Article UCL&UEL

လွ်ပ္စစ္ အမ္ဘာေပနဲ႔ ဆြီပါဂိုးသမား ႏြဳိင္ယာတုိ႔ ေျခစြမ္းကို ၾကည့္ရမယ့္ ဖိုင္နယ္

ရာသီေဟာင္းရဲ႕ ေနာက္ဆုံးပြဲစဥ္အျဖစ္ အားလုံးေမွ်ာ္လင့္ေနၾကတဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္ကေတာ့ ေရာက္ရွိလာခဲ့ပါၿပီ။ ဒီေန႔ညမွာေတာ့ ဥေရာပရဲ႕ အင္အားအႀကီးဆုံးေတြထဲက ေျခအမွန္ဆုံးနဲ႔ တုိက္စစ္အထက္ျမက္ဆုံးအသင္းႏွစ္သင္းျဖစ္တဲ့ ဘုိင္ယန္ျမဴးနစ္နဲ႔ ပီအက္စ္ဂ်ီတို႔ဟာ ဘင္ဖီကာရဲ႕ အလင္းေရာင္ကြင္း Estadio Da Luz မွာ ယွဥ္ၿပဳိင္ကစားၾကမွာျဖစ္ပါတယ္။

၂၀၁၄ ကမာၻ႕ဖလားမွာ လက္စြမ္းထက္ ေျခစြမ္းပုိျပႏုိင္ခဲ့ၿပီး ဂိုးသမားေတြထဲက ေရွ႕တက္ကစားတဲ့ Sweeper Keeper က႑နဲ႔ လူေျပာမ်ားလာခဲ့တဲ့ မန္ညဴရယ္ ႏြဳိင္ယာက ဘုိင္ယန္ျမဴးနစ္မွာ အရင္ထက္ မသိမသာကေလး ေႏွးလာတာကလြဲလို႔ အတည္ၿငိမ္ဆုံး ကစားႏုိင္ေနသလို ၂၀၁၈ ကမာၻ႕ဖလားမွာ လွ်ပ္စစ္လက္သလို ျမန္ႏွဳန္းနဲ႔ လူေျပာမ်ားခဲ့တဲ့ ခိုင္လ်န္ အမ္ဘာေပကလည္း ပီအက္စ္ဂ်ီမွာ ေတာက္ပေနတာျဖစ္ပါတယ္။

အခု ၂၀၂၀ ခုႏွစ္ရဲ႕ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာေတာ့ ဒီႏွစ္ေယာက္ရဲ႕ ထိပ္တုိက္ေတြ႕မွဳကို ၾကည့္ရႏိုင္သလို ဘယ္သူက ဘယ္သူ႕ကို ဒုကၡေပးမလဲဆိုတာကေတာ့ ဒီညမွ ျမင္ရေတာ့မွာပါ။ ခံစစ္တန္းကို ျမန္ႏွဳန္းနဲ႔ ေက်ာ္ေျပးတဲ့ အမ္ဘာေပနဲ႔ ေရွ႕တက္ၿပီး အေကာင္းဆုံး ရွင္းထုတ္ေနတဲ့ ႏြဳိင္ယာတုိ႔ရဲ႕ အားၿပဳိင္ပြဲေပါ့။

ဘုိင္ယန္ျမဴးနစ္က တုိက္စစ္ကို High Defensive Line နဲ႔ ေတာ္ေတာ္ေလးတက္ဖိကစားတယ္။ အယ္လ္ဖြန္ဆို ေဒးဗီးစ္နဲ႔ ေဒးဗစ္ အလာဘာရဲ႕ ဘယ္ျခမ္းရဲ႕ စဥ္ဆက္မျပတ္တုိက္စစ္ဆင္မွဳက ၿပဳိင္ဘက္အသင္းေတြကို ၿပဳိလဲေစတယ္။ တကယ္ေတာ့ ဒါက သူ႕တို႔ရဲ႕ လက္နက္ႀကီးျဖစ္ေနသလို အားနည္းခ်က္လည္းျဖစ္ေနၿပီး ဒီအားနည္းခ်က္အတြက္ ဂိုရက္ဇ္ကာနဲ႔ သီယာဂိုတုိ႔ ကာကြယ္ျဖည့္ဆည္းတာ ေကာင္းလြန္းလို႔သာ သက္သာေနတာပါ။

