La Liga Premier League

ကြမ်းကပ်အသင်းကို ငြင်းရုံနဲ့တင်အားမရလို့ လိုင်းပေါ်ထိ တက်လှောင်ခဲ့တဲ့ အက်သလက်တီကို

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ဂျာအို ဖီလစ်အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီးနောက်ပိုင်း တွစ်တာလူမှုကွန်ရက်ပေါ်မှာပါ မန်ချက်စတာယူနိုက်တက်ကို လှောင်ပြောင်ခဲ့ပုံ ပေါ်ပါတယ်။

စပိန်သတင်းဌာန AS ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၂၂ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးအတွက် ယူရိုသန်း ၁၃၀ နဲ့ ကမ်းလှမ်းခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်းက ချက်ချင်းပဲ ပယ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမီယွန်နီဟာ ဂျာအို ဖီလစ်ကို အသင်းရဲ့ အရေးအပါအဆုံးကစားသမားအဖြစ် ရှုမြင်ထားတာကြောင့် ဘယ်လောက်ပဲ ပေးပေး ရောင်းထုတ်မှာမဟုတ်ဘူးလို့ ယင်းသတင်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ စာချုပ်လျော်ကြေး ယူရိုသန်း ၃၅၀ ထည့်သွင်းချုပ်ဆိုထားတဲ့ ဂျာအို ဖီလစ်ကို ရောင်းထုတ်လိုတဲ့ ဆန္ဒလုံးဝမရှိတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ မအောင်မြင်တဲ့ ကမ်းလှမ်းမှုအပြီးမှာ လာလီဂါအသင်းရဲ့ အင်္ဂလိပ်ဘာသာစကားသုံး တွစ်တာအကောင့်ကနေ ပေါ်တူဂီတိုက်စစ်မှူးရဲ့ ဓာတ်ပုံနဲ့အတူ ‘အဖိုးဖြတ်မရသူ’ဆိုတဲ့ စာကို ရေးသားပြီး တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ပို့စ်ဟာ စပိန်လာလီဂါကလပ်အသင်းပရိသတ်တွေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်း ပရိသတ်တွေကြားမှာ သဘောကျစရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

“ဟားဟား။ ယူနိုက်တက်ရဲ့ အနာကို ဆားပက်နေတယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “ဟ၊ မင်မင်ကတော့ အဲဒီမှာ သူဘာလုပ်နေရလဲဆိုတာကို အတိအကျ သိနေတာပဲ”လို့ နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ ဂျာအို ဖီလစ်ဟာ အက်သလက်တီကို မက်ဒရစ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးသူဖြစ်ပြီး စပိန်လာလီဂါကလပ်အသင်းမှာ ပျော်ရွှင်နေတယ်လို့ သိရပါတယ်။

ဂျာအို ဖီလစ်ဟာ ၂၀၁၉ ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ အက်သလက်တီကို မက်ဒရစ်အသင်းကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၂၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘောလုံးသမိုင်းမှာ စတုတ္ထမြောက် တန်ဖိုးအကြီးဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: အက္သလက္တီကို မက္ဒရစ္အသင္းဟာ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ဂ်ာအို ဖီလစ္အတြက္ ပရီးမီးယားလိဂ္ကလပ္အသင္းရဲ႕ ႀကီးမားတဲ့ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီးေနာက္ပိုင္း တြစ္တာလူမႈကြန္ရက္ေပၚမွာပါ မန္ခ်က္စတာယူႏိုက္တက္ကို ေလွာင္ေျပာင္ခဲ့ပုံ ေပၚပါတယ္။

စပိန္သတင္းဌာန AS ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသက္ ၂၂ ႏွစ္အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉးအတြက္ ယူ႐ိုသန္း ၁၃၀ နဲ႔ ကမ္းလွမ္းခဲ့ၿပီး အက္သလက္တီကို မက္ဒရစ္အသင္းက ခ်က္ခ်င္းပဲ ပယ္ခ်ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အက္သလက္တီကို မက္ဒရစ္နည္းျပ ဒီေယဂို ဆီမီယြန္နီဟာ ဂ်ာအို ဖီလစ္ကို အသင္းရဲ႕ အေရးအပါအဆုံးကစားသမားအျဖစ္ ရႈျမင္ထားတာေၾကာင့္ ဘယ္ေလာက္ပဲ ေပးေပး ေရာင္းထုတ္မွာမဟုတ္ဘူးလို႔ ယင္းသတင္းက ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းဟာ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၃၅၀ ထည့္သြင္းခ်ဳပ္ဆိုထားတဲ့ ဂ်ာအို ဖီလစ္ကို ေရာင္းထုတ္လိုတဲ့ ဆႏၵလုံးဝမရွိတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ မေအာင္ျမင္တဲ့ ကမ္းလွမ္းမႈအၿပီးမွာ လာလီဂါအသင္းရဲ႕ အဂၤလိပ္ဘာသာစကားသုံး တြစ္တာအေကာင့္ကေန ေပၚတူဂီတိုက္စစ္မႉးရဲ႕ ဓာတ္ပုံနဲ႔အတူ ‘အဖိုးျဖတ္မရသူ’ဆိုတဲ့ စာကို ေရးသားၿပီး တင္ခဲ့တာျဖစ္ပါတယ္။

အဲဒီ ပို႔စ္ဟာ စပိန္လာလီဂါကလပ္အသင္းပရိသတ္ေတြနဲ႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္း ပရိသတ္ေတြၾကားမွာ သေဘာက်စရာ ျဖစ္ခဲ့တာျဖစ္ပါတယ္။

“ဟားဟား။ ယူႏိုက္တက္ရဲ႕ အနာကို ဆားပက္ေနတယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “ဟ၊ မင္မင္ကေတာ့ အဲဒီမွာ သူဘာလုပ္ေနရလဲဆိုတာကို အတိအက် သိေနတာပဲ”လို႔ ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။ ဂ်ာအို ဖီလစ္ဟာ အက္သလက္တီကို မက္ဒရစ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၄ ႏွစ္က်န္ရွိေနေသးသူျဖစ္ၿပီး စပိန္လာလီဂါကလပ္အသင္းမွာ ေပ်ာ္႐ႊင္ေနတယ္လို႔ သိရပါတယ္။

ဂ်ာအို ဖီလစ္ဟာ ၂၀၁၉ ခုႏွစ္မွာ ဘင္ဖီကာအသင္းကေန အက္သလက္တီကို မက္ဒရစ္အသင္းကို အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၂၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ေဘာလုံးသမိုင္းမွာ စတုတၳေျမာက္ တန္ဖိုးအႀကီးဆုံးကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.