Match Report UCL&UEL

ခ်န္ပီယံလိဂ္ကို ဆ႒မအႀကိမ္ ဗိုလ္စြဲႏုိင္ခဲ့တဲ့ ဘုိင္ယန္ရဲ႕ ဖလားသုံးလုံးေအာင္ပြဲ

ဘုိင္ယန္ျမဴးနစ္အေနနဲ႔ ဒီေန႔ပြဲမွာ ၿပဳိင္ဘက္ ပီအက္စ္ဂ်ီကို အသာစီးရယူကစားၿပီး အႀကိမ္ႀကိမ္ထိုးေဖာက္ဂိုးသြင္းမွဳေတြနဲ႔အတူ အဖက္ဖက္က သာလြန္တဲ့ အင္အားႀကီးအသင္းဆုိတာကို ျပသခဲ့ၿပီး သူတုိ႔ရဲ႕ ၆ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားနဲ႔ ၂၀၁၉-၂၀ ရာသီအတြက္ ဖလားသုံးလုံးေအာင္ပြဲကို ေဖာ္ေဆာင္ႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာေတာ့ ဂ်ာမန္ကလပ္ေရာ ျပင္သစ္ကလပ္ပါ မ်ားမ်ားစားစား အေျပာင္းအလဲမရွိတဲ့ ကစားပုံနဲ႔ ပြဲထြက္လာခဲ့ၾကၿပီး ဘုိင္ယန္ဘက္က ပါရီဆစ္ခ်္အစား ကိုမြန္ကို ထည့္သြင္းကစားခဲ့တာတစ္ခုပဲ ေျပာစရာရွိခဲ့ၿပီး ေဘာလုံးကိုင္ကစားတဲ့ အသင္းနဲ႔ က်စ္လစ္တဲ့ ကြင္းလယ္လုပ္အားနဲ႔ ကစားတဲ့ အသင္းႏွစ္သင္း အားၿပဳိင္မွဳလည္းျဖစ္ခဲ့ပါတယ္။

ဘုိင္ယန္ဘက္က ကိုမြန္၊ လီဗန္ေဒါ့ဗ္စကီးတုိ႔ရဲ႕ အခြင့္အေရးေတြကို ဂိုးသမား ကီေလာ္ နာဗက္စ္ ကာကြယ္သြားခဲ့သလို ပီအက္စ္ဂ်ီရဲ႕ ေနမာ၊ အမ္ဘာေပနဲ႔ ဒီမာရီယာတုိ႔ရဲ႕ အခြင့္အေရးေတြကိုလည္း ဂိုးသမား ႏြဳိင္ယာ ကာကြယ္သြားႏုိင္ခဲ့ၿပီး ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ ပရီးမီးယားလိဂ္ကို ၾကည့္ေနက် ပရိသတ္ေတြရဲ႕ စံႏွဳန္းနဲ႔ဆုိရင္ေတာ့ နည္းနည္းႏုေနခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပီအက္စ္ဂ်ီတုိ႔ရဲ႕ ေနမာ၊ အမ္ဘာေပတုိက္စစ္အတြဲရဲ႕ Counter & Breaks ေတြကို ေတြ႕ရမယ္လုိ႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ကြင္းလယ္က မာကင္ညဳိ႕စ္၊ ပါေရးဒက္စ္နဲ႔ ဟာရဲရားတုိ႔ဟာ ေဘာလုံးေကာင္းေကာင္း ခင္းမေပးတတ္တာေၾကာင့္ တန္ျပန္တုိက္စစ္ေတြမွာ ေဘာလုံးေပးတဲ့သူဟာ ေနမာ၊ အမ္ဘာေပ၊ ဒီမာရီယာတုိ႔ထဲက တစ္ေယာက္ပဲျဖစ္ေနၿပီး ဒါေၾကာင့္လည္း တြဲလုံးေတြကို ပုံမေဖာ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပုိင္းၿပီးခါနီးမွာ ဧရိယာထဲ ဆြဲဝင္လာတဲ့ ကိုမြန္ကို ပီအက္စ္ဂ်ီေနာက္ခံလူ ခယ္ရာ ဆြဲခဲ့ၿပီး လဲခါနီးမွ ျပန္လႊတ္ေပးလုိက္တဲ့ ေဘာလုံးကို ဒိုင္လူႀကီးအေနနဲ႔ ပင္နယ္တီသတ္မွတ္ေပးလို႔ ရခဲ့ေပမယ့္ ျငင္းပယ္သြားခဲ့လို႔ ပါရီၿမဳိ႕ႀကီးသားေတြ ကံေကာင္းခဲ့ၿပီး ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့သလို ဘုိင္ယန္တုိ႔အတြက္ေတာ့ ဒီႏွစ္ ကိုဗစ္ကာလအလြန္ Restart မွာ ပထမပုိင္း ဂိုးမရတဲ့ပြဲလည္းျဖစ္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ပထမပုိင္းမွာ အဝါထိထားတဲ့ ေဒးဗီးစ္ကို ဖိအားေပးဖို႔ အမ္ဘာေပကို ညာျခမ္းပုိ႔လိုက္တာက တူဟယ္လ္ရဲ႕ နည္းနည္း မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့သလို ညာျခမ္းက ကင္းမစ္ခ်္နဲ႔ ဂနာဘရီတုိ႔ကို ေခ်ာင္သြားေအာင္လုပ္သလိုျဖစ္ခဲ့ၿပီး ေနမာနဲ႔ ဒီမာရီယာတုိ႔ဟာ အမ္ဘာေပရဲ႕ လုပ္အားႏွဳန္းမ်ဳိးမရွိတာေၾကာင့္ ဘုိင္ယန္တုိ႔ ျဖတ္တင္ခြင့္ေတြ ပုိရလာခဲ့ပါတယ္။

