Ligue1 Premier League Transfer News

ပြင်သစ်ကလပ်ရဲ့ ကယ်တင်မှုနဲ့ ပေပေအတွက် အာဆင်နယ် စိတ်အေးရမှာလား

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ထားလို့မကောင်း ရောင်းလို့မထွက် ကစားသမားတွေကို ဒီရာသီမှာ အရင်နှစ်တွေကထက် ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ ကြိုးစားနေပြီး ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်အပါအဝင် အသုံးမဝင်တဲ့ စီနီယာကစားသမားတွေကို အသင်းကနေ ရှင်းထုတ်နိုင်ဖို့ ကြိုးစားနေရာမှာ သတင်းကောင်းတစ်ခု ကြားနေရတာဖြစ်ပါတယ်။

ဒါကတော့ သူတို့ရဲ့ ဂျင်းကောင်လို့ ကျော်ကြားတဲ့ ပေါင် ၇၂ သန်း (ယူရိုသန်း ၈၀)တန် တောင်ပံကစားသမား နီကိုလာ ပေပေကို ရှင်းထုတ်နိုင်ဖို့ လမ်းစရလာခဲ့တာဖြစ်ပြီး သူ့ရဲ့ ပျက်စီးနေတဲ့ ခြေစွမ်းကို ကြည့်ပြီး မလိုချင်တဲ့ အသင်းတွေ များပြားနေချိန်မှာ ထီထိုးမယ့် ပြင်သစ်ကလပ်တစ်ခု ပေါ်ပေါက်လာခဲ့တာပါ။

သူတို့ကတော့ အာဆင်နယ်နဲ့ ဒီနှစ်ပိုင်းတွေမှာ အငှားကစားသမား ခေါ်ယူမှုအတွက် ဆက်ဆံရေးကောင်းရှိနေတဲ့ လိဂန်ကလပ် နိစ်တို့ပဲဖြစ်ပြီး ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ဂန်းနားဟောင်း အာရွန် ရမ်ဆေးကို ခေါ်ယူထားခဲ့သလို အမ်းမရိတ်ရဲ့ ပိုလျှံကစားသမား ပေပေကို ခေါ်ယူဖို့ အလိုရှိနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ဆောင်းရာသီတုန်းကလည်း အာဆင်နယ်မှာ မကစားရတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာကို အငှားနဲ့ ခေါ်ယူပြီး ခြေသွေးပေးနိုင်ခဲ့တဲ့ နိစ်တို့အနေနဲ့ လက်ရှိမှာ ဘယ်လိုမှ သုံးစားမရဖြစ်နေတဲ့ အသက် ၂၇ နှစ်အရွယ် အိုင်ဗရီကို့စ်တောင်ပံသမားကို တစ်ရာသီအငှားနဲ့ ရရှိဖို့ ဆွေးနွေးမှုတွေ ရှိလာခဲ့တာပါ။

ပေပေရဲ့ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းလေးသောင်းက သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေအတွက် အတားအဆီးဖြစ်နေချိန်မှာ အာဆင်နယ်တို့ အနေနဲ့ နိစ်ဘက်က ပေးချေမယ့် လစာခွဲဝေကျခံမှုအတွက် အနည်းငယ် အနစ်နာခံသွားရဖို့ ရှိနေပြီး အသင်းလူစာရင်းထဲက တစ်ဦးကို ရှင်းထုတ်နိုင်မှာ ဖြစ်သလို ဘဏ္ဏာရေးပိုင်းမှာလည်း အနည်းငယ် ခုသာခံသာရှိမှာဖြစ်ပါတယ်။

ဒါအပြင် ဂန်းနားတွေအနေနဲ့ နိစ်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင်ဟောင်း အာမင် ဂူအီရီကို စိတ်ဝင်စားနေခဲ့သလို အထောင်တိုက်စစ်နဲ့ ဘယ်တောင်ပံမှာ ကစားနိုင်တဲ့ ညာသန်ကစားသမားကို အသင်းရဲ့ လူစာရင်း နက်ရှိုင်းမှုအတွက် ခေါ်ယူဖို့ ဖြစ်လာနိုင်လို့ သူတို့တွေ နှစ်သင်းကြား အပြန်အလှန် အငှားချဖို့လည်းဖြစ်လာနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြင်သစ်သားကို မခေါ်ယူနိုင်ဘူးဆိုရင်တောင် ပေပေကို ရှင်းထုတ်နိုင်ဖို့က ကြီးမားတဲ့ အကျိုးအမြတ်ဖြစ်လာနိုင်ပြီး သူတို့တွေ အတွက် လိုအပ်တဲ့ တောင်ပံကစားသမားတစ်ယောက်ကို ထပ်မံရရှိနိုင်ဖို့ နည်းပြ အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့အတွက် အဆင်ပြေနိုင်မယ့် နည်းလမ်းလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ထားလို႔မေကာင္း ေရာင္းလို႔မထြက္ ကစားသမားေတြကို ဒီရာသီမွာ အရင္ႏွစ္ေတြကထက္ ျပတ္ျပတ္သားသား ကိုင္တြယ္ဖို႔ ႀကိဳးစားေနၿပီး ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္အပါအဝင္ အသုံးမဝင္တဲ့ စီနီယာကစားသမားေတြကို အသင္းကေန ရွင္းထုတ္ႏိုင္ဖို႔ ႀကိဳးစားေနရာမွာ သတင္းေကာင္းတစ္ခု ၾကားေနရတာျဖစ္ပါတယ္။

