Ligue1

ပီအက်စ်ဂျီမှာ မက်ဆီနဲ့ နေမာတို့ထဲက တစ်ဦးပဲ ရှိစေချင်နေတဲ့ အမ်ဘာပေ

ပီအက်စ်ဂျီအသင်း အဝတ်လဲခန်းဟာ မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ ပင်နယ်တီအတွက် အငြင်းပွားခဲ့တဲ့ကိစ္စအပါအဝင် အခြား နောက်ကွယ်က အကြောင်းအရာတွေကြောင့် အပိုင်းပိုင်းကွဲနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က မောင့်ပယ်လီယေးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ပီအက်စ်ဂျီတိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ခီလီယန် အမ်ဘာပေနဲ့ နေမာတို့ဟာ ပရိသတ်တွေ မျက်စိရှေ့မှောက်မှာပဲ နှစ်ကိုယ်ကြား စကားများခဲ့ကြပြီး ၎င်းတို့ရဲ့ တင်းမာတဲ့ဆက်ဆံရေးဟာ ရာသီအစောပိုင်းကာလ အဝတ်လဲခန်းကို နှစ်ပိုင်းကွဲသွားစေမယ့် ခြိမ်းခြောက်မှုဖြစ်လာတာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ပြီး ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့်လည်း အဲဒီကြီးမားတဲ့ သဘောတူညီမှုကနေ နွေးထွေးတဲ့ ခံစားမှုဟာ လျင်လျင်မြန်မြန်ပဲ ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာ အဝတ်လဲခန်းအတွင်းက ၎င်းရဲ့ သြဇာလွှမ်းမိုးမှု မကြီးထွားလာခဲ့တာနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အမ်ဘာပေဟာ မက်ဆီနဲ့ ဆာဂျီယို ရာမို့စ်အပါအဝင် ပီအက်စ်ဂျီအသင်းဖော်တွေကြား နေမာရဲ့ သြဇာအာဏာ ရှိနေတာကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး အသင်းပိုင်ရှင်တွေ ကတိပေးထားတဲ့အတိုင်း အသင်းမှာ ဆရာကြီးလုပ်ခွင့် မရဘူးလို့ ခံစားနေရတာ ဖြစ်ပါတယ်။

ဒီပြဿနာဟာ ပီအက်စ်ဂျီနည်းပြသစ် ခရစ္စတိုဖီ ဂဲလ်တီယာရဲ့ ပထမဆုံးရာသီမှာ ရင်ဆိုင်ဖြေရှင်းရမယ့် အကြပ်အတည်းဖြစ်လာနေပြီး ကစားသမားတွေဟာ အတူတကွ စုစုစည်းစည်းနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ရည်မှန်းချက်ထားရမယ့်အစား သူတလူငါတစ်မင်းပုံစံနဲ့ တစ်ယောက်နဲ့တစ်ယောက် ခပ်တန်းတန်း ဖြစ်လာနေကြတာဖြစ်ပါတယ်။

အမ်ဘာပေဟာ စာချုပ်သစ် မချုပ်ဆိုမီ ပီအက်စ်ဂျီအသင်း တာဝန်ရှိသူတွေရဲ့ ပြောစကားအရ ရရှိမယ်လို့ ယုံကြည်ထားတဲ့ လေးစားမှုမျိုး အဝတ်လဲခန်းအတွင်းမှာ မရရှိတာကြောင့် ဒေါသထွက်နေပြီး ရာသီအစမှာပဲ နေမာရဲ့ ပိုင်စိုးပိုင်နင်း ပင်နယ်တီကန်သွင်းမှုကို စိတ်ပျက်ဒေါသထွက်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