ေနာက္ပုိင္းမွာေတာ့ ပီအက္စ္ဂ်ီကြင္းလယ္က ဖ်က္အားလည္းက်ဆင္း၊ ေဘာလုံးလည္း မထြက္လို႔ ဘုိင္ယန္တုိ႔ ထိထိေရာက္ေရာက္ ပုိကစားႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ခံစစ္ဟာကြက္ေပၚသြားတဲ့ ဘယ္ျခမ္းကို ညာျခမ္းက ပါလာတဲ့ ကင္းမစ္ခ်္က ျဖတ္တင္ေပးရာမွာ တစ္ပြဲလုံး ေျခစြမ္းျပေနတဲ့ ကိုမြန္က ဂိုးသမား နာဗက္စ္ရဲ႕ အေဝးေထာင့္ကို ေခါင္းတုိက္သြင္းယူႏုိင္ခဲ့ပါတယ္။

ဒီဂိုးကေတာ့ ဘုိင္ယန္ျမဴးနစ္အတြက္ ခ်န္ပီယံလိဂ္ၿပဳိင္ပြဲမွာ ဂိုး ၅၀၀ ျပည့္ခဲ့တဲ့ ဂိုးလည္းျဖစ္ၿပီး ဂိုးသြင္းယူခဲ့တဲ့ ကင္းစလီ ကိုမြန္ကေတာ့ ခ်န္ပီယံလိဂ္ဖိုင္နယ္ေတြမွာ ဂိုးသြင္းသူေတြစာရင္းမွာ ဘုိလီ၊ ဒက္ဆယ္ဆီ၊ ဇီဒန္း၊ ဘင္ဇီးမားတုိ႔ေနာက္ ပဥၥမေျမာက္ျပင္သစ္ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။