အလာဘာနဲ႔ ဘိုတန္းတုိ႔ရဲ႕ အတြဲဟာ ဥေရာပအသင္းႀကီးေတြထဲမွာ အားအနည္းဆုံးျဖစ္တယ္။ ခံစစ္မွဴးစစ္စစ္မဟုတ္တဲ့ ႏွစ္ေယာက္က ေနာက္ပိုင္းမွာ ဗဟိုခံစစ္ကစားၿပီး အလုပ္ျဖစ္ေနေပမယ့္ အသည္းအသန္အေျခအေနေတြမွာ အထိုးႏွက္ခံေနရသလို ဘာစီလိုနာနဲ႔ပြဲက ေပးဂိုးႏွစ္ဂိုးက ဒါကို သိသာေစပါတယ္။ ျဖစ္ခ်င္ေတာ့ တုိက္စစ္က သူတုိ႔ႏွစ္ဦးရဲ႕ ခံစစ္ကို သြင္းဂိုးေတြနဲ႔ ကာကြယ္ေပးႏုိင္ေနတာပါပဲ။

ဒီအားနည္းခ်က္ကို ေနာက္ထပ္ကူညီေပးေနတာက ဂိုးသမား ႏြဳိင္ယာပါ။ သူတုိ႔ႏွစ္ေယာက္ဆီက ကၽြံထြက္လာၿပီဆုိတာနဲ႔ တက္ရွင္းဖို႔ အဆင္သင့္ျဖစ္ေနသလို လီယြန္နဲ႔ ပြဲမွာလည္း သူ႕ရဲ႕ ပိတ္ဆို႔မွဳေတြ ေကာင္းသလို တစ္ဖက္တုိက္စစ္မွဴးေတြကလည္း အသုံးသတ္ မေသခ်ာလို႔ အသာစီးယူၿပီး အႏိုင္ရႏုိင္ခဲ့တာျဖစ္သလို ဘာစီလိုနာကိုလည္း ဂိုးေတြ အမ်ားႀကီးသြင္းႏိုင္ခဲ့ၿပီး စိတ္ဓာတ္ကို ၿဖဳိခ်ပစ္လုိက္လို႔သာ ဒီေနရာကို သူတုိ႔ျပန္ၿပီး အထိ မခံခဲ့ရတာပါ။ သူတုိ႔ကို ေအဘရာဟမ္နဲ႔ အိုဒြဳိင္းတုိ႔လို ခ်ဲလ္ဆီးလူငယ္ေတြကေတာင္ ေကာင္းေကာင္းထိုးႏွက္ႏိုင္တာကိုလည္း ေတြ႕ခဲ့ရၿပီးပါၿပီ။