ဒါကေတာ့ သူတို႔ရဲ႕ ဂ်င္းေကာင္လို႔ ေက်ာ္ၾကားတဲ့ ေပါင္ ၇၂ သန္း (ယူ႐ိုသန္း ၈၀)တန္ ေတာင္ပံကစားသမား နီကိုလာ ေပေပကို ရွင္းထုတ္ႏိုင္ဖို႔ လမ္းစရလာခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ပ်က္စီးေနတဲ့ ေျခစြမ္းကို ၾကည့္ၿပီး မလိုခ်င္တဲ့ အသင္းေတြ မ်ားျပားေနခ်ိန္မွာ ထီထိုးမယ့္ ျပင္သစ္ကလပ္တစ္ခု ေပၚေပါက္လာခဲ့တာပါ။

သူတို႔ကေတာ့ အာဆင္နယ္နဲ႔ ဒီႏွစ္ပိုင္းေတြမွာ အငွားကစားသမား ေခၚယူမႈအတြက္ ဆက္ဆံေရးေကာင္းရွိေနတဲ့ လိဂန္ကလပ္ နိစ္တို႔ပဲျဖစ္ၿပီး ဒီရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးခဲ့တဲ့ ဂန္းနားေဟာင္း အာ႐ြန္ ရမ္ေဆးကို ေခၚယူထားခဲ့သလို အမ္းမရိတ္ရဲ႕ ပိုလွ်ံကစားသမား ေပေပကို ေခၚယူဖို႔ အလိုရွိေနခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ေဆာင္းရာသီတုန္းကလည္း အာဆင္နယ္မွာ မကစားရတဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို အငွားနဲ႔ ေခၚယူၿပီး ေျခေသြးေပးႏိုင္ခဲ့တဲ့ နိစ္တို႔အေနနဲ႔ လက္ရွိမွာ ဘယ္လိုမွ သုံးစားမရျဖစ္ေနတဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ အိုင္ဗရီကို႔စ္ေတာင္ပံသမားကို တစ္ရာသီအငွားနဲ႔ ရရွိဖို႔ ေဆြးေႏြးမႈေတြ ရွိလာခဲ့တာပါ။

ေပေပရဲ႕ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းေလးေသာင္းက သူ႔ကို ေခၚယူလိုတဲ့ အသင္းေတြအတြက္ အတားအဆီးျဖစ္ေနခ်ိန္မွာ အာဆင္နယ္တို႔ အေနနဲ႔ နိစ္ဘက္က ေပးေခ်မယ့္ လစာခြဲေဝက်ခံမႈအတြက္ အနည္းငယ္ အနစ္နာခံသြားရဖို႔ ရွိေနၿပီး အသင္းလူစာရင္းထဲက တစ္ဦးကို ရွင္းထုတ္ႏိုင္မွာ ျဖစ္သလို ဘဏၰာေရးပိုင္းမွာလည္း အနည္းငယ္ ခုသာခံသာရွိမွာျဖစ္ပါတယ္။

ဒါအျပင္ ဂန္းနားေတြအေနနဲ႔ နိစ္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ ျပင္သစ္ ယူ-၂၁ လက္ေ႐ြးစင္ေဟာင္း အာမင္ ဂူအီရီကို စိတ္ဝင္စားေနခဲ့သလို အေထာင္တိုက္စစ္နဲ႔ ဘယ္ေတာင္ပံမွာ ကစားႏိုင္တဲ့ ညာသန္ကစားသမားကို အသင္းရဲ႕ လူစာရင္း နက္ရႈိင္းမႈအတြက္ ေခၚယူဖို႔ ျဖစ္လာႏိုင္လို႔ သူတို႔ေတြ ႏွစ္သင္းၾကား အျပန္အလွန္ အငွားခ်ဖို႔လည္းျဖစ္လာႏိုင္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ျပင္သစ္သားကို မေခၚယူႏိုင္ဘူးဆိုရင္ေတာင္ ေပေပကို ရွင္းထုတ္ႏိုင္ဖို႔က ႀကီးမားတဲ့ အက်ိဳးအျမတ္ျဖစ္လာႏိုင္ၿပီး သူတို႔ေတြ အတြက္ လိုအပ္တဲ့ ေတာင္ပံကစားသမားတစ္ေယာက္ကို ထပ္မံရရွိႏိုင္ဖို႔ နည္းျပ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔အတြက္ အဆင္ေျပႏိုင္မယ့္ နည္းလမ္းလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.