ဂိုးေပးရအၿပီးမွာ ပီအက္စ္ဂ်ီတုိ႔ ဗာရက္တီနဲ႔ ဒရက္ဆလာတို႔လို လူစားဝင္ကစားသမားေတြရဲ႕အားနဲ႔ စုစည္းၿပီး တုိက္စစ္ဆင္ဖုိ႔ ႀကဳိးစားခဲ့ေပမယ့္ ေနမာဟာ ကစားကြက္ကို စနစ္တက် မကစားဘဲ မလိုအပ္တဲ့ ေနရာေတြမွာ ေရာက္လြန္းေနသလို ေဘာလုံးကိုင္တာလည္း မ်ားခဲ့ၿပီး ခံစစ္ကို ေက်ာ္ေျပးဖို႔ ေနရာေတြမွာလည္း အတြင္းကို ျပန္ဝင္ေနတာပဲ မ်ားေနလို႔ ဘုိင္ယန္ေနာက္တန္းက ဖ်က္ထုတ္သြားႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ပင္နယ္တီဧရိယာထဲ ဆြဲဝင္လာခဲ့တဲ့ အမ္ဘာေပရဲ႕ ျဖတ္ေက်ာ္မွဳကို တားဆီးခဲ့တဲ့ ကင္းမစ္ခ်္က ေနာက္ကေန ေျခေထာက္ကို ကန္မိလုိ႔ အမ္ဘာေပ လဲက်သြားခဲ့ေပမယ့္ ဒိုင္လူႀကီးကေတာ့ ပင္နယ္တီ မေပးခဲ့ဘဲ VAR လည္း ျပန္မၾကည့္ခဲ့သလို ေစာဒကတက္ဖို႔ လိုအပ္ခဲ့တဲ့ ပီအက္စ္ဂ်ီရဲ႕ လိုအပ္ခ်က္ေၾကာင့္လည္း ဘုိင္ယန္တုိ႔ ကံေကာင္းသြားခဲ့ပါတယ္။

ဂိုးလိုေနခ်ိန္မွာ စတုတ္စီးတီးေလာက္မွာပဲ ကစားဖူးတဲ့ ခ်ဴပုိမိုတင္းကို အီကာဒီထက္ ပုိေကာင္းတယ္ထင္ၿပီး ထည့္သြင္းခဲ့တဲ့ နည္းျပ တူဟယ္လ္ကေတာ့ အရွဳံးနဲ႔ပဲ ထိုက္တန္တယ္လုိ႔ ဆုိရမွာျဖစ္ၿပီး ဟန္ခ်က္မညီ၊ ကြင္းလယ္က ေဘာလုံးေတြက လိုအပ္တဲ့ ေနရာကို မျဖန္႔ႏုိင္ဘဲ ဖန္တီးမွဳ အားနည္းတဲ့ အသင္းတစ္သင္းအေနနဲ႔ေတာ့ လက္က်န္အခ်ိန္ေတြမွာ ႐ုန္းခဲ့ေပမယ့္လည္း ေရမွာ အ႐ုပ္ေရးသလိုပဲ ျဖစ္ခဲ့ရတာပါ။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ တစ္ဂိုး-ဂိုးမရွိရလဒ္ကို ဘုိင္ယန္တုိ႔ ဆက္လက္ထိန္းသိမ္းသြားခဲ့ၿပီး ဒီရာသီခ်န္ပီယံလိဂ္မွာ ၁၁ ပြဲကစား၊ ၁၁ ပြဲ ႏုိင္ ရာႏွဳန္းျပည့္အႏုိင္ရလဒ္နဲ႔ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲတဲ့ ပထမဆုံးအသင္းလည္းျဖစ္လာခဲ့သလို အသင္းရဲ႕ ၆ ႀကိမ္ေျမာက္ ဆုဖလားနဲ႔ ဒီရာသီ ဖလားသုံးလုံး အိပ္မက္ကို အေကာင္အထည္ေဖာ္ႏုိင္ခဲ့ပါတယ္။