အမ္ဘာေပကေတာ့ တိုက္စစ္မွဴးထဲမွာ အသက္အရြယ္နဲ႔ ျမန္ႏွဳန္းအရ အေကာင္းဆုံးျဖစ္ေနၿပီး သူ႕ရဲ႕ တစ္ကိုယ္ေတာ္ေျပးထြက္မွဳေတြကို ထိန္းခ်ဳပ္ႏုိင္မယ့္ ခံစစ္မွဴးမ်ဳိး ရွားပါးသလို လမ္းေၾကာင္းကို တြက္ဆထိန္းခ်ဳပ္ဖို႔ကသာ အျဖစ္ႏုိင္ဆုံးျဖစ္ၿပီး လုိက္ပါဖ်က္ထုတ္ဖို႔နဲ႔ လူကၽြံေဘာဖမ္းဖုိ႔ အခက္ဆုံး တုိက္စစ္မွဴးျဖစ္လို႔ သူ႕ရဲ႕ ပါဝင္မွဳေတြက ပီအက္စ္ဂ်ီအတြက္ ဂိုးနဲ႔ ဖန္တီးမွဳအမ်ားစုကိုလည္း ရွာေဖြထားႏုိင္ခဲ့တာ ဘုိင္ယန္အတြက္ေတာ့ စိတ္ေလးစရာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီဗိုလ္လုပြဲဟာ ဘုိင္ယန္တုိ႔အတြက္ေတာ့ သူတို႔ျဖတ္သန္းထားခဲ့တဲ့ အသင္းေတြရဲ႕ အားနည္းခ်က္မ်ဳိးနည္းၿပီး အားသာခ်က္အကုန္လုံးကို ေပါင္းစုထားႏုိင္တဲ့ ပီအက္စ္ဂ်ီနဲ႔ ရင္ဆုိင္ရေတာ့မွာျဖစ္ၿပီး ေနမာနဲ႔ အမ္ဘာေပကို ဘိုတန္နဲ႔ အလာဘာတုိ႔ေနာက္က ရွိေနၿပီး ရွင္းထုတ္ေပးရမွာျဖစ္သလို ဂိုးေပါက္ကိုလည္း ကာကြယ္ရဦးမွာျဖစ္တဲ့ ႏြဳိင္ယာက ဒီႏွစ္ထဲမွာ အခက္ခဲဆုံး စမ္းသပ္ခ်က္အျဖစ္နဲ႔ ေတြ႕ႀကဳံရဖို႔လည္း ရွိေနခဲ့ပါၿပီ။

အေရးအပါဆုံးအခ်က္ကို ဆြဲထုတ္ၿပီး သုံးသပ္ရမယ္ဆုိရင္ေတာ့ ဒီေန႔ပြဲမွာ အဓိက ေစာင့္ၾကည့္ရမယ့္အရာက ဘုိင္ယန္ရဲ႕ တုိက္စစ္နဲ႔ ပီအက္စ္ဂ်ီခံစစ္ ထိပ္တုိက္ေတြ႕ဆုံမွဳထက္ အထက္က ေဖာ္ျပခဲ့တဲ့ ဘုိင္ယန္ရဲ႕ အားနည္းခ်က္ကို ထိုးႏွက္မယ့္ ျမန္ႏွဳန္းျမင့္ အမ္ဘာေပကို ႏြဳိင္ယာတစ္ေယာက္ ရင္ဆုိင္ကာကြယ္ႏုိင္မလားဆုိတာက အဓိကက်ေနၿပီး ပရိသတ္ေတြ ရင္ခုန္ႏုိင္ဖို႔ ေဖာ္ျပလုိက္ပါတယ္။

REF: ATHLETICS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရာသီဟောင်းရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် အားလုံးမျှော်လင့်နေကြတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကတော့ ရောက်ရှိလာခဲ့ပါပြီ။ ဒီနေ့ညမှာတော့ ဥရောပရဲ့ အင်အားအကြီးဆုံးတွေထဲက ခြေအမှန်ဆုံးနဲ့ တိုက်စစ်အထက်မြက်ဆုံးအသင်းနှစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ဟာ ဘင်ဖီကာရဲ့ အလင်းရောင်ကွင်း Estadio Da Luz မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားမှာ လက်စွမ်းထက် ခြေစွမ်းပိုပြနိုင်ခဲ့ပြီး ဂိုးသမားတွေထဲက ရှေ့တက်ကစားတဲ့ Sweeper Keeper ကဏ္ဍနဲ့ လူပြောများလာခဲ့တဲ့ မန်ညူရယ် နွိုင်ယာက ဘိုင်ယန်မြူးနစ်မှာ အရင်ထက် မသိမသာကလေး နှေးလာတာကလွဲလို့ အတည်ငြိမ်ဆုံး ကစားနိုင်နေသလို ၂၀၁၈ ကမ္ဘာ့ဖလားမှာ လျှပ်စစ်လက်သလို မြန်နှုန်းနဲ့ လူပြောများခဲ့တဲ့ ခိုင်လျန် အမ်ဘာပေကလည်း ပီအက်စ်ဂျီမှာ တောက်ပနေတာဖြစ်ပါတယ်။

