Article Premier League UCL&UEL

Super-Sub ေဟာင္းတစ္ေယာက္ရဲ႕ လူစားလဲမွဳပုစာၦကို အေျဖရွာၾကည့္ျခင္း

အိုလီဂန္နာ ဆုိးလ္ရွားဆုိတာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အရန္ခုံကေန အျမဲတမ္း လူစားဝင္ၿပီး နည္းျပႀကီး အဲလက္စ္ ဖာဂူဆန္ရဲ႕ ေခါင္းကိုက္ျပႆနာကို အျမဲတမ္း သြင္းဂိုးေတြနဲ႔ သက္သာေစခဲ့တဲ့သူပါ။ ေဖာရက္စ္နဲ႔ပြဲမွာ အရန္ခုံက ထၿပီး ၄ ဂိုးသြင္းယူခဲ့သလို ဘိုင္ယန္ျမဴးနစ္နဲ႔ သမိုင္းဝင္ညမွာလည္း အရန္ခုံကေနပဲ ၉၃ မိနစ္မွာ သြင္းယူၿပီး Super-Sub ေတြကို တစ္ေခတ္ဆန္းေစခဲ့သူျဖစ္ေပမယ့္ သူ႕ရဲ႕နည္းျပဘဝကေတာ့ ဒါေတြနဲ႔ လြဲေခ်ာ္ေနခဲ့ပါတယ္။

ယူ႐ိုပါလိဂ္မွာ ဆီဗီလာကို ရွဳံးေတာ့ ၈၇ မိနစ္အထိ ေစာင့္ၿပီးမွ ကစားသမားေတြကို လဲခဲ့ေတာ့ သူေျပာခဲ့တဲ့ စကားက အခြင့္အေရးေတြ ဖန္တီးေနႏုိင္ခ်ိန္မ်ဳိးမွာ ဂိုးသြင္းေျခရွိတဲ့ ကစားသမားမ်ဳိးေတြကို ထုတ္ရမွာ ခက္ခဲတယ္လို႔ ဆုိခဲ့ၿပီး တစ္ပြဲလုံး ဂိုးလာဘ္ေပ်ာက္ဆုံးေနခဲ့တဲ့ မာစီယယ္လ္နဲ႔အဖြဲ႕ကို ေစာေစာစီးစီး ျပဳျပင္မြမ္းမံဖို႔ ပ်က္ကြက္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဆုိးလ္ရွားဆုိတာ စာရင္းအင္းေတြအရေတာ့ လူစားလဲနည္းတဲ့ နည္းျပလုိ႔ မဆုိႏိုင္ပါဘူး။ ပရီးမီးယားလိဂ္မွာ ဒီႏွစ္ လူမ်ားဆုံးလဲတဲ့ ဘ႐ိုက္တန္က ၁၂၈ ႀကိမ္ ရွိခဲ့ရာမွာ ဆုိးလ္ရွားက ၁၁၉ ႀကိမ္လဲခဲ့တာက အနည္းဆုံးလဲခဲ့တဲ့ ဘန္ေလရဲ႕ ၇၄ ႀကိမ္နဲ႔ သိသိသာသာႀကီး ကြာဟခဲ့သလို နည္းလည္း မနည္းခဲ့ပါဘူး။ ဒီေတာ့ ဘာေတြ မွားေနသလဲ… လူေတြကေတာ့ သူ႕မွာ Plan B မရွိဘူးလို႔ ေျပာၾကပါတယ္။

သူ႕ရဲ႕ ပထမဆုံးအႀကိမ္ လူစားသြင္းမွဳေတြကို ၾကည့္ရင္ေတာ့ ေစာေစာစီးစီးသြင္းတာ နည္းပါးလြန္းၿပီး အမ်ားဆုံး လူလဲတတ္တဲ့အခ်ိန္ဟာ မိနစ္ ၇၀ ကေန ၇၉ မိနစ္ၾကားျဖစ္သလို မိနစ္ ၆၀ နဲ႔ ၆၉ မိနစ္ၾကားမွာေတာ့ ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။ ဒါကို ၾကည့္ျခင္းအားျဖင့္ ေနာ္ေဝသားဟာ သူ႕ရဲ႕ Plan A ကို အလုပ္ျဖစ္လာေအာင္ အတတ္ႏုိင္ဆုံး သည္းခံေစာင့္သူလို႔လည္း ဆုိရမွာျဖစ္ၿပီး သူ႕ရဲ႕ ပ်မ္းမွ် လူလဲခ်ိန္က ၆၂ မိနစ္လုိ႔လည္း တြက္ခ်က္ရပါတယ္။