နည္းျပ ဟန္းစ္-ဒီယက္တာ (ဟန္ဆီ) ဖလစ္ခ္ရဲ႕ အေျခခံကစၿပီး ပုိင္ႏုိင္မွဳကိုလည္း ခ်ီးက်ဴးရမွာျဖစ္ၿပီး အားလုံးစိုးရိမ္ေနၾကတဲ့ အားနည္းတဲ့ ဗဟိုခံစစ္နဲ႔ ပီအက္စ္ဂ်ီရဲ႕ အမ္ဘာေပ၊ ေနမာတုိ႔ ထိပ္တုိက္ေတြ႕ဆုံႏုိင္မွဳကိုလည္း ကြင္းလယ္ရဲ႕ ထိန္းခ်ဳပ္မွဳနဲ႔ အတတ္ႏုိင္ဆုံး ေရွာင္လႊဲႏုိင္ခဲ့ၿပီး အမွတ္ျပည့္ေပးလို႔ရတဲ့ ဗ်ဴဟာ၊ ပြဲရွိန္အတင္အခ်ေတြနဲ႔ ကစားရင္း သူ႕ရဲ႕ လူစားဝင္ ယာယီနည္းျပ၊ အျမဲတမ္းနည္းျပကေန အဓိကဖလားသုံးလုံးကို ရယူႏုိင္ခဲ့တဲ့ ေအာင္ျမင္မွဳအတြက္လည္း အသိအမွတ္ျပဳရေတာ့မွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘိုင်ယန်မြူးနစ်အနေနဲ့ ဒီနေ့ပွဲမှာ ပြိုင်ဘက် ပီအက်စ်ဂျီကို အသာစီးရယူကစားပြီး အကြိမ်ကြိမ်ထိုးဖောက်ဂိုးသွင်းမှုတွေနဲ့အတူ အဖက်ဖက်က သာလွန်တဲ့ အင်အားကြီးအသင်းဆိုတာကို ပြသခဲ့ပြီး သူတို့ရဲ့ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားနဲ့ ၂၀၁၉-၂၀ ရာသီအတွက် ဖလားသုံးလုံးအောင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ ဂျာမန်ကလပ်ရော ပြင်သစ်ကလပ်ပါ များများစားစား အပြောင်းအလဲမရှိတဲ့ ကစားပုံနဲ့ ပွဲထွက်လာခဲ့ကြပြီး ဘိုင်ယန်ဘက်က ပါရီဆစ်ချ်အစား ကိုမွန်ကို ထည့်သွင်းကစားခဲ့တာတစ်ခုပဲ ပြောစရာရှိခဲ့ပြီး ဘောလုံးကိုင်ကစားတဲ့ အသင်းနဲ့ ကျစ်လစ်တဲ့ ကွင်းလယ်လုပ်အားနဲ့ ကစားတဲ့ အသင်းနှစ်သင်း အားပြိုင်မှုလည်းဖြစ်ခဲ့ပါတယ်။