နေမာဟာ ယခုနွေရာသီအစောပိုင်းတုန်းက ပီအက်စ်ဂျီအသင်းကို စွန့်ခွာဖို့ ပြင်ဆင်ခဲ့ပုံပေါ်ပေမယ့်လည်း အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိကြောင်းသာ ရှင်းရှင်းလင်းလင်းသိအောင် ပြောကြားခဲ့ပြီး ကိုယ့်ကိုကိုယ် ပဲရစ်မှာ အပြည့်အဝ ပြန်လည် မြှုပ်နှံထားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ လိဂန်းပွဲစဉ် ၂ ပွဲသာ ကစားရသေးပေမယ့်လည်း ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပြီး လေ့ကျင့်ရေးမှာ အပြင်းအထန်အားထုတ်မှုတွေကြောင့်လည်း အသင်းဖော်တွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္း အဝတ္လဲခန္းဟာ မၾကာေသးမီက ျဖစ္ပ်က္ခဲ့တဲ့ ပင္နယ္တီအတြက္ အျငင္းပြားခဲ့တဲ့ကိစၥအပါအဝင္ အျခား ေနာက္ကြယ္က အေၾကာင္းအရာေတြေၾကာင့္ အပိုင္းပိုင္းကြဲေနၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ေမာင့္ပယ္လီေယးကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း ပီအက္စ္ဂ်ီတိုက္စစ္မႉးေတြ ျဖစ္ၾကတဲ့ ခီလီယန္ အမ္ဘာေပနဲ႔ ေနမာတို႔ဟာ ပရိသတ္ေတြ မ်က္စိေရွ႕ေမွာက္မွာပဲ ႏွစ္ကိုယ္ၾကား စကားမ်ားခဲ့ၾကၿပီး ၎တို႔ရဲ႕ တင္းမာတဲ့ဆက္ဆံေရးဟာ ရာသီအေစာပိုင္းကာလ အဝတ္လဲခန္းကို ႏွစ္ပိုင္းကြဲသြားေစမယ့္ ၿခိမ္းေျခာက္မႈျဖစ္လာတာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ ယခုေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ျငင္းပယ္ၿပီး ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ေပမယ့္လည္း အဲဒီႀကီးမားတဲ့ သေဘာတူညီမႈကေန ေႏြးေထြးတဲ့ ခံစားမႈဟာ လ်င္လ်င္ျမန္ျမန္ပဲ ရပ္တန႔္သြားခဲ့တာ ျဖစ္ပါတယ္။

သတင္းရင္းျမစ္ေတြရဲ႕ ေျပာၾကားခ်က္အရ ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့လေတြအတြင္းမွာ အဝတ္လဲခန္းအတြင္းက ၎ရဲ႕ ၾသဇာလႊမ္းမိုးမႈ မႀကီးထြားလာခဲ့တာနဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ အမ္ဘာေပဟာ မက္ဆီနဲ႔ ဆာဂ်ီယို ရာမို႔စ္အပါအဝင္ ပီအက္စ္ဂ်ီအသင္းေဖာ္ေတြၾကား ေနမာရဲ႕ ၾသဇာအာဏာ ရွိေနတာကို စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့ၿပီး အသင္းပိုင္ရွင္ေတြ ကတိေပးထားတဲ့အတိုင္း အသင္းမွာ ဆရာႀကီးလုပ္ခြင့္ မရဘူးလို႔ ခံစားေနရတာ ျဖစ္ပါတယ္။

ဒီျပႆနာဟာ ပီအက္စ္ဂ်ီနည္းျပသစ္ ခရစၥတိုဖီ ဂဲလ္တီယာရဲ႕ ပထမဆုံးရာသီမွာ ရင္ဆိုင္ေျဖရွင္းရမယ့္ အၾကပ္အတည္းျဖစ္လာေနၿပီး ကစားသမားေတြဟာ အတူတကြ စုစုစည္းစည္းနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ရယူဖို႔ ရည္မွန္းခ်က္ထားရမယ့္အစား သူတလူငါတစ္မင္းပုံစံနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္တန္းတန္း ျဖစ္လာေနၾကတာျဖစ္ပါတယ္။

အမ္ဘာေပဟာ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုမီ ပီအက္စ္ဂ်ီအသင္း တာဝန္ရွိသူေတြရဲ႕ ေျပာစကားအရ ရရွိမယ္လို႔ ယုံၾကည္ထားတဲ့ ေလးစားမႈမ်ိဳး အဝတ္လဲခန္းအတြင္းမွာ မရရွိတာေၾကာင့္ ေဒါသထြက္ေနၿပီး ရာသီအစမွာပဲ ေနမာရဲ႕ ပိုင္စိုးပိုင္နင္း ပင္နယ္တီကန္သြင္းမႈကို စိတ္ပ်က္ေဒါသထြက္ေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။

ေနမာဟာ ယခုေႏြရာသီအေစာပိုင္းတုန္းက ပီအက္စ္ဂ်ီအသင္းကို စြန႔္ခြာဖို႔ ျပင္ဆင္ခဲ့ပုံေပၚေပမယ့္လည္း အသင္းမွာ ဆက္ေနဖို႔ ဆႏၵရွိေၾကာင္းသာ ရွင္းရွင္းလင္းလင္းသိေအာင္ ေျပာၾကားခဲ့ၿပီး ကိုယ့္ကိုကိုယ္ ပဲရစ္မွာ အျပည့္အဝ ျပန္လည္ ျမႇဳပ္ႏွံထားခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ လိဂန္းပြဲစဥ္ ၂ ပြဲသာ ကစားရေသးေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းအတြက္ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ေလ့က်င့္ေရးမွာ အျပင္းအထန္အားထုတ္မႈေတြေၾကာင့္လည္း အသင္းေဖာ္ေတြရဲ႕ အာ႐ုံစိုက္ျခင္းကို ခံခဲ့ရတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.