Super-Sub ကစားသမားေဟာင္းဟာ သူနည္းျပခ်ိန္မွာေတာ့ အရန္ခုံကို ယုံၾကည္သူ မဟုတ္ဘူးလုိ႔ေတာင္ ေျပာလို႔ရၿပီး ဒါက ေမဆန္ ဂရင္းဝုဒ္ရဲ႕ First Line-up ကို ထိုးေဖာက္ဝင္ေရာက္မွဳနဲ႔လည္း ေတာ္ေတာ္ေလး သက္ဆုိင္ေနပါတယ္။ ဆုိးလ္ရွားရဲ႕ လူစားလဲမွဳေတြမွာ ဂရင္းဝုဒ္က ၈ ႀကိမ္၊ လင္ဂတ္က ၈ ႀကိမ္နဲ႔ အမ်ားဆုံးျဖစ္ၿပီး က်န္ကစားသမားေတြကေတာ့ ၄ ႀကိမ္နဲ႔ ေအာက္သာ ရွိပါတယ္။

ယူႏုိက္တက္အေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္မွာ အရန္ခုံက ကစားသမားေတြဆီက ၆ ဂိုးရခဲ့ၿပီး ဒီထဲက တဝက္ျဖစ္တဲ့ ၃ ဂိုးကို ဂရင္းဝုဒ္က သြင္းယူခဲ့ပါတယ္။ ဂရင္းဝုဒ္ရဲ႕ အရြယ္နဲ႔မလိုက္တဲ့ ယုံၾကည္မွဳျမင့္မားျခင္းနဲ႔ ကန္ခ်က္ျပင္းျပင္းနဲ႔ xG လုိ႔ ေခၚတဲ့ Expect Goal အခြင့္အေရးေတြကို ပုိမိုေျပာင္းလဲႏုိင္စြမ္းရွိတာက ကိုဗစ္-၁၉ မတုိင္ခင္အထိ ဆုိးလ္ရွားရဲ႕ လက္နက္ျဖစ္ခဲ့ေပမယ့္ EPL Restart မွာ ဒီလူငယ္ကို ပြဲထြက္စာရင္းထဲ ပို႔လိုက္မိတာ သူ႕ရဲ႕ အရန္ခုံက လက္နက္ ေပ်ာက္ဆုံးသြားခဲ့တာပါပဲ။

လင္ဂတ္၊ မာတာ၊ အီဂါလို၊ ဂ်ိမ္းစ္တုိ႔ဟာ အရန္ခုံကေန ဆုိးလ္ရွားလိုခ်င္တဲ့ ပုံစံကို ျပသႏုိင္သူေတြ မဟုတ္တာက 3M တုိက္စစ္ကို ထုတ္သုံးၿပီးေနာက္ပုိင္းမွာ ျပႆနာျဖစ္ေစပါတယ္။ ဒီလူေတြကို ဘယ္လိုဗ်ဴဟာနဲ႔ ေျပာင္းလဲရမလဲမသိတာလား၊ သူတုိ႔ေတြရဲ႕ အရည္အေသြးကို မယုံၾကည္တာလား ဆုိတာကေတာ့ အေတြးမ်ားစရာလည္းျဖစ္ၿပီး ရလဒ္ကေတာ့ Stick to Plan A … ပြဲထြက္ပုံစံကို စြဲကိုင္ထားမိျခင္းျဖစ္လာေတာ့တာပါပဲ။

ဒါေၾကာင့္လည္း အေျပာင္းအလဲလုပ္တာ နည္းလာသလို ဆုိးလ္ရွားရဲ႕ ပြဲေတြမွာ ရဂိုးေတြဟာ ေနာက္ဆုံးဆယ္မိနစ္မွာ တစ္ဂိုးသာ ရခဲ့ၿပီး တျခားအသင္းႀကီးေတြျဖစ္ၾကတဲ့ လီဗာပူးလ္နဲ႔ စပါးစ္တုိ႔ရဲ႕ ၁၀ ဂုိးစီနဲ႔ ယွဥ္ရင္ နည္းပါးခဲ့ပါတယ္။ Plan A အလုပ္ျဖစ္ရင္ အလုပ္ျဖစ္သေလာက္ ဂိုးရၿပီး Plan B ကေန အလုပ္ျဖစ္တဲ့ပြဲက ေတာ္ေတာ္ရွားသလို လက္စတာကို လူစားဝင္ၿပီး ဂိုးသမားအမွားကေန ဂိုးသြင္းခဲ့တဲ့ လင္ဂတ္ပဲ ေျပာစရာရွိခဲ့တာပါ။