ဘိုင်ယန်ဘက်က ကိုမွန်၊ လီဗန်ဒေါ့ဗ်စကီးတို့ရဲ့ အခွင့်အရေးတွေကို ဂိုးသမား ကီလော် နာဗက်စ် ကာကွယ်သွားခဲ့သလို ပီအက်စ်ဂျီရဲ့ နေမာ၊ အမ်ဘာပေနဲ့ ဒီမာရီယာတို့ရဲ့ အခွင့်အရေးတွေကိုလည်း ဂိုးသမား နွိုင်ယာ ကာကွယ်သွားနိုင်ခဲ့ပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကတော့ ပရီးမီးယားလိဂ်ကို ကြည့်နေကျ ပရိသတ်တွေရဲ့ စံနှုန်းနဲ့ဆိုရင်တော့ နည်းနည်းနုနေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပီအက်စ်ဂျီတို့ရဲ့ နေမာ၊ အမ်ဘာပေတိုက်စစ်အတွဲရဲ့ Counter & Breaks တွေကို တွေ့ရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကွင်းလယ်က မာကင်ညို့စ်၊ ပါရေးဒက်စ်နဲ့ ဟာရဲရားတို့ဟာ ဘောလုံးကောင်းကောင်း ခင်းမပေးတတ်တာကြောင့် တန်ပြန်တိုက်စစ်တွေမှာ ဘောလုံးပေးတဲ့သူဟာ နေမာ၊ အမ်ဘာပေ၊ ဒီမာရီယာတို့ထဲက တစ်ယောက်ပဲဖြစ်နေပြီး ဒါကြောင့်လည်း တွဲလုံးတွေကို ပုံမဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ဧရိယာထဲ ဆွဲဝင်လာတဲ့ ကိုမွန်ကို ပီအက်စ်ဂျီနောက်ခံလူ ခယ်ရာ ဆွဲခဲ့ပြီး လဲခါနီးမှ ပြန်လွှတ်ပေးလိုက်တဲ့ ဘောလုံးကို ဒိုင်လူကြီးအနေနဲ့ ပင်နယ်တီသတ်မှတ်ပေးလို့ ရခဲ့ပေမယ့် ငြင်းပယ်သွားခဲ့လို့ ပါရီမြို့ကြီးသားတွေ ကံကောင်းခဲ့ပြီး ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့သလို ဘိုင်ယန်တို့အတွက်တော့ ဒီနှစ် ကိုဗစ်ကာလအလွန် Restart မှာ ပထမပိုင်း ဂိုးမရတဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပထမပိုင်းမှာ အဝါထိထားတဲ့ ဒေးဗီးစ်ကို ဖိအားပေးဖို့ အမ်ဘာပေကို ညာခြမ်းပို့လိုက်တာက တူဟယ်လ်ရဲ့ နည်းနည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့သလို ညာခြမ်းက ကင်းမစ်ချ်နဲ့ ဂနာဘရီတို့ကို ချောင်သွားအောင်လုပ်သလိုဖြစ်ခဲ့ပြီး နေမာနဲ့ ဒီမာရီယာတို့ဟာ အမ်ဘာပေရဲ့ လုပ်အားနှုန်းမျိုးမရှိတာကြောင့် ဘိုင်ယန်တို့ ဖြတ်တင်ခွင့်တွေ ပိုရလာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပီအက်စ်ဂျီကွင်းလယ်က ဖျက်အားလည်းကျဆင်း၊ ဘောလုံးလည်း မထွက်လို့ ဘိုင်ယန်တို့ ထိထိရောက်ရောက် ပိုကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၉ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ခံစစ်ဟာကွက်ပေါ်သွားတဲ့ ဘယ်ခြမ်းကို ညာခြမ်းက ပါလာတဲ့ ကင်းမစ်ချ်က ဖြတ်တင်ပေးရာမှာ တစ်ပွဲလုံး ခြေစွမ်းပြနေတဲ့ ကိုမွန်က ဂိုးသမား နာဗက်စ်ရဲ့ အဝေးထောင့်ကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။

ဒီဂိုးကတော့ ဘိုင်ယန်မြူးနစ်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုး ၅၀၀ ပြည့်ခဲ့တဲ့ ဂိုးလည်းဖြစ်ပြီး ဂိုးသွင်းယူခဲ့တဲ့ ကင်းစလီ ကိုမွန်ကတော့ ချန်ပီယံလိဂ်ဖိုင်နယ်တွေမှာ ဂိုးသွင်းသူတွေစာရင်းမှာ ဘိုလီ၊ ဒက်ဆယ်ဆီ၊ ဇီဒန်း၊ ဘင်ဇီးမားတို့နောက် ပဉ္စမမြောက်ပြင်သစ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ဂိုးပေးရအပြီးမှာ ပီအက်စ်ဂျီတို့ ဗာရက်တီနဲ့ ဒရက်ဆလာတို့လို လူစားဝင်ကစားသမားတွေရဲ့အားနဲ့ စုစည်းပြီး တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် နေမာဟာ ကစားကွက်ကို စနစ်တကျ မကစားဘဲ မလိုအပ်တဲ့ နေရာတွေမှာ ရောက်လွန်းနေသလို ဘောလုံးကိုင်တာလည်း များခဲ့ပြီး ခံစစ်ကို ကျော်ပြေးဖို့ နေရာတွေမှာလည်း အတွင်းကို ပြန်ဝင်နေတာပဲ များနေလို့ ဘိုင်ယန်နောက်တန်းက ဖျက်ထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ပင်နယ်တီဧရိယာထဲ ဆွဲဝင်လာခဲ့တဲ့ အမ်ဘာပေရဲ့ ဖြတ်ကျော်မှုကို တားဆီးခဲ့တဲ့ ကင်းမစ်ချ်က နောက်ကနေ ခြေထောက်ကို ကန်မိလို့ အမ်ဘာပေ လဲကျသွားခဲ့ပေမယ့် ဒိုင်လူကြီးကတော့ ပင်နယ်တီ မပေးခဲ့ဘဲ VAR လည်း ပြန်မကြည့်ခဲ့သလို စောဒကတက်ဖို့ လိုအပ်ခဲ့တဲ့ ပီအက်စ်ဂျီရဲ့ လိုအပ်ချက်ကြောင့်လည်း ဘိုင်ယန်တို့ ကံကောင်းသွားခဲ့ပါတယ်။