အခု ၂၀၂၀ ခုနှစ်ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာတော့ ဒီနှစ်ယောက်ရဲ့ ထိပ်တိုက်တွေ့မှုကို ကြည့်ရနိုင်သလို ဘယ်သူက ဘယ်သူ့ကို ဒုက္ခပေးမလဲဆိုတာကတော့ ဒီညမှ မြင်ရတော့မှာပါ။ ခံစစ်တန်းကို မြန်နှုန်းနဲ့ ကျော်ပြေးတဲ့ အမ်ဘာပေနဲ့ ရှေ့တက်ပြီး အကောင်းဆုံး ရှင်းထုတ်နေတဲ့ နွိုင်ယာတို့ရဲ့ အားပြိုင်ပွဲပေါ့။

ဘိုင်ယန်မြူးနစ်က တိုက်စစ်ကို High Defensive Line နဲ့ တော်တော်လေးတက်ဖိကစားတယ်။ အယ်လ်ဖွန်ဆို ဒေးဗီးစ်နဲ့ ဒေးဗစ် အလာဘာရဲ့ ဘယ်ခြမ်းရဲ့ စဉ်ဆက်မပြတ်တိုက်စစ်ဆင်မှုက ပြိုင်ဘက်အသင်းတွေကို ပြိုလဲစေတယ်။ တကယ်တော့ ဒါက သူ့တို့ရဲ့ လက်နက်ကြီးဖြစ်နေသလို အားနည်းချက်လည်းဖြစ်နေပြီး ဒီအားနည်းချက်အတွက် ဂိုရက်ဇ်ကာနဲ့ သီယာဂိုတို့ ကာကွယ်ဖြည့်ဆည်းတာ ကောင်းလွန်းလို့သာ သက်သာနေတာပါ။

အလာဘာနဲ့ ဘိုတန်းတို့ရဲ့ အတွဲဟာ ဥရောပအသင်းကြီးတွေထဲမှာ အားအနည်းဆုံးဖြစ်တယ်။ ခံစစ်မှူးစစ်စစ်မဟုတ်တဲ့ နှစ်ယောက်က နောက်ပိုင်းမှာ ဗဟိုခံစစ်ကစားပြီး အလုပ်ဖြစ်နေပေမယ့် အသည်းအသန်အခြေအနေတွေမှာ အထိုးနှက်ခံနေရသလို ဘာစီလိုနာနဲ့ပွဲက ပေးဂိုးနှစ်ဂိုးက ဒါကို သိသာစေပါတယ်။ ဖြစ်ချင်တော့ တိုက်စစ်က သူတို့နှစ်ဦးရဲ့ ခံစစ်ကို သွင်းဂိုးတွေနဲ့ ကာကွယ်ပေးနိုင်နေတာပါပဲ။

