Premier League UCL&UEL

Mo ဆာလား မဟုတ်ဘဲ No ဆာလား ကျန်ရစ်ဖြစ်သွားတဲ့ ဥရောပအကောင်းဆုံးဆု

ဥရောပရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုတစ်ခုဖြစ်တဲ့ UEFA Player of the Year ကို ချီးမြှင့်ဖို့ ပဏာမ လူစာရင်း ထွက်ပေါ်လာခဲ့ရာမှာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင် မိုဟာမက် ဆာလားကတော့ ထိပ်ဆုံး သုံးဦးနဲ့ ခပ်ဝေးဝေးကပဲ ကျန်ရစ်ဖြစ်ခဲ့ရပြီး နည်းစနစ်ကော်မတီနဲ့ ဂျာနယ်လစ်တွေ ရွေးချယ်မှုမှာ အခြေအနေ မလှခဲ့တာဖြစ်ပါတယ်။

၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၃ ဂိုးနဲ့ ဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် တစ်နှစ်တာ အကောင်းဆုံးဆုကို မန်ချက်စတာ စီးတီးရဲ့ ကီဗင် ဒီဘရိုင်းနားဆီ ရှုံးနိမ့်ခဲ့ရတဲ့ ဆာလားဟာ ဒီတစ်ခါမှာလည်း ထပ်ပြီး အထိနာခဲ့ရတာဖြစ်ပြီး ဥရောပမှာတော့ ဘောင်မဝင်ဘဲဖြစ်ခဲ့ရသလို ရွေးချယ်မှုမှာ အသင်းဖော်ဟောင်း ဆာဒီယို မာနေးနဲ့ ဒီဘရိုင်းနားတို့နောက်ကိုလည်း ရောက်နေခဲ့ရပါတယ်။

မဲပေးရွေးချယ်မှုတွေကို နောက်ဆုံးကနေ စတင်ဖော်ပြရမယ်ဆိုရင်တော့ ၁၅။ ဖာဘင်ညို (လီဗာပူးလ် – ၁ မှတ်)၊ ၁၄။ အလက်ဇန်းဒါး-အာနိုးလ်ဒ် (လီဗာပူးလ် – ၂ မှတ်)၊ ၁၃။ ပယ်လီဂရီနီ (ရိုးမား – ၅ မှတ်)၊ ၁၂။ ကော့စ်တစ်ချ် (ဖရန့်ဖတ်/ဂျူဗင်တပ်စ် – ၇ မှတ်)၊ ၁၁။ ဘာနာဒို ဆေးလ်ဗား (မန်စီးတီး – ၇ မှတ်)၊ ၁၀။ ဗန်ဒိုက် (လီဗာပူးလ် – ၁၉ မှတ်)၊ ၉။ ဗီနီးရှပ်စ် (ရီးရဲလ်မက်ဒရစ် – ၂၁ မှတ်)၊ ၈။ အမ်ဘာပေ (ပီအက်စ်ဂျီ – ၂၅ မှတ်)တို့က ဆာလားအောက်မှာ ရှိခဲ့တာပါ။

အီဂျစ်တိုက်စစ်မှူးကတော့ အဆင့် ၇ ကိုသာ ရမှတ် ၄၆ မှတ်နဲ့ ရယူနိုင်ခဲ့ပြီး ၆။ မာနေး (လီဗာပူးလ်/ဘိုင်ယန်မြူးနစ် – ၅၁ မှတ်)၊ ၅။ မိုဒရစ်ချ် (ရီးရဲလ်မက်ဒရစ် – ၅၂ မှတ်)၊ ၄။ လီဗန်ဒေါ့ဗ်စကီး (ဘိုင်ယန်မြူးနစ်/ဘာစီလိုနာ – ၅၄ မှတ်)တို့က ထိပ်ဆုံးသုံးဦးရဲ့ ပြင်ပမှာ ရပ်တည်ခဲ့ကြတဲ့ နည်းစနစ်ပိုင်း ဆိုင်ရာ အရှုံးသမားတွေ ဖြစ်ခဲ့ကြပါတယ်။

အကောင်းဆုံး သုံးဦးရဲ့ အမှတ်တွေကိုတော့ ကြေငြာခြင်း မပြုဘဲ ဒီသုံးဦးကို ပထမ၊ ဒုတိယနဲ့ တတိယလို့ ဒီလ ၂၅ ရက်နေ့မှာ ဆုပေးအပ်သွားဖို့ ရှိနေချိန်မှာ ရွေးချယ်ခံခဲ့ရသူတွေကတော့ ဒီဘရိုင်းနား (မန်စီးတီး)၊ ကူတွာ (ရီးရဲလ်မက်ဒရစ်)နဲ့ ဘင်ဇီးမား (ရီးရဲလ်မက်ဒရစ်)တို့ ဖြစ်ကြပြီး ဥရောပ ချန်ပီယံလိဂ် ချန်ပီယံနဲ့ စပိန်ချန်ပီယံအသင်းရဲ့ ကစားသမားနှစ်ဦးပဲ ဆုရမယ်လို့တော့ အားလုံးက ထင်ကြေးပေးနေခဲ့ကြတာပါ။