ဂိုးလိုနေချိန်မှာ စတုတ်စီးတီးလောက်မှာပဲ ကစားဖူးတဲ့ ချူပိုမိုတင်းကို အီကာဒီထက် ပိုကောင်းတယ်ထင်ပြီး ထည့်သွင်းခဲ့တဲ့ နည်းပြ တူဟယ်လ်ကတော့ အရှုံးနဲ့ပဲ ထိုက်တန်တယ်လို့ ဆိုရမှာဖြစ်ပြီး ဟန်ချက်မညီ၊ ကွင်းလယ်က ဘောလုံးတွေက လိုအပ်တဲ့ နေရာကို မဖြန့်နိုင်ဘဲ ဖန်တီးမှု အားနည်းတဲ့ အသင်းတစ်သင်းအနေနဲ့တော့ လက်ကျန်အချိန်တွေမှာ ရုန်းခဲ့ပေမယ့်လည်း ရေမှာ အရုပ်ရေးသလိုပဲ ဖြစ်ခဲ့ရတာပါ။

ပွဲပြီးဆုံးချိန်မှာတော့ တစ်ဂိုး-ဂိုးမရှိရလဒ်ကို ဘိုင်ယန်တို့ ဆက်လက်ထိန်းသိမ်းသွားခဲ့ပြီး ဒီရာသီချန်ပီယံလိဂ်မှာ ၁၁ ပွဲကစား၊ ၁၁ ပွဲ နိုင် ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတဲ့ ပထမဆုံးအသင်းလည်းဖြစ်လာခဲ့သလို အသင်းရဲ့ ၆ ကြိမ်မြောက် ဆုဖလားနဲ့ ဒီရာသီ ဖလားသုံးလုံး အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

နည်းပြ ဟန်းစ်-ဒီယက်တာ (ဟန်ဆီ) ဖလစ်ခ်ရဲ့ အခြေခံကစပြီး ပိုင်နိုင်မှုကိုလည်း ချီးကျူးရမှာဖြစ်ပြီး အားလုံးစိုးရိမ်နေကြတဲ့ အားနည်းတဲ့ ဗဟိုခံစစ်နဲ့ ပီအက်စ်ဂျီရဲ့ အမ်ဘာပေ၊ နေမာတို့ ထိပ်တိုက်တွေ့ဆုံနိုင်မှုကိုလည်း ကွင်းလယ်ရဲ့ ထိန်းချုပ်မှုနဲ့ အတတ်နိုင်ဆုံး ရှောင်လွှဲနိုင်ခဲ့ပြီး အမှတ်ပြည့်ပေးလို့ရတဲ့ ဗျူဟာ၊ ပွဲရှိန်အတင်အချတွေနဲ့ ကစားရင်း သူ့ရဲ့ လူစားဝင် ယာယီနည်းပြ၊ အမြဲတမ်းနည်းပြကနေ အဓိကဖလားသုံးလုံးကို ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုအတွက်လည်း အသိအမှတ်ပြုရတော့မှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.