ဒီအားနည်းချက်ကို နောက်ထပ်ကူညီပေးနေတာက ဂိုးသမား နွိုင်ယာပါ။ သူတို့နှစ်ယောက်ဆီက ကျွံထွက်လာပြီဆိုတာနဲ့ တက်ရှင်းဖို့ အဆင်သင့်ဖြစ်နေသလို လီယွန်နဲ့ ပွဲမှာလည်း သူ့ရဲ့ ပိတ်ဆို့မှုတွေ ကောင်းသလို တစ်ဖက်တိုက်စစ်မှူးတွေကလည်း အသုံးသတ် မသေချာလို့ အသာစီးယူပြီး အနိုင်ရနိုင်ခဲ့တာဖြစ်သလို ဘာစီလိုနာကိုလည်း ဂိုးတွေ အများကြီးသွင်းနိုင်ခဲ့ပြီး စိတ်ဓာတ်ကို ဖြိုချပစ်လိုက်လို့သာ ဒီနေရာကို သူတို့ပြန်ပြီး အထိ မခံခဲ့ရတာပါ။ သူတို့ကို အေဘရာဟမ်နဲ့ အိုဒွိုင်းတို့လို ချဲလ်ဆီးလူငယ်တွေကတောင် ကောင်းကောင်းထိုးနှက်နိုင်တာကိုလည်း တွေ့ခဲ့ရပြီးပါပြီ။

အမ်ဘာပေကတော့ တိုက်စစ်မှူးထဲမှာ အသက်အရွယ်နဲ့ မြန်နှုန်းအရ အကောင်းဆုံးဖြစ်နေပြီး သူ့ရဲ့ တစ်ကိုယ်တော်ပြေးထွက်မှုတွေကို ထိန်းချုပ်နိုင်မယ့် ခံစစ်မှူးမျိုး ရှားပါးသလို လမ်းကြောင်းကို တွက်ဆထိန်းချုပ်ဖို့ကသာ အဖြစ်နိုင်ဆုံးဖြစ်ပြီး လိုက်ပါဖျက်ထုတ်ဖို့နဲ့ လူကျွံဘောဖမ်းဖို့ အခက်ဆုံး တိုက်စစ်မှူးဖြစ်လို့ သူ့ရဲ့ ပါဝင်မှုတွေက ပီအက်စ်ဂျီအတွက် ဂိုးနဲ့ ဖန်တီးမှုအများစုကိုလည်း ရှာဖွေထားနိုင်ခဲ့တာ ဘိုင်ယန်အတွက်တော့ စိတ်လေးစရာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီဗိုလ်လုပွဲဟာ ဘိုင်ယန်တို့အတွက်တော့ သူတို့ဖြတ်သန်းထားခဲ့တဲ့ အသင်းတွေရဲ့ အားနည်းချက်မျိုးနည်းပြီး အားသာချက်အကုန်လုံးကို ပေါင်းစုထားနိုင်တဲ့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး နေမာနဲ့ အမ်ဘာပေကို ဘိုတန်နဲ့ အလာဘာတို့နောက်က ရှိနေပြီး ရှင်းထုတ်ပေးရမှာဖြစ်သလို ဂိုးပေါက်ကိုလည်း ကာကွယ်ရဦးမှာဖြစ်တဲ့ နွိုင်ယာက ဒီနှစ်ထဲမှာ အခက်ခဲဆုံး စမ်းသပ်ချက်အဖြစ်နဲ့ တွေ့ကြုံရဖို့လည်း ရှိနေခဲ့ပါပြီ။

အရေးအပါဆုံးအချက်ကို ဆွဲထုတ်ပြီး သုံးသပ်ရမယ်ဆိုရင်တော့ ဒီနေ့ပွဲမှာ အဓိက စောင့်ကြည့်ရမယ့်အရာက ဘိုင်ယန်ရဲ့ တိုက်စစ်နဲ့ ပီအက်စ်ဂျီခံစစ် ထိပ်တိုက်တွေ့ဆုံမှုထက် အထက်က ဖော်ပြခဲ့တဲ့ ဘိုင်ယန်ရဲ့ အားနည်းချက်ကို ထိုးနှက်မယ့် မြန်နှုန်းမြင့် အမ်ဘာပေကို နွိုင်ယာတစ်ယောက် ရင်ဆိုင်ကာကွယ်နိုင်မလားဆိုတာက အဓိကကျနေပြီး ပရိသတ်တွေ ရင်ခုန်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

REF: ATHLETICS
PHOTOS CREDIT TO OWNERS
SPORTS A2Z.