သိပၸံပညာရွင္ေတြရဲ႕ စစ္တမ္းအရ လူစားလဲမွဳေတြဟာ ဘယ္လို အခ်ိန္ေတြမွာ အထိေရာက္ဆုံးလဲဆုိတဲ့ သီအုိရီအရေတာ့ ပထမလူကို ပြဲခ်ိန္ ၅၈ မိနစ္မတုိင္ခင္၊ ဒုတိယလူကို ၇၃ မိနစ္မတိုင္ခင္၊ တတိယလူကို ၇၉ မိနစ္မတုိင္ခင္ လူစားလဲရမယ္လို႔ တြက္ခ်က္ထားၿပီး ဒါက ေရွး႐ိုးစြဲၿပီး ပြဲအေပၚ လိုက္လံလုပ္ေဆာင္မယ့္ နည္းျပေတြအတြက္ေတာ့ အျငင္းပြားစရာနဲ႔ လက္မခံႏုိင္စရာျဖစ္ခဲ့ပါတယ္။

လူစားလဲတာ ေနာက္က်တာနဲ႔ ပြဲကို ေျပာင္းလဲႏုိင္တဲ့ အခြင့္အေရး နည္းသြားမယ္ဆုိတဲ့အခ်က္ကို လက္ခံရင္ ဆုိးလ္ရွားအေနနဲ႔ သူ႕ရဲ႕ 3M တုိက္စစ္ကို ပ်မ္းမွ် ၇၅ မိနစ္ ကစားေစၿပီးမွ လင္ဂတ္နဲ႔ လူစားလဲတတ္တာက အဆင္မေျပသလို သူ႕အေနနဲ႔ မလုပ္မျဖစ္လုိ႔သာ လုပ္ေနရတဲ့ ပုံစံနဲ႔ အာဆင္နယ္နည္းျပေဟာင္း အာဆင္ဝင္းဂါးအလြန္မွာ အတုံ႔ေႏွးတတ္ဆုံးနည္းျပလို႔ေတာင္ ဆုိရမလိုပါပဲ။

ဂိုးမရခ်ိန္မွာ အရပ္ရွည္ရွည္တုိက္စစ္သမားတစ္ေယာက္ကို ထည့္ရမယ္ဆုိတာ ဂ်ဳိေဆး ေမာ္ရင္ညဳိလို ခံစစ္အားသန္နည္းျပေတာင္သိတဲ့ ပုံေသနည္းျဖစ္ၿပီး သူကေတာ့ ဇန္နဝါရီအထိ အငွားေခၚထားတဲ့ ပရီးမီးယားလိဂ္အေတြ႕အႀကဳံရွိတုိက္စစ္မွဴး အုိဒီယြန္ အီဂါလိုကို မသုံးရဲတာကေတာ့ သူ႕ရဲ႕ စြန္႔စားလိုစိတ္နည္းမွဳအျပင္ ဒီကစားသမားကို ေခါက္ထားတာ မ်ားသြားလို႔ အံဝင္ဖို႔ ခက္လာတာလည္းျဖစ္ႏုိင္ပါတယ္။

တကယ္ေတာ့လည္း ဆိုးလ္ရွားရဲ႕ ပြဲထြက္လူစာရင္းမွာ လူမခ်န္ႏုိင္တဲ့ အခ်ိန္မ်ဳိးမွာ Plan B အတြက္ အေျပာင္းအလဲလုပ္စရာ အရန္ခုံက အရည္အေသြးခ်င္း ကြာဟေနတာက ျပႆနာတစ္ရပ္ျဖစ္ၿပီး သူ႕အျပစ္ခ်ည္းဘဲ မဟုတ္သလို အသင္းရဲ႕ ကစားသမားေတြကို တစ္ပုံစံတည္း ေလ့က်င့္ပ်ဳိးေထာင္ထားႏုိင္ျခင္း မရွိတာကိုလဲ ေထာက္ျပရမွာျဖစ္ပါတယ္။

