Premier League

ဒဏ်ရာရ ပွဲပယ်နဲ့ ပျားတုပ်နေပေမယ့် ရေနစ်နေတဲ့ ယူနိုက်တက်ကို ဝါးကူထိုးပေးဦးမယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ သြဂုတ်လ ၂၂ ရက်နေ့မျာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ အိုးထရက်ဖို့ဒ်ကို သွားရောက်ရမှာဖြစ်ပေမယ့်လည်း ယာဂန် ကလော့ပ်အနေနဲ့ လူစာရင်းရွေးချယ်ရာမှာ တော်တော်လေး ရုန်းကန်ရမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒဏ်ရာပြဿနာအများအပြားကြောင့် ကစားသမား ၈ ဦးအထိ လက်လွှတ်ထားရပြီး တစ်ဆက်တည်းမှာပဲ ပဲလေ့စ်နဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ နူးညက်ဇ်ကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားပေးနိုင်မှာ မဟုတ်တာဖြစ်ပါတယ်။ အင်္ဂလိပ်ထိပ်သီးအသင်းကြီး ၂ သင်းစလုံးဟာ ၂၀၂၂-၂၀၂၃ ရာသီကို ပြီးပြည်စုံတဲ့စတင်မှုမျိုး မပြုလုပ်နိုင်ခဲ့ကြတာဖြစ်ပြီး ၎င်းတို့ရဲ့ ထိပ်ဆုံး ၆ နေရာပြိုင်ဘက်တွေကို နောက်ကနေ အမီလိုက်နေရတာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ရာသီအစ ၂ ပွဲစလုံးကို သရေကျခဲ့တာကြောင့် ရမှတ် ၂ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကလည်း ၂ ပွဲကစားရာမှာ တစ်မှတ်မှ မရရှိခဲ့ဘဲ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ အဲရစ် တန်ဟက်ရဲ့အသင်းဟာ လီဗာပူးလ်ရဲ့ တင်းပြည့်ကျပ်ပြည့် လူစာရင်းနဲ့ ရင်ဆိုင်ရမှာမဟုတ်ပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ ကစားမယ့်ပွဲစဉ်ကနေ သရေ ၁ မှတ်ရနိုင်ဖို့ အခွင့်အရေးက မရှိသလောက် နည်းပါးနေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ရာသီအဖွင့်ပွဲစဉ် ၂ ပွဲကို အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ၎င်းတို့ရဲ့ စွမ်းဆောင်ရည်ဟာ တော်တော်လေး သာလွန်ပြီး ပြိုင်ဘက်အသင်းကို လွှမ်းမိုးနိုင်စွမ်း ရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းအတွင်းမှာ အချိတ်အဆက်မမိဘဲ ကန်ချင်သလို ကန်နေတဲ့ပုံစံ ပေါ်နေခဲ့တာဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ကိုတောင် ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယုံကြည်မှုကလည်း တော်တော်လေး လျော့ပါးနေမှာဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ပထမအသင်းကြယ်ပွင့်ကစားသမား ၉ ဦးအထိ လက်လွှတ်ထားရပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယခုရာသီရဲ့ ပထမဆုံး နိုင်ပွဲကို ရယူသွားဖို့ ပိုမိုရေပန်းစားနေတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းလူစာရင်းမှာ သီယေဂို အယ်လ်ကန်တာရာ၊ မာတစ်ပ်၊ ချိန်ဘာလိန်၊ ကာတစ် ဂျုံးစ်၊ ဂျိုတာ၊ ကိုနာတေ၊ ကယ်လေဟာ၊ ကယ်လ်ဗင် ရမ်းဆေး၊ ဒါဝင် နူးညက်ဇ်တို့ ပါဝင်နိုင်မှာမဟုတ်ဘဲ သတင်းကောင်းကတော့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ဥရုဂွေးတိုက်စစ်မှူးမပါဝင်နိုင်ပေမယ့် အထောင်တိုက်စစ်မှူး မပါဝင်ဘဲ ယှဉ်ပြိုင်ကစားသွားရမှာမဟုတ်တာဖြစ်ပါတယ်။