ဆာလားကတော့ အင်္ဂလန်ပြည်တွင်းကနေ ပရီးမီးယားလိဂ်မှာ တစ်ဦးချင်း အကောင်းဆုံးဆုနှစ်ဆု၊ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတွေကို ရယူခဲ့ပြီး ချန်ပီယံလိဂ်မှာ ၁၁ ပွဲကစား ၈ ဂိုးသွင်းခဲ့ပေမယ့် ဗိုလ်လုပွဲအပြီးမှာ ရွေးချယ်ခဲ့တဲ့ အကောင်းဆုံး ၁၁ ယောက် အသင်းကိုလည်း ပီအက်စ်ဂျီရဲ့ အမ်ဘာပေနောက် လွဲချော်ခဲ့ရသလို ဖိုင်နယ်ရှုံးနိမ့်မှုမှာ ခါးသီးခဲ့ရတာထက် ထိုးနှက်ချက် ပြင်းခဲ့သေးတာဖြစ်ပါတယ်။

လီဗာပူးလ်ပရိသတ်တွေရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုကို ရရှိခဲ့တဲ့ ဆာလားဟာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဒီရာသီ အဖွင့်ပွဲမှာလည်း ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်နေရာက အနိုင်ပြန်ရအောင် ကြိုးစားပေးနိုင်ခဲ့ပေမယ့် မန်စီးတီးကစားသမား ဒီဘရိုင်းနားနဲ့ ယှဉ်ရင် အနှိမ်ခံခဲ့ရတာဟာ ဥရောပပြင်ပ ကစားသမားမို့လို့လားလို့ ဆွန်ဟောင်မင်နဲ့အတူ မေးခွန်းထုတ်ရမလိုဖြစ်လာခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဥေရာပရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံးဆုတစ္ခုျဖစ္တဲ့ UEFA Player of the Year ကို ခ်ီးျမႇင့္ဖို႔ ပဏာမ လူစာရင္း ထြက္ေပၚလာခဲ့ရာမွာ ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းဘုရင္ မိုဟာမက္ ဆာလားကေတာ့ ထိပ္ဆုံး သုံးဦးနဲ႔ ခပ္ေဝးေဝးကပဲ က်န္ရစ္ျဖစ္ခဲ့ရၿပီး နည္းစနစ္ေကာ္မတီနဲ႔ ဂ်ာနယ္လစ္ေတြ ေ႐ြးခ်ယ္မႈမွာ အေျခအေန မလွခဲ့တာျဖစ္ပါတယ္။

၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၂၃ ဂိုးနဲ႔ ဖန္တီးမႈ ၁၃ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ တစ္ႏွစ္တာ အေကာင္းဆုံးဆုကို မန္ခ်က္စတာ စီးတီးရဲ႕ ကီဗင္ ဒီဘ႐ိုင္းနားဆီ ရႈံးနိမ့္ခဲ့ရတဲ့ ဆာလားဟာ ဒီတစ္ခါမွာလည္း ထပ္ၿပီး အထိနာခဲ့ရတာျဖစ္ၿပီး ဥေရာပမွာေတာ့ ေဘာင္မဝင္ဘဲျဖစ္ခဲ့ရသလို ေ႐ြးခ်ယ္မႈမွာ အသင္းေဖာ္ေဟာင္း ဆာဒီယို မာေနးနဲ႔ ဒီဘ႐ိုင္းနားတို႔ေနာက္ကိုလည္း ေရာက္ေနခဲ့ရပါတယ္။

မဲေပးေ႐ြးခ်ယ္မႈေတြကို ေနာက္ဆုံးကေန စတင္ေဖာ္ျပရမယ္ဆိုရင္ေတာ့ ၁၅။ ဖာဘင္ညိဳ (လီဗာပူးလ္ – ၁ မွတ္)၊ ၁၄။ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ (လီဗာပူးလ္ – ၂ မွတ္)၊ ၁၃။ ပယ္လီဂရီနီ (႐ိုးမား – ၅ မွတ္)၊ ၁၂။ ေကာ့စ္တစ္ခ်္ (ဖရန႔္ဖတ္/ဂ်ဴဗင္တပ္စ္ – ၇ မွတ္)၊ ၁၁။ ဘာနာဒို ေဆးလ္ဗား (မန္စီးတီး – ၇ မွတ္)၊ ၁၀။ ဗန္ဒိုက္ (လီဗာပူးလ္ – ၁၉ မွတ္)၊ ၉။ ဗီနီးရွပ္စ္ (ရီးရဲလ္မက္ဒရစ္ – ၂၁ မွတ္)၊ ၈။ အမ္ဘာေပ (ပီအက္စ္ဂ်ီ – ၂၅ မွတ္)တို႔က ဆာလားေအာက္မွာ ရွိခဲ့တာပါ။