ေပါလ္စခိုးလ္ေျပာဖူးတဲ့ သူတုိ႔ေခတ္က ကစားသမားတုိင္းဟာ အရည္အေသြးခ်င္းတူညီၿပီး ဘယ္သူ႕ကိုပဲသုံးသုံး အသင္းရဲ႕ ေျခစြမ္းကို က်မသြားေအာင္ ထိန္းထားႏုိင္ၾကတယ္ဆုိတဲ့ စကားနဲ႔ေတာ့ ဒါက ေတာ္ေတာ္ေလး ကြာဟေနၿပီး အသင္းကို ျပန္လည္တည္ေဆာက္ရာမွာ Super-Sub ေဟာင္း နည္းျပတစ္ေယာက္အတြက္ အရန္ခုံကိုလည္း Plan B အျဖစ္ အသုံးျပဳရဲေအာင္ အင္အားျဖည့္ေပးဖို႔ လိုအပ္ေနေသးတယ္လို႔ပဲ အုိးလ္ထရက္ဖို႔ဒ္သားေတြအတြက္ အႀကံေပးခ်င္မိပါတယ္ေလ။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အိုလီဂန်နာ ဆိုးလ်ရှားဆိုတာ မန်ချက်စတာယူနိုက်တက်ရဲ့ အရန်ခုံကနေ အမြဲတမ်း လူစားဝင်ပြီး နည်းပြကြီး အဲလက်စ် ဖာဂူဆန်ရဲ့ ခေါင်းကိုက်ပြဿနာကို အမြဲတမ်း သွင်းဂိုးတွေနဲ့ သက်သာစေခဲ့တဲ့သူပါ။ ဖောရက်စ်နဲ့ပွဲမှာ အရန်ခုံက ထပြီး ၄ ဂိုးသွင်းယူခဲ့သလို ဘိုင်ယန်မြူးနစ်နဲ့ သမိုင်းဝင်ညမှာလည်း အရန်ခုံကနေပဲ ၉၃ မိနစ်မှာ သွင်းယူပြီး Super-Sub တွေကို တစ်ခေတ်ဆန်းစေခဲ့သူဖြစ်ပေမယ့် သူ့ရဲ့နည်းပြဘဝကတော့ ဒါတွေနဲ့ လွဲချော်နေခဲ့ပါတယ်။

ယူရိုပါလိဂ်မှာ ဆီဗီလာကို ရှုံးတော့ ၈၇ မိနစ်အထိ စောင့်ပြီးမှ ကစားသမားတွေကို လဲခဲ့တော့ သူပြောခဲ့တဲ့ စကားက အခွင့်အရေးတွေ ဖန်တီးနေနိုင်ချိန်မျိုးမှာ ဂိုးသွင်းခြေရှိတဲ့ ကစားသမားမျိုးတွေကို ထုတ်ရမှာ ခက်ခဲတယ်လို့ ဆိုခဲ့ပြီး တစ်ပွဲလုံး ဂိုးလာဘ်ပျောက်ဆုံးနေခဲ့တဲ့ မာစီယယ်လ်နဲ့အဖွဲ့ကို စောစောစီးစီး ပြုပြင်မွမ်းမံဖို့ ပျက်ကွက်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဆိုးလ်ရှားဆိုတာ စာရင်းအင်းတွေအရတော့ လူစားလဲနည်းတဲ့ နည်းပြလို့ မဆိုနိုင်ပါဘူး။ ပရီးမီးယားလိဂ်မှာ ဒီနှစ် လူများဆုံးလဲတဲ့ ဘရိုက်တန်က ၁၂၈ ကြိမ် ရှိခဲ့ရာမှာ ဆိုးလ်ရှားက ၁၁၉ ကြိမ်လဲခဲ့တာက အနည်းဆုံးလဲခဲ့တဲ့ ဘန်လေရဲ့ ၇၄ ကြိမ်နဲ့ သိသိသာသာကြီး ကွာဟခဲ့သလို နည်းလည်း မနည်းခဲ့ပါဘူး။ ဒီတော့ ဘာတွေ မှားနေသလဲ… လူတွေကတော့ သူ့မှာ Plan B မရှိဘူးလို့ ပြောကြပါတယ်။

သူ့ရဲ့ ပထမဆုံးအကြိမ် လူစားသွင်းမှုတွေကို ကြည့်ရင်တော့ စောစောစီးစီးသွင်းတာ နည်းပါးလွန်းပြီး အများဆုံး လူလဲတတ်တဲ့အချိန်ဟာ မိနစ် ၇၀ ကနေ ၇၉ မိနစ်ကြားဖြစ်သလို မိနစ် ၆၀ နဲ့ ၆၉ မိနစ်ကြားမှာတော့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် နော်ဝေသားဟာ သူ့ရဲ့ Plan A ကို အလုပ်ဖြစ်လာအောင် အတတ်နိုင်ဆုံး သည်းခံစောင့်သူလို့လည်း ဆိုရမှာဖြစ်ပြီး သူ့ရဲ့ ပျမ်းမျှ လူလဲချိန်က ၆၂ မိနစ်လို့လည်း တွက်ချက်ရပါတယ်။