ရောဘတ်တို ဖာမီနိုဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်ကို လွဲချော်ခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနေပြီး အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ပွဲထွက် ကစားသမားဖြစ်တဲ့ ဒါဝင် နူးညက်ဇ် မပါဝင်နိုင်ချိန်မှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ဖို့အတွက် အခွင့်အရေး ရရှိတော့မှာဖြစ်ပြီး အရင်ကလိုပဲ ဆာလားနဲ့အတူ ကောင်းမွန်တဲ့ တိုက်စစ်အတွဲကို ပုံဖော်သွားဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ ၾသဂုတ္လ ၂၂ ရက္ေန႔မ်ာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားဖို႔ အိုးထရက္ဖို႔ဒ္ကို သြားေရာက္ရမွာျဖစ္ေပမယ့္လည္း ယာဂန္ ကေလာ့ပ္အေနနဲ႔ လူစာရင္းေ႐ြးခ်ယ္ရာမွာ ေတာ္ေတာ္ေလး ႐ုန္းကန္ရမွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ဒဏ္ရာျပႆနာအမ်ားအျပားေၾကာင့္ ကစားသမား ၈ ဦးအထိ လက္လႊတ္ထားရၿပီး တစ္ဆက္တည္းမွာပဲ ပဲေလ့စ္နဲ႔ပြဲမွာ အနီကတ္ထိခဲ့တဲ့ ႏူးညက္ဇ္ကလည္း ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္ကစားေပးႏိုင္မွာ မဟုတ္တာျဖစ္ပါတယ္။ အဂၤလိပ္ထိပ္သီးအသင္းႀကီး ၂ သင္းစလုံးဟာ ၂၀၂၂-၂၀၂၃ ရာသီကို ၿပီးျပည္စုံတဲ့စတင္မႈမ်ိဳး မျပဳလုပ္ႏိုင္ခဲ့ၾကတာျဖစ္ၿပီး ၎တို႔ရဲ႕ ထိပ္ဆုံး ၆ ေနရာၿပိဳင္ဘက္ေတြကို ေနာက္ကေန အမီလိုက္ေနရတာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ပရီးမီးယားလိဂ္ရာသီအစ ၂ ပြဲစလုံးကို သေရက်ခဲ့တာေၾကာင့္ ရမွတ္ ၂ မွတ္နဲ႔ အဆင့္ ၁၂ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကလည္း ၂ ပြဲကစားရာမွာ တစ္မွတ္မွ မရရွိခဲ့ဘဲ အမွတ္ေပးဇယား ေအာက္ဆုံးမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။ အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ လီဗာပူးလ္ရဲ႕ တင္းျပည့္က်ပ္ျပည့္ လူစာရင္းနဲ႔ ရင္ဆိုင္ရမွာမဟုတ္ေပမယ့္လည္း အိုးထရက္ဖို႔ဒ္မွာ ကစားမယ့္ပြဲစဥ္ကေန သေရ ၁ မွတ္ရႏိုင္ဖို႔ အခြင့္အေရးက မရွိသေလာက္ နည္းပါးေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ရာသီအဖြင့္ပြဲစဥ္ ၂ ပြဲကို အႏိုင္ရရွိေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ၎တို႔ရဲ႕ စြမ္းေဆာင္ရည္ဟာ ေတာ္ေတာ္ေလး သာလြန္ၿပီး ၿပိဳင္ဘက္အသင္းကို လႊမ္းမိုးႏိုင္စြမ္း ရွိခဲ့တာ ျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကြင္းအတြင္းမွာ အခ်ိတ္အဆက္မမိဘဲ ကန္ခ်င္သလို ကန္ေနတဲ့ပုံစံ ေပၚေနခဲ့တာျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္ကိုေတာင္ ၄-၀ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ယုံၾကည္မႈကလည္း ေတာ္ေတာ္ေလး ေလ်ာ့ပါးေနမွာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕အသင္းဟာ ပထမအသင္းၾကယ္ပြင့္ကစားသမား ၉ ဦးအထိ လက္လႊတ္ထားရေပမယ့္လည္း အိုးထရက္ဖို႔ဒ္မွာ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ ယခုရာသီရဲ႕ ပထမဆုံး ႏိုင္ပြဲကို ရယူသြားဖို႔ ပိုမိုေရပန္းစားေနတာ ျဖစ္ပါတယ္။ လီဗာပူးလ္အသင္းလူစာရင္းမွာ သီေယဂို အယ္လ္ကန္တာရာ၊ မာတစ္ပ္၊ ခ်ိန္ဘာလိန္၊ ကာတစ္ ဂ်ဳံးစ္၊ ဂ်ိဳတာ၊ ကိုနာေတ၊ ကယ္ေလဟာ၊ ကယ္လ္ဗင္ ရမ္းေဆး၊ ဒါဝင္ ႏူးညက္ဇ္တို႔ ပါဝင္ႏိုင္မွာမဟုတ္ဘဲ သတင္းေကာင္းကေတာ့ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတဲ့ ဥ႐ုေဂြးတိုက္စစ္မႉးမပါဝင္ႏိုင္ေပမယ့္ အေထာင္တိုက္စစ္မႉး မပါဝင္ဘဲ ယွဥ္ၿပိဳင္ကစားသြားရမွာမဟုတ္တာျဖစ္ပါတယ္။

ေရာဘတ္တို ဖာမီႏိုဟာ ခရစၥတယ္ ပဲေလ့စ္နဲ႔ ကစားခဲ့တဲ့ အိမ္ကြင္းပြဲစဥ္ကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝေနၿပီး အိုးထရက္ဖို႔ဒ္မွာ ကစားမယ့္ ပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားေပးသြားဖြယ္ရွိေနတာ ျဖစ္ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ ပြဲထြက္ ကစားသမားျဖစ္တဲ့ ဒါဝင္ ႏူးညက္ဇ္ မပါဝင္ႏိုင္ခ်ိန္မွာ အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္ဖို႔အတြက္ အခြင့္အေရး ရရွိေတာ့မွာျဖစ္ၿပီး အရင္ကလိုပဲ ဆာလားနဲ႔အတူ ေကာင္းမြန္တဲ့ တိုက္စစ္အတြဲကို ပုံေဖာ္သြားဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.