အီဂ်စ္တိုက္စစ္မႉးကေတာ့ အဆင့္ ၇ ကိုသာ ရမွတ္ ၄၆ မွတ္နဲ႔ ရယူႏိုင္ခဲ့ၿပီး ၆။ မာေနး (လီဗာပူးလ္/ဘိုင္ယန္ျမဴးနစ္ – ၅၁ မွတ္)၊ ၅။ မိုဒရစ္ခ်္ (ရီးရဲလ္မက္ဒရစ္ – ၅၂ မွတ္)၊ ၄။ လီဗန္ေဒါ့ဗ္စကီး (ဘိုင္ယန္ျမဴးနစ္/ဘာစီလိုနာ – ၅၄ မွတ္)တို႔က ထိပ္ဆုံးသုံးဦးရဲ႕ ျပင္ပမွာ ရပ္တည္ခဲ့ၾကတဲ့ နည္းစနစ္ပိုင္း ဆိုင္ရာ အရႈံးသမားေတြ ျဖစ္ခဲ့ၾကပါတယ္။

အေကာင္းဆုံး သုံးဦးရဲ႕ အမွတ္ေတြကိုေတာ့ ေၾကျငာျခင္း မျပဳဘဲ ဒီသုံးဦးကို ပထမ၊ ဒုတိယနဲ႔ တတိယလို႔ ဒီလ ၂၅ ရက္ေန႔မွာ ဆုေပးအပ္သြားဖို႔ ရွိေနခ်ိန္မွာ ေ႐ြးခ်ယ္ခံခဲ့ရသူေတြကေတာ့ ဒီဘ႐ိုင္းနား (မန္စီးတီး)၊ ကူတြာ (ရီးရဲလ္မက္ဒရစ္)နဲ႔ ဘင္ဇီးမား (ရီးရဲလ္မက္ဒရစ္)တို႔ ျဖစ္ၾကၿပီး ဥေရာပ ခ်န္ပီယံလိဂ္ ခ်န္ပီယံနဲ႔ စပိန္ခ်န္ပီယံအသင္းရဲ႕ ကစားသမားႏွစ္ဦးပဲ ဆုရမယ္လို႔ေတာ့ အားလုံးက ထင္ေၾကးေပးေနခဲ့ၾကတာပါ။

ဆာလားကေတာ့ အဂၤလန္ျပည္တြင္းကေန ပရီးမီးယားလိဂ္မွာ တစ္ဦးခ်င္း အေကာင္းဆုံးဆုႏွစ္ဆု၊ ကာရာေဘာင္းဖလားနဲ႔ အက္ဖ္ေအဖလားေတြကို ရယူခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ ၁၁ ပြဲကစား ၈ ဂိုးသြင္းခဲ့ေပမယ့္ ဗိုလ္လုပြဲအၿပီးမွာ ေ႐ြးခ်ယ္ခဲ့တဲ့ အေကာင္းဆုံး ၁၁ ေယာက္ အသင္းကိုလည္း ပီအက္စ္ဂ်ီရဲ႕ အမ္ဘာေပေနာက္ လြဲေခ်ာ္ခဲ့ရသလို ဖိုင္နယ္ရႈံးနိမ့္မႈမွာ ခါးသီးခဲ့ရတာထက္ ထိုးႏွက္ခ်က္ ျပင္းခဲ့ေသးတာျဖစ္ပါတယ္။

လီဗာပူးလ္ပရိသတ္ေတြရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံးဆုကို ရရွိခဲ့တဲ့ ဆာလားဟာ အသင္းအတြက္ အေကာင္းဆုံး ေျခစြမ္းျပႏိုင္ခဲ့ၿပီး ဒီရာသီ အဖြင့္ပြဲမွာလည္း ဖူလ္ဟမ္အသင္းကို ရႈံးနိမ့္ေနရာက အႏိုင္ျပန္ရေအာင္ ႀကိဳးစားေပးႏိုင္ခဲ့ေပမယ့္ မန္စီးတီးကစားသမား ဒီဘ႐ိုင္းနားနဲ႔ ယွဥ္ရင္ အႏွိမ္ခံခဲ့ရတာဟာ ဥေရာပျပင္ပ ကစားသမားမို႔လို႔လားလို႔ ဆြန္ေဟာင္မင္နဲ႔အတူ ေမးခြန္းထုတ္ရမလိုျဖစ္လာခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.