေနရခ်ိန္မွာ ဆာလားနဲ႔ ဒီယက္ဇ္တို႔ မာေနးကို လြမ္းေနၾကပါလိမ့္မယ္။ ဒီပြဲမွာ သေရဆိုရင္ေတာ့ မန္စီးတီးနဲ႔ ၆ မွတ္ကြာသြားမယ့္ လီဗာပူးလ္နဲ႔ တန္ဟတ္ရဲ႕ ပထမဆုံး သုံးပြဲမွာ ပက္ပက္စက္စက္ျဖစ္ရင္ မ်က္ႏွာမေဖာ္ႏိုင္ေအာင္ ျဖစ္ရမယ့္ မန္ယူတို႔ အသည္းခ်င္းေပါက္ၾကမွာျဖစ္ေပမယ့္ ႏွစ္သင္းစလုံး မနာမယ့္ သေရပဲျဖစ္လာဖို႔ မ်ားေနပါတယ္။ (မန္ယူ 1-1 လီဗာပူးလ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.