Super-Sub ကစားသမားဟောင်းဟာ သူနည်းပြချိန်မှာတော့ အရန်ခုံကို ယုံကြည်သူ မဟုတ်ဘူးလို့တောင် ပြောလို့ရပြီး ဒါက မေဆန် ဂရင်းဝုဒ်ရဲ့ First Line-up ကို ထိုးဖောက်ဝင်ရောက်မှုနဲ့လည်း တော်တော်လေး သက်ဆိုင်နေပါတယ်။ ဆိုးလ်ရှားရဲ့ လူစားလဲမှုတွေမှာ ဂရင်းဝုဒ်က ၈ ကြိမ်၊ လင်ဂတ်က ၈ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး ကျန်ကစားသမားတွေကတော့ ၄ ကြိမ်နဲ့ အောက်သာ ရှိပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အရန်ခုံက ကစားသမားတွေဆီက ၆ ဂိုးရခဲ့ပြီး ဒီထဲက တဝက်ဖြစ်တဲ့ ၃ ဂိုးကို ဂရင်းဝုဒ်က သွင်းယူခဲ့ပါတယ်။ ဂရင်းဝုဒ်ရဲ့ အရွယ်နဲ့မလိုက်တဲ့ ယုံကြည်မှုမြင့်မားခြင်းနဲ့ ကန်ချက်ပြင်းပြင်းနဲ့ xG လို့ ခေါ်တဲ့ Expect Goal အခွင့်အရေးတွေကို ပိုမိုပြောင်းလဲနိုင်စွမ်းရှိတာက ကိုဗစ်-၁၉ မတိုင်ခင်အထိ ဆိုးလ်ရှားရဲ့ လက်နက်ဖြစ်ခဲ့ပေမယ့် EPL Restart မှာ ဒီလူငယ်ကို ပွဲထွက်စာရင်းထဲ ပို့လိုက်မိတာ သူ့ရဲ့ အရန်ခုံက လက်နက် ပျောက်ဆုံးသွားခဲ့တာပါပဲ။

လင်ဂတ်၊ မာတာ၊ အီဂါလို၊ ဂျိမ်းစ်တို့ဟာ အရန်ခုံကနေ ဆိုးလ်ရှားလိုချင်တဲ့ ပုံစံကို ပြသနိုင်သူတွေ မဟုတ်တာက 3M တိုက်စစ်ကို ထုတ်သုံးပြီးနောက်ပိုင်းမှာ ပြဿနာဖြစ်စေပါတယ်။ ဒီလူတွေကို ဘယ်လိုဗျူဟာနဲ့ ပြောင်းလဲရမလဲမသိတာလား၊ သူတို့တွေရဲ့ အရည်အသွေးကို မယုံကြည်တာလား ဆိုတာကတော့ အတွေးများစရာလည်းဖြစ်ပြီး ရလဒ်ကတော့ Stick to Plan A … ပွဲထွက်ပုံစံကို စွဲကိုင်ထားမိခြင်းဖြစ်လာတော့တာပါပဲ။

ဒါကြောင့်လည်း အပြောင်းအလဲလုပ်တာ နည်းလာသလို ဆိုးလ်ရှားရဲ့ ပွဲတွေမှာ ရဂိုးတွေဟာ နောက်ဆုံးဆယ်မိနစ်မှာ တစ်ဂိုးသာ ရခဲ့ပြီး တခြားအသင်းကြီးတွေဖြစ်ကြတဲ့ လီဗာပူးလ်နဲ့ စပါးစ်တို့ရဲ့ ၁၀ ဂိုးစီနဲ့ ယှဉ်ရင် နည်းပါးခဲ့ပါတယ်။ Plan A အလုပ်ဖြစ်ရင် အလုပ်ဖြစ်သလောက် ဂိုးရပြီး Plan B ကနေ အလုပ်ဖြစ်တဲ့ပွဲက တော်တော်ရှားသလို လက်စတာကို လူစားဝင်ပြီး ဂိုးသမားအမှားကနေ ဂိုးသွင်းခဲ့တဲ့ လင်ဂတ်ပဲ ပြောစရာရှိခဲ့တာပါ။

