UCL&UEL

ချန်ပီယံလိဂ်အုပ်စု မဲခွဲပွဲနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်အလက်များ

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ကန့်လန့်ကာဖွင့် စတင်ခဲ့ပြီးနောက် လက်ရှိမှာတော့ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို လူအများရဲ့ အာရုံက ရောက်ရှိလာကြပြီဖြစ်ပါတယ်။

ဥရောပတလွှားက အကြီးမားဆုံးကလပ်အသင်းကြီးတွေဟာ ဥရောပထိပ်တန်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပြီး စက်တင်ဘာ ၆ ရက်နေ့မှာ စတင်မယ့် အုပ်စုအဆင့်ပွဲစဉ်ကနေ ချန်ပီယံလိဂ်ခရီးကို စတင်ကြရမှာဖြစ်ပါတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ အခြား ဥရောပဟဲဗီးဝိတ်အသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊ ဘာစီလိုန၊ ဂျူဗင်တပ်၊ ပီအက်စ်ဂျီနဲ့ လီဗာပူးလ်တို့အားလုံးဟာ အုပ်စုအဆင့်မဲခွဲပွဲကို စောင့်မျှော်နေကြပြီဖြစ်ပြီး ၂၀၂၂-၂၀၂၃ ရာသီဥရောပခရီးစဉ် ချောမွေ့ဖို့ မျှော်လင့်နေကြမှာဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲ ဘယ်တော့ကျင်းပမှာလဲ

ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲကို လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်အချိန် အစ္စတန်ဘူလ်မြို့က ဟေးလစ် ကွန်ဂရက်စင်တာမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မဲခွဲပွဲမစတင်ခင်မှာ ယူအီးအက်ဖ်အေက ၂၀၂၁-၂၀၂၂ ရာသီက အကောင်းဆုံးစွမ်းဆောင်ရှင်တွေကို ကြေညာပြီး ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲရာမှာ ဘယ်အသင်းတွေ ပါမှာလဲ

ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ စုစုပေါင်း ကလပ်အသင်း ၃၆ သင်း ပါဝင်သွားမှာဖြစ်ပြီး ၂၆ သင်းကတော့ အလိုအလျောက် ဝင်ခွင့်ရထားပြီးသားဖြစ်တာကြောင့် မဲခွဲပွဲထဲမှာ တန်းပါမှာဖြစ်ပါတယ်။ ကျန်တဲ့ ၆ သင်းကတော့ Play-off အဆင့်ကနေ တက်လာပြီးတော့မှ မဲခွဲမယ့် မဲအိုးထဲကို ရောက်လာကြမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့် ဝင်ခွင့်ရရှိပြီးသားအသင်းတွေကို အိုး ၄ အိုးထဲမှာ ခွဲထည့်သွားမှာဖြစ်ပြီး ပထမအိုးမှာ လက်ရှိချန်ပီယံ၊ ယူရိုပါလိဂ်ချန်ပီယံနဲ့ ယူအီးအက်ဖ်အေရဲ့ နိုင်ငံအလိုက် ညွှန်းကိန်းပေါ် မူတည်ပြီး နိုင်ငံတကာထိပ်တန်းလိဂ် ၆ ခုက ချန်ပီယံတွေ ပါဝင်မှာဖြစ်ပါတယ်။

ကျန်တဲ့ ၃ အိုးကတော့ ယူအီးအက်ဖ်အေကလပ်ညွှန်းကိန်းအရ ဖြည့်သွင်းသွားမှာ ဖြစ်ပါတယ်။ အိုး ၃ နဲ့ အိုး ၄ က နောက်ဆုံးအဖွဲ့ဝင်ကို Play-off ပွဲစဉ်တွေအပြီးမှာ ဆုံးဖြတ်သွားမှာဖြစ်ပြီး ဒုတိယအကျော့ဟာ မဲခွဲပွဲမကျင်းပမီ သြဂုတ်လ ၂၄ ရက်နေ့မှာ အပြီးသတ်ကျင်းပသွားမှာဖြစ်ပါတယ်။ တစ်ခု သတိထားရမှာက တူညီတဲ့ ဘောလုံးအဖွဲ့ချုပ်အောက်က အသင်း ၂ သင်းဟာ မဲခွဲရာမှာ တူညီတဲ့ အုပ်စုတစ်ခုတည်းမှာ ထည့်သွင်းခြင်းခံရမှာမဟုတ်တာဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတည်ပြုခြင်းခံထားရပြီးဖြစ်တဲ့ အသင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိုး ၁- ရီးရဲလ်မက်ဒရစ်၊ ဖရန့်ဖွတ်၊ မန်ချက်စတာစီးတီး၊ အေစီမီလန်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ပေါ်တို၊ အိုင်းယက်စ်။

အိုး ၂- လီဗာပူးလ်၊ ချဲလ်ဆီး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ အက်သလက်တီကို မက်ဒရစ်၊ ဆီဗီလာ၊ လိုက်ပ်ဇစ်၊ စပါးစ်။

အိုး ၃- ဒေါ့မွန်၊ ဆဲလ်ဘတ်၊ ရှက်တာ ဒိုးနတ်၊ အင်တာမီလန်၊ နာပိုလီ၊ စပို့တင်း လစ္စဘွန်း၊ လေဗာကူဆင်၊ မာဆေးလ်(အတည်မပြုရသေး)။

အိုး ၄- ကလပ် ဘရုဂျက်၊ ဆဲလ်တစ်၊ အတည်မပြုရသေး၊ အတည်မပြုရသေး၊ အတည်မပြုရသေး၊ အတည်မပြုရသေး၊ အတည်မပြုရသေး၊ အတည်မပြုရသေး။

၂၀၂၂-၂၀၂၃ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေကို ဘယ်အချိန် စတင်မှာလဲ

ချန်ပီယံလိဂ် ၂၀၂၂-၂၀၂၃ အုပ်စုအဆင့်ပွဲစဉ်တွေကို စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တို့မှာ စတင်သွားမှာဖြစ်ပြီး အုပ်စုအဆင့်မှာ စုစုပေါင်း ၆ ပွဲ ကစားသွားရမှာ ဖြစ်ပြီး နောက်ဆုံးအုပ်စုပွဲစဉ်ကို နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ၂၀၂၂-၂၀၂၃ ေဘာလုံးရာသီ ကန႔္လန႔္ကာဖြင့္ စတင္ခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို လူအမ်ားရဲ႕ အာ႐ုံက ေရာက္ရွိလာၾကၿပီျဖစ္ပါတယ္။

ဥေရာပတလႊားက အႀကီးမားဆုံးကလပ္အသင္းႀကီးေတြဟာ ဥေရာပထိပ္တန္းၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္ေနၾကၿပီး စက္တင္ဘာ ၆ ရက္ေန႔မွာ စတင္မယ့္ အုပ္စုအဆင့္ပြဲစဥ္ကေန ခ်န္ပီယံလိဂ္ခရီးကို စတင္ၾကရမွာျဖစ္ပါတယ္။ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ရမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ အျခား ဥေရာပဟဲဗီးဝိတ္အသင္းေတြျဖစ္တဲ့ ခ်ဲလ္ဆီး၊ ဘာစီလိုန၊ ဂ်ဴဗင္တပ္၊ ပီအက္စ္ဂ်ီနဲ႔ လီဗာပူးလ္တို႔အားလုံးဟာ အုပ္စုအဆင့္မဲခြဲပြဲကို ေစာင့္ေမွ်ာ္ေနၾကၿပီျဖစ္ၿပီး ၂၀၂၂-၂၀၂၃ ရာသီဥေရာပခရီးစဥ္ ေခ်ာေမြ႕ဖို႔ ေမွ်ာ္လင့္ေနၾကမွာျဖစ္ပါတယ္။

၂၀၂၂-၂၀၂၃ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မဲခြဲပြဲ ဘယ္ေတာ့က်င္းပမွာလဲ

ခ်န္ပီယံလိဂ္အုပ္စုအဆင့္ မဲခြဲပြဲကို လာမယ့္ ၾသဂုတ္လ ၂၅ ရက္ေန႔မွာ က်င္းပသြားမွာျဖစ္ၿပီး ျမန္မာစံေတာ္ခ်ိန္ ည ၁၀ နာရီ ၃၀ မိနစ္အခ်ိန္ အစၥတန္ဘူလ္ၿမိဳ႕က ေဟးလစ္ ကြန္ဂရက္စင္တာမွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ မဲခြဲပြဲမစတင္ခင္မွာ ယူအီးအက္ဖ္ေအက ၂၀၂၁-၂၀၂၂ ရာသီက အေကာင္းဆုံးစြမ္းေဆာင္ရွင္ေတြကို ေၾကညာၿပီး ဆုခ်ီးျမႇင့္သြားမွာ ျဖစ္ပါတယ္။

၂၀၂၂-၂၀၂၃ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ မဲခြဲရာမွာ ဘယ္အသင္းေတြ ပါမွာလဲ

ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ စုစုေပါင္း ကလပ္အသင္း ၃၆ သင္း ပါဝင္သြားမွာျဖစ္ၿပီး ၂၆ သင္းကေတာ့ အလိုအေလ်ာက္ ဝင္ခြင့္ရထားၿပီးသားျဖစ္တာေၾကာင့္ မဲခြဲပြဲထဲမွာ တန္းပါမွာျဖစ္ပါတယ္။ က်န္တဲ့ ၆ သင္းကေတာ့ Play-off အဆင့္ကေန တက္လာၿပီးေတာ့မွ မဲခြဲမယ့္ မဲအိုးထဲကို ေရာက္လာၾကမွာ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ဝင္ခြင့္ရရွိၿပီးသားအသင္းေတြကို အိုး ၄ အိုးထဲမွာ ခြဲထည့္သြားမွာျဖစ္ၿပီး ပထမအိုးမွာ လက္ရွိခ်န္ပီယံ၊ ယူ႐ိုပါလိဂ္ခ်န္ပီယံနဲ႔ ယူအီးအက္ဖ္ေအရဲ႕ ႏိုင္ငံအလိုက္ ၫႊန္းကိန္းေပၚ မူတည္ၿပီး ႏိုင္ငံတကာထိပ္တန္းလိဂ္ ၆ ခုက ခ်န္ပီယံေတြ ပါဝင္မွာျဖစ္ပါတယ္။

က်န္တဲ့ ၃ အိုးကေတာ့ ယူအီးအက္ဖ္ေအကလပ္ၫႊန္းကိန္းအရ ျဖည့္သြင္းသြားမွာ ျဖစ္ပါတယ္။ အိုး ၃ နဲ႔ အိုး ၄ က ေနာက္ဆုံးအဖြဲ႕ဝင္ကို Play-off ပြဲစဥ္ေတြအၿပီးမွာ ဆုံးျဖတ္သြားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ဟာ မဲခြဲပြဲမက်င္းပမီ ၾသဂုတ္လ ၂၄ ရက္ေန႔မွာ အၿပီးသတ္က်င္းပသြားမွာျဖစ္ပါတယ္။ တစ္ခု သတိထားရမွာက တူညီတဲ့ ေဘာလုံးအဖြဲ႕ခ်ဳပ္ေအာက္က အသင္း ၂ သင္းဟာ မဲခြဲရာမွာ တူညီတဲ့ အုပ္စုတစ္ခုတည္းမွာ ထည့္သြင္းျခင္းခံရမွာမဟုတ္တာျဖစ္ပါတယ္။ ၂၀၂၂-၂၀၂၃ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ အတည္ျပဳျခင္းခံထားရၿပီးျဖစ္တဲ့ အသင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အိုး ၁- ရီးရဲလ္မက္ဒရစ္၊ ဖရန႔္ဖြတ္၊ မန္ခ်က္စတာစီးတီး၊ ေအစီမီလန္၊ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီ၊ ေပၚတို၊ အိုင္းယက္စ္။

အိုး ၂- လီဗာပူးလ္၊ ခ်ဲလ္ဆီး၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္၊ အက္သလက္တီကို မက္ဒရစ္၊ ဆီဗီလာ၊ လိုက္ပ္ဇစ္၊ စပါးစ္။

အိုး ၃- ေဒါ့မြန္၊ ဆဲလ္ဘတ္၊ ရွက္တာ ဒိုးနတ္၊ အင္တာမီလန္၊ နာပိုလီ၊ စပို႔တင္း လစၥဘြန္း၊ ေလဗာကူဆင္၊ မာေဆးလ္(အတည္မျပဳရေသး)။

အိုး ၄- ကလပ္ ဘ႐ုဂ်က္၊ ဆဲလ္တစ္၊ အတည္မျပဳရေသး၊ အတည္မျပဳရေသး၊ အတည္မျပဳရေသး၊ အတည္မျပဳရေသး၊ အတည္မျပဳရေသး၊ အတည္မျပဳရေသး။

၂၀၂၂-၂၀၂၃ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ေတြကို ဘယ္အခ်ိန္ စတင္မွာလဲ

ခ်န္ပီယံလိဂ္ ၂၀၂၂-၂၀၂၃ အုပ္စုအဆင့္ပြဲစဥ္ေတြကို စက္တင္ဘာ ၆ ရက္နဲ႔ ၇ ရက္ေန႔တို႔မွာ စတင္သြားမွာျဖစ္ၿပီး အုပ္စုအဆင့္မွာ စုစုေပါင္း ၆ ပြဲ ကစားသြားရမွာ ျဖစ္ၿပီး ေနာက္ဆုံးအုပ္စုပြဲစဥ္ကို ႏိုဝင္ဘာ ၁ ရက္နဲ႔ ၂ ရက္ေန႔မွာ က်င္းပသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.