သိပ္ပံပညာရှင်တွေရဲ့ စစ်တမ်းအရ လူစားလဲမှုတွေဟာ ဘယ်လို အချိန်တွေမှာ အထိရောက်ဆုံးလဲဆိုတဲ့ သီအိုရီအရတော့ ပထမလူကို ပွဲချိန် ၅၈ မိနစ်မတိုင်ခင်၊ ဒုတိယလူကို ၇၃ မိနစ်မတိုင်ခင်၊ တတိယလူကို ၇၉ မိနစ်မတိုင်ခင် လူစားလဲရမယ်လို့ တွက်ချက်ထားပြီး ဒါက ရှေးရိုးစွဲပြီး ပွဲအပေါ် လိုက်လံလုပ်ဆောင်မယ့် နည်းပြတွေအတွက်တော့ အငြင်းပွားစရာနဲ့ လက်မခံနိုင်စရာဖြစ်ခဲ့ပါတယ်။

လူစားလဲတာ နောက်ကျတာနဲ့ ပွဲကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေး နည်းသွားမယ်ဆိုတဲ့အချက်ကို လက်ခံရင် ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့ 3M တိုက်စစ်ကို ပျမ်းမျှ ၇၅ မိနစ် ကစားစေပြီးမှ လင်ဂတ်နဲ့ လူစားလဲတတ်တာက အဆင်မပြေသလို သူ့အနေနဲ့ မလုပ်မဖြစ်လို့သာ လုပ်နေရတဲ့ ပုံစံနဲ့ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးအလွန်မှာ အတုံ့နှေးတတ်ဆုံးနည်းပြလို့တောင် ဆိုရမလိုပါပဲ။

ဂိုးမရချိန်မှာ အရပ်ရှည်ရှည်တိုက်စစ်သမားတစ်ယောက်ကို ထည့်ရမယ်ဆိုတာ ဂျိုဆေး မော်ရင်ညိုလို ခံစစ်အားသန်နည်းပြတောင်သိတဲ့ ပုံသေနည်းဖြစ်ပြီး သူကတော့ ဇန်နဝါရီအထိ အငှားခေါ်ထားတဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံရှိတိုက်စစ်မှူး အိုဒီယွန် အီဂါလိုကို မသုံးရဲတာကတော့ သူ့ရဲ့ စွန့်စားလိုစိတ်နည်းမှုအပြင် ဒီကစားသမားကို ခေါက်ထားတာ များသွားလို့ အံဝင်ဖို့ ခက်လာတာလည်းဖြစ်နိုင်ပါတယ်။

တကယ်တော့လည်း ဆိုးလ်ရှားရဲ့ ပွဲထွက်လူစာရင်းမှာ လူမချန်နိုင်တဲ့ အချိန်မျိုးမှာ Plan B အတွက် အပြောင်းအလဲလုပ်စရာ အရန်ခုံက အရည်အသွေးချင်း ကွာဟနေတာက ပြဿနာတစ်ရပ်ဖြစ်ပြီး သူ့အပြစ်ချည်းဘဲ မဟုတ်သလို အသင်းရဲ့ ကစားသမားတွေကို တစ်ပုံစံတည်း လေ့ကျင့်ပျိုးထောင်ထားနိုင်ခြင်း မရှိတာကိုလဲ ထောက်ပြရမှာဖြစ်ပါတယ်။

ပေါလ်စခိုးလ်ပြောဖူးတဲ့ သူတို့ခေတ်က ကစားသမားတိုင်းဟာ အရည်အသွေးချင်းတူညီပြီး ဘယ်သူ့ကိုပဲသုံးသုံး အသင်းရဲ့ ခြေစွမ်းကို ကျမသွားအောင် ထိန်းထားနိုင်ကြတယ်ဆိုတဲ့ စကားနဲ့တော့ ဒါက တော်တော်လေး ကွာဟနေပြီး အသင်းကို ပြန်လည်တည်ဆောက်ရာမှာ Super-Sub ဟောင်း နည်းပြတစ်ယောက်အတွက် အရန်ခုံကိုလည်း Plan B အဖြစ် အသုံးပြုရဲအောင် အင်အားဖြည့်ပေးဖို့ လိုအပ်နေသေးတယ်လို့ပဲ အိုးလ်ထရက်ဖို့ဒ်သားတွေအတွက် အကြံပေးချင်မိပါတယ်လေ။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.